၁၆ နှစ်အရွယ် မိန်းကလေးရဲ့ အစာအိမ်ထဲမှ ဖရဲသီးလုံးခန့် ဆံပင်အထွေးကြီး နှစ်ခုတွေ့ရှိခဲ့
PannPwint
ref-dailymail
၀မ်းဗိုက်ထဲမှ ဖရဲသီးလုံးခန့်ကြီးမားတဲ့ ဆံပင်လုံးထွေးကြီး နှစ်လုံးကို ဆရာဝန်က ဖယ်ရှားပေးပြီးတဲ့ နောက် ကလေးမလေးဟာ ခုတော့ အစာစားနိုင်ပါပြီ။
အိန္ဒိယနိုင်ငံတွင် အာကန်ရှာ ကုမာရီလို့ခေါ်တဲ့ မိန်းကလေးဟာ လျှို့ဝှက်စွာ သူမရဲ့ဆံပင်တွေကို ကိုယ်တိုင် စားသောက်လာတာ နှစ်နဲ့ချီခဲ့ပါတယ်။ ဒါပေမယ့် မိဘတွေ သတိထားမိတာကတော့ သူမဟာ ရုတ်တရက်ဆိုသလို ဝိတ်ကျလာခဲ့ပြီး ၂ စတုန်ပဲ ရှိတော့တဲ့အထိပါ။
အသက် ၁၆ နှစ်အရွယ်သူမဟာ အစားအသောက်တွေ ထပ်စားလို့မရတော့ပဲ ပျို့အန်လာတဲ့အတိ ဖြစ်ခဲ့ပါတယ်။ 
ဒါကြောင့်ဆရာဝန်တွေက အိစ်ရေးရိုက်ကြည့်တဲ့အခါမှာတော့ အစာအိမ်ရဲ့ ၈၀ ခုခိုင်နှုန်းကျော်ဟာ ဆံပင်လုံးကြီးများနဲ့ ပြည့်နေတာကို တွေ့ခဲ့ရသည်။ ဆံပင်အထွေးလုံးကြီးမှာ အစာအိမ်ကဲ့သို့ ပုံစံဖြစ်နေသည်။
ထိုအရာများကိုမြင်တွေ့ရသောအခါ အားလုံးက အင်မတန်ထိတ်လန့် အံ့အားသင့်ခဲ့ကြသည်။ တကယ်တော့ သူမဟာ Rapunzel syndrome ဆိုတဲ့ရောဂါဆန်း တစ်မျိုး ဖြစ်နေခဲ့တာပါ။ 
ဒေဟာဒွန်မြို့၊ ဒွန်ဆေးပညာကောလိပ်နှင့် ဆေးရုံမှာ ခွဲစိပ်ဆရာဝန် ဒေါက်တာ အဘေကုမာနဲ့အဖွဲ့က ဒီခွဲစိပ်မှုကို ပြုလုပ်ခဲ့ကြတာဖြစ်သည်။
ဒေါက်တာက ''ဗိုက်ထဲက ဆံပင်အထွေးကြီးဟာ ၂၅၀ မီလီမီတာနဲ့ ၃၀၀ ကြားမှာရှိမယ်။ ဒါက သူမကို အစာစားချင်စိတ် ပျောက်စေတာပါ။ ဒီခွဲစိပ်မှုဟာ စိန်ခေါ်မှုတစ်ခုဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ ဒီဆံပင်အထွေးကြီးကို ပြန့်မသွားအောင် တစ်စုတစ်စည်းထဲ ထုတ်ယူဖို့လိုပါတယ်။ ဒါကို တစ်စချင်းစီ ပြန့်သွားလို့မရပါဘူး။ ပိုပြီးခက်ခဲသွားနိုင်ပါတယ်။ '' ဟုပြောသည်။
မိန်းကလေးဟာ ခွဲစိပ်မှုပြီးတာနဲ့ ချက်ချင်းဆိုသလို နေထိုင်ရ ကောင်းလာခဲ့သည်။ 
ဖခင်ဖြစ်သူ စတရှ်ချန္တရက ''ခွဲစိပ်မှုမလုပ်ခင်တည်းက ကလေးရဲ့ ဗိုက်ထဲက အလုံးကြီးဖောင်းနေတာ အထင်းသားမြင်ခဲ့ရတယ်'' ဟုပြောသည်။ ကျွန်တော့်သမီး ခုဆိုရင် ပိုပြီး ကျန်းမာလာပြီး၊ ပိုပျော်ရွှင်လာပြီ ဟု သူကဆက်ပြောသည်။
PannPwint
ref-dailymail
Admin Unknown
ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။
0 comments :
Post a Comment
Loading...