ဂျင်ရောက်ရင် မလုပ်သင့်တဲ့အရာ ၈ မျိုး


သင့်ဟာ ဂျင်သွားတတ်တဲ့သူဆိုရင် ခုဖော်ပြမယ့် အပြုအမူတွေကို ရှောင်ကြဉ်သင့်ပါတယ်။ ဒါတွေကို မပြုလုပ်မိမှသာ သင်နဲ့ သင့်ကစားဖော်တွေရဲ့ ဂျင်အချိန်တွေဟာ တန်ဖိုးရှိပြီး ပျော်စရာကောင်းပါလိမ့်မယ်။


ပစ္စည်းတွေကို ချွေးစိုစိုနဲ့ မထားခဲ့ပါနဲ့
ကစားနေစဉ်မှာ ချွေးတွေပေကျံနေတာ ပြဿနာမရှိပေမယ့် ကိုယ်ကစားအပြီးမှာတော့ ချွေးတွေနဲ့ထားခဲ့မယ်ဆိုရင် နောက်လူအတွက် တကယ်ကို စိတ်အနှောက်အယှက် ဖြစ်စေပါလိမ့်မယ်။ ကစားပြီးရင် အ၀တ်နဲ့ ချွေးတွေ သန့်ရှင်းခဲ့ပါ။ အများအားဖြင့် ပစ္စည်းတွေဟာ သားရေအုပ်ထားတာ ဆိုတာ သတိရပါ။ သင့်ချွေးတွေဟာ မသုတ်ပဲ ပျောက်မသွားပါဘူး။



သင်မကစားပဲ ပစ္စည်းတွေကို အပိုင်မစီးပါနဲ့
တချို့က ကိုယ်ပိုင်လို ပစ္စည်းတွေကို သတ်မှတ်ချင်ကြပါတယ်။ ပစ္စည်းပေါ်ကို တက်ထိုင်ပြီး အိပ်ငိုက်နေတာမျိုး၊ ဖုန်းကလိနေတာမျိုး၊ ဂိမ်းဆော့နေတာမျိုး မလုပ်သင့်ပါဘူး။ တခြားလူတွေလည်း ရှိသေးတယ်။ စောင့်နေတယ်ဆိုတာ သတိပြုသင့်ပါတယ်။ 



အသံကျယ်ကျယ် ခေါ်တာ ဖုန်းပြောတာ
စိတ်အနှောက်အယှက်ပေးတဲ့ နော်တစ်မျိုးကတော့ ဂျင်မှာ အသံကျယ်ကျယ်နဲ့ အကြာကြီး ဖုန်းပြောနေတဲ့ သူတွေပါ။ အသံအာရုံကြောင့် တခြားလူတွေအတွက် အနောက်အယှက်ဖြစ်မှာ အသေအချာပါပဲ



စက်တွေက အားလုံးအတွက်ပါ
ကလေးဘ၀တုန်းက လမ်းထဲမှာ သူငယ်ချင်းတွေနဲ့ အတူတူကစားတာ မှတ်မိလား။ ဒီလမ်းကို အားလုံးအတူတူကစားရမယ်ဆိုတာ စိတ်ထဲမှာရှိနေခဲ့ပါတယ်။ ဒီလိုပါပဲ ဂျင်မှာလည်း ပစ္စည်းတွေဟာ အားလုံးအတွက်ဖြစ်ပါတယ်။ 



ဝိတ်တုန်းတွေကို ပြန့်ကျဲအောင် မထားခဲ့ပါနဲ့
ကလေးဘ၀ကနေ အခြားသင်ယူစရာတစ်ခုကတော့ သင်ဟာ ကစားပြီးတဲ့ ပစ္စည်းတွေကို ပြန့်ကျဲအောင် မထားခဲ့ပါနဲ့။ နေရာတကျ ပြန်ထားခဲ့ပါ။ 




တခြားလူကို ဖိအားပေးခြင်း
လူစည်ချိန်တွေမှာ ပစ္စည်းတစ်ခုကို မိနစ် ၆၀ ထက်ပိုသုံးနေတာဟာ ရိုင်းရာကျပါတယ်။ ဒါပေမယ့် အသုံးပြုနေတဲ့သူရဲ့ ရှေ့မှာသွားပြီး မြန်မြန်လုပ် ဆိုတဲ့ပုံစံမျိုးနဲ့ သွားလုပ်တာကတော့ မကောင်းပါဘူး




နောက်မကျပါစေနဲ့
တစ်ယောက်ချင်း သင်ပေးနေတာဆို ကိစ္စမရှိပေမယ့်။ အဖွဲ့နဲ့သင်ပေးနေတာဆိုရင်တော့ နောက်မကျသင့်ပါဘူး။ နောက်ကျမှ ၀င်လာတဲ့သင့်ကိုကြည့်ပြီး အနည်းငယ်ဖြစ်စေ အနှောက်အယှက်ဖြစ်စေမှာ ဖြစ်ပါတယ်။


ဂျင်က အ၀တ်လဲခန်းက သင့်ရဲ့ကိုယ်ပိုင်အခန်းမဟုတ်ပါဘူး
အ၀တ်လဲခန်းတွေ၊ ရေချိုးခန်းတွေထဲရောက်ရင် တခြားလူ စိတ်အနှောက်အယှက်ဖြစ်အောင် အချို့က လုပ်တတ်ကြပါတယ်။ အချိန်တွေဆွဲပြီး နေနေတာ။ ထွက်လာတဲ့အခါ မသန့်ရှင်းခဲ့တာမျိုး မလုပ်သင့်ပါဘူး။ 

PannPwint
ref-Brighside

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...