ေကတီဗီက ေဆာ္ဆုိတာ …..


“ဘုိးေတာ္ေရာက္ျပီ”
ဝိတ္တာေလးလာေအာ္ေတာ့မွ ေဘာင္းဘီတုိေကာက္လဲႏူတ္ခမ္းေလးသပ္ရပ္ေအာင္ဆုိးဆံပင္ကုိsexyျဖစ္ေအာင္ဖြျပီး Room A7ကုိသြားျပီ။ဒီေန႔ေတာ့ ဘုိးေတာ္တစ္ေပြတည္းေဂါက္မရုိက္ျဖစ္လုိ႔ေစာလာတာတဲ႔ေလဘုိးေတာ္ကဆရာၾကီးစတုိင္နဲ႔ ထုိင္ေနျပီအမွန္ေတာ့ အာပလာၾကီးျဖစ္ေနျပီရယ္ဘာျဖစ္ျဖစ္ ကုိယ့္ကာစတမ္မာကုိအျပံဳးမပ်က္ရဘူးေလသူ႔အတြက္ ေသာက္စရာစားစရာမွာကုိယ့္အတြက္ကြ်ဲရုိင္းနဲ႔သီးစုံတစ္ပြဲေပါ႔။

ထုံးစံအတုိင္း ဘုိးေတာ္ကရူးေၾကာင္မူးေၾကာင္နဲ႔ေလေတြစြတ္တုိက္ေနျပန္တာအခုပဲ တုိက္ခန္းဝယ္ေပးေတာ့မွာလုိႏူိင္ငံျခားအလည္ေခၚေတာ့မွာလုိကုိယ္ေတြကလည္း ဒါမ်ဳိးေတြရုိးလုိ႔ရွင္ယုံခ်င္ေယာင္ေတာ့ ေဆာင္ျပရတာေပါ႔ရွင္စီးပြားေရးေအာင္ျမင္ေၾကာင္း ပင့္ေပးရတာေပါ႔ရွင္ေဘာလုံးပြဲေလာင္းတာေတာ္ေၾကာင္း
ဘုံေျမွာက္ရတာေပါ႔ရွင္လူတုိင္းက ဒီေနရာေရာက္လာရင္ေဘာစိလုိ႔ အထင္ခံရတာကုိဂုဏ္ယူၾကတယ္ေလ


ကုိယ္ေတြကေတာ့ သနားေအာင္ဇာတ္ကြက္ဆင္ရတာေပါ႔ပေထြးနဲ႔ေနရတာတုိ႔ ေမာင္ႏွမမ်ားတာတုိ႔အေမေနမေကာင္းတာတုိ႔ အေၾကြးတင္ေနတယ္တုိ႔ဘာတုိ႔ ညာတုိ႔ကဗ်ာဆရာ စာေရးဆရာေတြနဲ႔ေတြ႔ရင္ပုိပုိသာသာအုိက္တင္ လုပ္ျပရေသးတယ္ရွင္ဒါမွ အပုိဆာဒါးေတြကုိသူတုိ႔ကသနားေအာင္ဝါဒျဖန္႔ေပးမွာ။

ဒီလုိပါပဲအမ်ားသူငါ ေကတီဗီထုံးစံအတုိင္းေပါ႔ငယ္ကြ်မ္းေဆြနဲ႔စမယ္မူးလာရင္ နဂါးနီျပီးရင္ျမနႏၵာနဲ႔သိမ္းၾကတာေပါ႔ ကုိယ္ေတြက ျမနႏၵာနားေရာက္လာရင္ပစ္ခြ်ဲခြ်ဲနဲ႔အစ္ကုိၾကီးေခၚ မုန္႔ဖုိးေတာင္းေပါ႔ဆင္ဘယ္ႏွစ္ေကာင္ထြက္မလဲဆုိတာ အဓိကေလမ်ားရင္ တျခားေကာင္မေတြကုိၾကြားရဦးမွာ။ေငြကလည္း ရွာမွျဖစ္မယ္ေယာက္်ားက အလုပ္မရွိဘူးသားကုိ ပညာတတ္ျဖစ္ေစခ်င္တယ္အေမလည္းရွိေသးတယ္

အိမ္လခရွိေသးတယ္ဒီဘုိးေတာ္နဲ႔ဆုံေတာ့ အဆင္ေျပပါတယ္လက္ဝတ္လက္စားအစုံနဲ႔ဟမ္းဆက္အမုိက္စားနဲ႔ အဖတ္တင္လာတယ္။

ဇာတ္လမ္းေမးရင္ ေကတီဗီထုံးစံအတုိင္းပါပဲခ်ဴဆီထည့္တဲ႔ဇာတ္လမ္းပါပဲအိမ္လခမရွိဘူး ေမာင္ေလးေက်ာင္းစရိတ္လုိတယ္ဘာညာေပါ႔ေက်းဇူးရွင္ၾကီးပါေပါ႔သူစားခ်င္တာကုိေတာ့ ခုေကြ်းမလုိေတာ္ၾကာေကြ်းမလုိမာယာမ်ားရတာေပါ႔ေနာ္သူေငြရွင္းျပီးျပန္သြားရင္ကုိယ္လည္းတျခားအခန္းကူးသြားတာပဲေလပုခုံးေတြခါးေတြ ဟုိပြတ္ဒီပြတ္ေတြေတာ့ ရူပဒါနျပဳရတာေပါ႔သစၥာေမတၱာဆုိတာ ေကတီဗီေလာကမွာမရွိဘူးတင္ေမာင္ဆန္းမင္းဝင္းဆီမွာပဲရွိလိမ့္မယ္။

ဒီဘုိးေတာ္လည္းၾကြားသာၾကြားေနတာအရင္လုိ ေရမလ်ွံေတာ့ဘူးရွင္ေရႊငါးေလာက္စီးတာေတာ့ ဒီေခတ္မွာစာမဖြဲ႔ေတာ့ဘူးေလအလုပ္ထဲ ေငြကြာလုိ႔ျပႆနာတက္တယ္ၾကားတယ္ေဘာလုံးပြဲေတြရႈံးတယ္ၾကားတယ္ ဘုိးေတာ္သားနဲ႔ကုိယ္ေတြသားက ေက်ာင္းမွာအတန္းတူတယ္

ဘုိးေတာ္သားက တစ္ေန႔မုန္႔ဖုိးငါးရာရတယ္ ကုိယ္ေတြသားကုိေအာက္က်မွာစုိးလုိ႔မုန္႔ဖုိးတစ္ေန႔ေထာင့္ငါးရာေပးတယ္။

ေနာက္လဆုိ အခုေကတီဗီပုိင္ရွင္ကေနာက္တစ္ဆုိင္ထပ္ဖြင့္ေတာ့မွာကုိယ္ေတြ ဆုိင္သစ္ကုိေျပာင္းမွာဘုိးေတာ္ကုိေတာ့ အကြက္ေရႊ႕ရမွာေပါ႔ရွင္အကြက္ေရႊ႕တာလြယ္ပါတယ္သူ႔မိန္းမနဲ႔အတူရွိခ်ိန္မွန္းျပီးေလးငါးခါ ၾကဴလုိက္ရုံပဲကုိယ္လည္း ထုိက္သေလာက္ရျပီးျပီဆုိေတာ့သူတုိ႔လင္မယား သတ္ၾကပါေလ့ေစေလကုိယ္ေတြက လန္ခရူူဆာနဲ႔အမွန္အကန္စပြန္ဆာတစ္ေယာက္ၾကိဳခ်ဥ္းထားျပီးျပီခုဘုိးေတာ္က ခ်ီးထုပ္ျဖစ္ေနျပီေလအဲလုိဘုိးေတာ္မ်ဳိးကုိ ကုိယ္ေတြကကြယ္ရာမွာ ႏြားလုိ႔ေခၚတယ္။

ေကတီဗီက ေဆာ္ဆုိတာကုိယ့္မိသားစုမ်က္ႏွာကလြဲရင္ ဘာမွေစာက္ဂရုမစုိက္တာဒီေလာကရဲ႕စည္းမ်ဥ္းပါရွင္။

စုေမာင္ေမာင္

Unicode

“ဘိုးတော်ရောက်ပြီ”
ဝိတ်တာလေးလာအော်တော့မှ ဘောင်းဘီတိုကောက်လဲနူတ်ခမ်းလေးသပ်ရပ်အောင်ဆိုးဆံပင်ကိုsexyဖြစ်အောင်ဖွပြီး Room A7ကိုသွားပြီ။ဒီနေ့တော့ ဘိုးတော်တစ်ပွေတည်းဂေါက်မရိုက်ဖြစ်လို့စောလာတာတဲ့လေဘိုးတော်ကဆရာကြီးစတိုင်နဲ့ ထိုင်နေပြီအမှန်တော့ အာပလာကြီးဖြစ်နေပြီရယ်ဘာဖြစ်ဖြစ် ကိုယ့်ကာစတမ်မာကိုအပြုံးမပျက်ရဘူးလေသူ့အတွက် သောက်စရာစားစရာမှာကိုယ့်အတွက်ကျွဲရိုင်းနဲ့သီးစုံတစ်ပွဲပေါ့။

ထုံးစံအတိုင်း ဘိုးတော်ကရူးကြောင်မူးကြောင်နဲ့လေတွေစွတ်တိုက်နေပြန်တာအခုပဲ တိုက်ခန်းဝယ်ပေးတော့မှာလိုနိူင်ငံခြားအလည်ခေါ်တော့မှာလိုကိုယ်တွေကလည်း ဒါမျိုးတွေရိုးလို့ရှင်ယုံချင်ယောင်တော့ ဆောင်ပြရတာပေါ့ရှင်စီးပွားရေးအောင်မြင်ကြောင်း ပင့်ပေးရတာပေါ့ရှင်ဘောလုံးပွဲလောင်းတာတော်ကြောင်း
ဘုံမြှောက်ရတာပေါ့ရှင်လူတိုင်းက ဒီနေရာရောက်လာရင်ဘောစိလို့ အထင်ခံရတာကိုဂုဏ်ယူကြတယ်လေ

ကိုယ်တွေကတော့ သနားအောင်ဇာတ်ကွက်ဆင်ရတာပေါ့ပထွေးနဲ့နေရတာတို့ မောင်နှမများတာတို့အမေနေမကောင်းတာတို့ အကြွေးတင်နေတယ်တို့ဘာတို့ ညာတို့ကဗျာဆရာ စာရေးဆရာတွေနဲ့တွေ့ရင်ပိုပိုသာသာအိုက်တင် လုပ်ပြရသေးတယ်ရှင်ဒါမှ အပိုဆာဒါးတွေကိုသူတို့ကသနားအောင်ဝါဒဖြန့်ပေးမှာ။

ဒီလိုပါပဲအများသူငါ ကေတီဗီထုံးစံအတိုင်းပေါ့ငယ်ကျွမ်းဆွေနဲ့စမယ်မူးလာရင် နဂါးနီပြီးရင်မြနန္ဒာနဲ့သိမ်းကြတာပေါ့ ကိုယ်တွေက မြနန္ဒာနားရောက်လာရင်ပစ်ချွဲချွဲနဲ့အစ်ကိုကြီးခေါ် မုန့်ဖိုးတောင်းပေါ့ဆင်ဘယ်နှစ်ကောင်ထွက်မလဲဆိုတာ အဓိကလေများရင် တခြားကောင်မတွေကိုကြွားရဦးမှာ။ငွေကလည်း ရှာမှဖြစ်မယ်ယောကျာ်းက အလုပ်မရှိဘူးသားကို ပညာတတ်ဖြစ်စေချင်တယ်အမေလည်းရှိသေးတယ်

အိမ်လခရှိသေးတယ်ဒီဘိုးတော်နဲ့ဆုံတော့ အဆင်ပြေပါတယ်လက်ဝတ်လက်စားအစုံနဲ့ဟမ်းဆက်အမိုက်စားနဲ့ အဖတ်တင်လာတယ်။

ဇာတ်လမ်းမေးရင် ကေတီဗီထုံးစံအတိုင်းပါပဲချူဆီထည့်တဲ့ဇာတ်လမ်းပါပဲအိမ်လခမရှိဘူး မောင်လေးကျောင်းစရိတ်လိုတယ်ဘာညာပေါ့ကျေးဇူးရှင်ကြီးပါပေါ့သူစားချင်တာကိုတော့ ခုကျွေးမလိုတော်ကြာကျွေးမလိုမာယာများရတာပေါ့နော်သူငွေရှင်းပြီးပြန်သွားရင်ကိုယ်လည်းတခြားအခန်းကူးသွားတာပဲလေပုခုံးတွေခါးတွေ ဟိုပွတ်ဒီပွတ်တွေတော့ ရူပဒါနပြုရတာပေါ့သစ္စာမေတ္တာဆိုတာ ကေတီဗီလောကမှာမရှိဘူးတင်မောင်ဆန်းမင်းဝင်းဆီမှာပဲရှိလိမ့်မယ်။

ဒီဘိုးတော်လည်းကြွားသာကြွားနေတာအရင်လို ရေမလျှံတော့ဘူးရှင်ရွှေငါးလောက်စီးတာတော့ ဒီခေတ်မှာစာမဖွဲ့တော့ဘူးလေအလုပ်ထဲ ငွေကွာလို့ပြဿနာတက်တယ်ကြားတယ်ဘောလုံးပွဲတွေရှုံးတယ်ကြားတယ် ဘိုးတော်သားနဲ့ကိုယ်တွေသားက ကျောင်းမှာအတန်းတူတယ်

ဘိုးတော်သားက တစ်နေ့မုန့်ဖိုးငါးရာရတယ် ကိုယ်တွေသားကိုအောက်ကျမှာစိုးလို့မုန့်ဖိုးတစ်နေ့ထောင့်ငါးရာပေးတယ်။

နောက်လဆို အခုကေတီဗီပိုင်ရှင်ကနောက်တစ်ဆိုင်ထပ်ဖွင့်တော့မှာကိုယ်တွေ ဆိုင်သစ်ကိုပြောင်းမှာဘိုးတော်ကိုတော့ အကွက်ရွှေ့ရမှာပေါ့ရှင်အကွက်ရွှေ့တာလွယ်ပါတယ်သူ့မိန်းမနဲ့အတူရှိချိန်မှန်းပြီးလေးငါးခါ ကြူလိုက်ရုံပဲကိုယ်လည်း ထိုက်သလောက်ရပြီးပြီဆိုတော့သူတို့လင်မယား သတ်ကြပါလေ့စေလေကိုယ်တွေက လန်ခရူဆာနဲ့အမှန်အကန်စပွန်ဆာတစ်ယောက်ကြိုချဉ်းထားပြီးပြီခုဘိုးတော်က ချီးထုပ်ဖြစ်နေပြီလေအဲလိုဘိုးတော်မျိုးကို ကိုယ်တွေကကွယ်ရာမှာ နွားလို့ခေါ်တယ်။

ကေတီဗီက ဆော်ဆိုတာကိုယ့်မိသားစုမျက်နှာကလွဲရင် ဘာမှစောက်ဂရုမစိုက်တာဒီလောကရဲ့စည်းမျဉ်းပါရှင်။

စုမောင်မောင်

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...