ေရွးရိုးစြဲေတြနဲ႔နိမိတ္ေတြ အယံုအၾကည္ရွိသူနဲ႔ ခ်စ္မိတာ ေကာင္းတဲ့အခ်က္(၅)ခ်က္


၁။ စိတ္ခ်ရ

နိမိတ္မေကာင္းဘူး၊ ကံမေကာင္းဘူးလို႕ယူဆေနတဲ့အခ်ိန္ဆိုရင္ သူတို႔ေတြက ေတာ္ရံုနဲ႔ အျပင္သြားသြားလာလာ သိပ္မလုပ္ေတာ့ပါဘူး။ ကဲဖို႔၊ ဉာဏ္မ်ားဖို႔ဆို ပိုေတာင္မျဖစ္ႏိုင္ပါေသးတယ္။ မေကာင္းတာမလုပ္မိေအာင္ ေရွာင္ေနေတာ့ ကိုယ္စိတ္ခ်ရပါျပီ။

၂။ ႏိုင္ကြက္

ပထမအခ်က္ကိုမွီျပီးမွ သူကအဲ့လိုအခ်က္ေတြကို ယံုတတ္မွန္းသိထားေတာ့ ကုိယ္မလုပ္ေစခ်င္တာေတြကို ေပၚတင္ႀကီး တားျမစ္စရာမလိုေတာ့ပါဘူး။ ဘယ္လိုနိမိတ္ေတြ႕ထားတယ္၊ ဘယ္လိုအယူအဆေတြနဲ႕ ၿငိစြန္းေနတယ္ဆိုျပီး ေျပာလိုက္ရင္ပဲ သူတို႔က ေရွာင္ဖို႔ေသခ်ာသေလာက္ျဖစ္ေနပါျပီ။

၃။ အလိမ္အညာ

အဲ့လိုယံုၾကည္တတ္သူေတြက အလိမ္အညာေတြေတာ္ရံုေျပာေလ့မရွိၾကပါဘူး။ လိမ္မိညာမိမွ ၀ဋ္လည္ျပီး ကံဆိုးမွာဆိုးတတ္ၾကလို႕ပါ။

၄။ စူးစမ္းေလ့လာႏိုင္စြမ္း

သူတို႔က နိမိတ္ေတြလိုက္ေကာက္၊ လိုက္ၾကည့္ေနတတ္ေတာ့ ပတ္၀န္းက်င္ကို ေလ့လာစူးစမ္းမႈစြမ္းအား သာမန္လူေတြထက္ ပိုတတ္ပါတယ္။ အဲ့ဒီေတာ့ ဉာဏ္ရည္နိမ့္တဲ့သူေတြလို႔ေတာ့ ေျပာလို႕မရဘူးေပါ့။

၅။ လြတ္လပ္မႈ

တျခားခ်စ္သူရည္းစားေတြလို အၿမဲကိုယ့္နားကပ္ျပီး သဝန္တိုေနတာ အခြင့္အေရးေတြပိတ္ပင္ေနတာထက္ အေၾကာင္းအရာတစ္ခုခုေၾကာင့္ ကိုယ္နဲ႕အခ်ိန္အတိုင္းအတာတစ္ခု၊ အေျခအေနတစ္ခုအရ သပ္သပ္စီေနျဖစ္ေအာင္ ကိုယ့္ဘာသာ ေျပာဆိုစည္းရံုးႏိုင္စြမ္းရွိဖို႕လိုပါတယ္။ အဲ့လိုေျပာဆိုအေၾကာင္းျပႏုိင္တာနဲ႔တင္ ကိုယ့္ဘာသာ လြတ္လြတ္လပ္လပ္ေနရတဲ့အခ်ိန္လည္း မ်ားလာမွာပါ။

Credit : Duwun

#Unicode Version

၁။ စိတ်ချရ

နိမိတ်မကောင်းဘူး၊ ကံမကောင်းဘူးလို့ယူဆနေတဲ့အချိန်ဆိုရင် သူတို့တွေက တော်ရုံနဲ့ အပြင်သွားသွားလာလာ သိပ်မလုပ်တော့ပါဘူး။ ကဲဖို့၊ ဉာဏ်များဖို့ဆို ပိုတောင်မဖြစ်နိုင်ပါသေးတယ်။ မကောင်းတာမလုပ်မိအောင် ရှောင်နေတော့ ကိုယ်စိတ်ချရပါပြီ။

၂။ နိုင်ကွက်

ပထမအချက်ကိုမှီပြီးမှ သူကအဲ့လိုအချက်တွေကို ယုံတတ်မှန်းသိထားတော့ ကိုယ်မလုပ်စေချင်တာတွေကို ပေါ်တင်ကြီး တားမြစ်စရာမလိုတော့ပါဘူး။ ဘယ်လိုနိမိတ်တွေ့ထားတယ်၊ ဘယ်လိုအယူအဆတွေနဲ့ ငြိစွန်းနေတယ်ဆိုပြီး ပြောလိုက်ရင်ပဲ သူတို့က ရှောင်ဖို့သေချာသလောက်ဖြစ်နေပါပြီ။

၃။ အလိမ်အညာ

အဲ့လိုယုံကြည်တတ်သူတွေက အလိမ်အညာတွေတော်ရုံပြောလေ့မရှိကြပါဘူး။ လိမ်မိညာမိမှ ဝဋ်လည်ပြီး ကံဆိုးမှာဆိုးတတ်ကြလို့ပါ။

၄။ စူးစမ်းလေ့လာနိုင်စွမ်း

သူတို့က နိမိတ်တွေလိုက်ကောက်၊ လိုက်ကြည့်နေတတ်တော့ ပတ်ဝန်းကျင်ကို လေ့လာစူးစမ်းမှုစွမ်းအား သာမန်လူတွေထက် ပိုတတ်ပါတယ်။ အဲ့ဒီတော့ ဉာဏ်ရည်နိမ့်တဲ့သူတွေလို့တော့ ပြောလို့မရဘူးပေါ့။

၅။ လွတ်လပ်မှု

တခြားချစ်သူရည်းစားတွေလို အမြဲကိုယ့်နားကပ်ပြီး သဝန်တိုနေတာ အခွင့်အရေးတွေပိတ်ပင်နေတာထက် အကြောင်းအရာတစ်ခုခုကြောင့် ကိုယ်နဲ့အချိန်အတိုင်းအတာတစ်ခု၊ အခြေအနေတစ်ခုအရ သပ်သပ်စီနေဖြစ်အောင် ကိုယ့်ဘာသာ ပြောဆိုစည်းရုံးနိုင်စွမ်းရှိဖို့လိုပါတယ်။ အဲ့လိုပြောဆိုအကြောင်းပြနိုင်တာနဲ့တင် ကိုယ့်ဘာသာ လွတ်လွတ်လပ်လပ်နေရတဲ့အချိန်လည်း များလာမှာပါ။

Credit : Duwun

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...