စံုတြဲ ခ်စ္တင္းေႏွာသည့္ ဗီဒီယိုဖိုင္ကို ေဖ့စ္ဘုတ္တင္သူ ရဲတပ္ဖြဲ႔၀င္တဦး ၆၆ (ဃ)ျဖင့္ အမႈဖြင့္ခံထားရ


မေကြးတိုင္းေဒသႀကီး၊ မင္းဘူးခရိုင္၊ ငဖဲၿမိဳ႕နယ္ ျမိဳ႕မရဲစခန္းမွ ရဲတပ္သား စိုးသီဟေက်ာ္သည္ အရွက္ရေစသည့္ ဗီဒီယိုဖိုင္ကို ေဖ့စ္ဘုတ္တင္သည္ဟုဆိုကာ ဦးေက်ာ္ေရႊဆိုသူက ဇူလိုင္ (၉) ရက္က ဆယ္သြယ္ေရးဥပေဒပုဒ္မ ၆၆ (ဃ) ျဖင့္ အမႈဖြင့္တိုင္ၾကားထားေၾကာင္း သတင္းရသည္။
ဦးေက်ာ္ေရႊ၏တိုင္ၾကားစာတြင္ “ကြ်န္ေတာ္သည္ ငဖဲၿမိဳ႕၊ ပဒါန္းေက်းရြာ၌ မိသားစုနွင့္အတူ ေအးခ်မ္းစြာ ေနထိုင္လုပ္ကိုင္ စားေသာက္သူ ျဖစ္ပါသည္။ ငဖဲၿမိဳ႕မရဲစခန္းမွ ရဲတပ္သား စိုးသီဟေက်ာ္မွ ၄င္း၏ Facebook စာမ်က္နွာေပၚ၌ Soe Gyi အေကာင့္ျဖင့္ (၈.၆.၂၀၁၇) ရက္ေန႔ နံနက္ (၂:၅၅) အခ်ိန္ခန္႔တြင္ ကြ်န္ေတာ္၏ လူမႈေရးကိစၥ ဗြီဒီယိုဖိုင္ကို တင္ထားခဲ့သည္။ ကြ်န္ေတာ္အား ဂုဏ္သိကၡာက်ဆင္းေအာင္၊ အရွက္ရေအာင္ တမင္သက္သက္ ရည္ရြယ္ခ်က္ျဖင့္ Facebook တင္သူ ငဖဲၿမိဳ႕မရဲစခန္းဝင္းေန ရဲတပ္သား စိုးသီဟေက်ာ္အေပၚ ဥပေဒအရ အေရးယူေပးပါရန္ တိုင္ၾကားထားအပ္ပါသည္”ဟု ေဖာ္ျပပါရွိသည္။
“၂၀၁၃ ခုႏွစ္ေလာက္က ဟိုတယ္တခုမွာ ခ်စ္တင္းေႏွာထားတဲ့ ကိုယ္တိုင္ရိုက္ကူးထားတဲ့ ဗီြဒီယိုဖိုင္ပါ။ ကိုယ္ၾကည့္ခ်င္ရင္ ျပန္ၾကည့္ႏိုင္ရန္အတြက္ ႐ုိက္ကူးထားတာပါ။ ပဒါန္းမွာရိွတဲ့ ဖုန္းဆိုင္တဆိုင္မွာ ဖုန္းအသစ္နဲ႔အေဟာင္းခ်ိန္းတုန္းက ဖုန္းဆိုင္က ကူးယူထားလိုက္တာလုိ႔ထင္တယ္။ အဲဒီဖုန္းဆိုင္ကေနစျပီး ပံ်႕ႏွံသြားပါတယ္။ Soe Gyi ေဖ့စ္ဘုတ္အေကာင့္ကတက္လာတာကို ဇူလိုင္ (၈) ေန႔မွာ ေတြ႔တာပါ။ တင္ထားတာ ဇြန္ (၈) ေန႔ကတည္းကပါ။ တင္တဲ့သူကိုလိုက္လံစုံးစမ္းေတာ့ ငဖဲျမိဳ႕မရဲစခန္းဝင္းမွာေနတဲ့ ရဲတပ္သား စိုးသီဟေက်ာ္လို႔ သိခဲ့ရတယ္။ ဒါေၾကာင့္ ငဖဲရဲစခန္းသြားျပီး ရဲတပ္သား စိုးသီဟေက်ာ္ကို ၆၆(ဃ)နဲ႔ အမႈသြားဖြင့္လိုက္တယ္။ ေနာက္ေနာင္ ဒီဗီြဒီယိုဖိုင္ကို ကြ်န္ေတာ္ရဲ႕ ခြင့္ျပဳခ်က္မရဘဲ လိုင္းေပၚတင္တာဘဲျဖစ္ျဖစ္ လိုက္လံျပသတာဘဲျဖစ္ျဖစ္ သက္ေသအေထာက္အထားနဲ႔ေတြ႔ရရင္ ဥပေဒအရ ဆက္လက္ေဆာင္ရြက္မယ္”ဟု ဦးေက်ာ္ေရႊက ေျပာသည္။
“ရဲတပ္ဖဲြ႔ဝင္တဦးကို စြပ္စဲြတိုင္တန္းခ်က္အရ ဆက္သြယ္ေရးဥပေဒပုဒ္မ ၆၆(ဃ)နဲ႔ အမႈဖြင့္ထားတာ မွန္ပါတယ္”ဟု ငဖဲၿမိဳ႕နယ္ ၿမိဳ႕မရဲစခန္းမွဴး ဒုရဲမွဴး ခင္ေမာင္ေဇာ္က ေျပာသည္။
အဆိုပါျဖစ္စဥ္ႏွင့္ပါတ္သက္၍ ငဖဲျမိဳ႔မရဲစခန္းတြင္ ဦးေက်ာ္ေရႊမွတရားလိုျပဳလုပ္၍ (ပ)၁၄၂ /၂၀၁၇ ၊၆၆(ဃ) ဆက္သြယ္ေရးဥပေဒပုဒ္မျဖင့္ ရဲတပ္သားစိုးသီဟေက်ာ္အား အေရးယူေပးပါရန္ အမႈဖြင့္ခဲ့သည္။
မ်ိဳးလိႈင္ဝင္း(ငဖဲ)
Unicode
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် မြို့မရဲစခန်းမှ ရဲတပ်သား စိုးသီဟကျော်သည် အရှက်ရစေသည့် ဗီဒီယိုဖိုင်ကို ဖေ့စ်ဘုတ်တင်သည်ဟုဆိုကာ ဦးကျော်ရွှေဆိုသူက ဇူလိုင် (၉) ရက်က ဆယ်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် အမှုဖွင့်တိုင်ကြားထားကြောင်း သတင်းရသည်။
ဦးကျော်ရွှေ၏တိုင်ကြားစာတွင် “ကျွန်တော်သည် ငဖဲမြို့၊ ပဒါန်းကျေးရွာ၌ မိသားစုနှင့်အတူ အေးချမ်းစွာ နေထိုင်လုပ်ကိုင် စားသောက်သူ ဖြစ်ပါသည်။ ငဖဲမြို့မရဲစခန်းမှ ရဲတပ်သား စိုးသီဟကျော်မှ ၄င်း၏ Facebook စာမျက်နှာပေါ်၌ Soe Gyi အကောင့်ဖြင့် (၈.၆.၂၀၁၇) ရက်နေ့ နံနက် (၂:၅၅) အချိန်ခန့်တွင် ကျွန်တော်၏ လူမှုရေးကိစ္စ ဗွီဒီယိုဖိုင်ကို တင်ထားခဲ့သည်။ ကျွန်တော်အား ဂုဏ်သိက္ခာကျဆင်းအောင်၊ အရှက်ရအောင် တမင်သက်သက် ရည်ရွယ်ချက်ဖြင့် Facebook တင်သူ ငဖဲမြို့မရဲစခန်းဝင်းနေ ရဲတပ်သား စိုးသီဟကျော်အပေါ် ဥပဒေအရ အရေးယူပေးပါရန် တိုင်ကြားထားအပ်ပါသည်”ဟု ဖော်ပြပါရှိသည်။
“၂၀၁၃ ခုနှစ်လောက်က ဟိုတယ်တခုမှာ ချစ်တင်းနှောထားတဲ့ ကိုယ်တိုင်ရိုက်ကူးထားတဲ့ ဗွီဒီယိုဖိုင်ပါ။ ကိုယ်ကြည့်ချင်ရင် ပြန်ကြည့်နိုင်ရန်အတွက် ရိုက်ကူးထားတာပါ။ ပဒါန်းမှာရှိတဲ့ ဖုန်းဆိုင်တဆိုင်မှာ ဖုန်းအသစ်နဲ့အဟောင်းချိန်းတုန်းက ဖုန်းဆိုင်က ကူးယူထားလိုက်တာလို့ထင်တယ်။ အဲဒီဖုန်းဆိုင်ကနေစပြီး ပျံ့နှံသွားပါတယ်။ Soe Gyi ဖေ့စ်ဘုတ်အကောင့်ကတက်လာတာကို ဇူလိုင် (၈) နေ့မှာ တွေ့တာပါ။ တင်ထားတာ ဇွန် (၈) နေ့ကတည်းကပါ။ တင်တဲ့သူကိုလိုက်လံစုံးစမ်းတော့ ငဖဲမြို့မရဲစခန်းဝင်းမှာနေတဲ့ ရဲတပ်သား စိုးသီဟကျော်လို့ သိခဲ့ရတယ်။ ဒါကြောင့် ငဖဲရဲစခန်းသွားပြီး ရဲတပ်သား စိုးသီဟကျော်ကို ၆၆(ဃ)နဲ့ အမှုသွားဖွင့်လိုက်တယ်။ နောက်နောင် ဒီဗွီဒီယိုဖိုင်ကို ကျွန်တော်ရဲ့ ခွင့်ပြုချက်မရဘဲ လိုင်းပေါ်တင်တာဘဲဖြစ်ဖြစ် လိုက်လံပြသတာဘဲဖြစ်ဖြစ် သက်သေအထောက်အထားနဲ့တွေ့ရရင် ဥပဒေအရ ဆက်လက်ဆောင်ရွက်မယ်”ဟု ဦးကျော်ရွှေက ပြောသည်။
“ရဲတပ်ဖွဲ့ဝင်တဦးကို စွပ်စွဲတိုင်တန်းချက်အရ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)နဲ့ အမှုဖွင့်ထားတာ မှန်ပါတယ်”ဟု ငဖဲမြို့နယ် မြို့မရဲစခန်းမှူး ဒုရဲမှူး ခင်မောင်ဇော်က ပြောသည်။
အဆိုပါဖြစ်စဉ်နှင့်ပါတ်သက်၍ ငဖဲမြို့မရဲစခန်းတွင် ဦးကျော်ရွှေမှတရားလိုပြုလုပ်၍ (ပ)၁၄၂ /၂၀၁၇ ၊၆၆(ဃ) ဆက်သွယ်ရေးဥပဒေပုဒ်မဖြင့် ရဲတပ်သားစိုးသီဟကျော်အား အရေးယူပေးပါရန် အမှုဖွင့်ခဲ့သည်။
မျိုးလှိုင်ဝင်း(ငဖဲ)

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...