ေပါက္စီကို ႀကိဳက္တဲ့လူရွိသလို၊ မႀကိဳက္တဲ့ လူလည္းရွိမွာပဲဆိုတဲ့ မေအးေသာင္း

ဒီနာမည္က ယခုရက္ပိုင္းအ တြင္း လူမႈကြန္ရက္စာမ်က္ႏွာ တြင္ ေခတ္အစားဆံုးအမည္တစ္ ခု။ အထူးသျဖင့္ လူမႈကြန္ရက္တြင္ အမ်ိဳးသားအမ်ားစု ေရးသားေခၚ ေဝၚေနသည့္ နာမည္တစ္ခု။ သူ ႏွင့္ပတ္သက္သည့္ ဓာတ္ပံုမ်ား၊ စာသားမ်ား၊ ကဗ်ာ၊ စာခ်ိဳးမ်ားက လူမႈကြန္ရက္တြင္အျပည့္၊ ျမန္မာဆန္ဆန္ဝတ္စံုမ်ားျဖင့္ ကဗ်ာဆန္ ဆန္ စာသားမ်ားကို Aye Thaung ေဖ့စ္ဘြတ္ခ္စာမ်က္ႏွာ၌ တင္ခဲ့ရာ ပရိသတ္စိတ္ဝင္စားမႈကို အမ်ား အျပားရရွိေနၿပီး တစ္လခန္႔အခ်ိန္ အတြင္း Follow လုပ္သူ သိသိသာသာ မ်ားျပားခဲ့ကာ ယခင္မထင္ မရွား အေကာင့္တစ္ခုမွ လပိုင္းအတြင္း Follower ေျခာက္သိန္းေက်ာ္အထိ ႐ုတ္ျခည္းျမင့္တက္လာ သည္။

Follower အေရအတြက္ တုိးလာသည့္အေပၚ သတိထား ေစာင့္ၾကည့္ခဲ့ေသာ ေဖ့စ္ဘြတ္ခ္ အသံုးျပဳသူတစ္ဦးက Aye Thaungေဖ့စ္ဘြတ္ခ္ကို Follow လုပ္သူ သည္ တစ္စကၠန္႔တုိင္းတြင္ တစ္ရာနီးပါးအထိ ျမင့္တက္ေနေၾကာင္း ဇြန္လ ၂၇ ရက္၌ ေရးသားထား သည္။

Follower တိုးတက္လာသည္ ႏွင့္အမွ် ဓာတ္ပံုမ်ားကို Like လုပ္သူသည္ တျဖည္းျဖည္းျမင့္တက္ ေနသည္။ ယခုရက္ပိုင္းအတြင္း မေအးေသာင္း၏ ဓာတ္ပံုတင္လွ်င္ Like လုပ္သူဦးေရသည္ သိန္း ဂဏန္းခန္႔ရွိၿပီး စကားစုေလးတစ္ စုတင္လွ်င္ပင္ Like လုပ္သူ ေသာင္းႏွင့္ခ်ီ၍ ရွိသည္။ ထို႔အျပင္ ယခင္က တင္ထားသည့္ ဓာတ္ပံုမ်ားသည္လည္း လက္ရွိအခ်ိန္တြင္Like အေရအတြက္ ငါးေသာင္း ခန္႔ရွိေနသည္။

မေအးေသာင္းဟူသည့္ နာ မည္ႏွင့္ လူမႈကြန္ရက္တြင္ တစ္ ေက်ာ့ျပန္စန္းထလာသူက အျခား သူေတာ့မဟုတ္။ လြန္ခဲ့သည့္ ၁၅ ႏွစ္ခန္႔က ေမာ္ဒယ္ေလာကတြင္ MTV ႐ုပ္သံမ်ားျဖင့္ နာမည္ႀကီးခဲ့ သည့္ ေအးဝတ္ရည္ေသာင္းပင္ ျဖစ္သည္။

ျမန္မာဝတ္စံုမ်ားႏွင့္ ဓာတ္ပံု မ်ားကို ယခင္ကတည္းက တင္ခဲ့ ျခင္းျဖစ္ၿပီး လတ္တေလာခံစားရ သည့္ ခံစားမႈမ်ားကို စာအတိုေလး မ်ားေရး၍ ေဖ့စ္ဘြတ္ခ္တြင္ ပံုတင္ျဖစ္သည္ဟု Aye Thaung အမည္ျဖင့္ ေဖ့စ္ဘြတ္ခ္အသံုးျပဳေၾကာင္း ေအးဝတ္ရည္ေသာင္းက ေျပာ သည္။

‘‘တကယ္က မိန္းကေလး Follower သူငယ္ခ်င္းသစ္ေတြရ တာ ကိုယ္ပိုေက်နပ္မိတယ္။ မိန္း ကေလးခ်င္းဆိုေတာ့ ပိုနားလည္ မယ္ထင္တယ္။ တကယ္အသက္ ေတြႀကီးလို႔ အလွေတြေလ်ာ့လာ ခဲ့ရင္လည္း ဒီကိုယ့္ညီမ၊ အစ္မ ေတြကပဲ အနားမွာ ဆက္ရွိေနမွာ ေလေနာ့္။ ေယာက်္ားေတြသံုးတဲ့ ႏႈန္းတဲ့ စကားဟာ ႏႈတ္ဖ်ား’’ဟု ေရးသား၍ ျမန္မာဝတ္စံုျဖင့္ ကန္ ေပါင္တြင္ စက္ဘီးစီးေနသည့္ သဘာဝဆန္ဆန္ ဓာတ္ပံုမ်ားကို Like လုပ္သူ ႏွစ္သိန္းေက်ာ္သည္ အထိ အားေပးမႈမ်ားျပားခဲ့သည္။

အဆိုပါ Like အေရအတြက္ သည္ ျမန္မာႏုိင္ငံ၏ အႏုပညာရွင္ မ်ားတြင္ Follower ခုနစ္သန္းခန္႔ ရွိသည့္ စိုင္းစိုင္းခမ္းလိႈင္ႏွင့္ ေဖြး ေဖြးတို႔၏ ဓာတ္ပံုမ်ားကို ေကာင္း ေကာင္းယွဥ္ႏိုင္သည့္ အေရအ တြက္ျဖစ္သည္။

ျမန္မာဆန္ဆန္ဝတ္စံုမ်ား ႏွင့္ ကဗ်ာဆန္ဆန္ စာေရးသားမႈ မ်ားက မေအးေသာင္းကို ပရိသတ္သတိထားမိေစသည့္ အခ်က္တစ္ခ်က္ပင္ျဖစ္သည္။ မေအးေသာင္း တစ္ဦးတည္း ကဗ်ာဆန္ေနသည္ ေတာ့မဟုတ္။ မေအးေသာင္းကို အားေပးေနသည့္ ပရိသတ္မ်ား တြင္လည္း မေအးေသာင္းကို သူ တုိ႔ ဘယ္ေလာက္ခ်စ္ေၾကာင္း၊ အားေပးေၾကာင္းကို ကဗ်ာမ်ား စပ္၍ ရင္ဖြင့္ေရးသားထားသူမ်ား ကိုလည္း အမ်ားအျပားေတြ႕ရ သည္။

မေအးေသာင္းကို အားေပး သူမ်ားက ထိုမွ်မက ၎တို႔၏ ေဖ့စ္ဘြတ္ခ္နာမည္မ်ားတြင္ ေအး ေသာင္းဟူေသာ စကားလံုးကို ထပ္ေပါင္းကာ ေျပာင္းလဲပစ္ၾက သည္။ ထိုအထဲတြင္မွ ဂ်က္ကီ ေအးေသာင္းဟူေသာအမည္ျဖင့္ ေရးသည့္ မေအးေသာင္း ႏိုင္ငံ ေတာ္ဆိုသည့္ကဗ်ာမွာ ျပန္လည္ မွ်ေဝသူမ်ားျပားခဲ့သည္။

‘‘မေအးေသာင္း ႏုိင္ငံေတာ္ ၌ ႏွလံုးသားသည္ ႏူးညံ့၏ အ ေၾကာက္တရားကင္း၏။ ေမြ႕ ေလ်ာ္ဖြယ္အတိၿပီး၏။ မေအး ေသာင္း ႏုိင္ငံေတာ္၌ အသိဉာဏ္ တရားသည္ လင္းလက္၏။ မည္း ေမွာင္ျခင္း အလ်ဥ္းမရွိ။ အထက္ ႏွင့္ ေအာက္ အေျပာင္းအလဲျမန္ ေသာ ဓာတ္ေလွကားလို လူသား မ်ားလည္းမရွိ။ မေအးေသာင္း ႏုိင္ငံေတာ္၌ ႏုရြေသာ ကဗ်ာဆန္ မႈ၊... ခ်စ္တတ္ေသာ ႏွလံုးသား... မြန္ျမတ္သည့္ သစၥာတရားတုိ႔ကို မေအးေသာင္းသည္ ျဖစ္တည္ေစ ၏။ အို... အဖဘုရားသခင္ခ်စ္ ျခင္းတုိ႔ျဖင့္ အုပ္မိုးရာအလွတရား တို႔ ပြင့္လန္းရာ သစၥာတရားတို႔  ျဖင့္ ရွင္သန္ရာျဖစ္ထေသာ မေအး ေသာင္း ႏုိင္ငံေတာ္အားထားရာ ႏိုးၾကားေနပါေစသတည္းဆုိ သည့္ကဗ်ာသည္ မေအးေသာင္း ပရိ သတ္မ်ားသာမက အျခားေသာ ယင္းကဗ်ာကုိ အေပ်ာ္သေဘာ ေဝမွ်သူမ်ားရွိသည့္အျပင္ လူမႈ ကြန္ရက္တြင္ ေပၚပင္အျဖစ္ အ လြန္အမင္းေဖာ္က်ဴးဖြဲ႕ႏြဲ႕သည္ဟူ ေသာ ေဝဖန္မႈမ်ားလည္းရွိခဲ့သည္။ ေဖ့စ္ဘြတ္ခ္အသံုးျပဳသူမ်ား အၾကားတြင္ ပ်ံ႕ႏွံ႔မႈမ်ားျပားခဲ့သည္။

‘‘တခ်ိဳ႕လူေတြက ေျပာၾက တယ္။ ရယ္ခ်င္ရင္ မမေအး ေသာင္းပံုေအာက္က Comment ေတြ ဖတ္ၾကည့္တဲ့။ ကုိယ့္အတြက္ ေတာ့ ကိုယ့္ပံုေအာက္က Com-ment ေတြက ဘုရားေပးတဲ့ဆုပါ။ သူမ်ားနဲ႔မတူတဲ့ ကဗ်ာဆရာေလး ေတြကို ပိုင္ဆိုင္ထားသူပါ’’ဟု ၎၏ ဓာတ္ပံုမ်ားေအာက္တြင္ စာေရးသားသူမ်ားႏွင့္ပတ္သက္ ၍ ေအးဝတ္ရည္ေသာင္း (ေခၚ) မေအးေသာင္းက ေရးသားထား သည္။

မေအးေသာင္း၏ ပရိသတ္ မ်ားတြင္ ၎၏အမည္ ေျပာင္း ျပန္ ေသာင္းေအးဆုိသူတစ္ဦး လည္းရွိသည္။ ေသာင္းေအးက YBS ကားစပယ္ယာတစ္ဦးျဖစ္ ၿပီး မေအးေသာင္းအတြက္ ကဗ်ာ စပ္ေပးရာမွ သတိထားမိလာခဲ့သူ ျဖစ္သည္။

‘‘ကိုေသာင္းေအးက အစ္မ ကားနဲ႔ ျဖတ္သြားတာကို ေတြ႕ လိုက္တယ္ဆုိၿပီး မက္ေဆ့ခ်္ပို႔ တယ္။ ေနာက္ၿပီး အစ္မအတြက္ စပ္ထားတဲ့ ကဗ်ာေလးကိုလည္း ပို႔ေပးတယ္’’ဟု YBS ကားစပယ္ ယာ ေသာင္းေအးႏွင့္စ၍ သိခဲ့ သည့္အေၾကာင္းကို ေအးဝတ္ရည္ေသာင္းက ေျပာသည္။

ထို႔အျပင္ ပရိသတ္မ်ားအ ေပၚ ၎၏ ခံယူခ်က္ႏွင့္ပတ္သက္ ၍ ‘‘အစ္မကေတာ့ ပရိသတ္ဆုိ တာ ဘယ္ေနရာပဲေရာက္ေရာက္ ဆိုက္ကားသမားလည္း ေပါက္စီ ရဲ႕ပရိသတ္ဆုိ ေက်းဇူးရွင္ပဲ။ ေက်းဇူးရွင္ေတြအားလံုးထဲမွာပါ တယ္။ ဆုိက္ကားသမားပဲျဖစ္ျဖစ္၊ ကားစပယ္ယာပဲျဖစ္ျဖစ္၊ သူ႔ဘာ သာသူ ေဈးသည္ပဲျဖစ္ျဖစ္ ကိုယ့္ ကို တစ္ေယာက္အားေပးရင္ ပရိ သတ္တစ္ေယာက္အားက မနည္း ဘူးေလ’’ဟု ေျပာသည္။

ထို႔အျပင္ ပရိသတ္မ်ားက ေဖ့စ္ဘြတ္ခ္တြင္ မွတ္ခ်က္ေပး သည့္ အေၾကာင္းအရာမ်ားကို လည္း ေသခ်ာဂ႐ုစိုက္၍ ဖတ္ျဖစ္ ကာ ႀကိဳက္သည့္အေၾကာင္းအရာ မ်ားကို သိမ္းထားျဖစ္ေၾကာင္း ၎ကဆိုသည္။

ေအးဝတ္ရည္ေသာင္းသည္ အသက္ (၁၂)ႏွစ္အရြယ္ကတည္း က အႏုပညာေလာကသို႔ ေရာက္ ရွိခဲ့ၿပီး ၿပီးခဲ့သည့္ ႏွစ္မ်ားတြင္မူ ပညာေရးႏွင့္ စီးပြားေရးဘက္တြင္ သာ အခ်ိန္ေပးခဲ့သျဖင့္ အႏုပညာ ေလာကႏွင့္ ႏွစ္အနည္းငယ္ကင္း ကြာခဲ့သည္။

Charm 2 ႐ုပ္သံဇာတ္လမ္း တြဲတြင္ သ႐ုပ္ေဆာင္အျဖစ္ ျပန္ လုပ္ျဖစ္ခဲ့ၿပီး mntv ႐ုပ္သံလိုင္းမွ ထုတ္လႊင့္ေနသည့္ ရတနာပံု ဇာတ္လမ္းတြဲ၌လည္း ဆက္လက္ ပါဝင္သ႐ုပ္ေဆာင္ျဖစ္ခဲ့ရာ ပရိ သတ္၏ အသိအမွတ္ျပဳမႈရရွိခဲ့ သည္။

ရတနာပံုဇာတ္လမ္းတြဲတြင္ ေအးဝတ္ရည္ေသာင္းက မႏၲေလး သူတစ္ဦးအျဖစ္ ပါဝင္သ႐ုပ္ ေဆာင္ထားျခင္းျဖစ္ၿပီး ျမန္မာ ဆန္ဆန္ ဝတ္စံုမ်ားျဖင့္ ပါဝင္ သ႐ုပ္ေဆာင္ထားျခင္းျဖစ္ေသာ ေၾကာင့္ ပရိသတ္မ်ား စိတ္ဝင္စား မႈ ပိုမုိရရွိခဲ့သည္။

လူမႈကြန္ရက္ စာမ်က္ႏွာ တြင္ အေဖာ္အခြၽတ္မ်ား ေမာ္ဒယ္ မ်ား မ်ားျပားသည့္ကာလ၌ ေအး ဝတ္ရည္ေသာင္း၏ ျမန္မာဆန္ ဆန္ ဖက္ရွင္မ်ားသည္ အ႐ိုးဆံုး က အဆန္းဆံုးျဖစ္ခဲ့သည္။ ၎ ကိုုယ္တိုင္လည္း ယခင္က Sexyျဖစ္သည့္ပံုမ်ား လူမႈကြန္ရက္တြင္ တင္ခဲ့ဖူးေသာ္လည္း ထိုစဥ္က ယခုေလာက္ေတာ့ လူသိထင္ ရွားမျဖစ္ခဲ့။ ယခုတစ္ဖန္ စန္းထခ်ိန္တြင္ေတာ့ ၎၏ပံုေဟာင္း မ်ားကို ျပန္လည္ျဖန္႔ေဝသူမ်ား လည္း ရွိေနသည္။
‘‘လူဆိုတာေတာ့ ကိုယ့္အ ႀကိဳက္နဲ႔ကိုယ္ပဲ။ ေပါက္စီကို ႀကိဳက္တဲ့လူရွိသလို၊ မႀကိဳက္တဲ့ လူလည္း ရွိမွာပဲ။ အဲဒါကိုလည္း လက္ခံရမွာပဲ’’ဟု တုိက္ခိုက္မႈ မ်ားအေပၚ ၎၏ အျမင္ကို ေျပာ သည္။

မည္သို႔ပင္ဆုိေစကာမူ ေဖ့စ္ ဘြတ္ခ္၏ ေကာင္းက်ိဳးေၾကာင့္ ေအးဝတ္ရည္ေသာင္းဆုိသည့္ မင္းသမီးတစ္ဦး တစ္ေက်ာ့ျပန္ ေအာင္ျမင္လာခဲ့သည္။ လက္ရွိ တြင္ သတင္းဌာနမ်ားကလည္း ေအးဝတ္ရည္ေသာင္းအေၾကာင္း ကို အေၾကာင္းအရာအမ်ိဳးမ်ိဳးျဖင့္ သတင္းမ်ား ေဖာ္ျပေနသည္။ ႏုိင္ငံ ပိုင္သတင္းစာ တစ္ေစာင္ျဖစ္ သည့္ ျမန္မာ့အလင္းသတင္းစာ ကပင္ ေအးဝတ္ရည္ေသာင္း၏ အင္တာဗ်ဴးကို ေဖာ္ျပထားခဲ့ သည္။

ထို႔အျပင္ ဇာတ္လမ္းတြဲမ်ား၊ ႐ုပ္ရွင္ဇာတ္ကားမ်ားလည္း ႐ိုက္ ကူးရန္ ကမ္းလွမ္းထားသည္။ ထို႔ ေၾကာင့္ ၎၏ တစ္ေက်ာ့ျပန္ ေအာင္ျမင္မႈတြင္ ေဖ့စ္ဘြတ္ခ္ သည္ ရာခိုင္ႏႈန္းေတာ္ေတာ္မ်ား မ်ား သက္ေရာက္မႈရွိေၾကာင္း ေအးဝတ္ရည္ေသာင္းက ေအာက္ ပါအတိုင္း မွတ္ခ်က္ျပဳသည္။

တစ္ေက်ာ့ျပန္ စန္းထလာ သည့္ ေအးဝတ္ရည္ေသာင္းဟူ သည့္ ေမာ္ဒယ္မင္းသမီးသည္ ယခုရက္ပိုင္းအတြင္းမွာေတာ့ ေၾကာ္ ျငာလုပ္ငန္းမ်ား၏ မ်က္စိက်စရာ ေမာ္ဒယ္တစ္ဦးအျဖစ္ ျပန္လည္ ေျပာင္းလဲသြားခဲ့သည္။

ယခုလထဲမွာပင္ ၎ကို ခ်ိတ္ဆက္လာသည့္ ကုမၸဏီမ်ား အ မ်ားအျပားရွိခဲ့သည္။

‘‘မ်ားတာေတာ့ ေတာ္ေတာ္ မ်ားတယ္။ အဓိကကေတာ့ အလွ ကုန္ေတြေရာ၊ Product ေတြေရာ၊ဖုန္းေရာ။ ေနာက္ၿပီး လက္ဝတ္ ရတနာဆုိင္ေတြေရာ အစံုပဲ။ Embassador အေနနဲ႔လည္း Samsung နဲ႔ေတာ့ စကားေျပာေန တယ္။ တျခားဟာေတြကေတာ့ တီဗီေၾကာ္ျငာေတြပါတယ္။ ေဖ့စ္ ဘြတ္ခ္ေၾကာ္ျငာေတြေရာပဲ’’ဟု ေအးဝတ္ရည္ေသာင္း၏ မိခင္က ေျပာသည္။

‘‘ဒီေဖ့စ္ဘြတ္ခ္ေၾကာင့္ ေအး ေသာင္းဆိုတဲ့ အႏုပညာရွင္တစ္ ေယာက္ ထပ္ေပၚလာသလိုပါပဲ’’

လတ္တေလာတြင္ေတာ့ မေအးေသာင္းအမည္ျဖင့္ လူမႈ ကြန္ရက္တြင္ ႐ိုက္ခတ္ေနသည့္ လိႈင္းက မည္မွ်လႈပ္ခတ္ေနဦးမည္ ဆိုသည္ကို ေစာင့္ၾကည့္ရမည္ျဖစ္ သည္။။

Credit - 7daydaily
============

ဒီနာမည်က ယခုရက်ပိုင်းအ တွင်း လူမှုကွန်ရက်စာမျက်နှာ တွင် ခေတ်အစားဆုံးအမည်တစ် ခု။ အထူးသဖြင့် လူမှုကွန်ရက်တွင် အမျိုးသားအများစု ရေးသားခေါ် ဝေါ်နေသည့် နာမည်တစ်ခု။ သူ နှင့်ပတ်သက်သည့် ဓာတ်ပုံများ၊ စာသားများ၊ ကဗျာ၊ စာချိုးများက လူမှုကွန်ရက်တွင်အပြည့်၊ မြန်မာဆန်ဆန်ဝတ်စုံများဖြင့် ကဗျာဆန် ဆန် စာသားများကို Aye Thaung ဖေ့စ်ဘွတ်ခ်စာမျက်နှာ၌ တင်ခဲ့ရာ ပရိသတ်စိတ်ဝင်စားမှုကို အများ အပြားရရှိနေပြီး တစ်လခန့်အချိန် အတွင်း Follow လုပ်သူ သိသိသာသာ များပြားခဲ့ကာ ယခင်မထင် မရှား အကောင့်တစ်ခုမှ လပိုင်းအတွင်း Follower ခြောက်သိန်းကျော်အထိ ရုတ်ခြည်းမြင့်တက်လာ သည်။

Follower အရေအတွက် တိုးလာသည့်အပေါ် သတိထား စောင့်ကြည့်ခဲ့သော ဖေ့စ်ဘွတ်ခ် အသုံးပြုသူတစ်ဦးက Aye Thaungဖေ့စ်ဘွတ်ခ်ကို Follow လုပ်သူ သည် တစ်စက္ကန့်တိုင်းတွင် တစ်ရာနီးပါးအထိ မြင့်တက်နေကြောင်း ဇွန်လ ၂၇ ရက်၌ ရေးသားထား သည်။

Follower တိုးတက်လာသည် နှင့်အမျှ ဓာတ်ပုံများကို Like လုပ်သူသည် တဖြည်းဖြည်းမြင့်တက် နေသည်။ ယခုရက်ပိုင်းအတွင်း မအေးသောင်း၏ ဓာတ်ပုံတင်လျှင် Like လုပ်သူဦးရေသည် သိန်း ဂဏန်းခန့်ရှိပြီး စကားစုလေးတစ် စုတင်လျှင်ပင် Like လုပ်သူ သောင်းနှင့်ချီ၍ ရှိသည်။ ထို့အပြင် ယခင်က တင်ထားသည့် ဓာတ်ပုံများသည်လည်း လက်ရှိအချိန်တွင်Like အရေအတွက် ငါးသောင်း ခန့်ရှိနေသည်။

မအေးသောင်းဟူသည့် နာ မည်နှင့် လူမှုကွန်ရက်တွင် တစ် ကျော့ပြန်စန်းထလာသူက အခြား သူတော့မဟုတ်။ လွန်ခဲ့သည့် ၁၅ နှစ်ခန့်က မော်ဒယ်လောကတွင် MTV ရုပ်သံများဖြင့် နာမည်ကြီးခဲ့ သည့် အေးဝတ်ရည်သောင်းပင် ဖြစ်သည်။

မြန်မာဝတ်စုံများနှင့် ဓာတ်ပုံ များကို ယခင်ကတည်းက တင်ခဲ့ ခြင်းဖြစ်ပြီး လတ်တလောခံစားရ သည့် ခံစားမှုများကို စာအတိုလေး များရေး၍ ဖေ့စ်ဘွတ်ခ်တွင် ပုံတင်ဖြစ်သည်ဟု Aye Thaung အမည်ဖြင့် ဖေ့စ်ဘွတ်ခ်အသုံးပြုကြောင်း အေးဝတ်ရည်သောင်းက ပြော သည်။

‘‘တကယ်က မိန်းကလေး Follower သူငယ်ချင်းသစ်တွေရ တာ ကိုယ်ပိုကျေနပ်မိတယ်။ မိန်း ကလေးချင်းဆိုတော့ ပိုနားလည် မယ်ထင်တယ်။ တကယ်အသက် တွေကြီးလို့ အလှတွေလျော့လာ ခဲ့ရင်လည်း ဒီကိုယ့်ညီမ၊ အစ်မ တွေကပဲ အနားမှာ ဆက်ရှိနေမှာ လေနော့်။ ယောကျ်ားတွေသုံးတဲ့ နှုန်းတဲ့ စကားဟာ နှုတ်ဖျား’’ဟု ရေးသား၍ မြန်မာဝတ်စုံဖြင့် ကန် ပေါင်တွင် စက်ဘီးစီးနေသည့် သဘာဝဆန်ဆန် ဓာတ်ပုံများကို Like လုပ်သူ နှစ်သိန်းကျော်သည် အထိ အားပေးမှုများပြားခဲ့သည်။

အဆိုပါ Like အရေအတွက် သည် မြန်မာနိုင်ငံ၏ အနုပညာရှင် များတွင် Follower ခုနစ်သန်းခန့် ရှိသည့် စိုင်းစိုင်းခမ်းလှိုင်နှင့် ဖွေး ဖွေးတို့၏ ဓာတ်ပုံများကို ကောင်း ကောင်းယှဉ်နိုင်သည့် အရေအ တွက်ဖြစ်သည်။

မြန်မာဆန်ဆန်ဝတ်စုံများ နှင့် ကဗျာဆန်ဆန် စာရေးသားမှု များက မအေးသောင်းကို ပရိသတ်သတိထားမိစေသည့် အချက်တစ်ချက်ပင်ဖြစ်သည်။ မအေးသောင်း တစ်ဦးတည်း ကဗျာဆန်နေသည် တော့မဟုတ်။ မအေးသောင်းကို အားပေးနေသည့် ပရိသတ်များ တွင်လည်း မအေးသောင်းကို သူ တို့ ဘယ်လောက်ချစ်ကြောင်း၊ အားပေးကြောင်းကို ကဗျာများ စပ်၍ ရင်ဖွင့်ရေးသားထားသူများ ကိုလည်း အများအပြားတွေ့ရ သည်။

မအေးသောင်းကို အားပေး သူများက ထိုမျှမက ၎င်းတို့၏ ဖေ့စ်ဘွတ်ခ်နာမည်များတွင် အေး သောင်းဟူသော စကားလုံးကို ထပ်ပေါင်းကာ ပြောင်းလဲပစ်ကြ သည်။ ထိုအထဲတွင်မှ ဂျက်ကီ အေးသောင်းဟူသောအမည်ဖြင့် ရေးသည့် မအေးသောင်း နိုင်ငံ တော်ဆိုသည့်ကဗျာမှာ ပြန်လည် မျှဝေသူများပြားခဲ့သည်။

‘‘မအေးသောင်း နိုင်ငံတော် ၌ နှလုံးသားသည် နူးညံ့၏ အ ကြောက်တရားကင်း၏။ မွေ့ လျော်ဖွယ်အတိပြီး၏။ မအေး သောင်း နိုင်ငံတော်၌ အသိဉာဏ် တရားသည် လင်းလက်၏။ မည်း မှောင်ခြင်း အလျဉ်းမရှိ။ အထက် နှင့် အောက် အပြောင်းအလဲမြန် သော ဓာတ်လှေကားလို လူသား များလည်းမရှိ။ မအေးသောင်း နိုင်ငံတော်၌ နုရွသော ကဗျာဆန် မှု၊... ချစ်တတ်သော နှလုံးသား... မွန်မြတ်သည့် သစ္စာတရားတို့ကို မအေးသောင်းသည် ဖြစ်တည်စေ ၏။ အို... အဖဘုရားသခင်ချစ် ခြင်းတို့ဖြင့် အုပ်မိုးရာအလှတရား တို့ ပွင့်လန်းရာ သစ္စာတရားတို့  ဖြင့် ရှင်သန်ရာဖြစ်ထသော မအေး သောင်း နိုင်ငံတော်အားထားရာ နိုးကြားနေပါစေသတည်းဆို သည့်ကဗျာသည် မအေးသောင်း ပရိ သတ်များသာမက အခြားသော ယင်းကဗျာကို အပျော်သဘော ဝေမျှသူများရှိသည့်အပြင် လူမှု ကွန်ရက်တွင် ပေါ်ပင်အဖြစ် အ လွန်အမင်းဖော်ကျူးဖွဲ့နွဲ့သည်ဟူ သော ဝေဖန်မှုများလည်းရှိခဲ့သည်။ ဖေ့စ်ဘွတ်ခ်အသုံးပြုသူများ အကြားတွင် ပျံ့နှံ့မှုများပြားခဲ့သည်။

‘‘တချို့လူတွေက ပြောကြ တယ်။ ရယ်ချင်ရင် မမအေး သောင်းပုံအောက်က Comment တွေ ဖတ်ကြည့်တဲ့။ ကိုယ့်အတွက် တော့ ကိုယ့်ပုံအောက်က Com-ment တွေက ဘုရားပေးတဲ့ဆုပါ။ သူများနဲ့မတူတဲ့ ကဗျာဆရာလေး တွေကို ပိုင်ဆိုင်ထားသူပါ’’ဟု ၎င်း၏ ဓာတ်ပုံများအောက်တွင် စာရေးသားသူများနှင့်ပတ်သက် ၍ အေးဝတ်ရည်သောင်း (ခေါ်) မအေးသောင်းက ရေးသားထား သည်။

မအေးသောင်း၏ ပရိသတ် များတွင် ၎င်း၏အမည် ပြောင်း ပြန် သောင်းအေးဆိုသူတစ်ဦး လည်းရှိသည်။ သောင်းအေးက YBS ကားစပယ်ယာတစ်ဦးဖြစ် ပြီး မအေးသောင်းအတွက် ကဗျာ စပ်ပေးရာမှ သတိထားမိလာခဲ့သူ ဖြစ်သည်။

‘‘ကိုသောင်းအေးက အစ်မ ကားနဲ့ ဖြတ်သွားတာကို တွေ့ လိုက်တယ်ဆိုပြီး မက်ဆေ့ချ်ပို့ တယ်။ နောက်ပြီး အစ်မအတွက် စပ်ထားတဲ့ ကဗျာလေးကိုလည်း ပို့ပေးတယ်’’ဟု YBS ကားစပယ် ယာ သောင်းအေးနှင့်စ၍ သိခဲ့ သည့်အကြောင်းကို အေးဝတ်ရည်သောင်းက ပြောသည်။

ထို့အပြင် ပရိသတ်များအ ပေါ် ၎င်း၏ ခံယူချက်နှင့်ပတ်သက် ၍ ‘‘အစ်မကတော့ ပရိသတ်ဆို တာ ဘယ်နေရာပဲရောက်ရောက် ဆိုက်ကားသမားလည်း ပေါက်စီ ရဲ့ပရိသတ်ဆို ကျေးဇူးရှင်ပဲ။ ကျေးဇူးရှင်တွေအားလုံးထဲမှာပါ တယ်။ ဆိုက်ကားသမားပဲဖြစ်ဖြစ်၊ ကားစပယ်ယာပဲဖြစ်ဖြစ်၊ သူ့ဘာ သာသူ ဈေးသည်ပဲဖြစ်ဖြစ် ကိုယ့် ကို တစ်ယောက်အားပေးရင် ပရိ သတ်တစ်ယောက်အားက မနည်း ဘူးလေ’’ဟု ပြောသည်။

ထို့အပြင် ပရိသတ်များက ဖေ့စ်ဘွတ်ခ်တွင် မှတ်ချက်ပေး သည့် အကြောင်းအရာများကို လည်း သေချာဂရုစိုက်၍ ဖတ်ဖြစ် ကာ ကြိုက်သည့်အကြောင်းအရာ များကို သိမ်းထားဖြစ်ကြောင်း ၎င်းကဆိုသည်။

အေးဝတ်ရည်သောင်းသည် အသက် (၁၂)နှစ်အရွယ်ကတည်း က အနုပညာလောကသို့ ရောက် ရှိခဲ့ပြီး ပြီးခဲ့သည့် နှစ်များတွင်မူ ပညာရေးနှင့် စီးပွားရေးဘက်တွင် သာ အချိန်ပေးခဲ့သဖြင့် အနုပညာ လောကနှင့် နှစ်အနည်းငယ်ကင်း ကွာခဲ့သည်။

Charm 2 ရုပ်သံဇာတ်လမ်း တွဲတွင် သရုပ်ဆောင်အဖြစ် ပြန် လုပ်ဖြစ်ခဲ့ပြီး mntv ရုပ်သံလိုင်းမှ ထုတ်လွှင့်နေသည့် ရတနာပုံ ဇာတ်လမ်းတွဲ၌လည်း ဆက်လက် ပါဝင်သရုပ်ဆောင်ဖြစ်ခဲ့ရာ ပရိ သတ်၏ အသိအမှတ်ပြုမှုရရှိခဲ့ သည်။

ရတနာပုံဇာတ်လမ်းတွဲတွင် အေးဝတ်ရည်သောင်းက မန္တလေး သူတစ်ဦးအဖြစ် ပါဝင်သရုပ် ဆောင်ထားခြင်းဖြစ်ပြီး မြန်မာ ဆန်ဆန် ဝတ်စုံများဖြင့် ပါဝင် သရုပ်ဆောင်ထားခြင်းဖြစ်သော ကြောင့် ပရိသတ်များ စိတ်ဝင်စား မှု ပိုမိုရရှိခဲ့သည်။

လူမှုကွန်ရက် စာမျက်နှာ တွင် အဖော်အချွတ်များ မော်ဒယ် များ များပြားသည့်ကာလ၌ အေး ဝတ်ရည်သောင်း၏ မြန်မာဆန် ဆန် ဖက်ရှင်များသည် အရိုးဆုံး က အဆန်းဆုံးဖြစ်ခဲ့သည်။ ၎င်း ကိုုယ်တိုင်လည်း ယခင်က Sexyဖြစ်သည့်ပုံများ လူမှုကွန်ရက်တွင် တင်ခဲ့ဖူးသော်လည်း ထိုစဉ်က ယခုလောက်တော့ လူသိထင် ရှားမဖြစ်ခဲ့။ ယခုတစ်ဖန် စန်းထချိန်တွင်တော့ ၎င်း၏ပုံဟောင်း များကို ပြန်လည်ဖြန့်ဝေသူများ လည်း ရှိနေသည်။
‘‘လူဆိုတာတော့ ကိုယ့်အ ကြိုက်နဲ့ကိုယ်ပဲ။ ပေါက်စီကို ကြိုက်တဲ့လူရှိသလို၊ မကြိုက်တဲ့ လူလည်း ရှိမှာပဲ။ အဲဒါကိုလည်း လက်ခံရမှာပဲ’’ဟု တိုက်ခိုက်မှု များအပေါ် ၎င်း၏ အမြင်ကို ပြော သည်။

မည်သို့ပင်ဆိုစေကာမူ ဖေ့စ် ဘွတ်ခ်၏ ကောင်းကျိုးကြောင့် အေးဝတ်ရည်သောင်းဆိုသည့် မင်းသမီးတစ်ဦး တစ်ကျော့ပြန် အောင်မြင်လာခဲ့သည်။ လက်ရှိ တွင် သတင်းဌာနများကလည်း အေးဝတ်ရည်သောင်းအကြောင်း ကို အကြောင်းအရာအမျိုးမျိုးဖြင့် သတင်းများ ဖော်ပြနေသည်။ နိုင်ငံ ပိုင်သတင်းစာ တစ်စောင်ဖြစ် သည့် မြန်မာ့အလင်းသတင်းစာ ကပင် အေးဝတ်ရည်သောင်း၏ အင်တာဗျူးကို ဖော်ပြထားခဲ့ သည်။

ထို့အပြင် ဇာတ်လမ်းတွဲများ၊ ရုပ်ရှင်ဇာတ်ကားများလည်း ရိုက် ကူးရန် ကမ်းလှမ်းထားသည်။ ထို့ ကြောင့် ၎င်း၏ တစ်ကျော့ပြန် အောင်မြင်မှုတွင် ဖေ့စ်ဘွတ်ခ် သည် ရာခိုင်နှုန်းတော်တော်များ များ သက်ရောက်မှုရှိကြောင်း အေးဝတ်ရည်သောင်းက အောက် ပါအတိုင်း မှတ်ချက်ပြုသည်။

တစ်ကျော့ပြန် စန်းထလာ သည့် အေးဝတ်ရည်သောင်းဟူ သည့် မော်ဒယ်မင်းသမီးသည် ယခုရက်ပိုင်းအတွင်းမှာတော့ ကြော် ငြာလုပ်ငန်းများ၏ မျက်စိကျစရာ မော်ဒယ်တစ်ဦးအဖြစ် ပြန်လည် ပြောင်းလဲသွားခဲ့သည်။

ယခုလထဲမှာပင် ၎င်းကို ချိတ်ဆက်လာသည့် ကုမ္ပဏီများ အ များအပြားရှိခဲ့သည်။

‘‘များတာတော့ တော်တော် များတယ်။ အဓိကကတော့ အလှ ကုန်တွေရော၊ Product တွေရော၊ဖုန်းရော။ နောက်ပြီး လက်ဝတ် ရတနာဆိုင်တွေရော အစုံပဲ။ Embassador အနေနဲ့လည်း Samsung နဲ့တော့ စကားပြောနေ တယ်။ တခြားဟာတွေကတော့ တီဗီကြော်ငြာတွေပါတယ်။ ဖေ့စ် ဘွတ်ခ်ကြော်ငြာတွေရောပဲ’’ဟု အေးဝတ်ရည်သောင်း၏ မိခင်က ပြောသည်။

‘‘ဒီဖေ့စ်ဘွတ်ခ်ကြောင့် အေး သောင်းဆိုတဲ့ အနုပညာရှင်တစ် ယောက် ထပ်ပေါ်လာသလိုပါပဲ’’

လတ်တလောတွင်တော့ မအေးသောင်းအမည်ဖြင့် လူမှု ကွန်ရက်တွင် ရိုက်ခတ်နေသည့် လှိုင်းက မည်မျှလှုပ်ခတ်နေဦးမည် ဆိုသည်ကို စောင့်ကြည့်ရမည်ဖြစ် သည်။။

Credit - 7daydaily

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...