ရုပ်ရှင်ကားကြီး တစ်ကားကို ကိုယ်တိုင် ထုတ်လုပ်သူ အဖြစ် ရိုက်ကူးမယ့် ဝါဆိုမိုးဦး


အဆိုတော် နဲ့ သရုပ်ဆောင် တစ်ဦးဖြစ်တဲ့ ဝါဆိုမိုးဦး က ရုပ်ရှင်ကားကြီး တစ်ကားကို ကိုယ်တိုင်ထုတ်လုပ်သူအဖြစ်နဲ့ ရိုက်ကူး သွားဖို့ရှိကြောင်း ပြောကြားပါတယ်။
“ကိုယ်ရိုက်ချင်တဲ့ ဇာတ်လမ်းလေးတစ်ခုကို ထုတ်လုပ်သူအနေနဲ့ ရိုက်မှာပါ။လောလောဆယ်မှာ ဇာတ်လမ်းတော့ မရှာရသေးဘူး။ဒီနှစ်က ဝါဆို့ တစ်ကိုယ်တော်ခွေ ထွက်ထားတာဆိုတော့ ရုပ်ရှင်ကားကြီး ကို နောက်နှစ်ထဲလောက်မှ ရိုက်ဖြစ်မယ် ”လို့ ၎င်းကထပ်လောင်း ပြောဆိုပါတယ်။
လတ်တလော အနုပညာ လှုပ်ရှားမှုအနေနဲ့ ကတော့ ရှိုးပွဲတွေမှာ သီချင်းတွေ ဆိုဖြစ်နေသလို၊ ကြော်ငြာတွေ ရိုက်ကူးဖို့လည်း လက်ခံ ထားကြောင်း၊စီးရီးသစ်တစ်ခွေ ထပ်ထုတ်ဖို့ကတော့ ရှေ့ မှာ ထွက်ထားတဲ့ ”မိုက်လားပြောကြည့် ”စီးရီးကို ပရိသတ်အားပေး မှု အပေါ် မူတည်ကြောင်း ဝါဆိုမိုးဦးက ပြောကြားပါတယ်။” ကိုယ်ပိုင် စီးပွားရေး တစ်ခုလုပ်ဖို့ ဆိုတာတော့ မဖြစ်နိုင်သေး ပါဘူး။ဝါဆိုက အသက်အရမ်းငယ်သေးတယ်။ကိုယ့်အနုပညာ အလုပ်ကိုပဲ ဇောက်ချပြီး လုပ်ချင်သေးတယ်။အသက်နည်းနည်းရ လာ ရင်တော့ ကိုယ်တစ်ယောက်တည်းဖြစ်ဖြစ်၊ ကိုယ့် သူငယ် ချင်းတွေနဲ့ ပူးပေါင်းပြီးတော့ပဲ ဖြစ်ဖြစ် စီးပွားရေး တစ်ခုတော့ လုပ် ဖြစ်မှာပါ ”လို့ ၎င်းကပြောကြားပါတယ်။
ဝါဆိုမိုးဦး ရဲ့ ချစ်သူဖြစ်တဲ့ ဟစ်ပ်ဟော့ပ် အဆိုရှင် ဖြိုးလေး က တော့ Genius အမည်နဲ့ ဖက်ရှင်ဆိုင်တွေ ဖွင့်လှစ်ထားပါတယ်။

Credit : The Radar

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...