အေဝးေျပးလမ္းေပၚ ဆယ္လ္ဖီ႐ုိက္သည့္မိန္းကေလး ကားတုိက္ခံရၿပီး ေသဆံုး


ထိုင္းႏိုင္ငံ အေဝးေျပးလမ္းမတခုေပၚမွာ မနက္ေစာေစာ ဆယ္လ္ဖီဓာတ္ပံု႐ုိက္ခဲ့တဲ့ မိန္းကေလးတဦးဟာ အရွိန္နဲ႔ေမာင္းလာတဲ့ ကားတစီး ျဖတ္တိုက္ခံရလို႔ ေသဆံုးသြားခဲ့ပါတယ္။
ဒီအျဖစ္အပ်က္ဟာ ၿပီးခဲ့တဲ့ ဇူလိုင္ ၁၆ ရက္ေန႔ မနက္ ၃ နာရီေလာက္က ဘန္ပူ-ဘန္ပ႐ုိင္ အေဝးေျပးကားလမ္းမေပၚမွာ ျဖစ္ခဲ့တာလို႔ မန္ေနဂ်ာအြန္လိုင္း သတင္းတပုဒ္မွာ ေဖာ္ျပပါတယ္။
အသက္ ၁၆ ႏွစ္အရြယ္ ကန္နစ္ကာ ဆဝမ္မက္ အမည္ရတဲ့ အဲဒီမိန္းကေလးဟာ သူငယ္ခ်င္းေတြနဲ႔ အိမ္အျပန္လမ္းမွာ ကားကိုရပ္ၿပီး ဆယ္လ္ဖီ႐ုိက္ဖို႔ ေျပာခဲ့တယ္လို႔ သူ႔ရဲ႕ သူငယ္ခ်င္း နာတကစ္ ေဆာ့ဒ္ဂ်န္က ေျပာပါတယ္။
အဲဒီအခ်ိန္မွာပဲ အရွိန္နဲ႔ေမာင္းႏွင္လာတဲ့ ဘီအမ္ဒဗလ်ဴကားတစင္းက သူ႔ကို ျဖတ္တိုက္သြားခဲ့တာပါ။
အသက္ ၂၈ ႏွစ္အရြယ္ ကားေမာင္းသမား ဗဒင္ ပက္ထရာပန္က အယုဒၶယခ႐ုိင္မွ သူ႔ရဲ႕အိမ္အျပန္လမ္းအတိုင္း ေမာင္းႏွင္ခဲ့တာျဖစ္ၿပီး အဲဒီမိန္းကေလးကို သတိမထားမိခဲ့ဘူးလို႔ ေျပာပါတယ္။
လက္ရွိမွာေတာ့ ကန္နစ္ကာရဲ႕အေလာင္းကို သမားဆက္တ္တကၠသိုလ္ေဆး႐ုံဆီ ပို႔ေဆာင္ထားၿပီး လိုအပ္တဲ့ စံုစမ္းစစ္ေဆးမႈေတြ ဆက္လက္လုပ္ေဆာင္ေနတယ္လို႔ သတင္းမွာ ေဖာ္ျပပါတယ္။
Credit:DVB
Unicode
ထိုင်းနိုင်ငံ အဝေးပြေးလမ်းမတခုပေါ်မှာ မနက်စောစော ဆယ်လ်ဖီဓာတ်ပုံရိုက်ခဲ့တဲ့ မိန်းကလေးတဦးဟာ အရှိန်နဲ့မောင်းလာတဲ့ ကားတစီး ဖြတ်တိုက်ခံရလို့ သေဆုံးသွားခဲ့ပါတယ်။
ဒီအဖြစ်အပျက်ဟာ ပြီးခဲ့တဲ့ ဇူလိုင် ၁၆ ရက်နေ့ မနက် ၃ နာရီလောက်က ဘန်ပူ-ဘန်ပရိုင် အဝေးပြေးကားလမ်းမပေါ်မှာ ဖြစ်ခဲ့တာလို့ မန်နေဂျာအွန်လိုင်း သတင်းတပုဒ်မှာ ဖော်ပြပါတယ်။
အသက် ၁၆ နှစ်အရွယ် ကန်နစ်ကာ ဆဝမ်မက် အမည်ရတဲ့ အဲဒီမိန်းကလေးဟာ သူငယ်ချင်းတွေနဲ့ အိမ်အပြန်လမ်းမှာ ကားကိုရပ်ပြီး ဆယ်လ်ဖီရိုက်ဖို့ ပြောခဲ့တယ်လို့ သူ့ရဲ့ သူငယ်ချင်း နာတကစ် ဆော့ဒ်ဂျန်က ပြောပါတယ်။
အဲဒီအချိန်မှာပဲ အရှိန်နဲ့မောင်းနှင်လာတဲ့ ဘီအမ်ဒဗလျူကားတစင်းက သူ့ကို ဖြတ်တိုက်သွားခဲ့တာပါ။
အသက် ၂၈ နှစ်အရွယ် ကားမောင်းသမား ဗဒင် ပက်ထရာပန်က အယုဒ္ဓယခရိုင်မှ သူ့ရဲ့အိမ်အပြန်လမ်းအတိုင်း မောင်းနှင်ခဲ့တာဖြစ်ပြီး အဲဒီမိန်းကလေးကို သတိမထားမိခဲ့ဘူးလို့ ပြောပါတယ်။
လက်ရှိမှာတော့ ကန်နစ်ကာရဲ့အလောင်းကို သမားဆက်တ်တက္ကသိုလ်ဆေးရုံဆီ ပို့ဆောင်ထားပြီး လိုအပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...