ရဲတပ္ဖြဲ႕၀င္ အခ်င္းခ်င္း ပစ္ခတ္မႈ ျဖစ္ပြား



ရခိုင္ျပည္နယ္ ေပါက္ေတာၿမိဳ႕နယ္ ဆင္အိုင္ေက်းရြာ ေတာင္ေက်ာ္လမ္းအနီးတြင္ ရဲတပ္ဖြဲ႕၀င္ အခ်င္းခ်င္း ပစ္ခတ္မႈတစ္ခု ျဖစ္ပြားခဲ့သည္ဟု သတင္းရရွိသည္။
ပစ္ခတ္သူမွာ ေပါက္ေတာၿမိဳ႕နယ္ စစ္ကဲျပင္ (ဘဂၤလီရြာ) လံုၿခံဳေရးစခန္းမွဒုရဲအုပ္ ဇာဇာမင္းျဖစ္ျပီး BA 94 ေသနတ္ျဖင့္ တစ္ခ်က္ ပစ္ခတ္ခဲ့ျခင္းျဖစ္ျပီး အပစ္ခံရသူမွာ ရဲတပ္ၾကပ္ စန္းစန္းလင္းျဖစ္ျပီး သူ၏ ခ်က္အထက္ ၀မ္းဗိုက္တြင္ ေဖာက္၀င္ ဒဏ္ရာ တစ္ခ်က္ ရရွိခဲ့သည္ဟု သိရသည္။
“လံုၿခံဳေရးတပ္ဖြဲ႕ ၁၂ က တပ္ဖြဲ႕၀င္ေတြျဖစ္တာပါ။ ေပါက္ေတာျမိဳ႕နယ္ အပိုင္ေတာ့ ေပါက္ေတာအပိုင္ပါ၊ ဒါေပမယ့္ ျဖစ္စဥ္ အေသးစိတ္ကိုေတာ့ မသိရွိရပါဘူး။ ဒဏ္ရာ ရတဲ့သူကို မေန႔ကတည္းက စစ္ေတြေဆးရံုကို ပို႔လိုက္တယ္လို႔ ၾကားသိရပါတယ္”ဟု ေပါက္ေတာၿမိဳ႕ ၿမိဳ႕မရဲစခန္းမွ ရဲအရာရွိတစ္ဦးက နိရဥၥရာ သတင္းဌာနသို႔ အတည္ျပဳေျပာၾကားသည္။
ျဖစ္စဥ္မွာ လံုၿခံဳေရး ရဲတပ္ဖြဲ႕ ၁၂ မွ စစ္ကဲျပင္ လံုၿခံဳေရး ရဲကင္းတြင္ တာ၀န္ က်ေနေသာ ဒုရဲအုပ္ ဇာဇာမင္း အပါအ၀င္ တပ္ဖြဲ႕၀င္ ၃ ဦးသည္ စစ္ကဲျပင္မွ ဆင္အိုင္ရြာသို႔ နံနက္ ၁၁ နာရီ ၃၀ မိနစ္အခ်ိန္တြင္ ေရာက္ရွိ၍ ၄င္းမွ ပိႏၷဲေခ်ာင္းေက်းရြာသို႔ သြားေရာက္ၿပီး၊ ပိႏၷဲေခ်ာင္းရြာမွအျပန္ ၄ နာရီ ၄၀ မိနစ္အခ်ိန္တြင္ ဆင္အိုင္ေက်းရြာအနီး ေတာင္ေက်ာ္လမ္းအေရာက္၌ ဒုရဲအုပ္ ဇာဇာမင္းႏွင့္ ရဲတပ္ၾကပ္ စန္းစန္းလင္းတို႔ စကားမ်ားၿပီး ပစ္ခတ္မႈ ျဖစ္ပြားခဲ့ျခင္း ျဖစ္သည္ဟု ေဒသခံတစ္ဦးက ေျပာသည္။
ပစ္ခတ္ခံရၿပီး ဒဏ္ရာရရွိသြားသည့္ ရဲတပ္ၾကပ္ စန္းစန္းလင္းအား ညေန ၆ နာရီအခ်ိန္တြင္ စက္ေလွတစ္စီးျဖင့္ စစ္ေတြေဆးရံုႀကီးသို႔ ပို႔လိုက္သည္ဟု ေလ့လာသိရွိရသည္။
စံေမာင္သန္း၊ စစ္ေတြ
Narinjara
Unicode
ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ဆင်အိုင်ကျေးရွာ တောင်ကျော်လမ်းအနီးတွင် ရဲတပ်ဖွဲ့ဝင် အချင်းချင်း ပစ်ခတ်မှုတစ်ခု ဖြစ်ပွားခဲ့သည်ဟု သတင်းရရှိသည်။
ပစ်ခတ်သူမှာ ပေါက်တောမြို့နယ် စစ်ကဲပြင် (ဘင်္ဂလီရွာ) လုံခြုံရေးစခန်းမှဒုရဲအုပ် ဇာဇာမင်းဖြစ်ပြီး BA 94 သေနတ်ဖြင့် တစ်ချက် ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး အပစ်ခံရသူမှာ ရဲတပ်ကြပ် စန်းစန်းလင်းဖြစ်ပြီး သူ၏ ချက်အထက် ဝမ်းဗိုက်တွင် ဖောက်ဝင် ဒဏ်ရာ တစ်ချက် ရရှိခဲ့သည်ဟု သိရသည်။
“လုံခြုံရေးတပ်ဖွဲ့ ၁၂ က တပ်ဖွဲ့ဝင်တွေဖြစ်တာပါ။ ပေါက်တောမြို့နယ် အပိုင်တော့ ပေါက်တောအပိုင်ပါ၊ ဒါပေမယ့် ဖြစ်စဉ် အသေးစိတ်ကိုတော့ မသိရှိရပါဘူး။ ဒဏ်ရာ ရတဲ့သူကို မနေ့ကတည်းက စစ်တွေဆေးရုံကို ပို့လိုက်တယ်လို့ ကြားသိရပါတယ်”ဟု ပေါက်တောမြို့ မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက နိရဉ္စရာ သတင်းဌာနသို့ အတည်ပြုပြောကြားသည်။
ဖြစ်စဉ်မှာ လုံခြုံရေး ရဲတပ်ဖွဲ့ ၁၂ မှ စစ်ကဲပြင် လုံခြုံရေး ရဲကင်းတွင် တာဝန် ကျနေသော ဒုရဲအုပ် ဇာဇာမင်း အပါအဝင် တပ်ဖွဲ့ဝင် ၃ ဦးသည် စစ်ကဲပြင်မှ ဆင်အိုင်ရွာသို့ နံနက် ၁၁ နာရီ ၃၀ မိနစ်အချိန်တွင် ရောက်ရှိ၍ ၄င်းမှ ပိန္နဲချောင်းကျေးရွာသို့ သွားရောက်ပြီး၊ ပိန္နဲချောင်းရွာမှအပြန် ၄ နာရီ ၄၀ မိနစ်အချိန်တွင် ဆင်အိုင်ကျေးရွာအနီး တောင်ကျော်လမ်းအရောက်၌ ဒုရဲအုပ် ဇာဇာမင်းနှင့် ရဲတပ်ကြပ် စန်းစန်းလင်းတို့ စကားများပြီး ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံတစ်ဦးက ပြောသည်။
ပစ်ခတ်ခံရပြီး ဒဏ်ရာရရှိသွားသည့် ရဲတပ်ကြပ် စန်းစန်းလင်းအား ညနေ ၆ နာရီအချိန်တွင် စက်လှေတစ်စီးဖြင့် စစ်တွေဆေးရုံကြီးသို့ ပို့လိုက်သည်ဟု လေ့လာသိရှိရသည်။
စံမောင်သန်း၊ စစ်တွေ
Narinjara

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...