၁၅ ႏွစ္အရြယ္သမီးက အေမကိုသတ္ကာ အေလာင္းေဖ်ာက္ရန္ အိမ္ကိုမီးရွိဳ႕


အသက္ ၁၅ ႏွစ္အရြယ္ မိန္းကေလးတစ္ဦးသည္ သူမရဲ့ မိခင္ကို ရက္စက္စြာ ေသနတ္ျဖင့္ ပစ္သတ္ၿပီးေနာက္ သက္ေသမ်ားေဖ်ာက္ဖ်က္ရန္ အိမ္ကိုပါ မီးရိွု႕ဖို႔ သူငယ္ခ်င္းကို အကူညီေတာင္းခဲ့သည္။

အေမရိကန္ႏုိင္ငံ၊ အီလီႏြိုင္းျပည္နယ္၊ မိုရီစြန္မွာ ျဖစ္ပြားခဲ့ျခင္းျဖစ္သည္။ အန္နာဆိုတဲ့ သမီးျဖစ္သူဟာ သူမရဲ့ မိခင္ အသက္ ၅၃ ႏွစ္အရြယ္ ပက္ဂီ အလုပ္မွ အိမ္ျပန္အလာကို .၃၈ ေျခာက္လံုးျပဴး ကိုင္ေဆာင္ကာ ေစာင့္ဆိုင္းေနခဲ့သည္ ဟု ရဲက ဆိုသည္။

မိခင္အိမ္ျပန္ေရာက္တဲ့အခါ အန္နာက ဧည့္ခန္းတြင္ မိခင္ကို ေသနတ္နဲ႔မပစ္ခင္ မ်က္ႏွာကို ပု၀ါစည္းထားဖို႔ ေျပာေၾကာင္း ရဲစစ္ခ်က္တြင္ ေဖာ္ျပထားသည္။

မိခင္ကို ေသနတ္ျဖင့္ ပစ္မသတ္မီ အန္နာက ေဖ့ဘုတ္တြင္ ပို႔စ္တစ္ခု တင္ခဲ့သည္။ သူမမိခင္ကို ခ်စ္ေၾကာင္း သမီးေကာင္းတစ္ေယာက္ အျမဲတမ္း မျဖစ္ခဲ့တဲ့အတြက္ ခြင့္လႊတ္ေပးပါ ဆိုတဲ့ေၾကာင္းမ်ား ေရးကာ တင္ခဲ့သည္။

ဒီရက္စက္တဲ့ လူသတ္မွုရဲ့ေနာက္ကြယ္မွာ မရွင္းလင္းမွုမ်ားရွိေနသည္။ အန္နာက သူမရဲ့သူငယ္ခ်င္း ရာခ်ယ္ဟလ္ ဆိုသူကို မက္ေဆ့ခ်္ပို႔ၿပီး သူမ မိခင္ကို သတ္ခဲ့ေၾကာင္းေျပာခဲ့သည္။ မိခင္ ေသဆံုးေနတဲ့ဓာတ္ပံုကိုလည္း သူငယ္ခ်င္းျဖစ္သူဆီပို႔ၿပီး ယံုၿပီလား ဟုေမးခဲ့သည္ ဟုဆိုသည္။

ဧည့္ခန္းထဲ ေကာ္ေဇာေတြေပၚက ေသြးေတြကို သူတို႔ႏွစ္ေယာက္ သုတ္ခဲ့ၾကသည္။ ေနာက္တစ္ေန႔မွာေတာ့ သူတို႔ဟာ ပက္ဂီရဲ့ရုပ္အေလာင္းကို ဧည့္ခန္းကေန ေရခ်ိဳးခန္းထဲေျပာင္းေရြ႕ကာ ေစာင္ျဖင့္အုပ္ခဲ့သည္။ အျပင္သို႔ သန္႔ရွင္းေရးလုပ္စရာ ပစၥည္းမ်ားထြက္၀ယ္သည္။ ေနာက္ဆံုးတြင္ သူတို႔ဟာ အိမ္ကိုပါ မီးရွိဳ႕ၾကဖို႔ ဆံုးျဖတ္ခဲ့ၾကတယ္ ဟု ရဲစစ္ခ်က္တြင္ ဆိုသည္။

မီးသတ္သမားေတြဟာ မီးေတာက္ကို ၿငိမ္းသတ္ခဲ့ၾကၿပီးတဲ့ေနာက္ ပက္ဂီရဲ့ရုပ္အေလာင္းကို ျမင္ေတြ႔ခဲ့ၾကသည္။ သူငယ္ခ်စ္ျဖစ္သူမိန္းကေလးက ဒါေတြကို သူ႕မိခင္ဆီမွာ ၀န္ခံေျပာျပခဲ့သည္။ တစ္ခ်ိန္တည္းမွာပဲ အန္နာဟာ သူမမိခင္အသံုးျပဳခဲ့တဲ့ ေဖ့စ္ဘုတ္ေပခ့်္ကိုဖြင့္ကာ သူမ မိခင္ကို ခ်စ္ေၾကာင္း၊ ဒီအျဖစ္ပ်က္ကို ဘယ္ေတာ့မွမေမ့ေၾကာင္း၊ ကြၽန္မကို ခုခ်ိိန္မွာ အေမျမင္ႏိုင္မလား မသိဘူး၊ ျမင္မယ္ဆိုရင္ သိေစခ်င္တာကေတာ့ အေမဟာ သူငယ္ခ်င္းေကာင္းတစ္ေယာက္ျဖစ္ခဲ့ပါတယ္။ ကြၽန္မက အျမဲတမ္း သမီးေကာင္းမဟုတ္ခဲ့ပါဘူး။ ေတာင္းပန္ပါတယ္။ အရမ္းခ်စ္တယ္ အေမ။ ကြၽန္မ အေမ့ကို ဘယ္ေတာ့မွ မေမ့ဘူးဆိုတာ သိေစခ်င္တယ္။ ဟု ေရးသားခဲ့သည္။

သူငယ္ခ်င္းျဖစ္သူရဲ့ ၀န္ခံခ်က္ထြက္ၿပီးေနာက္ အန္နာကို ရဲကဖမ္းဆီးခဲ့ၿပီး။ သူမလည္း ၀န္ခံခဲ့သည္။ ခုေတာ့ သူတို႔ႏွစ္ေယာက္လံုး အခ်ဳပ္ထဲ ေရာက္ေနၾကၿပီး ၾသဂုတ္လ ၈ ရက္ေန႔မွာ တရားရင္ဆိုင္ရမွာျဖစ္ပါတယ္။

PannPwint
ref-Dailymail



အသက် ၁၅ နှစ်အရွယ် မိန်းကလေးတစ်ဦးသည် သူမရဲ့ မိခင်ကို ရက်စက်စွာ သေနတ်ဖြင့် ပစ်သတ်ပြီးနောက် သက်သေများဖျောက်ဖျက်ရန် အိမ်ကိုပါ မီးရှို့ဖို့ သူငယ်ချင်းကို အကူညီတောင်းခဲ့သည်။

အမေရိကန်နိုင်ငံ၊ အီလီနွိုင်းပြည်နယ်၊ မိုရီစွန်မှာ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ အန်နာဆိုတဲ့ သမီးဖြစ်သူဟာ သူမရဲ့ မိခင် အသက် ၅၃ နှစ်အရွယ် ပက်ဂီ အလုပ်မှ အိမ်ပြန်အလာကို .၃၈ ခြောက်လုံးပြူး ကိုင်ဆောင်ကာ စောင့်ဆိုင်းနေခဲ့သည် ဟု ရဲက ဆိုသည်။

မိခင်အိမ်ပြန်ရောက်တဲ့အခါ အန်နာက ဧည့်ခန်းတွင် မိခင်ကို သေနတ်နဲ့မပစ်ခင် မျက်နှာကို ပုဝါစည်းထားဖို့ ပြောကြောင်း ရဲစစ်ချက်တွင် ဖော်ပြထားသည်။

မိခင်ကို သေနတ်ဖြင့် ပစ်မသတ်မီ အန်နာက ဖေ့ဘုတ်တွင် ပို့စ်တစ်ခု တင်ခဲ့သည်။ သူမမိခင်ကို ချစ်ကြောင်း သမီးကောင်းတစ်ယောက် အမြဲတမ်း မဖြစ်ခဲ့တဲ့အတွက် ခွင့်လွှတ်ပေးပါ ဆိုတဲ့ကြောင်းများ ရေးကာ တင်ခဲ့သည်။

ဒီရက်စက်တဲ့ လူသတ်မှုရဲ့နောက်ကွယ်မှာ မရှင်းလင်းမှုများရှိနေသည်။ အန်နာက သူမရဲ့သူငယ်ချင်း ရာချယ်ဟလ် ဆိုသူကို မက်ဆေ့ချ်ပို့ပြီး သူမ မိခင်ကို သတ်ခဲ့ကြောင်းပြောခဲ့သည်။ မိခင် သေဆုံးနေတဲ့ဓာတ်ပုံကိုလည်း သူငယ်ချင်းဖြစ်သူဆီပို့ပြီး ယုံပြီလား ဟုမေးခဲ့သည် ဟုဆိုသည်။

ဧည့်ခန်းထဲ ကော်ဇောတွေပေါ်က သွေးတွေကို သူတို့နှစ်ယောက် သုတ်ခဲ့ကြသည်။ နောက်တစ်နေ့မှာတော့ သူတို့ဟာ ပက်ဂီရဲ့ရုပ်အလောင်းကို ဧည့်ခန်းကနေ ရေချိုးခန်းထဲပြောင်းရွေ့ကာ စောင်ဖြင့်အုပ်ခဲ့သည်။ အပြင်သို့ သန့်ရှင်းရေးလုပ်စရာ ပစ္စည်းများထွက်ဝယ်သည်။ နောက်ဆုံးတွင် သူတို့ဟာ အိမ်ကိုပါ မီးရှို့ကြဖို့ ဆုံးဖြတ်ခဲ့ကြတယ် ဟု ရဲစစ်ချက်တွင် ဆိုသည်။

မီးသတ်သမားတွေဟာ မီးတောက်ကို ငြိမ်းသတ်ခဲ့ကြပြီးတဲ့နောက် ပက်ဂီရဲ့ရုပ်အလောင်းကို မြင်တွေ့ခဲ့ကြသည်။ သူငယ်ချစ်ဖြစ်သူမိန်းကလေးက ဒါတွေကို သူ့မိခင်ဆီမှာ ဝန်ခံပြောပြခဲ့သည်။ တစ်ချိန်တည်းမှာပဲ အန်နာဟာ သူမမိခင်အသုံးပြုခဲ့တဲ့ ဖေ့စ်ဘုတ်ပေချ့်ကိုဖွင့်ကာ သူမ မိခင်ကို ချစ်ကြောင်း၊ ဒီအဖြစ်ပျက်ကို ဘယ်တော့မှမမေ့ကြောင်း၊ ကျွန်မကို ခုချိန်မှာ အမေမြင်နိုင်မလား မသိဘူး၊ မြင်မယ်ဆိုရင် သိစေချင်တာကတော့ အမေဟာ သူငယ်ချင်းကောင်းတစ်ယောက်ဖြစ်ခဲ့ပါတယ်။ ကျွန်မက အမြဲတမ်း သမီးကောင်းမဟုတ်ခဲ့ပါဘူး။ တောင်းပန်ပါတယ်။ အရမ်းချစ်တယ် အမေ။ ကျွန်မ အမေ့ကို ဘယ်တော့မှ မမေ့ဘူးဆိုတာ သိစေချင်တယ်။ ဟု ရေးသားခဲ့သည်။

သူငယ်ချင်းဖြစ်သူရဲ့ ဝန်ခံချက်ထွက်ပြီးနောက် အန်နာကို ရဲကဖမ်းဆီးခဲ့ပြီး။ သူမလည်း ဝန်ခံခဲ့သည်။ ခုတော့ သူတို့နှစ်ယောက်လုံး အချုပ်ထဲ ရောက်နေကြပြီး သြဂုတ်လ ၈ ရက်နေ့မှာ တရားရင်ဆိုင်ရမှာဖြစ်ပါတယ်။

PannPwint
ref-Dailymail





Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...