ဘောင်းဘီထဲ ရေနွေးပူလောင်းထည့်ခံရပြီး လိင်အင်္ဂါဖြတ်လိုက်ရတဲ့ ၅ နှစ်သားကလေး













PannPwint
ref-Mertro




ကလေးကို ဆုံးမတဲ့အနေနဲ့ ဘောင်းဘီတိုထဲကို ရေနွေးပူလောင်းထည့်ခံရပြီး ၅ နှစ်အရွယ် ထိုကလေးငယ်ရဲ့ လိင်အင်္ဂါကို ဖြတ်တောက်လိုက်ရပါတယ်။

ထိုင်းနိုင်ငံမှာ ကလေးထိန်းအဖွားအိုတစ်ဦးက အခန်းတံခါးသော့ခတ်ပြီး ခုလိုရက်ရက်စက်စက် ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ကလေးကို လက်ပြန်ကြိုးတုပ်ပြီး ရေးနွေးထည့်ထားတဲ့ အိပ်နဲ့ ဘောင်းဘီထဲ လောင်းထည့်ခဲ့တယ်လို့ ဆိုပါတယ်။ 

ဆိုးဝါးစွာ ဒဏ်ရာရခဲ့သော ယင်းကလေးငယ်ကို ဘန်ကောက်မြို့ ပထုမ်ဌာနီ ဆေးရုံသို့ပို့ဆောင်ပြီး ခွဲစိပ်မှုပြုလုပ်ကာ သူ့ရဲ့အင်္ဂါဇာတ်ကို ဖြတ်ထုတ်ပြီး ပြွန်သေးတစ်ခု တပ်ဆင်ထားရပါတယ်။

ကလေးငယ်ဟာ ဝမ်းဗိုက်နဲ့၊ လိင်အင်္ဂါမှာ ရစရာမရှိအောင် အမာရွတ်တွေ ရခဲ့သလို စိတ်ဒဏ်ရာလည်း ကြီးစွာရနေပါတယ်။

ရဲတွေဟာ ကနဦးမှာ ဒီအမှုကို အရေးယူမှုမလုပ်ခဲ့ပါဘူး။ ခုတော့ ကလေးရဲ့အမေဖြစ်သူက အမှုကိုအရေးယူနိုင်ဖို့ ရှေ့နေတစ်ယောက် ငှားခဲ့ပါတယ်။

အမေဖြစ်သူက ကလေးကို ဒီအဖိုးအဖွားနဲ့ အတူထားခဲ့ပြီး တခြားနယ်ကို အလုပ်သွားလုပ်နေတာဖြစ်ပါတယ်။ သူမက ကလေးကို နေ့စဉ်ဖုန်းခေါ်နေခဲ့ပြီး နောက်ပိုင်း ဖုန်းအဆက်သွယ်မရတော့တာကြောင့် စိုးရိမ်ပြီး ပြန်လာကာ ရှာဖွေခဲ့တာဖြစ်ပါတယ်။

အိမ်နီးချင်းတွေက သူမရဲ့သား ပြင်းထန်တဲ့ ရေနွေးပူဒဏ်ရာတွေနဲ့ ဆေးရုံရောက်နေကြောင်း ပြောပြခဲ့ကြသည်။ သူမဆေးရုံကို လိုက်သွားခဲ့ပြီး ငိုကြွေးကာ ကလေးဟာ ပြင်းထန်စွာနှိပ်စက်ခံထားရကြောင်း အသားနီတွေစို့နေတာကို ကြည့်ပြီး သိလိုက်ရသည်။

''သားကို ဆုံးမတဲ့အနေနဲ့ ကလေးထိန်းအဖွားက လက်နှစ်ဖက်ကို ကြိုးပြန်တုပ်ကာ ရေးနွေးပူအိတ်နဲ့ ဘောင်းဘီထဲကို လောင်းထည့်ခဲ့တယ်။ သား အကြာကြီး အောင်ငိုနေခဲ့တယ်'' ဟု သူမရဲ့ သားကပြောသည်။

ရဲတွေဟာ ဒီအမှုကို စစ်ဆေးဖို့ ၆ လထိငြင်းဆိုနေခဲ့ပြီး ထိုင်းဆယ်လီတစ်ဦးလည်းဖြစ် ပရဟိတသမားလည်းဖြစ်တဲ့ ရှေ့နေက ပါဝင်လာတော့မှ ရဲများလှုပ်လာသည်။

ကလေးဟာ အရင်ကလည်း ပြဿနာများစွာရင်ဆိုင်ခဲ့ရကာ မကြာခဏ တုန်လှုပ်ခြောက်ခြားနေပြီး စိတ်ဒဏ်ရာပြင်းစွာ ရနေပုံပေါက်သည်။

PannPwint
ref-Mertro

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...