ခ်စ္သူ ၊ လင္မယားေတြၾကားထဲမွာ ဒီလိုအက်င့္ေတြရွိေနရင္ ေပ်ာ္ရႊင္ေနရမွာ ေသခ်ာ ..!


ေတြ႕လိုက္တိုင္း တစ္ေယာက္နဲ႕တစ္ေယာက္ ခ်စ္ခင္ျပီး အၿမဲေပ်ာ္ရႊင္ေနၾကတဲ့ စံုတြဲေတြ ျမင္ဖူးပါလိမ့္မယ္ ။ ခ်စ္သူဆိုတာ ဒီလိုမ်ိဳးပဲျဖစ္ေနပါမယ္ ။ ေတြ႕လိုက္တိုင္း သတ္ေနရတယ္ဆိုရင္ေတာ့ သိပ္ေတာ့မဟုတ္ပါဘူးေန္ာ ။ အျမဲေပ်ာ္ရႊင္ ခ်စ္ခင္ၾကတဲ့ စံုတြဲေတြမွာ ဒီလိုအက်င့္စရိုက္ေလးေတြ ရွိေနၾကပါတယ္ ။ ဒီအက်င့္စရိုက္ေလးေတြထဲက အနည္းဆံုး ၂ခ်က္ေလာက္ ရွိတယ္ဆိုရင္ေတာင္ ေပ်ာ္ရႊင္ရဖို႔ ေသခ်ာပါတယ္တဲ့ေန္ာ ။


၁။ အိပ္ရာအတူတူဝင္ၾကတယ္
ဒီအခ်က္ကေတာ့ လင္မယားေတြနဲ႕ ပိုျပီးသင့္ေတာ္မယ္ထင္ပါတယ္ ။ဘယ္လိုအေၾကာင္းေၾကာင္းေၾကာင့္ျဖစ္ေစ အိပ္ရာဝင္ခ်ိန္ကေတာ့ အတူတူျဖစ္သင့္ပါတယ္ေနာ္ ။ ဒါမွသာ တစ္စံုတစ္ဦးစိတ္ထဲမွာ အထီးက်န္မႈမရွိဘဲ ေပ်ာ္ရႊင္ေနရမွာပါေန္ာ ။ ခ်စ္သူေတြဆိုရင္လည္း ဖုန္းဆက္ျပီး အိပ္ရာတူတူဝင္လို႔ ရပါတယ္ (နင္လည္းအိပ္ေတာ့ ၊ ငါလည္းခုအိပ္မယ္..အဲ့လိုမ်ိဳးေပါ့ :D )

၂။  ေတာ္ေတာ္မ်ားမ်ားတူတယ္
အက်င့္စရိုက္ခ်င္း ၊ ဝါသနာခ်င္း သိပ္မတူရင္ေတာင္ နွစ္ေယာက္အတူတူရွိေနခ်င္တာကေတာ့ အတူတူပဲ ဆိုတာမ်ိဳးေပါ့ ။ နွစ္ေယာက္စလံုးစိတ္ထဲမွာ ဒီလိုေတြဆိုရင္ ဘယ္ေလာက္ခ်စ္ဖို႔ ေကာင္းလိုက္သလဲေနာ္ ။

၃။လမ္းေလွ်ာက္တိုင္းလက္တြဲထားၾကတယ္
တကယ္ေပ်ာ္ရႊင္ျပီး ခ်စ္ခင္ၾကင္နာၾကတဲ့ စံုတြဲတိုင္း လမ္းေလွ်ာက္ရင္ အဲ့လိုအၿမဲ တတြဲတြဲပါ ။ ခ်စ္သူရည္းစားဘဝမွာ သာမက လင္မယားဘဝေရာက္သြားရင္လည္း  လမ္းေလွ်ာက္ရင္ လက္ေလးတြဲတာ ၊ လက္ခ်ိတ္တာ ၊ ပုခံုးဖက္တာ ၊ ခါးဖက္တာ စသျဖင့္ တစ္ခုခုေတာ့ လုပ္ၾကပါတယ္ ။ ဒါဟာ သူတို႔ေတြရဲ႕ စိတ္ထဲမွာ တစ္ေယာက္နဲ႕တစ္ေယာက္ ေဝးကြာေနလို႔မရဘူးဆိုတာကို ျပေနတာပါပဲ ။

၄။ယံုၾကည္တယ္ ၊ ခြင့္လႊတ္နိုင္စြမ္းလည္းရွိတယ္
တစ္ေယာက္နဲ႕တစ္ေယာက္ ယံုၾကည္မႈ အျပည့္ရွိပါတယ္ ။ အမွားေတြျပဳလုပ္မိရင္ေတာင္ ခြင့္လႊတ္ဖို႔အတြက္ အဆင္သင့္ပါပဲ ။ လူတိုင္း လက္ခံနိုင္တဲ့ အမွားမ်ိဳးေတာ့ ျဖစ္ရမွာေပါ့ ။ တစ္ေယာက္နဲ႕တစ္ေယာက္ မယံုသကၤာျဖစ္ ၊ သံသယဝင္ေနၾကတဲ့ အတြဲေတြ တစ္ပါတ္ကို ၆ရက္ေလာက္က ရန္ျဖစ္ေနတတ္ပါတယ္ ။

၅။အဆိုးထက္အေကာင္းကို ပိုျပီးျမင္ေပးတတ္ပါတယ္
တစ္ေယာက္ရဲ႕ အားနည္းခ်က္ ၊အမွားကို အၿမဲလိုက္ေထာက္မေနဘဲ ေကာင္းတဲ့အခ်က္ေလးေတြကို ပိုျပီး ျမင္ေပး ၊ လက္ခံေပးတတ္ၾကပါတယ္ ။ ဒါဟာ နွစ္ဦးနွစ္ဖက္စလံုးအတြက္ တကယ္ကို စိတ္ခ်မ္းသာရမယ့္ အက်င့္စရိုက္ေလးပါ ။ ဆိုးတာကို ဖိေနမယ့္အစား ေကာငး္တာကို ခ်ီးမြမး္ေပးလိုက္တ့ဲအခါ တစ္ဖက္လူကလည္း ပိုျပီးေကာင္းေအာင္ ေနခ်င္လာပါတယ္ ။ ဒီလိုမဟုတ္ဘဲ မေကာင္းတာကိုခ်ည္း ခဏခဏေျပာေနမယ္ဆိုရင္ေတာ့ တစ္ဖက္လူအတြက္ စိတ္ဒဏ္ရာရသလို ၊ အရြဲ႕တိုက္တာမ်ိဳးေတြလည္း ျဖစ္လာနို္င္ပါတယ္ ။

၆။ ေတြ႕ဆံုတိုင္း ဖက္ထားၾကတယ္
ေပ်ာ္ရႊင္ရတဲ့ စံုတြဲေတြဟာ သူတို႔ေတြ႕တိုင္းမွာ တစ္ေယာက္နဲ႕တစ္ေယာက္ ဖက္ထားတတ္ၾကတယ္တဲ့ ။ အၿမဲတမ္းၾကီး ဖက္ေနတယ္လို႔ ေျပာတာမဟုတ္ပါဘူး ။ ဆံုၾကတဲ့ ေန႔ရက္တိုင္းေတာ့ ဖက္ထားတတ္ၾကတယ္ ။ ဒါဟာ သူတို႔ရဲ႕ ခ်စ္ခင္ၾကင္နာမႈ ၊ လိုအပ္မႈကို တစ္ေယာက္နဲ႕တစ္ေယာက္ ဖြင့္ဟျပခ်င္ပါပဲ ။ ဒီလို ဖက္တြယ္တတ္ၾကတဲ့ စံုတြဲေတြဟာ တစ္ေယာက္အေပၚတစ္ေယာက္ ေႏြးေထြးမႈလည္း ရွိၾကတယ္ ။

၇။ခ်စ္တယ္ဆိုတဲ့အေၾကာင္း ေန႔တိုင္းေျပာတယ္
တစ္ေယာက္နဲ႕တစ္ေယာက္ ခ်စ္တယ္လို႔ ေန႔တိုင္း ေျပာေလ့ရွိပါတယ္ ။ မေျပာျဖစ္တဲ့ ေန႔ဆိုတာ မရွိသေလာက္ ရွားပါတယ္ ။ မေတြ႕ျဖစ္ရင္ေတာင္ စာပို႔ျပီးေတာ့ျဖစ္ေစ ဖုန္းဆက္၍ျဖစ္ေစ ေျပာၾကပါတယ္ ။ သတိရရင္ရသလိုလည္း ေျပာတတ္ပါေသးတယ္တဲ့ ။

၈။နွစ္ဦးသားအတြက္ သီးသန္႔အခ်ိန္ရွိတယ္
၂၄နာရီ ဘယ္သူ႔မွ အခ်ိန္ျပည့္ ခ်စ္မေနနိုင္ပါဘူး ။ အလုပ္ ၊ မိသားစု ၊ လူမႈေရး စတဲ့ ကိစၥေတြနဲ႕ လည္ပတ္ေနရတဲ့ ဘဝမွာ နွစ္ဦသားအတြက္ သီးသန္႔အခ်ိန္ဆိုတာ မရွိမျဖစ္ပါပဲ ။ တကယ္ေပ်ာ္ရႊင္ရတဲ့ စံုတြဲတိုင္းမွာ သူတို႔အတြက္ သီးသန္႔အခ်ိန္ေလးတစ္ခုေတာ့ မျဖစ္မေန ဖန္တီးတတ္ၾကပါတယ္ ။ ဘယ္အရာက အေရးၾကီးဆံုးဆိုတာကို သူတို႔စိတ္ထဲမွာ နားလည္သေဘာေပါက္ျပီးသားပါ ။

၉။ ဂုဏ္ယူတယ္
ကိုယ့္ခ်စ္သူအတြက္ ကိုယ္ဂုဏ္ယူၾကပါတယ္ ။ ဘယ္သူ႔ေရွ႕မွာမဆို မိတ္ဆက္ေပးရဲပါတယ္ ။ တစ္ေယာက္ကိုတစ္ေယာက္လည္း ခ်စ္သူျဖစ္ခြင့္ရလို႕ (သို႔) လက္ထပ္ခြင့္ရခဲ့လို႕ ကံေကာင္းတယ္ ၊ ဝမ္းသာတယ္ ဆိုတဲ့အေၾကာင္း မၾကာခဏေျပာေလ့ရွိပါတယ္ ။

ကဲ..အေပၚကအခ်က္ေတြထဲမွာ ကုိယ္နဲ႕တူတာ ဘယ္နွစ္ခ်က္မ်ား ရွိေနမလဲဆိုတာ ေျပာသြားၾကပါဦးေနာ္

CHAN (ေရႊအင္းေလး)

Credit: www.shweinnlay.com


#Unicode Version
တွေ့လိုက်တိုင်း တစ်ယောက်နဲ့တစ်ယောက် ချစ်ခင်ပြီး အမြဲပျော်ရွှင်နေကြတဲ့ စုံတွဲတွေ မြင်ဖူးပါလိမ့်မယ် ။ ချစ်သူဆိုတာ ဒီလိုမျိုးပဲဖြစ်နေပါမယ် ။ တွေ့လိုက်တိုင်း သတ်နေရတယ်ဆိုရင်တော့ သိပ်တော့မဟုတ်ပါဘူးနေ်ာ ။ အမြဲပျော်ရွှင် ချစ်ခင်ကြတဲ့ စုံတွဲတွေမှာ ဒီလိုအကျင့်စရိုက်လေးတွေ ရှိနေကြပါတယ် ။ ဒီအကျင့်စရိုက်လေးတွေထဲက အနည်းဆုံး ၂ချက်လောက် ရှိတယ်ဆိုရင်တောင် ပျော်ရွှင်ရဖို့ သေချာပါတယ်တဲ့နေ်ာ ။

၁။ အိပ်ရာအတူတူဝင်ကြတယ်
ဒီအချက်ကတော့ လင်မယားတွေနဲ့ ပိုပြီးသင့်တော်မယ်ထင်ပါတယ် ။ဘယ်လိုအကြောင်းကြောင်းကြောင့်ဖြစ်စေ အိပ်ရာဝင်ချိန်ကတော့ အတူတူဖြစ်သင့်ပါတယ်နော် ။ ဒါမှသာ တစ်စုံတစ်ဦးစိတ်ထဲမှာ အထီးကျန်မှုမရှိဘဲ ပျော်ရွှင်နေရမှာပါနေ်ာ ။ ချစ်သူတွေဆိုရင်လည်း ဖုန်းဆက်ပြီး အိပ်ရာတူတူဝင်လို့ ရပါတယ် (နင်လည်းအိပ်တော့ ၊ ငါလည်းခုအိပ်မယ်..အဲ့လိုမျိုးပေါ့ :D )

၂။  တော်တော်များများတူတယ်
အကျင့်စရိုက်ချင်း ၊ ဝါသနာချင်း သိပ်မတူရင်တောင် နှစ်ယောက်အတူတူရှိနေချင်တာကတော့ အတူတူပဲ ဆိုတာမျိုးပေါ့ ။ နှစ်ယောက်စလုံးစိတ်ထဲမှာ ဒီလိုတွေဆိုရင် ဘယ်လောက်ချစ်ဖို့ ကောင်းလိုက်သလဲနော် ။

၃။လမ်းလျှောက်တိုင်းလက်တွဲထားကြတယ်
တကယ်ပျော်ရွှင်ပြီး ချစ်ခင်ကြင်နာကြတဲ့ စုံတွဲတိုင်း လမ်းလျှောက်ရင် အဲ့လိုအမြဲ တတွဲတွဲပါ ။ ချစ်သူရည်းစားဘဝမှာ သာမက လင်မယားဘဝရောက်သွားရင်လည်း  လမ်းလျှောက်ရင် လက်လေးတွဲတာ ၊ လက်ချိတ်တာ ၊ ပုခုံးဖက်တာ ၊ ခါးဖက်တာ စသဖြင့် တစ်ခုခုတော့ လုပ်ကြပါတယ် ။ ဒါဟာ သူတို့တွေရဲ့ စိတ်ထဲမှာ တစ်ယောက်နဲ့တစ်ယောက် ဝေးကွာနေလို့မရဘူးဆိုတာကို ပြနေတာပါပဲ ။

၄။ယုံကြည်တယ် ၊ ခွင့်လွှတ်နိုင်စွမ်းလည်းရှိတယ်
တစ်ယောက်နဲ့တစ်ယောက် ယုံကြည်မှု အပြည့်ရှိပါတယ် ။ အမှားတွေပြုလုပ်မိရင်တောင် ခွင့်လွှတ်ဖို့အတွက် အဆင်သင့်ပါပဲ ။ လူတိုင်း လက်ခံနိုင်တဲ့ အမှားမျိုးတော့ ဖြစ်ရမှာပေါ့ ။ တစ်ယောက်နဲ့တစ်ယောက် မယုံသင်္ကာဖြစ် ၊ သံသယဝင်နေကြတဲ့ အတွဲတွေ တစ်ပါတ်ကို ၆ရက်လောက်က ရန်ဖြစ်နေတတ်ပါတယ် ။

၅။အဆိုးထက်အကောင်းကို ပိုပြီးမြင်ပေးတတ်ပါတယ်
တစ်ယောက်ရဲ့ အားနည်းချက် ၊အမှားကို အမြဲလိုက်ထောက်မနေဘဲ ကောင်းတဲ့အချက်လေးတွေကို ပိုပြီး မြင်ပေး ၊ လက်ခံပေးတတ်ကြပါတယ် ။ ဒါဟာ နှစ်ဦးနှစ်ဖက်စလုံးအတွက် တကယ်ကို စိတ်ချမ်းသာရမယ့် အကျင့်စရိုက်လေးပါ ။ ဆိုးတာကို ဖိနေမယ့်အစား ကောင်းတာကို ချီးမွမ်းပေးလိုက်တဲ့အခါ တစ်ဖက်လူကလည်း ပိုပြီးကောင်းအောင် နေချင်လာပါတယ် ။ ဒီလိုမဟုတ်ဘဲ မကောင်းတာကိုချည်း ခဏခဏပြောနေမယ်ဆိုရင်တော့ တစ်ဖက်လူအတွက် စိတ်ဒဏ်ရာရသလို ၊ အရွဲ့တိုက်တာမျိုးတွေလည်း ဖြစ်လာနိုင်ပါတယ် ။

၆။ တွေ့ဆုံတိုင်း ဖက်ထားကြတယ်
ပျော်ရွှင်ရတဲ့ စုံတွဲတွေဟာ သူတို့တွေ့တိုင်းမှာ တစ်ယောက်နဲ့တစ်ယောက် ဖက်ထားတတ်ကြတယ်တဲ့ ။ အမြဲတမ်းကြီး ဖက်နေတယ်လို့ ပြောတာမဟုတ်ပါဘူး ။ ဆုံကြတဲ့ နေ့ရက်တိုင်းတော့ ဖက်ထားတတ်ကြတယ် ။ ဒါဟာ သူတို့ရဲ့ ချစ်ခင်ကြင်နာမှု ၊ လိုအပ်မှုကို တစ်ယောက်နဲ့တစ်ယောက် ဖွင့်ဟပြချင်ပါပဲ ။ ဒီလို ဖက်တွယ်တတ်ကြတဲ့ စုံတွဲတွေဟာ တစ်ယောက်အပေါ်တစ်ယောက် နွေးထွေးမှုလည်း ရှိကြတယ် ။

၇။ချစ်တယ်ဆိုတဲ့အကြောင်း နေ့တိုင်းပြောတယ်
တစ်ယောက်နဲ့တစ်ယောက် ချစ်တယ်လို့ နေ့တိုင်း ပြောလေ့ရှိပါတယ် ။ မပြောဖြစ်တဲ့ နေ့ဆိုတာ မရှိသလောက် ရှားပါတယ် ။ မတွေ့ဖြစ်ရင်တောင် စာပို့ပြီးတော့ဖြစ်စေ ဖုန်းဆက်၍ဖြစ်စေ ပြောကြပါတယ် ။ သတိရရင်ရသလိုလည်း ပြောတတ်ပါသေးတယ်တဲ့ ။

၈။နှစ်ဦးသားအတွက် သီးသန့်အချိန်ရှိတယ်
၂၄နာရီ ဘယ်သူ့မှ အချိန်ပြည့် ချစ်မနေနိုင်ပါဘူး ။ အလုပ် ၊ မိသားစု ၊ လူမှုရေး စတဲ့ ကိစ္စတွေနဲ့ လည်ပတ်နေရတဲ့ ဘဝမှာ နှစ်ဦသားအတွက် သီးသန့်အချိန်ဆိုတာ မရှိမဖြစ်ပါပဲ ။ တကယ်ပျော်ရွှင်ရတဲ့ စုံတွဲတိုင်းမှာ သူတို့အတွက် သီးသန့်အချိန်လေးတစ်ခုတော့ မဖြစ်မနေ ဖန်တီးတတ်ကြပါတယ် ။ ဘယ်အရာက အရေးကြီးဆုံးဆိုတာကို သူတို့စိတ်ထဲမှာ နားလည်သဘောပေါက်ပြီးသားပါ ။

၉။ ဂုဏ်ယူတယ်
ကိုယ့်ချစ်သူအတွက် ကိုယ်ဂုဏ်ယူကြပါတယ် ။ ဘယ်သူ့ရှေ့မှာမဆို မိတ်ဆက်ပေးရဲပါတယ် ။ တစ်ယောက်ကိုတစ်ယောက်လည်း ချစ်သူဖြစ်ခွင့်ရလို့ (သို့) လက်ထပ်ခွင့်ရခဲ့လို့ ကံကောင်းတယ် ၊ ဝမ်းသာတယ် ဆိုတဲ့အကြောင်း မကြာခဏပြောလေ့ရှိပါတယ် ။

ကဲ..အပေါ်ကအချက်တွေထဲမှာ ကိုယ်နဲ့တူတာ ဘယ်နှစ်ချက်များ ရှိနေမလဲဆိုတာ ပြောသွားကြပါဦးနော်

CHAN (ရွှေအင်းလေး
Credit: www.shweinnlay.com

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...