ေပါင္မုန္႕ကို ေပါင္မုန္႕လို႕ မျမင္ၾကသူေတြကို ျပန္တုံ႕ျပန္လိုက္တဲ့ သြန္းဆက္


သရုပ္ေဆာင္ သြန္းဆက္ကေတာ့ ဇူလိုင္(၁၂)ရက္ေန႕ ညက ေပါင္မုန္႕ေခ်ာင္းကို စားေနတဲ့ ပံုေတြကို သူမရဲ႕ ေဖ့စ္ဘြတ္ ေပၚမွာ တင္လိုက္ပါတယ္။
ဓာတ္ပံုတင္ရင္းနဲ႕ "Big Bread & Me မွတ္ခ်က္ - လာမမန္႔ခ်င္ေနပါရွင္။ ႐ိုင္းစိုင္းစြာေတာ့ လာမမန္႔ရ ...လာမန္႔လွ်င္ ဘေလာ့မည္" ဆိုတဲ့ စာသားပါ တစ္ခါတည္း ေရးသားထားတာ ျဖစ္ပါတယ္။ဒါေပမယ့္လည္း အဲ့ဒီပံုေတြနဲ႕ ပတ္သက္ၿပီး ေဝဖန္မႈေတြ ရွိလာခဲ့ပါတယ္။ အဲ့ဒီေဝဖန္မႈေတြနဲ႕ ပတ္သက္ၿပီး သြန္းဆက္က ေတာ့ ယခုလို ျပန္လည္တံု႕ျပန္လိုက္ပါတယ္။
"ေအာ္ ဒုကၡပါပဲေနာ္။ ေပါင္မုန္႔ကို ေပါင္မုန္႔လို မျမင္ပဲ ဘာေတြျမင္ၾကလဲေတာ့မသိပါဖူး။ ကိုယ္ေတြ ေဖ့စ္ဘြတ္တင္တယ္ ဆိုတာလဲ ဒီလို အသားၫွပ္ေပါင္မုန္႔အႀကီးႀကီးကို အၿမဲ မေတြ႕ဖူးလို႔ တင္ထားတာပါ ႏိုင္ငံျခားမွာပဲ ဒီလိုေပါင္မုန္႔ေတြ အၿမဲေတြ႕ ရတာ ဒီမွာဆိုသိပ္မေတြ႕ရလို႔ တင္တာပါ။
႐ိုင္းေစခ်င္တဲ့ဆႏၵလဲမရွိပါဖူးရွင္ ပံုတင္ေတာ့လဲ အဆဲခံရမွာဆိုးလို႔ဘေလာ့မယ္ေရးထားတာပါ.။ ဒီမွာက cele ေတြဘာ တင္တင္ေလ မိန္းကေလးေတြ ဆိုတာလဲ မသိၾကဖူး ႏွမခ်င္းမစာမနာဆဲၾကလြန္းလို႔ပါ။ ျမန္မာဝတ္စံုေတြနဲ႔ပံုတင္လဲဆဲၾက...cute ပံုတင္လဲဆဲၾက..sexy ပံုတင္လဲဆဲၾကနဲ႔. ဘာတင္တင္အဆဲခံေနရတာပဲေလ။ ကိုယ္ခ်င္းစာၿပီး ေတြးေပးရင္ သိပ္ေကာင္းမွာပဲရွင္ all peace ေနာ္" ဆိုၿပီး ေရးသားထားပါတယ္။

သြန္းဆက္ရဲ႕ ပရိသတ္ေတြကေတာ့ ယခုလို ေဝဖန္စာေတြနဲ႕ ပတ္သက္ၿပီး စိတ္ထဲမထားဖို႕ကိုလည္း ေျပာျပထား ပါေသးတယ္။ သြန္းဆက္ကေတာ့ လက္ရွိမွာ က်ဴးက်ဴးေက်ာ္ေက်ာ္ ဇာတ္ကား ရိုက္ကူးေနတယ္လို႕လည္း သိရပါတယ္။
Credit:DVB

Unicode


သရုပ်ဆောင် သွန်းဆက်ကတော့ ဇူလိုင်(၁၂)ရက်နေ့ ညက ပေါင်မုန့်ချောင်းကို စားနေတဲ့ ပုံတွေကို သူမရဲ့ ဖေ့စ်ဘွတ် ပေါ်မှာ တင်လိုက်ပါတယ်။
ဓာတ်ပုံတင်ရင်းနဲ့ "Big Bread & Me မှတ်ချက် - လာမမန့်ချင်နေပါရှင်။ ရိုင်းစိုင်းစွာတော့ လာမမန့်ရ ...လာမန့်လျှင် ဘလော့မည်" ဆိုတဲ့ စာသားပါ တစ်ခါတည်း ရေးသားထားတာ ဖြစ်ပါတယ်။ဒါပေမယ့်လည်း အဲ့ဒီပုံတွေနဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေ ရှိလာခဲ့ပါတယ်။ အဲ့ဒီဝေဖန်မှုတွေနဲ့ ပတ်သက်ပြီး သွန်းဆက်က တော့ ယခုလို ပြန်လည်တုံ့ပြန်လိုက်ပါတယ်။
"အော် ဒုက္ခပါပဲနော်။ ပေါင်မုန့်ကို ပေါင်မုန့်လို မမြင်ပဲ ဘာတွေမြင်ကြလဲတော့မသိပါဖူး။ ကိုယ်တွေ ဖေ့စ်ဘွတ်တင်တယ် ဆိုတာလဲ ဒီလို အသားညှပ်ပေါင်မုန့်အကြီးကြီးကို အမြဲ မတွေ့ဖူးလို့ တင်ထားတာပါ နိုင်ငံခြားမှာပဲ ဒီလိုပေါင်မုန့်တွေ အမြဲတွေ့ ရတာ ဒီမှာဆိုသိပ်မတွေ့ရလို့ တင်တာပါ။
ရိုင်းစေချင်တဲ့ဆန္ဒလဲမရှိပါဖူးရှင် ပုံတင်တော့လဲ အဆဲခံရမှာဆိုးလို့ဘလော့မယ်ရေးထားတာပါ.။ ဒီမှာက cele တွေဘာ တင်တင်လေ မိန်းကလေးတွေ ဆိုတာလဲ မသိကြဖူး နှမချင်းမစာမနာဆဲကြလွန်းလို့ပါ။ မြန်မာဝတ်စုံတွေနဲ့ပုံတင်လဲဆဲကြ...cute ပုံတင်လဲဆဲကြ..sexy ပုံတင်လဲဆဲကြနဲ့. ဘာတင်တင်အဆဲခံနေရတာပဲလေ။ ကိုယ်ချင်းစာပြီး တွေးပေးရင် သိပ်ကောင်းမှာပဲရှင် all peace နော်" ဆိုပြီး ရေးသားထားပါတယ်။


သွန်းဆက်ရဲ့ ပရိသတ်တွေကတော့ ယခုလို ဝေဖန်စာတွေနဲ့ ပတ်သက်ပြီး စိတ်ထဲမထားဖို့ကိုလည်း ပြောပြထား ပါသေးတယ်။ သွန်းဆက်ကတော့ လက်ရှိမှာ ကျူးကျူးကျော်ကျော် ဇာတ်ကား ရိုက်ကူးနေတယ်လို့လည်း သိရပါတယ်။

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...