ဗိုလ္ခ်ဳပ္ေအာင္ဆန္းတို႔ က်ဆုံးစဥ္က ကိုယ္ေတြ႔ႀကဳံခဲ့ေသာ စာေရးဆရာမႀကီး ခင္မ်ိဳးခ်စ္ျပန္ေျပာျပခဲ့ေသာ အေၾကာင္းအရာမ်ား ။
ဇူလိုင္လ ၂၁ ရက္ တနလၤာေန႔တြင္ ဗိုလ္ခ်ဳပ္ကေတာ္ ေဒၚခင္ၾကည္ဆီသို႔ သြားခဲ့သည္။ဗိုလ္ခ်ဳပ္၏ အိမ္ႀကီးကို ျမင္ရလွ်င္ပင္ ကၽြႏု္ပ္မွာ စိတ္မေကာင္းမ်က္ရည္ကို ႏိုင္ေအာင္သုတ္ပစ္ၿပီး ေဒၚခင္ၾကည္ႏွင့္ ေတြ႔ခဲ့သည္။ သူ႔ချမာကား ငိုေတာ့မငို၊အိေျႏၵရစြာထိုေန႔ကအျဖစ္အပ်က္ေတြကိုျပန္ေျပာျပ႐ွာသည္။ကၽြႏု္ပ္ကားသူေျပာသမွ်ကိုနားေထာင္၍ႏွစ္သိမ့္စကားပင္ မေျပာႏိုင္ေတာ့ပါ။ ေျပာရန္လည္း မလိုေတာ့ၿပီ။ဤမွ်ေလာက္ႀကီးေလးေသာ ပရိေဒဝကို ဘယ္လိုစကားႏွင့္ ႏွစ္သိမ့္ရပါမည္နည္း။
ေဒၚခင္ၾကည္ကို ျမင္ရေသာအခါ အဂၤလိပ္စာဆိုေတာ္ႀကီး တင္နီဆင္ (F.Tennyson Jesse)ေရးဖြဲ႔သည့္ကဗ်ာတစ္ပုဒ္ကို သြားသတိရမိသည္။ ထိုကဗ်ာမွာ “က်ဆုံးေသာ စစ္သူႀကီးကိုအိမ္သို႔ယူေဆာင္လာၾကသည္” ဟူေသာ ဝါက်ႏွင့္အစခ်ီထားသည္။ ထိုကဗ်ာတြင္ စစ္သူႀကီး၏ ဇနီးသည္ မ်က္ရည္တစ္စက္မွ မက်ဘဲ အေလာင္းကို စိုက္ၾကည့္ေနပုံမွာ ယခုေဒၚခင္ၾကည္၏ အျဖစ္ႏွင့္ တူလွေတာ့သည္။
ေဒၚခင္ၾကည္ႏွင့္အတူ အမျဖစ္ေသာ ဦးသိန္းလွ၏ ဇနီး ေဒၚခင္တင့္ႏွင့္ သခင္သန္းထြန္း၏ဇနီး ေဒၚခင္ႀကီး၊ ညီမ မအမာတို႔ကို ေတြ႔ရသည္။ သူတို႔သုံးေယာက္မွာ ေဒၚခင္ၾကည္ဧည့္သည္မ်ားႏွင့္ စကားေျပာေနစဥ္ တဘက္ခန္းတြင္ မ်က္ရည္စက္လက္ႏွင့္ ထိုေန႔ကအေၾကာင္းကို ေျပာေနၾကသည္။
ဦးသိန္းလွ၏ဇနီးျဖစ္သူ အမႀကီး ေဒၚခင္တင့္က ဗိုလ္ခ်ဳပ္တို႔ ေသနတ္ပစ္ခံရသည္ၾကား၍ေဆး႐ုံသို႔ လိုက္သြားရာ ေဒၚခင္ၾကည္မွာ ဗိုလ္ခ်ဳပ္႐ွိသည့္အခန္းထဲသို႔ ဝင္သြားသျဖင့္ အျပင္ကေစာင့္ကာ “ေသရင္ေတာ့သူေအာ္ငိုမွာပဲ” ဟုေအာက္ေမ့ၿပီး သူနားေထာင္ေနသည္။သို႔ေသာ္ေဒၚခင္ၾကည္ငိုသံကုိကား မၾကားရ၍ ေတာ္႐ုံထိတာ ျဖစ္သည္ဟု ထင္ေနဆဲတြင္ ဆရာဝန္တစ္္ဦး ထြက္လာၿပီး ဗိုလ္ခ်ဳပ္ ဆုံးေၾကာင္း ေျပာမွ သိရေတာ့သည္ဟု ကၽြႏ္ုပ္အား ေျပာျပ၏။
ေဒၚခင္ၾကည္သည္ ဗိုလ္ခ်ဳပ္၏ အေလာင္းကို သူကိုယ္တိုင္ေပြ႔၍ အိမ္သို႔ကားႏွင့္ ယူလာရာကားဟြန္းသံၾကားလွ်င္ ကေလးမ်ားက ေဖေဖျပန္လာၿပီဟု ျမဴးတူးဆင္းႀကိဳၾကသည္ကိုအစ္မႀကီး ေဒၚခင္တင့္က သူ႔စိတ္ကို မနည္းပင္ ထိန္းထားရသည္ဟု ေျပာေသာအခါ ၾကားရသူအားလုံးပင္ ေၾကကြဲခဲ့ရသည္။
ဂ်ဴဗလီေဟာသို႔ မယူမီ ေဒၚခင္ၾကည္သည္ ဗိုလ္ခ်ဳပ္၏ အေလာင္းကို သူကိုယ္တိုင္ စစ္ယူနီေဖာင္းအျပည့္အစုံ ဝတ္ေပးသည္။ “က်မစိတ္ထဲမွာ ႐ုံးသြားခါနီး အဝတ္အစား လဲေပးရသလိုပဲ” ဟုကၽြႏု္ပ္ကို ေျပာေသးသည္။ ကေလးေတြကား သူ႔ဖခင္၏ အျဖစ္ဆိုးကို မသိ႐ွာၾကေပ။ ဗိုလ္ခ်ဳပ္အေလာင္းကို ဂ်ဴဗလီသို႔ ပို႔ၿပီးေနာက္ “ေဖေဖ ဂ်ဴဗလီကို အစည္းအေဝးသြားတာ ျပန္မလာေသးဘူးလား” ေမးေသးသည္။
မွီျငမ္း
“ေၾသာ္ ဗိုလ္ခ်ဳပ္” တိုင္းရင္းသူ ဂ်ာနယ္ အတြဲ ၁ ၊ အမွတ္ ၁၇ (၁၉၄၇ ၾသဂုတ္လထုတ္)
” ဗိုလ္ခ်ဳပ္ကေတာ္ ေဒၚခင္ၾကည္ ” သန္းဝင္းလွိ ုင္
“ေၾသာ္ ဗိုလ္ခ်ဳပ္” တိုင္းရင္းသူ ဂ်ာနယ္ အတြဲ ၁ ၊ အမွတ္ ၁၇ (၁၉၄၇ ၾသဂုတ္လထုတ္)
” ဗိုလ္ခ်ဳပ္ကေတာ္ ေဒၚခင္ၾကည္ ” သန္းဝင္းလွိ ုင္
Source: Aye Ko Ko FB
Unicode
ဗိုလ်ချုပ်အောင်ဆန်းတို့ ကျဆုံးစဉ်က ကိုယ်တွေ့ကြုံခဲ့သော စာရေးဆရာမကြီး ခင်မျိုးချစ်ပြန်ပြောပြခဲ့သော အကြောင်းအရာများ ။
ဇူလိုင်လ ၂၁ ရက် တနင်္လာနေ့တွင် ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည်ဆီသို့ သွားခဲ့သည်။ဗိုလ်ချုပ်၏ အိမ်ကြီးကို မြင်ရလျှင်ပင် ကျွန်ုပ်မှာ စိတ်မကောင်းမျက်ရည်ကို နိုင်အောင်သုတ်ပစ်ပြီး ဒေါ်ခင်ကြည်နှင့် တွေ့ခဲ့သည်။ သူ့ခမြာကား ငိုတော့မငို၊အိန္ဒြေရစွာထိုနေ့ကအဖြစ်အပျက်တွေကိုပြန်ပြောပြရှာသည်။ကျွန်ုပ်ကားသူပြောသမျှကိုနားထောင်၍နှစ်သိမ့်စကားပင် မပြောနိုင်တော့ပါ။ ပြောရန်လည်း မလိုတော့ပြီ။ဤမျှလောက်ကြီးလေးသော ပရိဒေဝကို ဘယ်လိုစကားနှင့် နှစ်သိမ့်ရပါမည်နည်း။
ဇူလိုင်လ ၂၁ ရက် တနင်္လာနေ့တွင် ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည်ဆီသို့ သွားခဲ့သည်။ဗိုလ်ချုပ်၏ အိမ်ကြီးကို မြင်ရလျှင်ပင် ကျွန်ုပ်မှာ စိတ်မကောင်းမျက်ရည်ကို နိုင်အောင်သုတ်ပစ်ပြီး ဒေါ်ခင်ကြည်နှင့် တွေ့ခဲ့သည်။ သူ့ခမြာကား ငိုတော့မငို၊အိန္ဒြေရစွာထိုနေ့ကအဖြစ်အပျက်တွေကိုပြန်ပြောပြရှာသည်။ကျွန်ုပ်ကားသူပြောသမျှကိုနားထောင်၍နှစ်သိမ့်စကားပင် မပြောနိုင်တော့ပါ။ ပြောရန်လည်း မလိုတော့ပြီ။ဤမျှလောက်ကြီးလေးသော ပရိဒေဝကို ဘယ်လိုစကားနှင့် နှစ်သိမ့်ရပါမည်နည်း။
ဒေါ်ခင်ကြည်ကို မြင်ရသောအခါ အင်္ဂလိပ်စာဆိုတော်ကြီး တင်နီဆင် (F.Tennyson Jesse)ရေးဖွဲ့သည့်ကဗျာတစ်ပုဒ်ကို သွားသတိရမိသည်။ ထိုကဗျာမှာ “ကျဆုံးသော စစ်သူကြီးကိုအိမ်သို့ယူဆောင်လာကြသည်” ဟူသော ဝါကျနှင့်အစချီထားသည်။ ထိုကဗျာတွင် စစ်သူကြီး၏ ဇနီးသည် မျက်ရည်တစ်စက်မှ မကျဘဲ အလောင်းကို စိုက်ကြည့်နေပုံမှာ ယခုဒေါ်ခင်ကြည်၏ အဖြစ်နှင့် တူလှတော့သည်။
ဒေါ်ခင်ကြည်နှင့်အတူ အမဖြစ်သော ဦးသိန်းလှ၏ ဇနီး ဒေါ်ခင်တင့်နှင့် သခင်သန်းထွန်း၏ဇနီး ဒေါ်ခင်ကြီး၊ ညီမ မအမာတို့ကို တွေ့ရသည်။ သူတို့သုံးယောက်မှာ ဒေါ်ခင်ကြည်ဧည့်သည်များနှင့် စကားပြောနေစဉ် တဘက်ခန်းတွင် မျက်ရည်စက်လက်နှင့် ထိုနေ့ကအကြောင်းကို ပြောနေကြသည်။
ဦးသိန်းလှ၏ဇနီးဖြစ်သူ အမကြီး ဒေါ်ခင်တင့်က ဗိုလ်ချုပ်တို့ သေနတ်ပစ်ခံရသည်ကြား၍ဆေးရုံသို့ လိုက်သွားရာ ဒေါ်ခင်ကြည်မှာ ဗိုလ်ချုပ်ရှိသည့်အခန်းထဲသို့ ဝင်သွားသဖြင့် အပြင်ကစောင့်ကာ “သေရင်တော့သူအော်ငိုမှာပဲ” ဟုအောက်မေ့ပြီး သူနားထောင်နေသည်။သို့သော်ဒေါ်ခင်ကြည်ငိုသံကိုကား မကြားရ၍ တော်ရုံထိတာ ဖြစ်သည်ဟု ထင်နေဆဲတွင် ဆရာဝန်တစ်ဦး ထွက်လာပြီး ဗိုလ်ချုပ် ဆုံးကြောင်း ပြောမှ သိရတော့သည်ဟု ကျွန်ုပ်အား ပြောပြ၏။
ဒေါ်ခင်ကြည်သည် ဗိုလ်ချုပ်၏ အလောင်းကို သူကိုယ်တိုင်ပွေ့၍ အိမ်သို့ကားနှင့် ယူလာရာကားဟွန်းသံကြားလျှင် ကလေးများက ဖေဖေပြန်လာပြီဟု မြူးတူးဆင်းကြိုကြသည်ကိုအစ်မကြီး ဒေါ်ခင်တင့်က သူ့စိတ်ကို မနည်းပင် ထိန်းထားရသည်ဟု ပြောသောအခါ ကြားရသူအားလုံးပင် ကြေကွဲခဲ့ရသည်။
ဂျူဗလီဟောသို့ မယူမီ ဒေါ်ခင်ကြည်သည် ဗိုလ်ချုပ်၏ အလောင်းကို သူကိုယ်တိုင် စစ်ယူနီဖောင်းအပြည့်အစုံ ဝတ်ပေးသည်။ “ကျမစိတ်ထဲမှာ ရုံးသွားခါနီး အဝတ်အစား လဲပေးရသလိုပဲ” ဟုကျွန်ုပ်ကို ပြောသေးသည်။ ကလေးတွေကား သူ့ဖခင်၏ အဖြစ်ဆိုးကို မသိရှာကြပေ။ ဗိုလ်ချုပ်အလောင်းကို ဂျူဗလီသို့ ပို့ပြီးနောက် “ဖေဖေ ဂျူဗလီကို အစည်းအဝေးသွားတာ ပြန်မလာသေးဘူးလား” မေးသေးသည်။
မှီငြမ်း
“သြော် ဗိုလ်ချုပ်” တိုင်းရင်းသူ ဂျာနယ် အတွဲ ၁ ၊ အမှတ် ၁၇ (၁၉၄၇ သြဂုတ်လထုတ်)
” ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည် ” သန်းဝင်းလှိ ုင်
“သြော် ဗိုလ်ချုပ်” တိုင်းရင်းသူ ဂျာနယ် အတွဲ ၁ ၊ အမှတ် ၁၇ (၁၉၄၇ သြဂုတ်လထုတ်)
” ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည် ” သန်းဝင်းလှိ ုင်
Source: Aye Ko Ko FB
0 comments :
Post a Comment