ဇာတ်​ဝင်​ခန်း တစ်​ခုမှာ သရုပ်​​ဆောင်​ ​ဖွေး​ဖွေး ဝတ်​ဆင်​ထားတဲ့ ဝတ်​စုံနဲ့ ပတ်သက်ပြီး ဖြစ်ပေါ်လာတဲ့ ဂယက်
#လူထုအသံ #People Voice
#SHAN NEWS AGENCY
#ဇူလိုင်​လ ၁ ရက်​၊ ၂၀၁၇ 
မေတ္တာရပ်ခံပါရစေ။
=================
#လူထုအသံ #People Voice
ဇာတ်​ဝင်​ခန်​း တစ်​ခုမှာ သရုပ်​​ဆောင်​ ​ဖွေး​ဖွေး ဝတ်​ဆင်​ထားတဲ့ ရှမ်​းတိုင်​းရင်​းသား ဝတ်​စုံကို ​ဌာ​နေ ရှမ်​းတိုင်​းရင်​းသားများ ​မေတ္တာရပ်​ခံထားပြီး ၊ အနုပညာရှင်​များအ​နေနဲ့ ဂရုပြုရန်​ လိုအပ်​
#SHAN NEWS AGENCY
#ဇူလိုင်​လ ၁ ရက်​၊ ၂၀၁၇ 
#သတင်​းအ​သေးစိတ်​ #News Details 
မြန်မာပြည် နာမည်ကျော် အနုပညာရှင်များ
မေတ္တာရပ်ခံပါရစေ။
အနုပညာ ကိုလေးစားပါတယ်။ သို့သော် လူဆိုးခန်း အရက်မူးခန်း တွေ မှာ ကျမတို့ ရှမ်းလူမျိုး များရဲ့ ဝတ်စုံ ကို မသုံးစေချင်ပါ။ 
မြန်မာစကားပြောဇာတ်ကားဆိုရင် မြန်မာ ဝတ်စုံ ဝတ်ပါ။ ကျမတို့ ရှမ်းလူမျိုး ရှမ်းစကား ပြော ရုပ်ရှင် ရိုက်ရရင် လူဆိုး ခန်း အရက်မူးခန်း မှာ ရိုက်ရင် ကျမ တို့ ဗမာ လူမျိုး ဝတ်စုံ ဝတ်ခိုင်းပြီး ရမ်းကား ခိုင်းရင် ဗမာ လူမျိုး များ လည်း ကြိုက်မှာ မဟုတ်ပါ။
ကိုယ်ချင်းစာ စိတ်လေး ထားစေချင်ပါသည်။ ကျမတို့ ရှမ်း လူမျိုးများ ဟာ ရိုးရာ ဝတ်စုံ ကို ချစ်ပါသည်။
ကျမတို့ရှမ်းဝတ်စုံ ကို ဘုရားသွား ကျောင်းတက် ဘာသာရေး ပွဲ များ၊ မင်္ဂလာ ဆောင် ပွဲ များ၊ မွှေးနေ့ မင်္ဂလာ ပွဲ များ၊ နိုင်ငံတော်မှ ဘွဲ့ထူး ဂုဏ်ထူး ချီးမြှင့် ပွဲ များ တွင် ရှမ်းရိုးရာ ဝတ်စုံ များ ကို မြတ်မြတ်နိုးနိုး ဝတ်ပါသည်။
ဗမာ ကို နှိမ်တာ မဟုတ်ပါ။ တချို့ဗမာတွေ ဗုဒ္ဓဂါယာ ဘုရားဖူး မှာ ပါတိတ်တွေ ကီမိုနိုတွေ ဘဲ အဝတ်များ ပါတယ်။
နိုင်ငံခြား ဘုရား ဖူး မှာ ချိတ်ထမိန် ဝတ်တာ နဲပါတယ်။ ကျမတို့က ကျမ တို့ ရှမ်းရိုးရာ ဝတ်စုံများ ကို နိုင်ငံခြား ဘုရား ဖူး၊ သီရိလင်္ကာ ဘုရား ဖူးထွက်ရင်တောင် ရှမ်းဝတ်စုံ တူညီလေး ဝတ်ပြီး ထွက်ပါတယ်။
ကျမတို့ ရှမ်းရိုးရာ ဝတ်စုံ ကို အဲလောက်ချစ်ပပါတယ်။ ဘာသာ သာသနာပွဲ မှာ ရိုးရာ ဝတ်စုံ အဓိက ထ ားအလေးထား တဲ့ လူမျိုးပါ။
ဒါကြောင့် အဲဒီ အမူးခန်း၊ လူဆိုးခန်း မှာ ဗမာ ဝတ်စုံ သုံး ပြီး ရိုက်ပါ လို့ မေတ္တာ ရှေ့ ထား ၍ ပြောကြားပါတယ်။
ကျမ ရေးသား တင်ပြတာ မှန်ရင် ရှယ်ပေးပါ။
မည်သူ့ကိုမှ ထိခိုက်နှစ်နာ အောင် မရေးထားပါအဲလို မဝတ်ဖို့ ထောက်ခံပါသည် လို့ လည်း ကွန်မင့်ပေးပါ။။
#SHAN NEWS AGENCY ရှမ်​းသတင်​း​အေဂျင်​စီရဲ့ လူထုအသံ သို့ ​ပေးပို့လိုပါက သတင်​းခန်​း ဖုန်​း ၀၉၇၉၈၆၂၈၉၇၇ ကို ဆက်​သွယ်​နိုင်​သလို ​ဖေ့ဘုတ်​ မတ်​​ဆေ့က တဆင်​့လည်​း ​ပေးပို့နိုင်​​ကြောင်​း ဖိတ်​​ခေါ်အပ်​ပါတယ်​။ ​အောခ။
Admin Unknown
ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။
0 comments :
Post a Comment
Loading...