==========
မိန်းကလေးတွေက လူပျိုထက် အိမ်ထောင်သည်ယောကျာ်းကို စွဲလမ်းမိတာဘာကြောင့်လဲ ?
၁ လူပျိုတွေထက် အိမ် ထောင်သည်ယောကျာ်းကပိုစီးပွားရှာနိုင်တယ်ထင်လို ့လား ။ ။တကယ်က စီးပွားရှာနိုင်တယ်မရှာနိုင်ဘူးဆိုတာ တစ်ယောက်ချင်းစီအရည်အချင်းနဲ ့သက်ဆိုင်ပါတယ် ။လူပျိုထက် စီးပွားရှာနိုင်အားနည်းလို ့မိသားစုအဆင်မပြေတဲ ့ အိမ်ထောင်သည်တွေအများကြီးရှိပါတယ် ။ဒီတော့တွေးရမှာက အပျိုတစ်ယောက်အနေနဲ ့အိမ်ထောင်သည်ယောကျာ်းတစ်ယောက်ကိုမက်မောစွဲလမ်းတာက သူ ့ကိုရေများများလောင်း (ငွေများများပေး)လို ့ဖြစ်နိုင်တယ် ။မပေးနိုင်တဲ့ နေ ့ကော … အဲ ့ဒီ ့အိမ်ထောင်သည်ကြီးကို ခွာမှာလားဒါဆို စဉ်းစားဖို ့လိုပါပြီ ။အမိဟာကိုယ့်ကိုယ်ကိုတန်ဖိုးဖြတ်နေတာကိုယ့်ကိုယ်ကိုလူမသိသူမသိတဲ ့ ပြည့်တန်ဆာဘဝထဲသွပ်သွင်းနေတာပါ ။ပိုက်ဆံရလို ့ကပ်တယ်ဆိုကတည်းက အဲ ့မိန်းမက ပြည့်တန်ဆာပဲပြည့်တန်ဆာသည်သာငွေကြေးအလို ့ငှာ ယောကျာ်းတွေနဲ ့ပလူးပရောနေတာပါ ။
.၂ လူပျိုတွေထက် အိမ်ထောင်သည်ယောကျာ်းက ပိုပြီးချောတယ်ခန် ့ညားတယ် ထင်လို ့လား ။ ။ဒါကလဲ သူတို ့ရဲ ့နေထိုင်မှု နဂိုရုပ်ရည်နဲ ့ဆိုင်ပါတယ် ။အိမ်ထောင်သည်ဖြစ်မှပိုခန် ့ညားလာတယ်သပ်ရပ်လာတယ်ဆိုတာက သူ ့အိမ်ထောင်ရှင်မရဲ ့အရည်အချင်းပါ ။သပ်ရပ်သန် ့ရှင်းနေဖို ့အတွက်လျှော်ဖွတ်မီးပူတိုက်ကိုသူ ့အိမ်ထောင်ရှင်မက ကိုယ်တိုင်မလုပ်ပေးတောင် စီမံခန် ့ခွဲထားတာပါ ။ရုပ်ကိုမက်တဲ ့အမိ သူအိုသွားရင်ကော သဘောကျအုံးမှာလား စွဲလမ်းအုံးမှာလားအမိလဲအဲ့လိုစိတ်ရှိတယ်ဆို အမိဝင်တိုးတာကိုလက်သင့်ခံတဲ့သကောင့်သားအိမ်ထောင်သည်လည်းအမိလို ရုပ်အလှမက်တဲ့ စိတ်ရှိနေနိုင်တယ်ဆိုတာ သတိပြုပါ ။
.၃ လူပျိုတွေထက် အိမ်ထောင်သည်ယောကျာ်းက ပိုပြီးကြင်နာ ဂရုစိုက်တတ်လို ့လား ။ ။ ။ကြင်နာဂရုစိုက်တယ်ဆိုတာက အဲ့ ဒီလူရဲ့အကျင့်နဲ့ ဆိုင်ပါတယ် ။ နောက်ပြီး အိမ်ထောင်သည်ယောကျာ်းမှမဟုတ်ဘူး လူပျိုတွေလဲကြင်နာတတ်သလို ဂရုစိုက်တတ်ပါတယ် ။ဒါပေမဲ ့ နှာဘူးအိမ်ထောင်သည်က သာမန်လူပျိုထက်တော့ မိန်းကလေးတယောက်ကို ဘယ်လိုကျုံးသွင်းရမယ် ကညုရမယ်ဆိုတာ ပိုနားလည်မှာဖြစ်သလို သာမန်လူပျိုထက်တော့ လက်ရဲနှုတ်ရဲမှာပါပဲ ။ သူက အိမ်ထောင်သည်လေ .. မိန်းမတစ်ယောက်နဲ ့တစ်အိမ်တည်းကာလကြာရှည်နေဖူးပါတယ် ။ လူပျိုဘယ်လောက်ရှုပ်ရျုပ် ပွေရှုပ်တဲ့အိမ်ထောင်သည်ကို မမီပါဘူး ။ အဲ ့အတွက် အိမ်ထောင်သည်ယောကျာ်းတစ်ယောက်ရဲ ့ကြင်နာမှုအပေါ်သာယာပြီး ငါ့ကိုသူ သိပ်ကြင်နာတာ သိပ်ချစ်တာပါပဲလို ့မထင်ပါနဲ ့ .. သင် သူ ့အိမ်ထောင်ရှင်မဘဝမရောက်သေးဘူးမို ့တစ်နည်းး သူနဲ ့တစ်အိမ်တည်းမနေရသေးဘူးမို ့ပါ ။ ခဏတာဟန်ဆောင်တာလောက် ဖုန်းထဲက လေနဲ ့ကြင်နာတာလောက်တော့ လူပျိုတွေလဲလုပ်တတ်ပါတယ် ။မလုပ်တာပဲရှိတာပါ ။
.၄ လူပျိုတွေထက် အိမ်ထောင်သည်ယောကျာ်းက ပိုပြီးနားလည်မှုရှိတယ်လို ့ထင်လို ့လား ။ ။ ။သူက အိမ်ထောင်သည်ယောကျာ်းဆိုတာ မမေ့ပါနဲ ့ ။ သူသည် အိမ်ထောင်သည် မယားငုတ်တုတ်နဲ့ အိမ်ထောင်သည်ဖြစ်တဲ့ အတွက် အမြီးတစ်တန်းတန်းပါနေမဲ ့သူ ့ရဲ ့အိမ်ထောင်သည်ဆိုတဲ ့နာမည်ဆိုးအရှိန်ကြောင့် နားလည်ပေးနေတာလဲ ဖြစ်နိုင်ပါတယ် ။ နားမလည်နိုင်ရင်တောင် နားလည်ပေးပါလိမ့်မယ် ။ အမိဟာ သူ ့မယားမှမဖြစ်သေးတာပဲ ။ အလိုက်အထိုက်နေမှ သူလိုချင်တာရမယ် ။ သူလိုနေတာ ဆက်ရနေမယ်လေ ။ လူပျိုတွေကတော့ နားလည်ပေးချင်မှ နားလည်ပေးနိုင်မယ် အိမ်ထောင်သည်ယောကျာ်းလောက်တော့ ဘယ်နားလည်ပေးနိုင်ပါ့မလဲ ..
.၅ လူပျိုတွေထက် အိမ်ထောင်သည်ယောကျာ်းက ပိုပြီး sexy ကျတယ်လို ့ခံယူလို ့လား (P.s မိန်းကလေးအချို ့အဲ့လိုခံယူတာမြင်ဖူးပါတယ်) ။ ဒီလိုတွေးတဲ့ အမိကို ဘယ်လိုအမြင်နဲ့ကြည့်ရမလဲဆိုတာ တွေးမရဖြစ်မိတယ် ။ အိမ်ထောင်သည်ယောကျာ်းမှမဟုတ် အဲ့ကိစ္စ စိတ်ဝင်စားတဲ ့ယောကျာ်းတိုင်း sexy ကျနိုင်ပါတယ် ။ စိတ်ဝင်စားမှုပေါ်မှာပဲမူတည်တယ် ။ မိန်းကလေးတစ်ယောက်အနေနဲ ့အဲ့လို sexy ကျတဲ့ယောကျာ်းနဲ ့ပလူးရှလူးထချင်ရင်တော့ အမိအနေနဲ့ ပြည့်တန်ဆာလုပ်စားသင့်တယ် ။ sexy ကျတဲ့ နှာဘူး ပုရိသ ယောကျာ်းပေါင်းများစွာ အိမ်ထောင်သည် လူပျို တစ်ခုလပ် မုဆိုးဖိုများစွာနဲ ့တွေ ့ဖို ့အခွင့်အရေးရှိတယ်လေ ။ သူများအိမ်ထောင် သူများမိသားစုကိုတော့ အမိရဲ ့တဏှာစိတ်သက်သက်ကြောင့် မဖျက်စီးပါနဲ ့ ။
.၆ လူပျိုတစ်ယောက်ရနိုင်ဖို ့အရည်အချင်း မရှိလို ့လား ။ ။ ။ဘယ်လိုအကြောင်းဘယ်လိုစိတ်ကြောင့် အိမ်ထောင်သည်ယောကျာ်းကိုစွဲလမ်းမိတာဖြစ်ပစေ ၊ အကြမ်းအားဖြင့်တော့ အမိဟာ လူပျိုတစ်ယောက်ကို မရနိုင်လို ့ အိမ်ထောင်သည်ယောကျာ်းကို ထောင်ဖမ်းတယ်လို ့ပဲ သတ်မှတ်ခြင်းခံရပါမယ် ။ ဒါကို မကျေမနပ်မဖြစ်လေနဲ ့ပြောခဲ ့ပြီးပါကောလားး အိမ်ထောင်သည်ဟာ လူပျိုထက်တော့ အချစ်နယ်ပယ်မှာ တစ်ဆင့်နိမ့်ပါတယ်လို ့ ။ လူပျိုတစ်ယောက်ကိုရနိုင်လျက် အိမ်ထောင်သည်ကိုမှ တမ်းတမ်းစွဲမိနေပြီဆိုရင်တော့ အမိမှာရောဂါတစ်မျိုးမျိုးစွဲကပ်နေပြီဆိုတာ သေချာပါတယ် ။ အဲ့ ရောဂါနာမည်က ကြောင်တောင်နှိုက်ချင်တဲ ့ရောဂါ ၊ မယားငယ်ခံချင်တဲ ့ရောဂါ တစ်နည်း သူများလင်တပြီးရုူးတဲ ့ မပိုင်လင်တရူးရောဂါပါ
၇ ၀ါသနာ ဗီဇ လား ပတ်ဝန်းကျင်ကြောင့်လားးး ။ ။ ။၀ါသနာအရဆိုရင်တော့ အမိ စိတ်ဓါတ်အဆင့်ကို ပြန်တိုင်းသင့်ပါတယ် ။ ၀ါသနာဆိုတာ သူတပါးကိုမထိခိုက်စေရဘူးလေ ၊ ဗီဇ ဆိုရင်တော့ အမိရဲ ့မိဘမျိုးရိုးကို လိုက်ဖွေရှာရလိမ့်မယ် မျိုးရိုးလိုက်တာပဲလားလို ့ပေါ့ ။ ဘယ်လိုပဲပတ်ဝန်းကျင်က မကောင်းပစေ သူတို ့ပြောတဲ ့အတိုင်းလုပ်ဖို ့သူတို ့လုပ်တဲ ့အတိုင်းလိုက်ကျင့်ဖို ့သင့်မသင့် ဆုံးဖြတ်ရွေးချယ်တာက အမိနဲ ့ပဲဆိုင်တယ် ။ ကိုယ်တိုင်က သာယာချင်နေတာကို ဝန်ခံရလိမ့်မယ်
.၈ ဝဋ်ကြွေးးကြောင့်လား ။ ။ ။ဝဋ်ကြွေး ဆိုတဲ ့စကားက မပြောချင်ဆုံးစကားပဲ ။ အိမ်ထောင်သည်ယောကျာ်းတစ်ယောက်ကို စွဲလမ်းမိတာ ဝဋ်ကြွေးတဲ့လား ။ ဝဋ်ကြွေးကြောင့် စွဲလမ်းမိသွားတာပါတဲ့ လား ။ ကမ္ဘာ့ ့ရယ်စရာအကောင်းဆုံးဟာသ မှတ်တမ်းထဲ အဲ့ စကားထည့်ပေးရမယ် ။ အမိကို အပိုင်ဖမ်းလိုက် ဗလက္ကာရပြုလိုက်ပြီး သိမ်းပိုက်ထားလို ့မယားငယ် ကီပင်ဘဝရောက်သွားတယ် အဲ့ ဒီ ့အိမ်ထောင်သည်ယောကျာ်းက မတရားသိမ်းပိုက်တယ်ဆိုရင် ဝဋ်ကြွေးလို ့ပြောရင် တော်သေးတယ် ။ အခု အမိကစွဲလမ်းနေတာ အမိကမပြတ်နိုင်တာက ဝဋ်ကြွေးတဲ ့လား hak hak
အိမ်ထောင်သည်ယောကျာ်းတစ်ယောက်အပေါ် စိတ်ညွတ်နေပြီ စွဲလမ်းနေပြီဆိုရင် ဒီ ၈ ချက်ကို ကိုယ့်ဘာသာကိုယ်ပြန်မေးပြီး တွေးကြည့်ပါ ။ ပြီးရင်ထည့်တွက်ရမှာက အမိရဲ ့အရှက်တရားနဲ့ ပက်သက်တဲ ့အသိစိတ် အမိခေါင်းထဲမှာဘယ်လောက်ကျန်သလဲ တိုင်းတာသင့်တယ် ။ အရှက်မရှိဘူးဆိုရင် ဆက်တိုးပေါ့ ။ ရှက်တတ်တယ်ဆိုရင်တော့ ဆင်ခြင်သင့်တာ ဆင်ခြင်လိမ့်မယ် ။ ဘာသာကိုးကွယ်မှုတွေတော့ထည့်မပြောတော့ပါဘူး ။ မှတ်သင့်တာကတစ်ခုပါပဲ ။ အမိလုပ်သလို တခြားမိန်းမတစ်ယောက်လဲလုပ်နိုင်တယ်ဆိုတာပါပဲ ။ အမိအခု သူတပါးလင်ကို စွဲလမ်းတယ်ဆို အမိလိုပဲတခြားမိန်းမတစ်ယောက်ကလဲ သူ ့ကို စွဲလမ်းမယ် ။ အဲ့သလိုပဲ အမိနဲ့ဆုံစဉ် အမိအပေါ်သူတိမ်းညွှတ်တယ်ဆို အမိမဟုတ်တဲ ့တခြားမိန်းမဆိုရင်လဲတိမ်းညွတ်မှာပါပဲ ။ ဒါဟာ ဘာသာကိုးကွယ်မှု နဲ ့မဆိုင်တဲ ့ လူတိုင်းနဲ ့ပဲဆိုင်တဲ့ နိယာမပါ ။***
.အထက်ပါအချက်တွေက အပျိုတစ်ယောက်က အိမ်ထောင်သည်ယောကျာ်းတွေကို စွဲလမ်းတဲ့ အကြောင်းတွေဖြစ်ပြီး အိမ်ထောင်သည်ယောကျာ်းက တိမ်းညွတ်တဲ ့အခြေအနေပါ ။ ကိုယ့်ကို မတိမ်းညွတ်ပဲ အိမ်ထောင်ရှင်မကို သစ္စာရှိတဲ ့ အိမ်ထောင်သည်ယောကျာ်း ကို စွဲလမ်းတဲ ့သူတွေကိုတော့ တစ်ခုပဲပြောချင်ပါတယ် ။ ကိုယ့်အဆင့်ကိုယ်သိ ကိုယ့်နေရာကိုယ်သိ မဖြစ်နိုင်တာမမှန်းနဲ ့ ယောကျာ်းရှားနေတယ်လို ့ထင်ရင် သတ္တဝါ အများအပြားရှိပါသေးတယ် ။ ရိုင်းမှာစိုးလို ့မပြောတော့ဘူး ကိုယ့်ဘာသာကိုယ် ဉာဏ်မီသလောက်တွေးကြည့်ပါ ။ သူတပါးရဲ ့သာယာတဲ ့မိသားစုဘဝကို မဖျက်ဆီးပါနဲ ့ ။ သူ ့ဘာသာသူ မသာယာရင်လဲ နဂိုအတိုင်းပဲရှိပါစေ အမိကြောင့်တော့ မပြိုပျက်ပါစေနဲ ့။
Credit:ပျိုမေတို့ သိစေဖို့
Home
/
ဗဟုသုတအစံု
/
ဘ၀နှင့်အချစ်ကဏ္ဍ
/
အပျိုမိန်းကလေးတွေ အိမ်ထောင်သည်ယောက်ျားတွေကို လူပျိုတွေထက် ပိုစွဲလမ်းကြတာ ဒါ့ကြောင့်တဲ့... အံ့သြပါရဲ့...
Subscribe to:
Post Comments
(
Atom
)
Loading...
0 comments :
Post a Comment