"မင်္ဂလာဒုံ လေးလောင်ပြိုင်လူသတ်မှု ပြန်လည် စစ်ဆေးပေးရန် ကျန်ရစ်သူမိသားစုဝင်များတောင်းဆို"






"မင်္ဂလာဒုံ လေးလောင်ပြိုင်လူသတ်မှု ပြန်လည် စစ်ဆေးပေးရန် ကျန်ရစ်သူမိသားစုဝင်များတောင်းဆို"
"ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အပေါ်ဝေဖန်မှုများစွာ ရှိနေဆဲ"
ရန်ကုန် ၊ ဇူလိုင် ၃
လေးလောင်းပြိုင် လူသတ်မှုနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များက ယင်းအမူကို မှန်မှန်ကန်ကန်ပြန်လည်စိစစ်ပေးဖို့ ကျန်ရစ်သူမိသားစုဝင်က တောင်းဆိုလိုက်သည်။
လေးလောင်းပြိုင် လူသတ်မူတွင် သေဆုံးသူ ကိုစိုးနောင်၏ အကိုဖြစ်သူ ရွေကြီးဖြူဆရာတော် ဦးဝိစာရက ယနေ့ သေဆုံးသူနေအိမ်၌ ပြုလုပ်သည့် မီဒီယာများတွေ့ ဆုံပွဲတွင် အထက်ပါ အတိုင်းမိန့်ကြားခဲ့ခြင်းဖြစ်သည်။
"ထုတ်ပြန်ချက်ထဲမှာ သေဆုံးသူက ဘယ်သန်ဆိုပြီးပြောတာဟာ အတိအကျမှားနေပါတယ်။ ညာသန်ပါဖြစ်ပါတယ်။နောက်ပြီးတော့ သံသယရှိသူ (၃) ဦးကို စုံစမ်းဆဲဆိုပြီးထုတ်ပြန်ခဲ့တယ်။တဖက်မှာက သေဆုံးသူက ပြန်ပြီးတော့ သတ်တယ်ဆိုပြီး ထုတ်ပြန်ထားပါတယ်။ ဒါတွေကလည်း ကွဲလွဲချက်တွေရှိနေပါတယ်။နောက်ပြီး လက်နက်ကိုင်ဆောင်တယ်ဆိုပြီးတော့လည်း ထုတ်ပြန်ခဲ့တယ်။ ရဲဝန်ထမ်းဟောင်းတစ်ယောက်က လက်နက်ကိုင်တာဟာ မထူးပါဘူး။'' ဟု ၎င်းက ထပ်မံမိန်ကြားသည်။
ရွှေကြီးဖြူဆရာတော် ဦးဝိစာရက "ဒါအပြင် ကြွေးဆပ်ရန် ၂၇ သိန်းရှိပြီး ၁၀သိန်း ပဲဆပ်နိုင်ပြီး ၁၇ သိန်းကျန်လို့ လုပ်ကြုံတယ်ဆိုပြီး ထုတ်ပြန်တာဟာကွဲလွဲနေပါတယ်။ရွှေနားကပ်ပန်ထားပြီးကြွေးမဆပ်နိုင်တာကသိပ်တော့သဘာဝမကျပါဘူး။ဒါအပြင် ကိုစိုးနောင်က ပုံမှန်မဟုတ်သော စိတ်ခံစား မှုမျိုး ဖြစ်ပေါ်ချိန်မှာ လုပ်ကြံတယ်ဆိုတာက ဆွေးမျိုးတွေကို ထိခိုက်ပါတယ်။''ဟု မိန့်သည်။
ဆေးစစ်ဆေးချက်များကို မှားသည်ဟု မပြောလိုကြောင်း ၊ ယင်းအမူနှင့် ပတ်သတ်၍ ထုတ်ပြန်ချက်ထုတ်မည်ဆိုပါက နှစ်ဖတ်ဆွေးမျိုးများအား အကြောင်းကြား ထုတ်ပြန်သင့်ပြီး သေသေချာချာပြန်လည်စီစစ်ပေးစေလိုကြောင်း ရွှေကြီးဖြူဆရာတော် ဦးဝိစာရက မိန်ကြားခဲ့သည်။

ပြီးခဲ့သည့်နှစ် ၂၀၁၆ ဩဂုတ်လ ၂၀ ရက်နေတွင် မင်္ဂလာဒုံမြို့နယ် ပတ္တမြား မြို့သစ်ရပ်ကွက်၊ ရွှေနံ့သာကျေးရွာအုပ်စု မြအေးချမ်းသာလမ်းသွယ်ကနေအိမ်မှာနေထိုင်သူ ရဲအရာရှိဟောင်းတစ်ဦး နှင့် ၎င်း၏ဇနီး၊သားနှစ်ဦး လေးလောင်းပြိုင် လူသတ်မူဖြစ်ပွားပြီး ၁၀ လအကြာတွင် ရဲတပ်ဖွဲ့ မှ အမူနှင့်ပတ်သတ်သည့် ဖြစ်စဉ်ကို ထုတ်ပြန်ခဲ့သည်။
ဇွန်လ ၃၀ နေ့က ထုတ်ပြန်ခဲ့သည့် ထုတ်ပြန်ချက်တွင် (DNA) စစ်ဆေးမူတွေအရ သေဆုံးသူမိသားစုဝင်များ၏ (DNA) သာတွေ့ ရပြီး အခြားသူများ၏ (DNA) ကို မတွေ့ ရကြောင်း ဖော်ပြထားသည်။
ထိုနည်းတူ မိသားစုဝင်များသည် အကြွေး များနေကြောင်း၊ ဂမ္ဘီရ စာအုပ်ကို ဖတ်၍ စိတ်လွတ်သွားသည်ဟု ယူဆထားကြောင်း၊ အိမ်ထောင်ဦးစီးဖြစ်သူသည် သားနှစ်ယောက်နှင့် ဇနီးကို သတ်၍ ကိုယ်ပေါ်တွင် တွေ့ရှိရသော ကန်လန့်ပုံ ဓားထိုးသွင်း ဒဏ်ရာ(၄)ချက်သည်လည်း သေဆုံးသူအနေဖြင့် စိတ်အခြေအနေမှာ ပုံမှန်မဟုတ်သော စိတ်ခံစား မှုမျိုး ဖြစ်ပေါ်ချိန်၌ ကိုယ်ကိုယ် ထိုးသွင်းဒဏ်ရာ များဖြင့် သတ်သေ လိုက်ကြောင်း စသည့် အချက်များကို ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မြန်မာနိင်ငံရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်နှင့် ပတ်သက်ပြီးလူမူကွန်ရက်စာမျက်နှာတွေများတွင်လည်း ဝေဖန်ပြောဆိုမူများရှိခဲ့သည်။
သတင်းဓာတ်ပုံ - ဝေရှိုင်းကျော်
#ဒါကိုလီ

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...