သင္ဇာ၀င့္ေက်ာ္ နဲ႔ မိုးေဟကို ေၾကာင့္ လိမ္ေျပာလိုက္ရတာပါ...

သင္ဇာ၀င့္ေက်ာ္ နဲ႔ မိုးေဟကို ေၾကာင့္ လိမ္ေျပာလိုက္ရတာပါ...

တေန႔ သ၌ ထင္းေခြသမား တစ္ေယာက္ ဟာ ျမစ္ကမ္းေဘးရွိ သစ္ပင္ကိုခုတ္ရင္း လက္ေခ်ာ္ကာ ပုဆိန္ ေရထဲသို႔ျပဳတ္က်
သြားေလသည္။
ဘယ္လိုပင္ေရထဲငုတ္ရွာေသာ္လည္း
ျပန္ရွာမရတဲ့အဆံုး.. ထင္းေခြသမားဟာ ၀မ္းနည္းစြာ ငိုေၾကြးေလ၏...
ထိုအခါ ျမစ္ေစာင့္နတ္သား ရုတ္တ
ရက္ေပၚလာျပီးေနာက္..
ျမစ္ေစာင့္နတ္ - ဘာေၾကာင့္ မ်ား
ငိုေနရတာလဲ အသင္လူသား
ထင္းေခြသမား - ကၽြန္ေတာ့္ရဲ့ပုဆိန္ ေရထဲျပဳတ္က်သြားလို႔ပါ..
အဲဒီပုဆိန္နဲ႔ပဲ ကၽြန္ေတာ္ ကသက္ေမြးရ
တာပါ အရွင္.. အသစ္လဲမ၀ယ္ႏိုင္ပါဘူး... လို႕ေျဖလိုက္ေတာ့
ျမစ္ေစာင့္နတ္ဟာေပ်ာက္ကြယ္သြား ျပီး .. ခဏအၾကာ ေရႊပုဆိန္နဲ႔ အတူ ျပန္ေရာက္လာကာ
ျမစ္ေစာင့္နတ္ - ဒါသင့္ပုဆိန္လား
ထင္းေခြသမား - မဟုတ္ပါအရွင္
ထိုအခါ ျမစ္ေစာင့္နတ္ က ေငြပုဆိန္
ကိုထပ္မံျပျပီး
ျမစ္ေစာင့္နတ္ - ဒါေရာသင့္ပုဆိန္လား
ထင္းေခြသမား - မဟုတ္ပါဘူး
ထိုအခါ ျမစ္ေစာင့္နတ္က သံပုဆိန္ကို ျပျပီး
ျမစ္ေစာင့္နတ္ - ဒါေရာ သင့္ပုဆိန္လား
ထင္းေခြသမား - ဟုတ္ပါတယ္
..ကၽြန္ေတာ္မ်ိဳး ပုဆိန္ပါ ဟုေျဖလိုက္ေသာ္ ျမစ္ေစာင့္နတ္လည္း ေက်နပ္အားရျပီး ထင္းေခြသမား ၏ ရိုးသားမႈကို အသိအမွတ္ျပဳေသာ အားျဖင့္ ပုဆိန္သံုးလက္စလံုးကိုထင္းေခြသမား ကိုေပးလိုက္ေလတယ္....
ကာလအတန္ၾကာေသာ္အဲဒီထင္းေခြသမား နဲ႕သူ႕ဇနီးတို႕ ျမစ္ကမ္းနေဘးမွာ လမ္းေလွ်က္လာစဥ္ ဇနီးျဖစ္သူဟာ
ေျခေခ်ာ္ျပီး ေရထဲသို႔ျပဳတ္က်သြားသတ့ဲ
ျပန္ရွာလို႔ မရတဲ့အဆံုး.. သစ္ခုတ္သမားလဲ ၀မ္းနည္းစြာ ငိုေၾကြးျပန္တာေပါ့... ထိုအခါ ျမစ္ေစာင့္နတ္ ရုတ္တရက္ေပၚလာျပီး..
ျမစ္ေစာင့္နတ္ - ဘာေၾကာင့္ မ်ားငိုေနရ
တာလဲ အသင္လူသား
ထင္းေခြသမား - ကၽြန္ေတာ့္မိန္းမေရထဲ
ျပဳတ္က်သြားလုိ႔ပါ အရွင္ ဟုေျဖလိုက္တ့ဲအခါ ျမစ္ေစာင့္နတ္လဲ ကိုယ္ေရာင္ေဖ်ာက္ျပီး .. ခဏအၾကာ "တင္ဇာ၀င့္ေက်ာ္" နဲ႔ ျပန္ေရာက္လာျပီး....
ျမစ္ေစာင့္နတ္ - ဒါသင့္ မိန္းမလား
ဟုေမးေလတယ္
သစ္ခုတ္သမား - ဟုတ္ပါသည္
အရွင္နတ္မင္းၾကီး
ဒီအေျဖကိုၾကားတ့ဲအခါျမစ္ေစာင့္နတ္လဲ ေဒါသအလြန္ထြက္သြားျပီး ..
ျမစ္ေစာင့္နတ္ - "သင္ လိမ္သည္
မုသားစကားကိုဆိုေလသည္" ဟု
က်ိမ္းေမာင္းေလတယ္
ထင္းေခြသမား - "ခြင့္လြတ္ပါ.. အရွင္
နတ္မင္းၾကီး ... ကၽြန္ေတာ္လိမ္ခ်င္လို႔ လိမ္ရျခင္း
မဟုတ္ပါ...အကယ္၍ "တင္ဇာ၀င့္ေက်ာ္" ကို ကၽြန္ေတာ့္ မိန္းမ မဟုတ္ပါဘူး ေျဖလိုက္ေသာ္ ..
နတ္မင္းၾကီးက "မိုေဟကို" ကိုထပ္မံျပေပလိမ့္မည္... အကယ္၍ "မိုေဟကို" ကို ကၽြန္ေတာ့္ မိန္းမ မဟုတ္ပါဘူး ေျဖလိုက္ေသာ္ ..
နတ္မင္းၾကီး လည္း ကၽြန္ေတာ္ မိန္းမ ကိုျပေပလိမ့္မည္... ထိုအခါ ကၽြန္ေတာ္မ်ိဳးက အမွန္အတိုင္း ဟုတ္ပါသည္ ဟုေျဖေသာ္ အရွင္ နတ္မင္းၾကီး က ကၽြန္ေတာ့္ကို မိန္းမသံုးေယာက္စလံုးေပးေပလိမ့္မည္ ...။
အရွင္ နတ္မင္းၾကီး ကၽြန္ေတာ္မ်ိဳးသည္ အလြန္ဆင္းရဲ ပါသည္ ထိုေၾကာင့္ ဘယ္လိုမွ မိန္းမသံုေယာက္၀မ္း၀ေအာင္ ရွာမေကၽြးႏိုင္ပါ .. ထိုေၾကာင့္ "သင္ဇာ၀င့္ေက်ာ္" ကို ကၽြန္ေတာ့္ မိန္းမ ပါဟု ေျဖလိုက္ရျခင္းျဖစ္ပါတယ္ " ထိုအခါ ျမစ္ေစာင့္နတ္ လဲ လြန္စြာ ေက်နပ္ျပီး ထင္းေခြသမား ၏ ရိုးသားမႈကို ဂုဏ္ျပဳေသာအားျဖင့္ သံုးေယာက္လံုး ကိုေပးအပ္လိုက္ျပီး တစ္သက္စာ စားမကုန္ေသာ စည္းစိမ္တို႔ကို ပါတစ္ပါထဲေပးလိုက္ေလသည္.. ။
ပံုျပင္ေလးမွေပးျခင္တ့ဲသခၤန္းစာ~ ေယာက်ာ္းမ်ား လိမ္လည္ေျပာဆိုျခင္း
သည္ လိမ္ခ်င္၍ မဟုတ္ပဲ....
ပါတ္ဝန္းက်င္ ေကာင္းက်ိဳးအတြက္ ရိုးသားစြာ လိမ္ျခင္း ျဖစ္ပါေၾကာင္း ..... "အျဖဴေရာင္ မုသား" မ်ားသာျဖစ္ေၾကာင္း
သိေစလိုရင္း ျဖစ္ပါသည္ .....
English ဘာသာျပန္
မႏွစ္က post အေဟာင္းပါ

==========

သင်ဇာဝင့်ကျော် နဲ့ မိုးဟေကို ကြောင့် လိမ်ပြောလိုက်ရတာပါ...

တနေ့ သ၌ ထင်းခွေသမား တစ်ယောက် ဟာ မြစ်ကမ်းဘေးရှိ သစ်ပင်ကိုခုတ်ရင်း လက်ချော်ကာ ပုဆိန် ရေထဲသို့ပြုတ်ကျ
သွားလေသည်။
ဘယ်လိုပင်ရေထဲငုတ်ရှာသော်လည်း
ပြန်ရှာမရတဲ့အဆုံး.. ထင်းခွေသမားဟာ ဝမ်းနည်းစွာ ငိုကြွေးလေ၏...
ထိုအခါ မြစ်စောင့်နတ်သား ရုတ်တ
ရက်ပေါ်လာပြီးနောက်..
မြစ်စောင့်နတ် - ဘာကြောင့် များ
ငိုနေရတာလဲ အသင်လူသား
ထင်းခွေသမား - ကျွန်တော့်ရဲ့ပုဆိန် ရေထဲပြုတ်ကျသွားလို့ပါ..
အဲဒီပုဆိန်နဲ့ပဲ ကျွန်တော် ကသက်မွေးရ
တာပါ အရှင်.. အသစ်လဲမဝယ်နိုင်ပါဘူး... လို့ဖြေလိုက်တော့
မြစ်စောင့်နတ်ဟာပျောက်ကွယ်သွား ပြီး .. ခဏအကြာ ရွှေပုဆိန်နဲ့ အတူ ပြန်ရောက်လာကာ
မြစ်စောင့်နတ် - ဒါသင့်ပုဆိန်လား
ထင်းခွေသမား - မဟုတ်ပါအရှင်
ထိုအခါ မြစ်စောင့်နတ် က ငွေပုဆိန်
ကိုထပ်မံပြပြီး
မြစ်စောင့်နတ် - ဒါရောသင့်ပုဆိန်လား
ထင်းခွေသမား - မဟုတ်ပါဘူး
ထိုအခါ မြစ်စောင့်နတ်က သံပုဆိန်ကို ပြပြီး
မြစ်စောင့်နတ် - ဒါရော သင့်ပုဆိန်လား
ထင်းခွေသမား - ဟုတ်ပါတယ်
..ကျွန်တော်မျိုး ပုဆိန်ပါ ဟုဖြေလိုက်သော် မြစ်စောင့်နတ်လည်း ကျေနပ်အားရပြီး ထင်းခွေသမား ၏ ရိုးသားမှုကို အသိအမှတ်ပြုသော အားဖြင့် ပုဆိန်သုံးလက်စလုံးကိုထင်းခွေသမား ကိုပေးလိုက်လေတယ်....
ကာလအတန်ကြာသော်အဲဒီထင်းခွေသမား နဲ့သူ့ဇနီးတို့ မြစ်ကမ်းနဘေးမှာ လမ်းလျှေက်လာစဉ် ဇနီးဖြစ်သူဟာ
ခြေချော်ပြီး ရေထဲသို့ပြုတ်ကျသွားသတဲ့
ပြန်ရှာလို့ မရတဲ့အဆုံး.. သစ်ခုတ်သမားလဲ ဝမ်းနည်းစွာ ငိုကြွေးပြန်တာပေါ့... ထိုအခါ မြစ်စောင့်နတ် ရုတ်တရက်ပေါ်လာပြီး..
မြစ်စောင့်နတ် - ဘာကြောင့် များငိုနေရ
တာလဲ အသင်လူသား
ထင်းခွေသမား - ကျွန်တော့်မိန်းမရေထဲ
ပြုတ်ကျသွားလို့ပါ အရှင် ဟုဖြေလိုက်တဲ့အခါ မြစ်စောင့်နတ်လဲ ကိုယ်ရောင်ဖျောက်ပြီး .. ခဏအကြာ "တင်ဇာဝင့်ကျော်" နဲ့ ပြန်ရောက်လာပြီး....
မြစ်စောင့်နတ် - ဒါသင့် မိန်းမလား
ဟုမေးလေတယ်
သစ်ခုတ်သမား - ဟုတ်ပါသည်
အရှင်နတ်မင်းကြီး
ဒီအဖြေကိုကြားတဲ့အခါမြစ်စောင့်နတ်လဲ ဒေါသအလွန်ထွက်သွားပြီး ..
မြစ်စောင့်နတ် - "သင် လိမ်သည်
မုသားစကားကိုဆိုလေသည်" ဟု
ကျိမ်းမောင်းလေတယ်
ထင်းခွေသမား - "ခွင့်လွတ်ပါ.. အရှင်
နတ်မင်းကြီး ... ကျွန်တော်လိမ်ချင်လို့ လိမ်ရခြင်း
မဟုတ်ပါ...အကယ်၍ "တင်ဇာဝင့်ကျော်" ကို ကျွန်တော့် မိန်းမ မဟုတ်ပါဘူး ဖြေလိုက်သော် ..
နတ်မင်းကြီးက "မိုဟေကို" ကိုထပ်မံပြပေလိမ့်မည်... အကယ်၍ "မိုဟေကို" ကို ကျွန်တော့် မိန်းမ မဟုတ်ပါဘူး ဖြေလိုက်သော် ..
နတ်မင်းကြီး လည်း ကျွန်တော် မိန်းမ ကိုပြပေလိမ့်မည်... ထိုအခါ ကျွန်တော်မျိုးက အမှန်အတိုင်း ဟုတ်ပါသည် ဟုဖြေသော် အရှင် နတ်မင်းကြီး က ကျွန်တော့်ကို မိန်းမသုံးယောက်စလုံးပေးပေလိမ့်မည် ...။
အရှင် နတ်မင်းကြီး ကျွန်တော်မျိုးသည် အလွန်ဆင်းရဲ ပါသည် ထိုကြောင့် ဘယ်လိုမှ မိန်းမသုံယောက်ဝမ်းဝအောင် ရှာမကျွေးနိုင်ပါ .. ထိုကြောင့် "သင်ဇာဝင့်ကျော်" ကို ကျွန်တော့် မိန်းမ ပါဟု ဖြေလိုက်ရခြင်းဖြစ်ပါတယ် " ထိုအခါ မြစ်စောင့်နတ် လဲ လွန်စွာ ကျေနပ်ပြီး ထင်းခွေသမား ၏ ရိုးသားမှုကို ဂုဏ်ပြုသောအားဖြင့် သုံးယောက်လုံး ကိုပေးအပ်လိုက်ပြီး တစ်သက်စာ စားမကုန်သော စည်းစိမ်တို့ကို ပါတစ်ပါထဲပေးလိုက်လေသည်.. ။
ပုံပြင်လေးမှပေးခြင်တဲ့သင်္ခန်းစာ~ ယောကျာ်းများ လိမ်လည်ပြောဆိုခြင်း
သည် လိမ်ချင်၍ မဟုတ်ပဲ....
ပါတ်ဝန်းကျင် ကောင်းကျိုးအတွက် ရိုးသားစွာ လိမ်ခြင်း ဖြစ်ပါကြောင်း ..... "အဖြူရောင် မုသား" များသာဖြစ်ကြောင်း
သိစေလိုရင်း ဖြစ်ပါသည် .....
English ဘာသာပြန်
မနှစ်က post အဟောင်းပါ

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...