Myanmar Idol ဘီလီလမင္းေအး တဆင့္ၿပီးတဆင့္ တက္လာတာ ဘာ႔ေၾကာင့္လဲ.. အိမ္ကမိန္းမမ်ား သိေစရန္..ရွဲသြားေနာ္..။

MM Idol မွာ ဘီလီလမင္းေအး တဆင့္ၿပီးတဆင့္ တက္လာေတာ့ တခ်ိဳ႕က ေျပာၾကတယ္... ...
"ဒါ ေယာက်္ားေတြ ဖြန္ေၾကာင္ၿပီး ဗုတ္လို႔''... တ့ဲ။

မွားပါတယ္
လံုးလံုးလ်ားလ်ားကို မွားတယ္။

ဒါ ေယာက်္ားေတြရဲ႕ သဘာဝကို နားမလည္လို႔ ေျပာၾကတာ။

'ဘယ္ေယာက်္ားမွ တစိမ္းမိန္းမတစ္ေယာက္အတြက္ အလကားေနရင္း ပိုက္ဆံအကုန္မခံပါဘူး'

ကိုယ္နဲ႔ ေ႐ွ႕ဆက္ရန္ ဇာတ္လမ္းမရိွတ့ဲ မိန္းမတစ္ေယာက္အတြက္၊
ေ႐ွ႕မွာ ဘာအေမွ်ာ္အျမင္မွ မရိွႏိုင္တ့ဲ မိန္းမတစ္ေယာက္အတြက္ ဘယ္ေယာက်္ားမွ အေျခာက္တိုက္ ပိုက္ဆံအကုန္မခံဘူး။

ဒါမ်ိဳးေတြက မိန္းမေတြပဲလုပ္ၾကတာ
မိန္းမ သဘာဝဆို ပိုမွန္မယ္။

ဒီမယ္ၾကည့္...
ပန္းကုံးစြပ္တ့ဲ ဥပမာေလး ေျပာျပမယ္....

ဇာတ္မင္းသားေလးကို မိန္းမေတြ ပန္းကုံးတက္စြပ္တယ္
(ဘာေမွ်ာ္လင့္ခ်က္မွ မရိွဘူး၊ ခ်စ္လို႔ ခင္လို႔ စြပ္တာ)

ေအး...
စင္တင္မွာ အဆိုေတာ္ေကာင္မေလးကို ပုရိသေတြ ပန္းကံုးတက္စြပ္တယ္...
(ဟြင္း... ဟြင္း... ဒါ အင္ထ႐ိုဝင္ေနတာ၊ အတီးပိုက္က ေနာက္က လာေတာ့မွာ၊ ေ႐ွ႕ ဇာတ္လမ္းဆက္ဖို႔ အစပ်ိဳးေနတာ၊ အလကား ပိုက္ဆံအကုန္ခံေနတာ မဟုတ္ဘူး)

ေနာက္တခုၾကည့္...

စိုင္းစိုင္းခမ္းလႈိင္ ႏူတ္ခမ္းနီထုတ္တယ္
မိန္းကေလးေတြက အ့ဲႏူတ္ခမ္းနီကို ႀကိဳက္ႀကိဳက္ မႀကိဳက္ႀကိဳက္ အလုအယက္ ဝယ္ၾကတယ္
ဘာလို႔လဲ
စိုင္းစိုင္းကို ခ်စ္လို႔ ခင္လို႔ေလ၊ ဘာေမွ်ာ္လင့္ခ်က္နဲ႔မွ မဟုတ္ဘူးေလ။

အဲ...
နီနီခင္ေဇာ္ ႏူတ္ခမ္းနီထုတ္ေရာင္းတယ္
ဘယ္သေကာင့္သားမ်ား ဝယ္တာေတြ႔လဲ?
လွည့္ကို မၾကည့္တာ၊
က်ဳပ္တို႔ေယာက်္ားေတြ နီနီခင္ေဇာ္ႀကီးကို စိတ္မဝင္စားပဲ ေနမလား?
ဒီေလာက္ေကာင္းတာႀကီးကို (သီခ်င္းဆိုတာ ေျပာပါတယ္)
ဒါေပမယ့္ နီနီခင္ေဇာ္ဟာကို မဝယ္ဘူး က်ဳပ္တို႔က။

ခ်ဳပ္ၿပီးေျပာရရင္...
ဘီလီေလး ဒီအဆင့္ထိေရာက္တာ က်ဳပ္တို႔ ေယာက်္ားေတြနဲ႔ မဆိုင္ဘူး။
ခင္ဗ်ားတို႔ ေျပာခ်င္ရင္ MPT ကိုေျပာ။
MPT လုပ္ခ်င္ရာ လုပ္ေနတာ။
MPT က အ႐ူးလုပ္ၿပီး အခ်ဥ္ဖမ္းေနတာ။

ဒါေပမယ့္...
တခုေတာ့ေျပာလိုက္မယ္... ...

"ဒီ ေနာက္ဆံုးအဆင့္မွာ မေတာ္တဆ ဘီလီေလး ႐ႈံးနိမ့္ၿပီး winner ဆု ကားႀကီး မရခ့ဲရင္ အ့ဲကားနဲ႔ တပံုစံထဲတူတ့ဲကား က်ေနာ္ ဝယ္ေပးမွာ''

ဘာမွ လာမေျပာနဲ႔
အေမြ သိန္း ၂၇၀၀ ရထားတာ မၾကာေသးဘူး။
ဒါျဗဲ
.
.
.
သန္၄ကို - သီခ်င္းမ်ားကို ႏွလံုးသားျဖင့္ နားေထာင္သူ။
www.apannpyay.com
=============

MM Idol မှာ ဘီလီလမင်းအေး တဆင့်ပြီးတဆင့် တက်လာတော့ တချို့က ပြောကြတယ်... ...
"ဒါ ယောကျ်ားတွေ ဖွန်ကြောင်ပြီး ဗုတ်လို့''... တဲ့။

မှားပါတယ်
လုံးလုံးလျားလျားကို မှားတယ်။

ဒါ ယောကျ်ားတွေရဲ့ သဘာဝကို နားမလည်လို့ ပြောကြတာ။

'ဘယ်ယောကျ်ားမှ တစိမ်းမိန်းမတစ်ယောက်အတွက် အလကားနေရင်း ပိုက်ဆံအကုန်မခံပါဘူး'

ကိုယ်နဲ့ ရှေ့ဆက်ရန် ဇာတ်လမ်းမရှိတဲ့ မိန်းမတစ်ယောက်အတွက်၊
ရှေ့မှာ ဘာအမျှော်အမြင်မှ မရှိနိုင်တဲ့ မိန်းမတစ်ယောက်အတွက် ဘယ်ယောကျ်ားမှ အခြောက်တိုက် ပိုက်ဆံအကုန်မခံဘူး။

ဒါမျိုးတွေက မိန်းမတွေပဲလုပ်ကြတာ
မိန်းမ သဘာဝဆို ပိုမှန်မယ်။

ဒီမယ်ကြည့်...
ပန်းကုံးစွပ်တဲ့ ဥပမာလေး ပြောပြမယ်....

ဇာတ်မင်းသားလေးကို မိန်းမတွေ ပန်းကုံးတက်စွပ်တယ်
(ဘာမျှော်လင့်ချက်မှ မရှိဘူး၊ ချစ်လို့ ခင်လို့ စွပ်တာ)

အေး...
စင်တင်မှာ အဆိုတော်ကောင်မလေးကို ပုရိသတွေ ပန်းကုံးတက်စွပ်တယ်...
(ဟွင်း... ဟွင်း... ဒါ အင်ထရိုဝင်နေတာ၊ အတီးပိုက်က နောက်က လာတော့မှာ၊ ရှေ့ ဇာတ်လမ်းဆက်ဖို့ အစပျိုးနေတာ၊ အလကား ပိုက်ဆံအကုန်ခံနေတာ မဟုတ်ဘူး)

နောက်တခုကြည့်...

စိုင်းစိုင်းခမ်းလှိုင် နူတ်ခမ်းနီထုတ်တယ်
မိန်းကလေးတွေက အဲ့နူတ်ခမ်းနီကို ကြိုက်ကြိုက် မကြိုက်ကြိုက် အလုအယက် ဝယ်ကြတယ်
ဘာလို့လဲ
စိုင်းစိုင်းကို ချစ်လို့ ခင်လို့လေ၊ ဘာမျှော်လင့်ချက်နဲ့မှ မဟုတ်ဘူးလေ။

အဲ...
နီနီခင်ဇော် နူတ်ခမ်းနီထုတ်ရောင်းတယ်
ဘယ်သကောင့်သားများ ဝယ်တာတွေ့လဲ?
လှည့်ကို မကြည့်တာ၊
ကျုပ်တို့ယောကျ်ားတွေ နီနီခင်ဇော်ကြီးကို စိတ်မဝင်စားပဲ နေမလား?
ဒီလောက်ကောင်းတာကြီးကို (သီချင်းဆိုတာ ပြောပါတယ်)
ဒါပေမယ့် နီနီခင်ဇော်ဟာကို မဝယ်ဘူး ကျုပ်တို့က။

ချုပ်ပြီးပြောရရင်...
ဘီလီလေး ဒီအဆင့်ထိရောက်တာ ကျုပ်တို့ ယောကျ်ားတွေနဲ့ မဆိုင်ဘူး။
ခင်ဗျားတို့ ပြောချင်ရင် MPT ကိုပြော။
MPT လုပ်ချင်ရာ လုပ်နေတာ။
MPT က အရူးလုပ်ပြီး အချဉ်ဖမ်းနေတာ။

ဒါပေမယ့်...
တခုတော့ပြောလိုက်မယ်... ...

"ဒီ နောက်ဆုံးအဆင့်မှာ မတော်တဆ ဘီလီလေး ရှုံးနိမ့်ပြီး winner ဆု ကားကြီး မရခဲ့ရင် အဲ့ကားနဲ့ တပုံစံထဲတူတဲ့ကား ကျနော် ဝယ်ပေးမှာ''

ဘာမှ လာမပြောနဲ့
အမွေ သိန်း ၂၇၀၀ ရထားတာ မကြာသေးဘူး။
ဒါဗြဲ
.
.
.
သန်၄ကို - သီချင်းများကို နှလုံးသားဖြင့် နားထောင်သူ။
www.apannpyay.com

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...