သတင်းရရှိသည်။
Yangon Police
(Unicode)
တာမွေမြို့နယ်တွင် လူသတ်မှုကျူးလွန်သူအား ရန်ကုန်တိုင်းဒေသကြီး
ရဲတပ်ဖွဲ့ဝင်များက ၁၄ နာရီအတွင်း စစ်ဆေးဖော်ထုတ် ဖမ်းဆီး
ရဲတပ်ဖွဲ့ဝင်များက ၁၄ နာရီအတွင်း စစ်ဆေးဖော်ထုတ် ဖမ်းဆီး
ရန်ကုန်၊ ဇူလိုင် ရ
ဇူလိုင် ၆ ရက်နေ့ ညနေ ၈ နာရီအချိန်ခန့်တွင် တာမွေမြို့နယ်နေ မ----- သည် နေအိမ်၌ ရှိနေစဉ် အစ်မဖြစ်သူ မကေကေအောင်၏ ချစ်သူဖြစ်သူရောက်ရှိလာပြီး အစ်မဖြစ်သူမှာ ၎င်း၏အိမ်အောက်ထပ်မီးဖိုခန်းတွင် ဓားဒဏ်ရာများဖြင့် လဲကျနေသဖြင့် သျှင်ပါကူဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်းပြောသဖြင့် နှစ်ယောက်အတူ ဆေးရုံသို့သွားရောက်၍ကြည့်ရှုရာ အစ်မဖြစ်သူ မကေကေအောင်အား ဆေးရုံလက်တွန်း လှည်းပေါ်တင်၍သယ်ဆောင်နေသည်ကိုတွေ့မြင့်ရပြီး လိုက်လံကြည့်ရှု့ရာ အစ်မဖြစ်သူမှာ လည်ပင်း(၃) လက်မခန့်ပြတ်ရှဒဏ်ရာ၊ ၀ဲပါး (၁)လက်မခန့်ပြတ်ရှဒဏ်ရာ၊၀ဲတံတောင်ပွန်းဒဏ်ရာများဖြင့် သေဆုံးနေသည် တွေ့ရှိရသဖြင့် ယင်းသို့သေဆုံးအောင်ပြုလုပ်သူအား အရေးယူပေးရန်တိုင်တန်းချက်အရ တာမွေမြို့မရဲစခန်း (ပ)၄၅၈/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ဖြင့် အမှုဖွင့်ကာ ပြစ်မှုကျူးလွန်သူအား ဖမ်းဆီးရမိရေး ရဲတပ်ဖွဲ့ဝင်များက စုံစမ်းဆောင်ရွက်ခဲ့သည်။အမှုမှန်ဖော်ထုတ်နိုင်ရေးအတွက် အခင်းဖြစ်နေအိမ်သို့ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ မှုခင်းဖော်ထုတ် ရေးရဲတပ်ဖွဲ့ဝင် များ၊ အရှေ့ပိုင်းခရိုင်၊ မှုခင်းနှိမ်နင်းရေးဌာနစုမှတပ်ဖွဲ့ဝင်များနှင့် တာမွေမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက သွားရောက်၍ အသေးစိတ်စစ်ဆေးဆောင်ရွက်ခဲ့သည်။အမှုဖြစ်စဉ်နှင့်စပ်လျဉ်း၍ ၎င်းနေအိမ်တွင်နေထိုင်သူ မရွန်းလဲ့ဝေ(ခ)ရကောက်အား စစ်မေးရာ မကေကေအောင်သည် ညနေ ၆နာရီကျော်အချိန်ခန့်တွင် ၎င်းနေထိုင်မကောင်းသဖြင့် စားစရာများနှင့်အတူ နေအိမ်သို့ရောက်ရှိလာကြောင်း၊ ထို့နောက် နေအိမ်အပေါ်ထပ်တွင် စကားပြောဆိုပြီး အောက်ထပ်သို့ဆင်းသွားခဲ့ကြောင်း၊ ခဏအကြာ ၎င်းမှ နေအိမ် ၀ရန်တာမှနေ၍ အောက်သို့ကြည့်ရာ မကေကေအောင်၏ မော်တော်ယာဉ်မှာ နေအိမ်ရှေ့တွင်ရှိနေသည်ကို တွေ့ရသဖြင့် နေအိမ်အောက်ထပ်သို့ဆင်းကြည့်ရာ မကေကေအောင်မှာမီးဖိုခန်းအတွင်းသွေးအိုင်ထဲတွင်မှောက်လျက်အနေအထားဖြင့်လဲကျနေသည်ကိုတွေ့ရှိရကြောင်း၊ အခင်းဖြစ်နေရာအနီးတွင် သက်မှူးခင်(ခ) သက်နှင်းအေးအားတွေ့ရှိရကြောင်းစစ်ဆေးသိရှိရသဖြင့်အခင်းဖြစ်နေရာ အနီးရှိသူ သက်မှူးခင်(ခ)
သက်နှင်းအေးအား ဆက်လက်စစ်ဆေးရာ ၎င်းသည် သေဆုံးသူမကေကေအောင်၏ မောင်အရင်းဖြစ်သူနှင့် ချစ်ကြိုက်နေသည့်အတွက် ၎င်းတို့ချစ်ခြင်းကိုမခွဲရန် မကေကေအောင်အားပြောဆိုခဲ့ကြောင်း၊ ယင်းသို့ပြောဆိုစဉ် လက်မခံသဖြင့် စကားအခြေအတင်များခဲ့ကြကြောင်း၊ ထို့နောက် မကေကေအောင်မှ မီးဖိုချောင်အတွင်းမှလှည့်အထွက်တွင်၎င်းမှ နောက်ကသိုင်းဖက်၍ အနီးရှိဟင်းရွက်လှီး ဓားဖြင့်ထိုးခဲ့ခြင်းဖြစ်ကြောင်းနှင့် ထို့နောက်ဓားအား မီးဖိုချောင်အခန်းထောင့်တွင် လွင့်ပစ်ခဲ့ခြင်းဖြစ်ကြောင်း ပေါ်ပေါက်ခဲ့ပါသည်။ပေါ်ပေါက်ချက်အရ သက်မှူးခင်(ခ)သက်နှင်းအေး၊ (၂၁)နှစ်အားဖြောင့်ချက်ရယူပြီး ဆက်လက်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း
သတင်းရရှိသည်။
0 comments :
Post a Comment