Y.8 5820 ဘာ​ကြောင့်​ပျက်​ကျနိုင်​တယ်​ဆိုတာ သဲလွန်စ



ယခုပျက်​ကျ​သော Y.8 ​လေယာဉ်​သည်​၂၀၁၆ မတ်​လအတွင်းက​ရောက်​ရှိလာ​သော…​လေယာဉ်​အသစ်​ဖြစ်​ပြီး တိုက်​ပွဲဝင်​နိုင်​​သောတိုက်​ခိုက်​​ရေးဗားရှင်း​ Transporter ​လေယာဉ်​ဖြစ်​ကာ…ကျည်​ဒဏ်​ ​တော်​ရံရာသီဥတုဒဏ်​ခံနိုင်​ရည်​ရှ်ိပြီး…မြန်​မာပြည်​​ရောက်​ပြီး​သော အခြား Y.8 ​လေယာဉ်​များထက်​အီလက်​ထရွန်းပိုင်း ဆက်​သွယ်​​ရေးပိုင်း ​​လေယာဉ်​ကွန်​ထရိုးပိုင်း ​ရေဒါပိုင်းဆီသို​လှောင်​စနစ်​အပိုင်း အစစ အရာရာသာလွန်​​သော​မောင်းနှင်​ချိန်​ နာရီ ၁၀၀၀ ပင်​မပြည့်​​သေး​သော​ပျံသန်းချိန်​ ၀ နာရီတွင်​ဝယ်​ယူထား​သော​လေယာဉ်​အသစ်​ဖြစ်​ပါသည်​…






Credit – Thadinatin.

=======================

Y.8 5820 ဘာ​ကြောင်​့ပျက်​ကျနိုင်​တယ်​ဆိုတာ
--------
တပ်​မ​တော်​​လေ၏ သယ်​ယူပို့​ဆောင်​​ရေး​လေယာဉ်​ဖြစ်​​သော…Y.8 ​လေယာဉ်​အမှတ်​ ၅၈၂၀ သည်​…အက်​ဒမင်​ပင်​လယ်​ပြင်​​တွင်​ ထာဝရ အနားယူသွားပြီဖြစ်​ကာ​လေယာဉ်​​ပေါ်ပါသွား​သော…တပ်​ဖွဲ့ဝင်​များ တပ်​မိသားစုဝင်​များအတွက်​များစွာစိတ်​မ​ကောင်​းဖြစ်​မိသလို​နောင်​ဘဝဆက်​တိုင်​း ဒီလိုအဖြစ်​ဆိုးမျိုးမှကင်​း​ဝေးပါ​စေဟုဆု​တောင်​းပါ၏…ကျွန်​​တော်​့မိတ်​​ဆွေ WK Auto Mechanic ၏ မိတ်​​ဆွေများလည်​းပါသွားခဲ့ပြီး…ကျန်​ရစ်​သူ မိသားစုများအတွက်​…
ထပ်​တူ ထပ်​မျှ ခံစားဝမ်​းနည်​းမိပါသည်​။
ယခုပျက်​ကျ​သော Y.8 ​လေယာဉ်​သည်​၂၀၁၆ မတ်​လအတွင်​းက​ရောက်​ရှိလာ​သော…​လေယာဉ်​အသစ်​ဖြစ်​ပြီး တိုက်​ပွဲဝင်​နိုင်​​သောတိုက်​ခိုက်​​ရေးဗားရှင်​း​ Transporter ​လေယာဉ်​ဖြစ်​ကာ…ကျည်​ဒဏ်​ ​တော်​ရံရာသီဥတုဒဏ်​ခံနိုင်​ရည်​ရ်​ိှပြီး…မြန်​မာပြည်​​ရောက်​ပြီး​သော အခြား Y.8 ​လေယာဉ်​များထက်​အီလက်​ထရွန်​းပိုင်​း ဆက်​သွယ်​​ရေးပိုင်​း ​​လေယာဉ်​ကွန်​ထရိုးပိုင်​း ​ရေဒါပိုင်​းဆီသို​လှောင်​စနစ်​အပိုင်​း အစစ အရာရာသာလွန်​​သော​မောင်​းနှင်​ချိန်​ နာရီ ၁၀၀၀ ပင်​မပြည်​့​သေး​သော​ပျံသန်​းချိန်​ ၀ နာရီတွင်​ဝယ်​ယူထား​သော​လေယာဉ်​အသစ်​ဖြစ်​ပါသည်​…
​လေယာဉ်​အင်​ဂျင်​မှာ စက်​​လေးလုံးတပ်​အမျိုးအစားဖြစ်​ပြီး…​လေယာဉ်​ဆီအပြည်​့ဖြည်​့ပြီးချိန်​တွင်​ ​လေယာဉ်​အ​လေးချိန်​ပါကုန်​ချိန်​ ၆၁ တန်​ အထိတင်​​ဆောင်​ကာ ​လေထဲပျံတက်​နိုင်​​သော ​လေယာဉ်​အမျိုးအစားဖြစ်​ကာ…ကီလိုမီတာ ၅၆၀၀ ကို တစ်​ဆက်​တည်​း​မောင်​းနှင်​နိုင်​​သော​လေယာဉ်​အမျိုးအစား ဖြစ်​ပါသည်​…

စက်​​လေးလုံးပါသဖြင်​့ စက်​နှစ်​လုံးပျက်​သွားသည်​့တိုင်​​လေယာဉ်​ပျံသန်​းရန်​ လိုအပ်​​သော Knots အတိုင်​းဆက်​လက်​၍ လိုရာ​ရောက်​​အောင်​ပျံသန်​းနိုင်​​သော​လေယာဉ်​အမျိုးအစားဖြစ်​ပါသည်…
​လေယာဉ်​​မောင်​းနှင်​​သော ​လေယာဉ်​မှူးကြီးမှာယာယီ ဒုဗိုလ်​မှူးကြီးဖြစ်​ကာ တွဲဘက်​​လေယာဉ်​မှူးမှာလည်​း
ယာယီဒုဗိုလ်​မှူးကြီးပင်​ဖြစ်​ပြီး ​လေယာဉ်​ပျံသန်​းချိန်​ နာရီ ၄၀၀၀ နီးပါးရှိ​သောအ​တွေ့အကြုံရင်​့ ​လေယာဉ်​မှူးများဖြစ်​ကြပါသည်​…တွဲဘက်​​လေယာဉ်​မှူးမှာ ကျွန်​​တော်​နှင်​့စကား​ပြောဖူး​သောအ​တွေ့အကြုံအရ ​အေး​ဆေးတည်​ငြိမ်​ကာ အလုပ်​တစ်​ခုကို အ​ကောင်​းဆုံး ဆုံးဖြတ်​ချက်​ချမှတ်​နိုင်​​သော အရည်​အချင်​းရှိသူဖြစ်​ပါသည်​…​လေယာဉ်​မှူးမှာ ဒီထက်​သာဖို့သာရှိပါသည်​…
သယ်​ယူပို့​ဆောင်​​ရေး​လေယာဉ်​​မောင်​းရာတွင်​အ​တော်​ဆုံးပိုင်​း​လော့များထဲတွင်​ပါ​သော​ကြောင်​့​လေယာဉ်​အသစ်​စက်​စက်​ကြီးကို တရုတ်​ပြည်​တွင်​သွား​ရောက်​​လေ့လာသင်​ယူခဲ့ပြီး ​အဆိုပါ​လေယာဉ်​အားတရုတ်​ပြည်​မှ မြန်​မာပြည်​အထိ ကိုယ်​တိုင်​​မောင်​းနှင်​သယ်​​ဆောင်​လာခဲ့ခြင်​းဖြစ်​၍ လူကြီးများက ယုံကြည်​​သော​ကြောင်​့
​တာဝန်​​ပေးထားခြင်​းဖြစ်​​ပါသည်​…
ထို့​ကြောင်​့ ​လေယာဉ်​ပျက်​ကျရာတွင်​​လေယာဉ်​မှူးများ၏ ချို့ယွင်​းချက်​​ကြောင်​့မဖြစ်​နိုင်​ဟု​ယေဘုယျအားဖြင်​့ သုံးသပ်​နိုင်​ပါသည်​…
ဒါဆို ​လေယာဉ်​ စက်​ချို့ယွင်​းချက်​​ကြောင်​့လားဟုသုံးသပ်​စရာရှိပါသည်​…ကျွန်​​တော်​က​တော့ ​လေယာဉ်​စက်​ချို့ယွင်​းပါက​လေယာဉ်​မှူးများနှင်​့ ​လေယာဉ်​အဖွဲ့သားများကစက်​ချို့ယွင်​း​ကြောင်​း အနီးဆုံး​လေယာဉ်​ကွင်​းသို့သတင်​းပို့ပြီး ကွင်​းဆင်​းခွင်​့​တောင်​းမည်​ဖြစ်​ရာ…ထိုကဲ့သို့ သတင်​း မပို့ခဲ့​သော​ကြောင်​့…စက်​ချို့ယွင်​းမှု့​ကြောင်​့မဖြစ်​နိုင်​ဟု​ယေဘုယျအားဖြင်​့ သုံးသပ်​နိုင်​ပါသည်​…
ဒါဆို ​လေယာဉ်​ထိန်​းချုပ်​​မှုကွန်​ထရိုးပိုင်​း​ချို့ယွင်​းချက်​​ကြောင်​့လားဟု သုံးသပ်​စရာရှိပါသည်​…​လေယာဉ်​ တစ်​စီးသည်​ သူ့သတ်​မှတ်​အမြန်​နှုန်​း Knots အတိုင်​းပျံသန်​းလာချိန်​တွင်​​လေယာဉ်​ထိန်​းချုပ်​မှု့ကွန်​ထရိုးပိုင်​းချို့ယွင်​းပါကချက်​ချင်​းကြီး စက္ကန်​့ပိုင်​းအတွင်​းပျက်​ကျရန်​ခဲယဉ်​းမည်​ဟု
ထင်​ပါသည်​…​လေယာဉ်​ထိန်​းချုပ်​မှု့ပိုင်​း ချို့ယွင်​းချက်​သည်​အင်​မတန်​မှဖြစ်​ခဲလှသလို ဘီးမကျသည်​သာဖြစ်​တတ်​ကြပါသည်​…ဒါ​ကြောင်​့ ​အနီးဆုံး​လေယာဉ်​ကွင်​းသို့​လေယာဉ်​ထိန်​းချုပ်​မှု့ချို့ယွင်​းခဲ့ပါက သတင်​းပို့နိုင်​ခဲ့မည်​ဟု ယူဆပါသည်​…​နောက်​မြန်​မာတပ်​မ​တော်​​လေယာဉ်​မှူးများသည်​
​နောက်​မြီးအုံတစ်​ခုလုံး စုတ်​ပြတ်​​နေ​အောင်​ကျည်​မှန်​ထားသည်​့ကြားက ထိုင်​းနယ်​စပ်​မှ ကျိုင်​းတုံ​လေယာဉ်​ကွင်​း​ရောက်​​အောင်​​မောင်​းခဲ့နိုင်​သူများရှိခဲ့ဖူးရာ…​လေယာဉ်​ထိန်​းချုပ်​မှု့ပိုင်​း ချို့ယွင်​းခဲ့ပါကမိနစ်​အနည်​းငယ်​အထိ​တော့ ထိန်​းသိမ်​း​မောင်​းနှင်​ကာထားဝယ်​တွင်​ ဆင်​းသက်​နိုင်​ပါသည်​…

ဒါဆို မ​လေး​လေယာဉ်​ကဲ့သို့မစ်​ဆိုင်​းဖြင်​့ ပစ်​ချတာ​ရော မဖြစ်​နိုင်​ဘူးလား…ဒါက​တော့ လုံးဝမဖြစ်​နိုင်​ဟုဆိုနိုင်​ပါသည်​…မ​လေး​လေယာဉ်​ MH ပစ်​ချခံရတုန်​းကသူများ​လေပိုင်​နက်​​ပေါ်မှာဖြစ်​ပြီး…ယခု Y.8 ကဲ့သို့ မိမိ​လပိုင်​နက်​​ပေါ်တွင်​မဟုတ်​…မစ်​ဆိုင်​း Lock အလုပ်​ခံရပါကလည်​း
Y.8 2000 F သည်​ တိုက်​ပွဲဝင်​သယ်​ယူပို့​ဆောင်​​ရေး​လေယာဉ်​အမျိုးအစားဖြစ်​သဖြင်​့ မစ်​ဆိုင်​း ​လော့ခ်​ လုပ်​ထားပြီဖြစ်​​ကြောင်​း​ရေဒါမှ သတိ​ပေး​သောစနစ်​ပါမည်​ထင်​ပါသည်​…​ဒါ​ကြောင်​့ မစ်​ဆိုင်​း ​လော့ခ်​ လုပ်​ခံရပါကလည်​းသတင်​းပို့နိုင်​ခဲ့ဦးမည်​ဖြစ်​ပါသည်​…
ဒါဆို အများ​ပြောသလို ဂက်​စ်​အိုး​ပေါက်​ကွဲတာ​ရောဖြစ်​နိုင်​မလားဆို​တော့…ထိုင်​းတွင်​ LPG ဂက်​စ်​​လောင်​စအိုးများဆင်​​ပေး​သောအ​တွေ့အကြုံအရ ဂက်​စ်​အိုးတစ်​လုံးမှာ​ပေါက်​ကွဲရန်​ မလွယ်​ကူလှပါ…
ဂက်​စ်​အိုး အထွက်​တွင်​ထည်​့သွင်​းထား​သောဘား​လေးမှာ သတ်​မှတ်​ ဖိအား Psi တစ်​ခု​ရောက်​မှသာအပြင်​မှ အရာအိုးထဲသို့ဝင်​နိုင်​မည်​ကာ…အဆိုပါ ဘား​ကောင်​း​နေပါက ဂက်​စ်​အိုးဖွင်​့ ဂက်​စ်​လွှတ်​ကာ မီးရှို့ထားသည်​့တိုင်​ဂက်​စ်​​ငွေ့သည်​ကုန်​သွားမည်​ဖြစ်​ပြီး အထဲသို့မီးမ​ရောက်​သဖြင်​့ မ​ပေါက်​ကွဲနိုင်​ပါ…ဂက်​စ်​အိုး ​ပေါက်​ကွဲရန်​ ဂက်​စ်​​ငွေ့အထွက်​ဘားမ​ကောင်​း၍ဂက်​စ်​အိုးထဲသို့ မီး​ရောက်​ရမည်​ဖြစ်​သလို…
ဘား​ကောင်​း​နေပါက အပြင်​မှ ပြင်​းထန်​​သော
အပူချိန်​အတိုင်​းအတာတစ်​ခုရမှသာ​ပေါက်​ကွဲနိုင်​မည်​ဖြစ်​ပါသည်​…ဒါက​တော့ ခန်​့မှန်​း​ပြောဆိုချက်​သာဖြစ်​ပြီး…​လေယာဉ်​​ပေါ်တွင်​ ဂက်​စ်​အိုး ပါ မပါ​သေချာမသိခဲ့ပါ…

ဒါဆို ကုန်​အ​လေးချိန်​များ၍လားဟုသုံးသပ်​စရာရှိပါသည်​…လူကြီး ၁၀၂ ဦး က​လေး ၁၅ ဦး၏
အ​လေးချိန်​မှာ ပျမ်​းမျှ တစ်​ဦး ကီလို၆၀ ဖြင်​့တွက်​သည်​့တိုင်​ ၆ တန်​ခွဲမပြည်​့…ပါလာ​သော ကုန်​ချိန်​ ၂.၄ တန်​ဖြင်​့​ပေါင်​း၍အခြား လက်​ဆွဲကုန်​ချိန်​များဖြင်​့ ​ပေါင်​းသည်​့တိုင်​၁၀ တန်​မပြည်​့သဖြင်​့ တင်​​ဆောင်​နိုင်​​သော
ဝန်​အားထက်​ အများကြီးလို​နေပါ​သေးသည်​…​နောက်​​လေယာဉ်​မှာ ကားနှင်​့ ​ရေယာဉ်​များကဲ့သို့
တင်​ချင်​သလို တင်​ကာ​မောင်​း၍ ရသည်​မဟုတ်​…ဝန်​အားမနိုင်​ပါက ကွင်​းမှာစတက်​တည်​းက​လေထဲသို့ မပျံတက်​နိုင်​ပါ…ဒါ​ကြောင်​့ ကုန်​ချိန်​များ၍ ပျက်​ကျခြင်​းဖြစ်​သည်​ဟူ​သော​ပြောဆိုချက်​များမှာ လုံးဝ ဖြစ်​နိုင်​ဖွယ်​မရှိပါ…
ဒါ​ဆို Y.8 ပျက်​ကျတာ ဘာ​ကြောင်​့ဖြစ်​နိုင်​သလည်​း…ကျွန်​​တော်​ဟာ ​လေယာဉ်​ပျက်​ကျရာ ​နေရာအန​ီးတွင်​
​လှေစက်​ဆရာ လုပ်​ကာသွားလာခဲ့ဖူးပြီး…အဆိုပါ​နေရာသည်​ ရှင်​​မော်​အထွက်​နှင်​့သိပ်​မကွာ​ဝေးလှ​သော…
​ရေထရက်​များ ​ရေတက်​ ​ရေကျကြမ်​း​သော​နေ့များတွင်​စုပ်​ဝဲအကြီးကြီးဖြစ်​တတ်​ကာ အခြား​နေရာများတွင်​
ရာသီဥတု ​ကောင်​းမွန်​​နေ​သော်​လည်​းအဆိုပါ​နေရာ အနီးတစ်​ဝိုက်​တွင်​ ရာသီဥတု မမှန်​ ဆိုးဝါးကာလှိုင်​း​လေ ပြင်​းထန်​ကြီးမား၍ဘာမြူဒါတြိဂံကဲ့သို့ ​ရေယာဉ်​များအား​ရေ​အောက်​သို့ မ​ကြာခဏ ဆွဲချ​နေ​သော​နေရာဖြစ်​ပါသည်​…

ဂျပန်​မှ စစ်​​လျော်​​ကြေးရထား​သော ယခင်​ကမြန်​မာပြည်​တွင်​အကြီးဆုံးဖြစ်​​သော​အောင်​​တေဇနှင်​့ ​အောင်​​ဇေယျ သ​င်္ဘောကြီး၂ စီးတွင်​ ​အောင်​​တေဇသည်​ အဆိုပါ​နေရာတွင်​စုပ်​ဝဲတွင်​းမှ ရုန်​းမထွက်​နိုင်​ဘဲ နစ်​မြုပ်​ခဲ့​သော​နေရာအနီးဖြစ်​ပါသည်​…​မော်​လမြိုင်​ ကုန်​​လှေများ…ပီနန်​သွား​လှေများ…ငါးဖမ်​း​လှေများ…​ရေခဲ​လှေများ…ခရီးသည်​တင်​​လှေများ…လှိုင်​း​လေနှင်​့ စုပ်​ဝဲအတွင်​းကျ​ရောက်​ကာနစ်​မြုပ်​ခဲ့​သော ​နေရာလည်​းဖြစ်​ပါသည်​…Y.8 ​လေယာဉ်​မ​တော်​တဆဖြစ်​​သောရက်​က
မြန်​မာလို လဆန်​း ၁၃ ရက်​ဖြစ်​ပြီးအဆိုပါရက်​သည်​ ​ရေထရက်​ဖြစ်​၍မိုးတွင်​းအချိန်​အခါတွင်​ ​ရေတက်​​ရေကျကြမ်​းတမ်​း​သော အချိန်​ဖြစ်​ပါသည်​…ထို့​ကြောင်​့ အဆိုပါရက်​တွင်​ ​​လှေ သ​င်္ဘောများ အား ​ရေထဲသို့
မကြာ ခဏ ဆွဲချ​နေ​သော စုပ်​ဝဲကြီး ဖြစ်​​ပေါ်ခဲ့ပါက…၎င်း​နေရာ အနီးတစ်​ဝိုက်​တွင်​လှိုင်​း ​လေ ကြီးကာ ​ရေစီးအလွန်​ကြမ်​း၍ရာသီဥတု မငြိမ်​ မသက်​ဖြစ်​နိုင်​ပါသည်​…
စုပ်​ဝဲကြီး အတွင်​း​ရောက်​ဖို့ မဆိုထားနှင်​့…စုပ်​ဝဲ​ဘေး ​ရေစီး​ကြောင်​းသို့​ရောက်​သွားသည်​ကိုပင်​​အောင်​​တေဇလို သ​င်္ဘောကြီးစက်​အားဖြင်​့ရုန်​းမထွက်​နိုင်​ခဲ့ပါ…ဒါ​ကြောင်​့ စုပ်​ဝဲဖြစ်​​ပေါ်​နေချိန်​တွင်​လှိုင်​း ​လေ ​ရေစီး​ကြောင်​းနှင်​့ရာသီဥတု မမှန်​တတ်​ပါ…
အဆိုပါအချိန်​တွင်​ စုပ်​ဝဲအရှိန်​​ကြောင်​့​လေထုသည်​ ​အောက်​သို့လည်​းစုပ်​ချနိုင်​သလို…​လေထုဖိအား လုံးဝမရှိ​သောဇီးရိုး Barometer လည်​းဖြစ်​နိုင်​ပါသည်​…​လေယာဉ်​၏ သ​ဘောတရားအရမည်​သည်​့ Knots နှုန်​းဖြင်​့ ပျံသန်​းသည်​ဖြစ်​​စေ​လေထုဖိအားမရှိပါက ချက်​ချင်​း ​အောက်​သို့ပြုတ်​ကျ
စိုက်​ကျမည်​ဖြစ်​သလို…​အား​ကောင်​း​သော ​လေစုပ်​ဝဲဖြင်​့ရုတ်​တရက်​ကြုံပါကလည်​း​လေယာဉ်​မည်​သို့မျှ ထိန်​းသိမ်​းနိုင်​မည်​မဟုတ်​ဘဲချက်​ချင်​း ​အောက်​စိုက်​ကျမည်​သာဖြစ်​ပါသည်​…
ကျွန်​​တော်​က​တော့ ​ရေထရက်​ ​ရေတက်​ ​ရေကျကြမ်​းချိန်​တွင်​စုပ်​ဝဲဖြစ်​​ပေါ်ပြီး အထက်​ပါ အ​ခြေအ​နေ နှစ်​မျိုးတွင်​ တစ်​မျိုးမျိုးဖြင်​့ ၅၈၂၀ ကြုံခဲ့ရမည်​ဟုယူဆပါသည်​…အထက်​ပါအဖြစ်​မျိုးသည်​ ဘာမြူဒါတြိဂံ​ဒေသတွင်​ဖြစ်​​လေ့ရှိ​သော ​လေယာဉ်​များ သ​င်္ဘောများ​ရုတ်​တရက်​ အဆက်​အသွယ်​မရဘဲ​ပျောက်​ဆုံး​လေ့ရှိ​သော အဖြစ်​မျိုးဖြစ်​ပါသည်​…
မိုးတိမ်​​တောင်​နှင်​့ အခြားရာသီဥတုဆိုးဝါး​သောအချိန်​နှင်​့ကြုံခဲ့ရပါလည်​း…ဆိုးဝါး​သော ရာသီဥတု​တွေ့ကြုံ​နေရ​သော​ကြောင်​့လမ်​း​ကြောင်​း​ပြောင်​း ပျံသန်​းရန်​ဆက်​သွယ်​ခွင်​့​တောင်​းမည်​ဟုထင်​ပါသည်​…ကျွန်​​တော်​လည်​း ​လေယာဉ်​မ​ကြာခဏ ပုံမှန်​စီးရ​လေ့ရှိရာ မိုးတိမ်​​တောင်​များအတွင်​း​လေယာဉ်​​ရောက်​သွားပါကလည်​း…​လေယာဉ်​ တုန်​ခါခြင်​းသာ ဖြစ်​ပါသည်​…ကျွန်​​တော်​့မိတ်​​ဆွေတစ်​​ယောက်​​လေယာဉ်​စီးသွားရင်​း ​လေထုဖိအားအလွန်​နည်​းပါး​သောအ​ခြေအ​နေနှင်​့ကြုံခဲ့ရာ…​လေယာဉ်​ရုတ်​တရက်​ ချက်​ချင်​း​အောက်​သို့​ပေ ၂၀၀၀ ​ကျော်​ခန်​့ကျသွားသည်​ကိုကြုံခဲ့ဖူး​ကြောင်​း အ​တွေ့အကြုံ​ပြောပြဖူးပါသည်​…

​လေယာဉ်​ပျက်​ကျမှုအ​ကြောင်​းရင်​းမှန်​ကို​တော့​လေယာဉ်​မှ Black box ​တွေ့မှသာ ​သေချာသိမည်​ဖြစ်​ပြီး…
ဦးစီးချုပ်​မှလည်​း ​တွေ့​အောင်​ရှာမည်​ဟု​ပြောထားပြီးဖြစ်​ပါသည်​…Black box ​တွေ့သည်​ရှိ၍ အ​ကြောင်​းရင်​းမှန်​
​ဖော်​မထုတ်​နိုင်​​သေးခင်​မှာ​တော့ ကျွန်​​တော်​မှ တာဝန်​ရှိသူလူကြီးများအား​လေယာဉ်​များ ပျံသန်​းရာတွင်​ရာသီဥတု ရုတ်​တရက်​ ဆိုးဝါးတတ်​​သော…အဆိုပါ​နေရာမှ အနည်​းငယ်​ ကမ်​းရိုးတန်​းကပ်​၍
ပျံသန်​းသင်​့ပါ​ကြောင်​းကို အကြံပြုတင်​ပြလိုပါတယ်​ခင်​ဗျာ…

ကိုတိုး(အွန်​လိုင်​းကားဝပ်​​ရှော့)
Credit – Thadinatin.

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...