PAေကာင္ေတြလက္ခ်က္ မမိပါေစနဲ႔ဆုေတာင္းမိတာပါပဲ။ သိပ္မၾကာဘူး … ထင္တဲ့အတိုင္းပဲ

မေအးေသာင္း မေအးေသာင္းနဲ႔ ေခတ္ထလာတဲ့အခ်ိန္မွာ
ကိုယ္စေတြးမိတာက မမေအးေသာင္းတစ္ေယာက္
ေဖ့စ္ဘုတ္ေပၚက PAေကာင္ေတြလက္ခ်က္ မမိပါေစနဲ႔ဆုေတာင္းမိတာပါပဲ။
သိပ္မၾကာဘူး … ထင္တဲ့အတိုင္းပဲ
ျမန္မာဆန္ဆန္ေလး လွေနတဲ့ မမေအးေသာင္းရဲ႕ အရင္က Bikini ပံုေတြ တင္လာမန္႔လာရွဲလာၾကေတာ့တာပဲ။
ကိုယ္ေမးပါရေစ…. Bikiniဆိုတာ အမ်ိဳးသမီးေတြဝတ္ဖို႕ထုတ္ထားတာ
အမ်ိဳးသမီးတစ္ေယာက္ Bikiniဝတ္တာ ဘာဆန္းလို႔လဲ။
အမ်ိဳးသမီးထဲမွာမွ ေမာ္ဒယ္သ႐ုပ္ေဆာင္အမ်ိဳးသမီးတစ္ေယာက္ Bikini ဝတ္တာ ဘာဆန္းလို႔လဲ။
အဲ့လိုေျပာလို႔ မိပန္တစ္ေယာက္ Bikini မခြ်တ္တမ္းဝတ္တယ္မ်ား လာPAဦးမလားမသိဘူး။
ကိုယ္ကေတာ့ မဝတ္ဘူး… သိပ္ယဥ္ေက်းသိမ္ေမြ႕ျမန္မာဆန္လြန္းလို႔ေတာ့ မဟုတ္ဘူး။
ဝတ္လို႔မလွလို႔….
Bikini ဝတ္ဖို႔ဆိုတာ ေပါင္တံလွရမယ္၊ ဒူးေတြမဲမေနရဘူး၊ ေျခသလံုးမွာ အဆီလံုးႀကီး မရွိရဘူး၊ ဗိုက္ေခါက္ႀကီးထြက္ေနလို႔ မရဘူး။ ဟိုၾကားဒီၾကားကလည္း ျဖဴရဦးမယ္။ Bikini ဝတ္ဖို႔ဆိုတာ ေတာ္ရံုလွရံုနဲ႔မရဘူးေျပာတာ။
သူ႔ဘာသာ ျမန္မာဆန္ဆန္ေလး ဝတ္တယ္။
လူေတြသေဘာက်ၾကတယ္။ ကဗ်ာဆရာေတြ ေႂကြၾကတယ္။ ကဗ်ာေရးၾကတယ္။ မေအးေသာင္းေလးခဗ်ာ ျမန္မာဆန္ဆန္ေလးပဲ ဝတ္ရရွာေတာ့တယ္။
Newfeed တစ္ခုလံုး မေအးေသာင္း မေအးေသာင္း ျဖစ္လာေတာ့ ေစာနကေျပာတဲ့ PAေကာင္ေတြရဲ႕ ဘယ္နားကရွာေဖြလာမွန္းမသိတဲ့ Bikini ပံုေတြ ထြက္လာေတာ့တာပဲ။
ေမးပါရေစ
Bikini ဝတ္ဖူးတာနဲ႔ ျမန္မာဝတ္စံု မဝတ္ရေတာ့ဘူးလား။
ျမန္မာဝတ္စံုဝတ္တာနဲ႔ Bikini မဝတ္ရေတာ့ဘူးလား။
အႏုပညာရွင္တစ္ေယာက္ျဖစ္တာနဲ႔ သူေတာ္စင္လိုလို စံနမူနာလိုလိုနဲ႔ စာအုပ္ႀကီးထဲ ဇြတ္ထည့္ဖို႔ ႀကိဳးစားတာ ျပသနာပဲ။
Bikini ဝတ္လို႔သာ အျမင္ကပ္ရမယ္ဆို မေအာင္ျမင္ရဘူးဆိုရင္ ဘယ္ေမာ္ဒယ္မွ လြတ္မယ္မထင္။
ျမန္မာ့လူအသိုင္းအဝိုင္းမွာ ဂ်င္းအႀကီးႀကီးတစ္ခု ရွိတယ္။
အႏုပညာသည္ဆိုတာနဲ႔ သူေတာ္စင္လိုလို စံနမူနာ ပုဂၢိဳလ္လိုလို မွားခြင့္မရွိေတာ့သလိုလို ႐ိုက္သြင္းလက္ဆင့္ကမ္းေနတဲ့ Society ႀကီး။
လူဆိုတာ မွားေလ့မွားထရွိတဲ့ သတၱဝါေတြ…
အဲ့ထဲမွာမွ အႏုပညာသည္ဆိုတာ ပိုေတာင္လူဆန္ေသး
စိတ္ခံစားမႈကိုဦးစားေပးတဲ့ ပိုေတာင္မွားတတ္ေသးတဲ့အမ်ိဳး။
အခုနဂ်င္းႀကီးေၾကာင့္ အႏုပညာသည္ေတြခဗ်ာ သူတို႔ရဲ႕လူမႈဘဝကို ဖံုးကြယ္ရင္း အဖြေကာင္ေတြကို ျပာျပာသလဲေၾကာက္ေနရတဲ့ဘဝ။
သူတို႔ရဲ႕လူမႈဘဝက သူတို႔ရဲ႕ေအာင္ျမင္မႈနဲ႔တိုက္႐ိုက္အခ်ိဳးက်ေနရတဲ့ဘဝ။
သ႐ုပ္ေဆာင္ေနတဲ့အခ်ိန္မက ျပင္ပဘဝမွာပါ လူေတြအႀကိဳက္ ဆက္သ႐ုပ္ေဆာင္ေနရတာ ျမန္မာျပည္မွာပဲ ရွိတယ္ထင္တယ္။
နည္းတဲ့ ဂ်င္းႀကီးလား….
လူတစ္ေယာက္ေအာင္ျမင္လာၿပီဆိုတာနဲ႔ မႏိုင္ႏိုင္ရာ ေျခသလံုးဖက္ကိုက္ၿပီး တိုက္ခိုက္ဖို႔လည္း ဝန္မေလးၾက။
တကယ့္တကယ္ရွက္ရမယ့္အရွက္တရားဟာ ဘာဆိုတာထက္ ေအာင္ျမင္လာသူတစ္ေယာက္က အရင္တုန္းက ဘယ္လိုေလ ဘယ္ဘဝကလာတာဆိုၿပီး ဆြဲခ်ၾကဖို႔ ဝန္မေလးၾက။
သူမ်ားကို ခ်ီးနဲ႔ငံုေထြးသလိုပဲ … သူတပါးခ်ီးေပဖို႔ ပါးစပ္ထဲ ခ်ီးထည့္ရတာလည္း ေပ်ာ္ေပ်ာ္ႀကီး။
ဒီၿဂိဳလ္သားေတြလည္း ေသမွ
ငါေလးလည္း သိန္းတစ္ေသာင္းထီေပါက္မွပဲ ေအးမွာပါေလ။
မေန႔က New Era of Social Network ပြဲမွာ Moderator က ေမးတယ္။ Facebookေပၚမွာ PAအလုပ္ခံရရင္ ဘယ္လိုေက်ာ္ျဖတ္သလဲတဲ့။
ကိုယ့္ဆို PAေတြအမ်ားႀကီးတိုက္ခိုက္ၾကတာ ျမင္ဖူးတယ္တဲ့။
စင္ေပၚက ေျဖတာဆိုေတာ့ ရွည္ရွည္ေဝးေဝးေလွ်ာက္ေျဖရတာေပါ့။ တကယ့္တကယ္က တစ္ခြန္းတည္းပဲ။
စဖမလ mode is on ပဲ။
ကိုယ့္အျမင္ ကိုယ့္အေတြးကို ရဲရဲဝံ့ဝံ့ေတြး ရဲရဲဝ့ံဝံ့ေျပာ
က်န္တာကေတာ့ အဖက္ကို မလုပ္တာ။
ကိုယ့္တစ္ဘဝလံုးကို ပန္ဆယ္လိုလို႔ကို ခံယူမထားတာ
ပန္ဆယ္လို သည္ ကိုယ့္ရဲ႕ တစ္စိတ္တစ္ပိုင္းပဲ။
အေရးပါတဲ့ တစ္စိတ္တစ္ပိုင္းပဲ။
တစ္ဘဝလံုး မဟုတ္ဘူး။ တစ္ဘဝလံုးစာလည္း ခံစားမွာ မဟုတ္ဘူး။ နာက်င္မွာလည္း မဟုတ္ဘူး။
အေရလည္း ထူေနၿပီ။
ဒါေပမယ့္ ကိုယ့္လို အေၾကာမထူတဲ့ လူေတြအတြက္ PAေတြဟာ တကယ့္ျပသနာပဲ။
ဥပမာ- ေလာေလာလတ္လတ္ကပဲ နာမည္ေက်ာ္လာၿပီး PAေတြေၾကာင့္ လံုးဝကိုေပ်ာက္သြားတဲ့ Mary
သိပ္ႏွေမ်ာစရာေကာင္းလြန္းတယ္။
အခ်ိဳ႕အခ်ိဳ႕လူေတြကို သိပ္ေတာင္ နားမလည္ျဖစ္လာတယ္။ (PAလုပ္သူေတြကို ေျပာျခင္းသာ)
အခ်ိဳ႕လူေတြဟာ ဘာျဖစ္ခ်င္ေနၾကမွန္းကို ကိုယ္မသိေတာ့ဘူး။
အဲ့လူတစ္ေယာက္အေပၚ ဘယ္လိုအၿငိဳးအေတးေတြ ရွိေနတာလဲ။
ဘာလို႔မ်ား လြင့္စင္ေပ်ာက္ကြယ္ နလံမထူ ျဖစ္သြားေစခ်င္ရတာလဲ။ အဲ့အတြက္ သူတို႔ စိတ္ေက်နပ္မႈကို ရသြားသလား။ ကိုယ္အံ့ၾသမိတယ္။
တစ္ခါတရံ လ်ပ္စစ္ဘတ္တံတစ္ေခ်ာင္း ျဖစ္ခ်င္တယ္။
သူတပါးရဲ႕ က်ရွံဳးမႈကို စုပ္ယူၿပီး ေက်နပ္မႈရွာတဲ့
အဆိပ္သင့္အေတြးအသိေတြ ျဖန္႔ေဝတတ္တဲ့
လူ႔ျခင္က်ားေတြကို တျဖန္းျဖန္း ႐ိုက္သတ္ခ်င္လို႔…

Credit:ပန္ဆယ္လို
=======

မအေးသောင်း မအေးသောင်းနဲ့ ခေတ်ထလာတဲ့အချိန်မှာ
ကိုယ်စတွေးမိတာက မမအေးသောင်းတစ်ယောက်
ဖေ့စ်ဘုတ်ပေါ်က PAကောင်တွေလက်ချက် မမိပါစေနဲ့ဆုတောင်းမိတာပါပဲ။
သိပ်မကြာဘူး … ထင်တဲ့အတိုင်းပဲ
မြန်မာဆန်ဆန်လေး လှနေတဲ့ မမအေးသောင်းရဲ့ အရင်က Bikini ပုံတွေ တင်လာမန့်လာရှဲလာကြတော့တာပဲ။
ကိုယ်မေးပါရစေ…. Bikiniဆိုတာ အမျိုးသမီးတွေဝတ်ဖို့ထုတ်ထားတာ
အမျိုးသမီးတစ်ယောက် Bikiniဝတ်တာ ဘာဆန်းလို့လဲ။
အမျိုးသမီးထဲမှာမှ မော်ဒယ်သရုပ်ဆောင်အမျိုးသမီးတစ်ယောက် Bikini ဝတ်တာ ဘာဆန်းလို့လဲ။
အဲ့လိုပြောလို့ မိပန်တစ်ယောက် Bikini မချွတ်တမ်းဝတ်တယ်များ လာPAဦးမလားမသိဘူး။
ကိုယ်ကတော့ မဝတ်ဘူး… သိပ်ယဉ်ကျေးသိမ်မွေ့မြန်မာဆန်လွန်းလို့တော့ မဟုတ်ဘူး။
ဝတ်လို့မလှလို့….
Bikini ဝတ်ဖို့ဆိုတာ ပေါင်တံလှရမယ်၊ ဒူးတွေမဲမနေရဘူး၊ ခြေသလုံးမှာ အဆီလုံးကြီး မရှိရဘူး၊ ဗိုက်ခေါက်ကြီးထွက်နေလို့ မရဘူး။ ဟိုကြားဒီကြားကလည်း ဖြူရဦးမယ်။ Bikini ဝတ်ဖို့ဆိုတာ တော်ရုံလှရုံနဲ့မရဘူးပြောတာ။
သူ့ဘာသာ မြန်မာဆန်ဆန်လေး ဝတ်တယ်။
လူတွေသဘောကျကြတယ်။ ကဗျာဆရာတွေ ကြွေကြတယ်။ ကဗျာရေးကြတယ်။ မအေးသောင်းလေးခဗျာ မြန်မာဆန်ဆန်လေးပဲ ဝတ်ရရှာတော့တယ်။
Newfeed တစ်ခုလုံး မအေးသောင်း မအေးသောင်း ဖြစ်လာတော့ စောနကပြောတဲ့ PAကောင်တွေရဲ့ ဘယ်နားကရှာဖွေလာမှန်းမသိတဲ့ Bikini ပုံတွေ ထွက်လာတော့တာပဲ။
မေးပါရစေ
Bikini ဝတ်ဖူးတာနဲ့ မြန်မာဝတ်စုံ မဝတ်ရတော့ဘူးလား။
မြန်မာဝတ်စုံဝတ်တာနဲ့ Bikini မဝတ်ရတော့ဘူးလား။
အနုပညာရှင်တစ်ယောက်ဖြစ်တာနဲ့ သူတော်စင်လိုလို စံနမူနာလိုလိုနဲ့ စာအုပ်ကြီးထဲ ဇွတ်ထည့်ဖို့ ကြိုးစားတာ ပြသနာပဲ။
Bikini ဝတ်လို့သာ အမြင်ကပ်ရမယ်ဆို မအောင်မြင်ရဘူးဆိုရင် ဘယ်မော်ဒယ်မှ လွတ်မယ်မထင်။
မြန်မာ့လူအသိုင်းအဝိုင်းမှာ ဂျင်းအကြီးကြီးတစ်ခု ရှိတယ်။
အနုပညာသည်ဆိုတာနဲ့ သူတော်စင်လိုလို စံနမူနာ ပုဂ္ဂိုလ်လိုလို မှားခွင့်မရှိတော့သလိုလို ရိုက်သွင်းလက်ဆင့်ကမ်းနေတဲ့ Society ကြီး။
လူဆိုတာ မှားလေ့မှားထရှိတဲ့ သတ္တဝါတွေ…
အဲ့ထဲမှာမှ အနုပညာသည်ဆိုတာ ပိုတောင်လူဆန်သေး
စိတ်ခံစားမှုကိုဦးစားပေးတဲ့ ပိုတောင်မှားတတ်သေးတဲ့အမျိုး။
အခုနဂျင်းကြီးကြောင့် အနုပညာသည်တွေခဗျာ သူတို့ရဲ့လူမှုဘဝကို ဖုံးကွယ်ရင်း အဖွကောင်တွေကို ပြာပြာသလဲကြောက်နေရတဲ့ဘဝ။
သူတို့ရဲ့လူမှုဘဝက သူတို့ရဲ့အောင်မြင်မှုနဲ့တိုက်ရိုက်အချိုးကျနေရတဲ့ဘဝ။
သရုပ်ဆောင်နေတဲ့အချိန်မက ပြင်ပဘဝမှာပါ လူတွေအကြိုက် ဆက်သရုပ်ဆောင်နေရတာ မြန်မာပြည်မှာပဲ ရှိတယ်ထင်တယ်။
နည်းတဲ့ ဂျင်းကြီးလား….
လူတစ်ယောက်အောင်မြင်လာပြီဆိုတာနဲ့ မနိုင်နိုင်ရာ ခြေသလုံးဖက်ကိုက်ပြီး တိုက်ခိုက်ဖို့လည်း ဝန်မလေးကြ။
တကယ့်တကယ်ရှက်ရမယ့်အရှက်တရားဟာ ဘာဆိုတာထက် အောင်မြင်လာသူတစ်ယောက်က အရင်တုန်းက ဘယ်လိုလေ ဘယ်ဘဝကလာတာဆိုပြီး ဆွဲချကြဖို့ ဝန်မလေးကြ။
သူများကို ချီးနဲ့ငုံထွေးသလိုပဲ … သူတပါးချီးပေဖို့ ပါးစပ်ထဲ ချီးထည့်ရတာလည်း ပျော်ပျော်ကြီး။
ဒီဂြိုလ်သားတွေလည်း သေမှ
ငါလေးလည်း သိန်းတစ်သောင်းထီပေါက်မှပဲ အေးမှာပါလေ။
မနေ့က New Era of Social Network ပွဲမှာ Moderator က မေးတယ်။ Facebookပေါ်မှာ PAအလုပ်ခံရရင် ဘယ်လိုကျော်ဖြတ်သလဲတဲ့။
ကိုယ့်ဆို PAတွေအများကြီးတိုက်ခိုက်ကြတာ မြင်ဖူးတယ်တဲ့။
စင်ပေါ်က ဖြေတာဆိုတော့ ရှည်ရှည်ဝေးဝေးလျှောက်ဖြေရတာပေါ့။ တကယ့်တကယ်က တစ်ခွန်းတည်းပဲ။
စဖမလ mode is on ပဲ။
ကိုယ့်အမြင် ကိုယ့်အတွေးကို ရဲရဲဝံ့ဝံ့တွေး ရဲရဲဝ့ံဝံ့ပြော
ကျန်တာကတော့ အဖက်ကို မလုပ်တာ။
ကိုယ့်တစ်ဘဝလုံးကို ပန်ဆယ်လိုလို့ကို ခံယူမထားတာ
ပန်ဆယ်လို သည် ကိုယ့်ရဲ့ တစ်စိတ်တစ်ပိုင်းပဲ။
အရေးပါတဲ့ တစ်စိတ်တစ်ပိုင်းပဲ။
တစ်ဘဝလုံး မဟုတ်ဘူး။ တစ်ဘဝလုံးစာလည်း ခံစားမှာ မဟုတ်ဘူး။ နာကျင်မှာလည်း မဟုတ်ဘူး။
အရေလည်း ထူနေပြီ။
ဒါပေမယ့် ကိုယ့်လို အကြောမထူတဲ့ လူတွေအတွက် PAတွေဟာ တကယ့်ပြသနာပဲ။
ဥပမာ- လောလောလတ်လတ်ကပဲ နာမည်ကျော်လာပြီး PAတွေကြောင့် လုံးဝကိုပျောက်သွားတဲ့ Mary
သိပ်နှမျောစရာကောင်းလွန်းတယ်။
အချို့အချို့လူတွေကို သိပ်တောင် နားမလည်ဖြစ်လာတယ်။ (PAလုပ်သူတွေကို ပြောခြင်းသာ)
အချို့လူတွေဟာ ဘာဖြစ်ချင်နေကြမှန်းကို ကိုယ်မသိတော့ဘူး။
အဲ့လူတစ်ယောက်အပေါ် ဘယ်လိုအငြိုးအတေးတွေ ရှိနေတာလဲ။
ဘာလို့များ လွင့်စင်ပျောက်ကွယ် နလံမထူ ဖြစ်သွားစေချင်ရတာလဲ။ အဲ့အတွက် သူတို့ စိတ်ကျေနပ်မှုကို ရသွားသလား။ ကိုယ်အံ့သြမိတယ်။
တစ်ခါတရံ လျပ်စစ်ဘတ်တံတစ်ချောင်း ဖြစ်ချင်တယ်။
သူတပါးရဲ့ ကျရှုံးမှုကို စုပ်ယူပြီး ကျေနပ်မှုရှာတဲ့
အဆိပ်သင့်အတွေးအသိတွေ ဖြန့်ဝေတတ်တဲ့
လူ့ခြင်ကျားတွေကို တဖြန်းဖြန်း ရိုက်သတ်ချင်လို့…

Credit:ပန်ဆယ်လို

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...