“အကိုေရ” “အာေသာက ကားမွတ္တိုင္ကိုဘယ္လိုသြားရမလဲ” ေမးသံၾကားလို႔ လွည့္ၾကည့္လိုက္ေတာ့ … နပ္(စ္) မ ေလး တစ္ေယာက္...

“အကိုေရ” “အာေသာက ကားမွတ္တိုင္ကိုဘယ္လိုသြားရမလဲ” ေမးသံၾကားလို႔ လွည့္ၾကည့္လိုက္ေတာ့ … နပ္(စ္) မ ေလး တစ္ေယာက္။ ( ေက်ာက္ေျမာင္းထဲ Special nurse လာလုပ္ၿပီး အိမ္ျပန္ေနာက္က်ေနတဲ႔ ဆရာမေလးျဖစ္မယ္ ) ေတြးၿပီး “ဒီလမ္းအတိုင္း တည့္တည့္သြား လမ္းဆံုးရင္ ညာဘက္ခ်ိဳးပါ ။

အာေသာက မွတ္တိုင္ကို ေတြ႕လိမ့္မယ္ ” လို႔ လမ္းညႊန္ေပး လိုက္တယ္ ။ ဒါေပမယ့္ သူက မသြားေသးဘဲ “အကို ” “ဟို”. . . . ေလ ။

က်ြန္မ ပိုက္ဆံအိတ္ က် ေပ်ာက္ သြား လို႔။ သမီးက သန္လ်ွင္ထိ ျပန္ရမွာ အဲဒါ ျဖစ္ႏိုင္ရင္ကားခေလး အကူအညီ ေပးပါ လား” . . . တဲ႔ ။

(သူ႕ခမ်ာ ဒုကၡေရာက္ေနရွာတာဘဲ) လို႔ ေတြးၿပီး ကားပါကင္ေစာင့္တဲ႔ အဘိုးႀကီးကိုေပးဖို႔ ယူလာတဲ႔ ၅၀၀ိ တန္ကို သူမ လက္ထဲထည့္ေပးလိုက္တယ္။ “ေရာ့ ” ညီမ ” “ဒါကိုယူသြား” လမ္းထိပ္မွာ သန္လ်ွင္ကို သြားတဲ႔ ၾကားကားေတြ ရွိတယ္ ။ တစ္ေယာက္ကို ၅၀၀ိ ပဲ ေပးရတယ္ အဲဒါ စီးသြားလိုက္။

ဒါေပမယ့္ သူမကပိုက္ဆံကိုမယူဘဲထပ္ေျပာတယ္။ သမီးအေမေနမေကာင္းလို႔ အိမ္ကို ျမန္ျမန္ျပန္ေရာက္ေအာင္ ကား ငွားၿပီးျပန္ခ်င္တာ။ ကားငွားလို႔ရေအာင္ ၆၀၀၀ ေလာက္ ခဏ ေခ်းပါလား။ သမီးက ဟို ေရွ့နားက အိမ္မွာ လူနာလာျပဳ စုတာပါ ။ ဖုန္းနံပါတ္ေပးခဲ႔မယ္ေလ။

အကို႔ ဖုန္းနံပါတ္လဲ ေပးပါ။ မနက္က်ရင္ အကို႔ဆီဖုန္းဆက္ၿပီး လာေပးလိုက္ပါ့မယ္ . . . တဲ႔။ ( “ဒီ ေကာင္မေလးေတာ့ ငါ့ကို အခ်ဥ္ေဖါက္ ေနၿပီ”) . . . ေတြးၿပီး “ဒါဆို ညီမ ဖုန္း ေပးထားခဲ႔လိုက္ေလ” လို႔ ေျပာ လိုက္ေတာ့ – – – “ဖုန္းက ေပ်ာက္သြားတဲ႔ ပိုက္ဆံအိတ္ထဲမွာ ပါသြားတာ” . . . . တဲ႔ဗ်။

(ငါ့ကို ဒါမ်ိဳး လာစားလို႔ေတာ့ ဘယ္ ရမလဲ ။ ငါလဲျပန္က်ပ္မယ္) လို႔ေတြးျပီး – – – “ဒါဆို ညီမ ကားေပၚတက္” “သန္ လ်ွင္ေရာက္တဲ႔အထိလိုက္ပို႔ေပးမယ္” လို႔ေျပာလိုက္ေတာ့ – – – မ်က္ႏွာပ်က္သြားၿပီး “မပို႔ပါနဲ႔ ” . . .”အားနာစရာႀကီး” “Taxi ဖိုးဘဲ ကူညီေပးပါ” တဲ႔ဗ်ိဳ႕။

“ေပးစရာ ပိုက္ဆံေတာ့ ပါ မလာဘူး ညီမေရ ။ တျခားလူေတြဆီဘဲ အကူအညီေတာင္းလိုက္ပါ” လို႔ ေျပာလိုက္ေတာ့မွ အေျခအေန မဟန္မွန္းသိလို႔ လစ္သြားပါေတာ့တယ္။

သူထြက္သြားေတာ့ ကားကိုမေရႊ့ျဖစ္ေသးဘဲ စဥ္းစားေနမိတယ္။ ဒီ ေကာင္မ ေလး ရုပ္ရည္ေလး သနားကမားနဲ႔ သူနာျပဳ ဝတ္စံုကို အလြဲသံုးစားလုပ္ၿပီး လူေတြကို လိုက္ လိမ္ ေန တယ္။ ဒါမ်ိဳး ဘယ္ႏွစ္ေယာက္ကိုမ်ား လိမ္ၿပီးၿပီလဲ မသိဘူး။

ေနာက္ထပ္ လဲ လိမ္ဦးမွာဘဲ လို႔ေတြးၿပီး သူ႕ေနာက္က လိုက္ၾကည့္ဖို႔ ဆံုးျဖတ္လိုက္တယ္။ ကားမီးေတြ ပိတ္ၿပီး ေမာင္း လာခဲ႔ေတာ့ “အမယ္” . . . “သူက ေနာက္ထပ္သားေကာင္တစ္ေယာက္ကို အမိ ဖမ္းေနၿပီ။

Lexus ကားနဲ႔ သူေဌး ပံုေပါက္တဲ႔ ဘဲႀကီး တစ္ေပြ ကိုဗ် ။ အဲဒါနဲ႔ လမ္းေဘးကပ္ၿပီးေစာင့္ၾကည့္ေနလိုက္တယ္။ ခဏ ၾကာေတာ့ ဘဲႀကီးက ပိုက္ဆံေပးမယ့္ပံုစံနဲ႔ ကားထဲက ပိုက္ဆံအိတ္ကို လွမ္းအယူမွာ က်ြန္ေတာ္က ကားကိုေမာင္း ထြက္လိုက္ၿပီး သူမ ေဘးမွာ ရပ္လိုက္တယ္။

ၿပီးေတာ့. . . “ညီမ ခုထိ မျပန္ေသးဘူးလား” လို႔ ေမးလိုက္ေတာ့ ဟိုလူႀကီးေပးမယ့္ ပိုက္ဆံကိုေတာင္ မယူ ႏိုင္ေတာ့ဘဲ ေျပးေတာ့တာဘဲ ဗ်ိဳ႕ 🙂 🙂 🙂 🙂 🙂 ဒီလို ပံုစံ မ်ိဳးစံုနဲ႔ လိမ္စား ေနၾကတဲ႔သူေတြ အမ်ားႀကီးရွိပါတယ္။

Friends တို႔ကို လာၿပီး အခ်ဥ္ေဖါက္ရင္ လည္း လြတ္ေအာင္ေရွာင္ႏိုင္ၾကပါေစ။

Credit toYan Naing
Source : goo.gl/Mo6Sr9
=========

“အကိုရေ” “အာသောက ကားမှတ်တိုင်ကိုဘယ်လိုသွားရမလဲ” မေးသံကြားလို့ လှည့်ကြည့်လိုက်တော့ … နပ်(စ်) မ လေး တစ်ယောက်။ ( ကျောက်မြောင်းထဲ Special nurse လာလုပ်ပြီး အိမ်ပြန်နောက်ကျနေတဲ့ ဆရာမလေးဖြစ်မယ် ) တွေးပြီး “ဒီလမ်းအတိုင်း တည့်တည့်သွား လမ်းဆုံးရင် ညာဘက်ချိုးပါ ။

အာသောက မှတ်တိုင်ကို တွေ့လိမ့်မယ် ” လို့ လမ်းညွှန်ပေး လိုက်တယ် ။ ဒါပေမယ့် သူက မသွားသေးဘဲ “အကို ” “ဟို”. . . . လေ ။

ကျွန်မ ပိုက်ဆံအိတ် ကျ ပျောက် သွား လို့။ သမီးက သန်လျှင်ထိ ပြန်ရမှာ အဲဒါ ဖြစ်နိုင်ရင်ကားခလေး အကူအညီ ပေးပါ လား” . . . တဲ့ ။

(သူ့ခမျာ ဒုက္ခရောက်နေရှာတာဘဲ) လို့ တွေးပြီး ကားပါကင်စောင့်တဲ့ အဘိုးကြီးကိုပေးဖို့ ယူလာတဲ့ ၅၀၀ိ တန်ကို သူမ လက်ထဲထည့်ပေးလိုက်တယ်။ “ရော့ ” ညီမ ” “ဒါကိုယူသွား” လမ်းထိပ်မှာ သန်လျှင်ကို သွားတဲ့ ကြားကားတွေ ရှိတယ် ။ တစ်ယောက်ကို ၅၀၀ိ ပဲ ပေးရတယ် အဲဒါ စီးသွားလိုက်။

ဒါပေမယ့် သူမကပိုက်ဆံကိုမယူဘဲထပ်ပြောတယ်။ သမီးအမေနေမကောင်းလို့ အိမ်ကို မြန်မြန်ပြန်ရောက်အောင် ကား ငှားပြီးပြန်ချင်တာ။ ကားငှားလို့ရအောင် ၆၀၀၀ လောက် ခဏ ချေးပါလား။ သမီးက ဟို ရှေ့နားက အိမ်မှာ လူနာလာပြု စုတာပါ ။ ဖုန်းနံပါတ်ပေးခဲ့မယ်လေ။

အကို့ ဖုန်းနံပါတ်လဲ ပေးပါ။ မနက်ကျရင် အကို့ဆီဖုန်းဆက်ပြီး လာပေးလိုက်ပါ့မယ် . . . တဲ့။ ( “ဒီ ကောင်မလေးတော့ ငါ့ကို အချဉ်ဖေါက် နေပြီ”) . . . တွေးပြီး “ဒါဆို ညီမ ဖုန်း ပေးထားခဲ့လိုက်လေ” လို့ ပြော လိုက်တော့ – – – “ဖုန်းက ပျောက်သွားတဲ့ ပိုက်ဆံအိတ်ထဲမှာ ပါသွားတာ” . . . . တဲ့ဗျ။

(ငါ့ကို ဒါမျိုး လာစားလို့တော့ ဘယ် ရမလဲ ။ ငါလဲပြန်ကျပ်မယ်) လို့တွေးပြီး – – – “ဒါဆို ညီမ ကားပေါ်တက်” “သန် လျှင်ရောက်တဲ့အထိလိုက်ပို့ပေးမယ်” လို့ပြောလိုက်တော့ – – – မျက်နှာပျက်သွားပြီး “မပို့ပါနဲ့ ” . . .”အားနာစရာကြီး” “Taxi ဖိုးဘဲ ကူညီပေးပါ” တဲ့ဗျို့။

“ပေးစရာ ပိုက်ဆံတော့ ပါ မလာဘူး ညီမရေ ။ တခြားလူတွေဆီဘဲ အကူအညီတောင်းလိုက်ပါ” လို့ ပြောလိုက်တော့မှ အခြေအနေ မဟန်မှန်းသိလို့ လစ်သွားပါတော့တယ်။

သူထွက်သွားတော့ ကားကိုမရွှေ့ဖြစ်သေးဘဲ စဉ်းစားနေမိတယ်။ ဒီ ကောင်မ လေး ရုပ်ရည်လေး သနားကမားနဲ့ သူနာပြု ဝတ်စုံကို အလွဲသုံးစားလုပ်ပြီး လူတွေကို လိုက် လိမ် နေ တယ်။ ဒါမျိုး ဘယ်နှစ်ယောက်ကိုများ လိမ်ပြီးပြီလဲ မသိဘူး။

နောက်ထပ် လဲ လိမ်ဦးမှာဘဲ လို့တွေးပြီး သူ့နောက်က လိုက်ကြည့်ဖို့ ဆုံးဖြတ်လိုက်တယ်။ ကားမီးတွေ ပိတ်ပြီး မောင်း လာခဲ့တော့ “အမယ်” . . . “သူက နောက်ထပ်သားကောင်တစ်ယောက်ကို အမိ ဖမ်းနေပြီ။

Lexus ကားနဲ့ သူဌေး ပုံပေါက်တဲ့ ဘဲကြီး တစ်ပွေ ကိုဗျ ။ အဲဒါနဲ့ လမ်းဘေးကပ်ပြီးစောင့်ကြည့်နေလိုက်တယ်။ ခဏ ကြာတော့ ဘဲကြီးက ပိုက်ဆံပေးမယ့်ပုံစံနဲ့ ကားထဲက ပိုက်ဆံအိတ်ကို လှမ်းအယူမှာ ကျွန်တော်က ကားကိုမောင်း ထွက်လိုက်ပြီး သူမ ဘေးမှာ ရပ်လိုက်တယ်။

ပြီးတော့. . . “ညီမ ခုထိ မပြန်သေးဘူးလား” လို့ မေးလိုက်တော့ ဟိုလူကြီးပေးမယ့် ပိုက်ဆံကိုတောင် မယူ နိုင်တော့ဘဲ ပြေးတော့တာဘဲ ဗျို့ 🙂 🙂 🙂 🙂 🙂 ဒီလို ပုံစံ မျိုးစုံနဲ့ လိမ်စား နေကြတဲ့သူတွေ အများကြီးရှိပါတယ်။

Friends တို့ကို လာပြီး အချဉ်ဖေါက်ရင် လည်း လွတ်အောင်ရှောင်နိုင်ကြပါစေ။

Credit toYan Naing
Source : goo.gl/Mo6Sr9

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...