ေလယာဥ္ျပန္ေပးဆြဲခဲ့သူ ကိုရဲရင့္ ျမန္မာျပည္ျပန္ရန္အခက္ေတြ႔ေန


ကေနဒါႏိုင္ငံက ႏိုင္ငံေရးခိုလံႈခြင့္ကိုပယ္ခ်ၿပီး ျမန္မာႏိုင္ငံျပန္ပို႔ဖို႔ စီစဥ္ခံေနရတဲ့ ေလယာဥ္ ျပန္ေပးဆြဲခဲ့သူ ကိုရဲရင့္အေနနဲ႔ ျမန္မာႏိုင္ငံကိုျပန္လာဖို႔ အခက္အခဲေတြ ရွိေနတယ္လို႔ သူ႔ရဲ႕ မိတ္ေဆြေတြက ရန္ကုန္မွာ  သတင္းစာရွင္းလင္းပြဲျပဳလုပ္ၿပီး ေျပာဆိုလိုက္ပါတယ္။

စက္မႈတကၠသိုလ္ RIT ေက်ာင္းသားေဟာင္း ကိုရဲရင့္ ေခၚ ကိုသန္းစိုးဟာ ၈၈ အေရးအခင္းကာလက  ကိုဘုန္းေမာ္က်ဆံုးၿပီးေနာက္ပိုင္း ေတာခိုခဲ့ၿပီး ျပည္ပႏုိင္ငံေတြမွာ ၂၉ ႏွစ္တာ အခက္အခဲေတြနဲ႔ ေနထိုင္ခဲ့ရတာပါ။
လက္ရိွ ကေနဒါမွာ ႏုိင္ငံေရးခိုလံႈခြင့္မရဘဲ နားလည္မႈနဲ႔ ေနထိုင္ခြင့္ရေနရာကေန အခုခ်ိန္မွာ ကာယကံရွင္ဆႏၵကို ေဆြးေႏြးတာမရိွဘဲ ျမန္မာႏုိင္ငံကို ခ်က္ခ်င္းျပန္ဖို႔ ကေနဒါ အစိုးရက လုပ္ေဆာင္ေနတယ္လို႔  ျမန္မာႏိုင္ငံမွာရိွတဲ့ သူ႔ရဲ႕မိတ္ေဆြ ကိုဇာနည္ေသြးက မေန႔က သတင္းစာရွင္လင္းပြဲမွာ ေျပာပါတယ္။
ကိုရဲရင့္ဟာ ၁၉၈၉ ခုႏွစ္မွာ ထိုင္းကေန ျမန္မာႏိုင္ငံကို ျပန္ဝင္လာၿပီး  ျမန္မာ့ ဒီမိုကေရစီအေရးကို ကမၻာက ပိုအာ႐ုံစိုက္လာဖို႔အတြက္ ၿမိတ္ကေန ရန္ကုန္ကို ေျပးဆြဲတဲ့ ျမန္မာ့ေလေၾကာင္းလိုင္း ပိုင္ခရီးသည္တင္ေလယာဥ္တစီးကို ထိုင္းႏိုင္ငံသို႔ ျပန္ေပးဆြဲခဲ့ပါတယ္။
ဒီေနာက္ ထိုင္းႏုိင္ငံမွာ ေထာင္ ၆ ႏွစ္အခ်ခံရၿပီး ၁၉၉၃ ခုႏွစ္မွာ လြတ္ၿငိမ္းခ်မ္းသာနဲ႔ ထိုင္းဘုရင္ေမြးေန႔မွာ ျပန္လြတ္ေျမာက္လာခဲ့ပါတယ္။
၁၉၉၆ ခုႏွစ္မွာ အေမရိကန္ျပည္ေထာင္စုမွာ ပညာေတာ္သင္ဆုရလို႔ တက္ေရာက္ခဲ့ၿပီး 9/11 အၾကမ္းဖက္တိုက္ခိုက္မႈျဖစ္ၿပီးေနာက္မွာ ေလယာဥ္ျပန္ေပးဆြဲခဲ့တဲ့ ကိစၥနဲ႔ အေမရိကန္မွာ  ၂၀၀၃ ခုႏွစ္အထိ ထိန္းသိမ္းခံခဲ့ရျပန္ပါတယ္။
၂၀၀၃ ခုႏွစ္မွာေတာ့ ႏုိင္ငံေရးအသိုင္းအဝုိင္းရဲ႕ ကူညီမႈနဲ႔ ကေနဒါႏုိင္ငံမွာ နားလည္မႈနဲ႔ ေနထိုင္ခဲ့ရပါတယ္။ ဒါေပမယ့္ အခုခ်ိန္မွာေတာ့ ကေနဒါအစိုးရက သူ႔ကို ျမန္မာႏိုင္ငံကို အတင္းအက်ပ္ ျပန္လည္ပို႔ေဆာင္ဖို႔ စီစဥ္ေနပါတယ္။
Credit:DVB
Unicode
ကနေဒါနိုင်ငံက နိုင်ငံရေးခိုလှုံခွင့်ကိုပယ်ချပြီး မြန်မာနိုင်ငံပြန်ပို့ဖို့ စီစဉ်ခံနေရတဲ့ လေယာဉ် ပြန်ပေးဆွဲခဲ့သူ ကိုရဲရင့်အနေနဲ့ မြန်မာနိုင်ငံကိုပြန်လာဖို့ အခက်အခဲတွေ ရှိနေတယ်လို့ သူ့ရဲ့ မိတ်ဆွေတွေက ရန်ကုန်မှာ  သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး ပြောဆိုလိုက်ပါတယ်။
စက်မှုတက္ကသိုလ် RIT ကျောင်းသားဟောင်း ကိုရဲရင့် ခေါ် ကိုသန်းစိုးဟာ ၈၈ အရေးအခင်းကာလက  ကိုဘုန်းမော်ကျဆုံးပြီးနောက်ပိုင်း တောခိုခဲ့ပြီး ပြည်ပနိုင်ငံတွေမှာ ၂၉ နှစ်တာ အခက်အခဲတွေနဲ့ နေထိုင်ခဲ့ရတာပါ။
လက်ရှိ ကနေဒါမှာ နိုင်ငံရေးခိုလှုံခွင့်မရဘဲ နားလည်မှုနဲ့ နေထိုင်ခွင့်ရနေရာကနေ အခုချိန်မှာ ကာယကံရှင်ဆန္ဒကို ဆွေးနွေးတာမရှိဘဲ မြန်မာနိုင်ငံကို ချက်ချင်းပြန်ဖို့ ကနေဒါ အစိုးရက လုပ်ဆောင်နေတယ်လို့  မြန်မာနိုင်ငံမှာရှိတဲ့ သူ့ရဲ့မိတ်ဆွေ ကိုဇာနည်သွေးက မနေ့က သတင်းစာရှင်လင်းပွဲမှာ ပြောပါတယ်။
ကိုရဲရင့်ဟာ ၁၉၈၉ ခုနှစ်မှာ ထိုင်းကနေ မြန်မာနိုင်ငံကို ပြန်ဝင်လာပြီး  မြန်မာ့ ဒီမိုကရေစီအရေးကို ကမ္ဘာက ပိုအာရုံစိုက်လာဖို့အတွက် မြိတ်ကနေ ရန်ကုန်ကို ပြေးဆွဲတဲ့ မြန်မာ့လေကြောင်းလိုင်း ပိုင်ခရီးသည်တင်လေယာဉ်တစီးကို ထိုင်းနိုင်ငံသို့ ပြန်ပေးဆွဲခဲ့ပါတယ်။
ဒီနောက် ထိုင်းနိုင်ငံမှာ ထောင် ၆ နှစ်အချခံရပြီး ၁၉၉၃ ခုနှစ်မှာ လွတ်ငြိမ်းချမ်းသာနဲ့ ထိုင်းဘုရင်မွေးနေ့မှာ ပြန်လွတ်မြောက်လာခဲ့ပါတယ်။
၁၉၉၆ ခုနှစ်မှာ အမေရိကန်ပြည်ထောင်စုမှာ ပညာတော်သင်ဆုရလို့ တက်ရောက်ခဲ့ပြီး 9/11 အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ပြီးနောက်မှာ လေယာဉ်ပြန်ပေးဆွဲခဲ့တဲ့ ကိစ္စနဲ့ အမေရိကန်မှာ  ၂၀ဝ၃ ခုနှစ်အထိ ထိန်းသိမ်းခံခဲ့ရပြန်ပါတယ်။
၂၀ဝ၃ ခုနှစ်မှာတော့ နိုင်ငံရေးအသိုင်းအဝိုင်းရဲ့ ကူညီမှုနဲ့ ကနေဒါနိုင်ငံမှာ နားလည်မှုနဲ့ နေထိုင်ခဲ့ရပါတယ်။ ဒါပေမယ့် အခုချိန်မှာတော့ ကနေဒါအစိုးရက သူ့ကို မြန်မာနိုင်ငံကို အတင်းအကျပ် ပြန်လည်ပို့ဆောင်ဖို့ စီစဉ်နေပါတယ်။

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...