သိန္းငါးေထာင္၊ သိန္းသုံးေထာင္ႏွင့္ သိန္းတစ္ေထာင္ ဆုအေရအတြက္မ်ား ေအာင္ဘာေလထီတြင္ တိုးျမႇင့္ထား

လာမည့္ ဇူလိုင္ ၁ ရက္တြင္ဖြင့္လွစ္မည့္ (၄)ႀကိမ္ေျမာက္ က်ပ္ ၅ဝဝ တန္ ေအာင္ဘာေလထီတြင္ အျမင့္ဆုံးဆုေၾကး က်ပ္သိန္းတစ္ေသာင္းအျပင္က်ပ္သိန္းငါးေထာင္ဆု၊ က်ပ္သိန္းသုံးေထာင္ဆုႏွင့္ က်ပ္သိန္းတစ္ေထာင္ ဆုတို႔ကို ဆုအေရအတြက္ ထပ္တိုးခ်ီးျမႇင့္မည္ျဖစ္ေၾကာင္း ေအာင္ဘာေလသိန္းဆုဌာနခြဲမွ သိရသည္။

ယခုလ ၁ ရက္တြင္ စတင္ေရာင္းခ်ခဲ့ၿပီး ဇူလိုင္ ၁ ရက္တြင္ ဖြင့္လွစ္မည့္ (၄)ႀကိမ္ေျမာက္ က်ပ္ ၅ဝဝ တန္ ေအာင္ဘာေလထီတြင္ က်ပ္သိန္း တစ္ေသာင္းဆုအျပင္ က်ပ္သိန္းငါးေထာင္ဆု ႏွစ္ဆု၊ က်ပ္သိန္း သုံးေထာင္ဆု သံုးဆု၊ က်ပ္သိန္း တစ္ေထာင္ဆု ေျခာက္ဆုအထိ ထပ္တိုးခ်ီးျမႇင့္သြား မည္ျဖစ္ၿပီး က်ပ္သိန္း ၅ဝဝ ဆု ရွစ္ဆု၊ က်ပ္သိန္း ၃ဝဝ ဆု ကိုးဆု၊ က်ပ္သိန္း ၁ဝဝ ဆု ကိုးဆု၊ က်ပ္သိန္း ၅ဝ ဆု ၁၂ ဆု၊ က်ပ္သိန္း ၃ဝ ဆု ၁၂ ဆု၊ က်ပ္ ၁ဝ သိန္းဆု ၁၃ ဆု၊ ေဝေဝဆာဆာ ပေဒသာဆုမဲစနစ္တြင္ က်ပ္ ၃ သိန္းဆု (အကၡရာ ႏွင့္ ေရွ႕ဂဏန္း ၅ လုံးတူ) ၁ဝ ယူနစ္ ဆု ၁ဝဝ ဆု၊ က်ပ္ ၂ သိန္းဆု (အကၡရာႏွင့္ ေရွ႕ဂဏန္း ၄ လုံးတူ) ၁ဝ ယူနစ္ ဆု ၁ဝဝဝ ဆု၊ က်ပ္ ၁ သိန္း (အကၡရာႏွင့္ ေရွ႕ဂဏန္း ၃ လုံးတူ) ၁၂ ယူနစ္ ဆု ၁၂ဝဝဝ ဆု၊ က်ပ္ ၅ ေသာင္းဆု (အကၡရာႏွင့္ ေရွ႕ဂဏန္း ၂ လုံးတူ) ၁ဝ ယူနစ္ ဆု ၁ဝဝဝဝဝ ဆု စုစုေပါင္းဆုမဲအေရအတြက္ ၁၁၃၁၇၅ ဆု ခ်ီးျမႇင့္သြားမည္ျဖစ္ေၾကာင္း ေအာင္ဘာေလသိန္းဆု ဌာနခြဲမွ သိရသည္။

က်ပ္ ၅ဝဝ တန္ ေအာင္ဘာေလ ထီလက္မွတ္တြင္ (၁) ႀကိမ္ေျမာက္ ထီဖြင့္ပြဲမွ (၃) ႀကိမ္ေျမာက္ ထီဖြင့္ပြဲအထိ အျမင့္ဆုံးဆုေၾကး က်ပ္သိန္း ၁ဝဝဝဝ ဆု တစ္ဆု၊ က်ပ္သိန္း ၅ဝဝဝ ဆုတစ္ဆု၊ က်ပ္သိန္း ၁ဝဝဝ ဆု တစ္ဆုတို႔အပါအဝင္ က်ပ္သိန္း ၁ဝဝ၊ က်ပ္သိန္း ၅ဝ၊ က်ပ္ ၁ဝ သိန္းႏွင့္ ပေဒသာ ဆုမဲစနစ္မ်ားကို ေပးအပ္ခ်ီးျမႇင့္ခဲ့ၿပီး ဇူလိုင္ ၁ ရက္တြင္ ဖြင့္လွစ္မည့္ (၄) ႀကိမ္ေျမာက္ ထီဖြင့္ပြဲတြင္ က်ပ္သိန္း ၃ဝဝဝ ဆုကို ထည့္သြင္းခ်ီးျမႇင့္ ခဲ့ျခင္းျဖစ္သည္။

ယခု ဖြင့္လွစ္မည့္ (၄)ႀကိမ္ေျမာက္ က်ပ္ ၅ဝဝ တန္ ေအာင္ဘာေလ ထီလက္မွတ္တြင္ ပင္မထီ “က” အကၡရာမွ အစဥ္လိုက္ “ဖ”အကၡရာ အထိ အကၡရာအလုံးေရ ၂၂ လုံးႏွင့္ အရန္ထီ“ကက”အကၡရာမွ အစဥ္လိုက္ “ကဖ”အကၡရာအထိ ၂၂ လုံး စုစုေပါင္းအကၡရာ ၄၄ လုံး၊ ထီစာအုပ္ေပါင္း ၃၅၉၉၉၉၂ အုပ္၊ ထီလက္မွတ္ေစာင္ေရေပါင္း ၃၉၅၉၉၉၁၂ ေစာင္ ေရာင္းခ်ခဲ့ရၿပီး ယခင္အႀကိမ္မ်ားထက္ ဆုမဲမ်ား တိုးျမင့္ခ်ီးျမႇင့္မည္ျဖစ္ ေၾကာင္း သိရသည္။

”ဇြန္ ၁ ရက္မွာ စတင္ေရာင္းခ်ခဲ့တဲ့ ထီလက္မွတ္မွာ အကၡရာ ၄၄ လုံး ေရာင္းခ်ခဲ့ရတဲ့အတြက္ ထီဆုေငြေတြလည္း တိုးျမႇင့္လာမွာပါ။ အကၡရာ တိုးလာတဲ့အတြက္ ဆုေၾကးလည္း တိုးလာမွာပါ။ ပိရမစ္ပုံစံအတိုင္း ဆုေၾကး တိုးျမႇင့္ခြဲေဝေပးသြားမယ္”ဟု ေအာင္ဘာေလသိန္းဆုဌာနခြဲမွ တာဝန္ရွိသူ တစ္ဦးက ေျပာသည္။

ေအာင္ဘာေလ သိန္းဆုဌာနခြဲမွ ထီကိုယ္စားလွယ္မ်ားသို႔ ျဖန္႔ျဖဴး ခဲ့သည့္ ထီလက္မွတ္စာအုပ္မ်ား ေရာင္းခ်ခဲ့မႈအေပၚ ဆုမဲခြဲေဝပုံစနစ္တြင္ ထီလက္မွတ္ေရာင္းရေငြေပါင္းမွာ က်ပ္ ၁၇၉၉၉ ဒသမ ၉၆ သန္းျဖစ္ၿပီး ယင္းအနက္ ၄ဝ ရာခိုင္ႏႈန္းမွာ ႏိုင္ငံေတာ္ အခြန္ရေငြအျဖစ္ ေပးသြင္းၿပီး ၆ဝ ရာခိုင္ႏႈန္းကို ထီဆုေငြအျဖစ္ ခြဲေဝေပးလ်က္ရွိရာ ေငြက်ပ္ ၁ဝ၇၉၉ ဒသမ ၉၇၆ သန္းကို ဆုမဲမ်ားအျဖစ္ ျပန္လည္ခြဲေဝေပးမည္ျဖစ္ေၾကာင္း ေအာင္ဘာေလသိန္းဆုဌာနခြဲမွ သိရသည္။
..
(ဆုႏွင္းလဲ့)
Photo : အရင္ထီလက္မွတ္တစ္ေစာင္ကူးယူေဖာ္ျပ
Ref : Myanmaalinn
============

လာမည့် ဇူလိုင် ၁ ရက်တွင်ဖွင့်လှစ်မည့် (၄)ကြိမ်မြောက် ကျပ် ၅ဝဝ တန် အောင်ဘာလေထီတွင် အမြင့်ဆုံးဆုကြေး ကျပ်သိန်းတစ်သောင်းအပြင်ကျပ်သိန်းငါးထောင်ဆု၊ ကျပ်သိန်းသုံးထောင်ဆုနှင့် ကျပ်သိန်းတစ်ထောင် ဆုတို့ကို ဆုအရေအတွက် ထပ်တိုးချီးမြှင့်မည်ဖြစ်ကြောင်း အောင်ဘာလေသိန်းဆုဌာနခွဲမှ သိရသည်။

ယခုလ ၁ ရက်တွင် စတင်ရောင်းချခဲ့ပြီး ဇူလိုင် ၁ ရက်တွင် ဖွင့်လှစ်မည့် (၄)ကြိမ်မြောက် ကျပ် ၅ဝဝ တန် အောင်ဘာလေထီတွင် ကျပ်သိန်း တစ်သောင်းဆုအပြင် ကျပ်သိန်းငါးထောင်ဆု နှစ်ဆု၊ ကျပ်သိန်း သုံးထောင်ဆု သုံးဆု၊ ကျပ်သိန်း တစ်ထောင်ဆု ခြောက်ဆုအထိ ထပ်တိုးချီးမြှင့်သွား မည်ဖြစ်ပြီး ကျပ်သိန်း ၅ဝဝ ဆု ရှစ်ဆု၊ ကျပ်သိန်း ၃ဝဝ ဆု ကိုးဆု၊ ကျပ်သိန်း ၁ဝဝ ဆု ကိုးဆု၊ ကျပ်သိန်း ၅ဝ ဆု ၁၂ ဆု၊ ကျပ်သိန်း ၃ဝ ဆု ၁၂ ဆု၊ ကျပ် ၁ဝ သိန်းဆု ၁၃ ဆု၊ ဝေဝေဆာဆာ ပဒေသာဆုမဲစနစ်တွင် ကျပ် ၃ သိန်းဆု (အက္ခရာ နှင့် ရှေ့ဂဏန်း ၅ လုံးတူ) ၁ဝ ယူနစ် ဆု ၁ဝဝ ဆု၊ ကျပ် ၂ သိန်းဆု (အက္ခရာနှင့် ရှေ့ဂဏန်း ၄ လုံးတူ) ၁ဝ ယူနစ် ဆု ၁ဝဝဝ ဆု၊ ကျပ် ၁ သိန်း (အက္ခရာနှင့် ရှေ့ဂဏန်း ၃ လုံးတူ) ၁၂ ယူနစ် ဆု ၁၂ဝဝဝ ဆု၊ ကျပ် ၅ သောင်းဆု (အက္ခရာနှင့် ရှေ့ဂဏန်း ၂ လုံးတူ) ၁ဝ ယူနစ် ဆု ၁ဝဝဝဝဝ ဆု စုစုပေါင်းဆုမဲအရေအတွက် ၁၁၃၁၇၅ ဆု ချီးမြှင့်သွားမည်ဖြစ်ကြောင်း အောင်ဘာလေသိန်းဆု ဌာနခွဲမှ သိရသည်။

ကျပ် ၅ဝဝ တန် အောင်ဘာလေ ထီလက်မှတ်တွင် (၁) ကြိမ်မြောက် ထီဖွင့်ပွဲမှ (၃) ကြိမ်မြောက် ထီဖွင့်ပွဲအထိ အမြင့်ဆုံးဆုကြေး ကျပ်သိန်း ၁ဝဝဝဝ ဆု တစ်ဆု၊ ကျပ်သိန်း ၅ဝဝဝ ဆုတစ်ဆု၊ ကျပ်သိန်း ၁ဝဝဝ ဆု တစ်ဆုတို့အပါအဝင် ကျပ်သိန်း ၁ဝဝ၊ ကျပ်သိန်း ၅ဝ၊ ကျပ် ၁ဝ သိန်းနှင့် ပဒေသာ ဆုမဲစနစ်များကို ပေးအပ်ချီးမြှင့်ခဲ့ပြီး ဇူလိုင် ၁ ရက်တွင် ဖွင့်လှစ်မည့် (၄) ကြိမ်မြောက် ထီဖွင့်ပွဲတွင် ကျပ်သိန်း ၃ဝဝဝ ဆုကို ထည့်သွင်းချီးမြှင့် ခဲ့ခြင်းဖြစ်သည်။

ယခု ဖွင့်လှစ်မည့် (၄)ကြိမ်မြောက် ကျပ် ၅ဝဝ တန် အောင်ဘာလေ ထီလက်မှတ်တွင် ပင်မထီ “က” အက္ခရာမှ အစဉ်လိုက် “ဖ”အက္ခရာ အထိ အက္ခရာအလုံးရေ ၂၂ လုံးနှင့် အရန်ထီ“ကက”အက္ခရာမှ အစဉ်လိုက် “ကဖ”အက္ခရာအထိ ၂၂ လုံး စုစုပေါင်းအက္ခရာ ၄၄ လုံး၊ ထီစာအုပ်ပေါင်း ၃၅၉၉၉၉၂ အုပ်၊ ထီလက်မှတ်စောင်ရေပေါင်း ၃၉၅၉၉၉၁၂ စောင် ရောင်းချခဲ့ရပြီး ယခင်အကြိမ်များထက် ဆုမဲများ တိုးမြင့်ချီးမြှင့်မည်ဖြစ် ကြောင်း သိရသည်။

”ဇွန် ၁ ရက်မှာ စတင်ရောင်းချခဲ့တဲ့ ထီလက်မှတ်မှာ အက္ခရာ ၄၄ လုံး ရောင်းချခဲ့ရတဲ့အတွက် ထီဆုငွေတွေလည်း တိုးမြှင့်လာမှာပါ။ အက္ခရာ တိုးလာတဲ့အတွက် ဆုကြေးလည်း တိုးလာမှာပါ။ ပိရမစ်ပုံစံအတိုင်း ဆုကြေး တိုးမြှင့်ခွဲဝေပေးသွားမယ်”ဟု အောင်ဘာလေသိန်းဆုဌာနခွဲမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

အောင်ဘာလေ သိန်းဆုဌာနခွဲမှ ထီကိုယ်စားလှယ်များသို့ ဖြန့်ဖြူး ခဲ့သည့် ထီလက်မှတ်စာအုပ်များ ရောင်းချခဲ့မှုအပေါ် ဆုမဲခွဲဝေပုံစနစ်တွင် ထီလက်မှတ်ရောင်းရငွေပေါင်းမှာ ကျပ် ၁၇၉၉၉ ဒသမ ၉၆ သန်းဖြစ်ပြီး ယင်းအနက် ၄ဝ ရာခိုင်နှုန်းမှာ နိုင်ငံတော် အခွန်ရငွေအဖြစ် ပေးသွင်းပြီး ၆ဝ ရာခိုင်နှုန်းကို ထီဆုငွေအဖြစ် ခွဲဝေပေးလျက်ရှိရာ ငွေကျပ် ၁ဝရ၉၉ ဒသမ ၉၇၆ သန်းကို ဆုမဲများအဖြစ် ပြန်လည်ခွဲဝေပေးမည်ဖြစ်ကြောင်း အောင်ဘာလေသိန်းဆုဌာနခွဲမှ သိရသည်။
..
(ဆုနှင်းလဲ့)
Photo : အရင်ထီလက်မှတ်တစ်စောင်ကူးယူဖော်ပြ
Ref : Myanmaalinn

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...