၁၆ႏွစ္အရြယ္အမ်ိဳးသမီးအား အလုပ္ရမည္ဟု ေျပာဆိုကာ မဲေဆာက္တြင္ ျပည့္တန္ဆာအျဖစ္ခိုင္းေစသူ

၁၆ႏွစ္အရြယ္အမ်ိဳးသမီးအား အလုပ္ရမည္ဟု ေျပာဆိုကာ မဲေဆာက္တြင္ ျပည့္တန္ဆာအျဖစ္ခိုင္းေစသူအား အမႈဖြင့္အေရးယူ

MUNA
ရန္ကုန္ ဇြန္ ၁၄

ထိုင္းႏိုင္ငံ၊မဲေဆာက္ၿမိဳ႕တြင္ ၁၆ႏွစ္အရြယ္အမ်ိဳးသမီးတစ္ဦးအား သန္႔ရွင္းေရးအလုပ္ရမည္ဟု ေျပာဆိုကာ ျပည္႔တန္ဆာ အျဖစ္ေစခိုင္း၍ ရရွိခဲ႔သည္႔ ေငြမ်ားကို ေခါင္းပံုျဖတ္ ရယူခဲ႔သူမ်ားအား ျမ၀တီၿမိဳ႕မရဲစခန္းတြင္ အခုလ ၈ရက္ေန႔က အမႈဖြင္႔အေရးယူထားေၾကာင္း သိရသည္။

ယခုလ ၈ရက္ေန႔နံနက္ ၁၀နာရီအခ်ိန္တြင္ ျမ၀တီ အမွတ္(၁)လူကုန္ကူးမွဳတားဆီးႏွိမ္နင္းေရး ရဲတပ္ဖြဲ႕စိတ္ရံုးရွိ ဒုတိယရဲမွဴး မိုးေဇာ္သိန္းထံသို႕ အသက္ ၁၆ႏွစ္အရြယ္ မ-----ႏွစ္ ရန္မ်ိဳးေအာင္လမ္း၊ အမွတ္(၄)ရပ္ကြက္ေနထိုင္သူမွ လူကုန္ကူးခံရေၾကာင္း လာေရာက္တုိင္တန္းခဲ႔ျခင္းျဖစ္သည္။

ျဖစ္စဥ္မွာ ကရင္ျပည္နယ္၊ ျမ၀တီၿမိဳ႕တြင္ အသက္ ၁၆ႏွစ္အရြယ္ အမ်ိဳးသမီးအား ထိုင္းႏိုင္ငံ၊မဲေဆာက္ၿမိဳ႕ရွိ စပိုင္ဒီ(ထိုင္းအေခၚ)တည္းခိုခန္းတြင္ သန္႔ရွင္းေရးအလုပ္လုပ္ရမည္ဟု အဆိုပါအမ်ိဳးသမီး၏ အကို၀မ္းကြဲေတာ္စပ္သူ၏ ဇနီးျဖစ္သူမွ ထိုင္းႏိုင္ငံ မဲေဆာက္ၿမိဳ႕စက္ရံုတစ္ရံုတြင္ အလုပ္လုပ္ကိုင္ေနေသာ သမီးျဖစ္သူႏွင္႔ ဆက္သြယ္ပို႔ေဆာင္ေပးခဲ႔ျပီး တည္းခိုခန္း၌ သန္႔ရွင္းေရးလုပ္ကိုင္ရျခင္းမဟုတ္ဘဲ ျပည္႔တန္ဆာအျဖစ္ တည္းခိုခန္းမန္ေနဂ်ာမွ ေစခိုင္းကာ ရရွိသည္႔ေငြမ်ားအား အစ္ကို၀မ္းကြဲေတာ္စပ္သူ၏ ဇနီးႏွင္႔သမီးျဖစ္သူတို႔မွ ေခါင္းပံုျဖတ္ရယူခဲ႔သူတို႔အား အေရးယူေပးရန္ ျမဝတီရဲစခန္းတြင္ တိုင္တန္းခဲ႔မႈ ျဖစ္ပြားခဲ႔သည္။

လူကုန္ကူးမွဳတားဆီးႏွိမ္နင္းေရး ရဲတပ္ဖြဲ႕စိတ္ရံုးရွိ ဒုတိယရဲမွဴး မိုးေဇာ္သိန္းသည္ ျမ၀တီၿမိဳ႕၊ အမွတ္(၄)ရပ္ကြက္၊ ရာအိမ္မွဴး ဦးေဌး၀င္း၊ ဦးေဇာ္၀င္း၊ ၿမိဳ႕နယ္အမ်ိဳးသမီးေရးရာအဖြဲ႕မွ ေဒၚစန္းစန္းေအးဦၤးေဆာင္ေသာအဖြဲ႕၊ လူမွဳ၀န္ထမ္းဌာနမွ ေဒၚသဲသဲစုတို႔ပါ၀င္ေသာ အဖြဲ႕မ်ားႏွင္႔ အတူျဖစ္စဥ္အား ေမးျမန္းခဲ႔ရာ မ----၏ ေျပာျပခ်က္အရ ၎မွာလြန္ခဲ႔ေသာ ၂၀၁၅ခုႏွစ္က အစ္ကို၀မ္းကြဲေတာ္စပ္သူ၏ ဇနီးျဖစ္သူ မသီတာမွ ယခင္ ခင္ပြန္းေဟာင္းျဖင္႔ ရရွိခဲ႔ေသာ သမီးျဖစ္သူ မမီးမီးအလုပ္လုပ္ ကိုင္ေနေသာ ထိုင္းႏိုင္ငံ မဲေဆာက္ၿမိဳ႕ရွိ စက္ရံုတစ္ရံုသို႔ မ----အား ျမ၀တီၿမိဳ႕၊ ေဘာဂိတ္မွတစ္ဆင္႔ ေသာင္ရင္းျမစ္အား စက္ေလွျဖင္႔ ျဖတ္သန္းကာ ေခၚေဆာင္သြားခဲ႔ေၾကာင္း၊ မမီးမီးမွ တစ္ဆင္႔ ၎အား မဲေဆာက္ၿမိဳ႕ရွိစပိုင္ဒီ(ထိုင္းအေခၚ) တည္းခိုခန္းတြင္ သန္႔ရွင္းေရးအလုပ္လုပ္ရမည္ျဖစ္ေၾကာင္း ေျပာရာ ၎မွာလည္း ပိုက္ဆံမရွိသျဖင္႔
သန္ရွင္းေရးအလုပ္လုပ္ကိုင္ရန္ သေဘာတူခဲ႔ေၾကာင္း၊ မမီးမီးမွ စပုိင္ဒီတည္းခိုခန္းအား ဖုန္းျဖင္႔ဆက္သြယ္ေခၚယူရာ ခဏ အၾကာတြင္ ကိုလတ္၊အမွတ္(၄)ရပ္ကြက္၊ ေတာင္တန္းဘုန္းႀကီးေက်ာင္းအေနာက္ဘက္ ျမဝတီၿမိဳ႕ေနသည့္ စပိုင္ဒီတည္းခိုခန္းမန္ေနဂ်ာဆိုသူ ေရာက္ရွိလာခဲ႔ေၾကာင္း၊ အဆိုပါအမ်ိဳးသားႏွင္႔ မ----မွာ လိုက္ပါသြားခဲ႔ေၾကာင္း၊ အဆိုပါတည္းခိုခန္းသို႔ ေရာက္ရွိအလုပ္လုပ္ကိုင္သည့္အခါ သန္႔ရွင္းလုပ္ကိုင္ရျခင္းမဟုတ္ဘဲ ျပည့္တန္ဆာအလုပ္ကို လုပ္ကိုင္ခဲ႔ရေၾကာင္း၊ မန္ေနဂ်ာျဖစ္သူ ကိုလတ္ဆိုသူမွ အမ်ိဳးသားတစ္ဦးႏွင္႔ တစ္ၾကိမ္ေပ်ာ္ပါးလွ်င္ ထိုင္းဘတ္ေငြ (၂၀၀၀) ေပးေၾကာင္း၊ ညစဥ္ညတိုင္းလိုလို ကိုလတ္မွ မမီးမီးထံဖုန္းျဖင္႔ အေၾကာင္းၾကားၿပီး ဆိုင္ကယ္ႏွင္႔ လာမေခၚပါက စက္ဘီးႏွင္႔ သြား၍ ျပည္႔တန္ဆာလုပ္ငန္းအား လုပ္ကိုင္ရေၾကာင္း၊ ညစဥ္ ရရွိေသာ ေငြမ်ားအား မမီးမီးကိုသာ အကုန္ေပးရေၾကာင္း၊ မေပးလွ်င္ ႀကိမ္းေမာင္းေနသျဖင္႔ မေပး၍ မရေၾကာင္း၊ မမီးမီး၏ ေျပာျပခ်က္အရ အဆိုပါေငြမ်ားအား မမီးမီးမွတစ္ဆင္႔ မ----၏အစ္ကို၀မ္းကြဲေတာ္စပ္သူ၏ ဇနီးျဖစ္သူ မသီတာအား ျပန္လည္ေပးအပ္ရေၾကာင္း မသီတာမွာ (၂)ပါတ္တစ္ခါခန္႔ ျမဝတီမွ မဲေဆာက္ၿမိဳ႕သို႔ လာေရာက္ယူေၾကာင္း မမီးမီး၏ ေျပာျပခ်က္အရ သိရွိခဲ႔ရသည္ဆိုသည္။

ထို႔ေနာက္ (၄)လန္႔အၾကာ မ----မွ မသီတာႏွင္႔ေတြ႕စဥ္ ျပည့္တန္ဆာအလုပ္အား မလုပ္ကိုင္ခ်င္ေတာ့ေၾကာင္း ေျပာရာ မသီတာမွ အဆိုပါလုပ္ငန္းမွာ ေငြမ်ားမ်ားရရွိသည့္ လုပ္ငန္းျဖစ္ျပီး လံုၿခံဳမွဳရွိေၾကာင္း သည္းခံျပီး ဆက္လုပ္ရန္ ေခ်ာ႔ေမာ႔ေစခိုင္းသျဖင္႔ မဲေဆာက္ၿမိဳ႕၊ေနရာအတိအက်မသိ မမီးမီးေနအိမ္တြင္ ေနထိုင္ခဲ႔ရာမွ ျပည့္တန္ဆာ အလုပ္အား လုပ္ကိုင္လိုျခင္းမရွိေတာ့၍ ၎တည္းခိုခန္းတြင္ သိကၽြမ္းခဲ႔သူ ထိုင္းသူေဌးတစ္ဦး၏ အကူအညီျဖင့္ ဘန္ေကာက္ၿမိဳ႕သို႔ ထြက္ေျပးခဲ႔ျပီး ၎သူေဌးမွ ဆံပင္ေလ်ာ္ဆိုင္တြင္ တစ္လလွ်င္(စားရိတ္ၿငိမ္း)ထိုင္းဘတ္ေငြ (၄၀၀၀)ျဖင္႔ အလုပ္သြင္းေပးခဲ႔ရာ ၂၆-၅-၂၀၁၇ ရက္ေန႔တြင္ ထိုင္းႏိုင္ငံသားမွတ္ပံုတင္ျပဳလုပ္ရန္ႏွင္႔ ပတ္စ္ပို႔ျပဳလုပ္ရန္ ထိုင္းႏိုင္ငံဘန္ေကာက္ၿမိဳ႕မွ ျမ၀တီၿမိဳ႕သို႔ ျပန္လည္ေရာက္ရွိလာျပီး ျပည့္တန္ဆာအျဖစ္ ေစခိုင္းၿပီး ေခါင္းပံုျဖတ္သူ မသီတာ(ခ)မသီတာထြန္း၊ ၄၉ႏွစ္၊(ဘ)ဦးထြန္းေအာင္၊ ေတာင္တန္းဘုန္းႀကီးေက်ာင္းအေနာက္ဘက္၊ အမွတ္(၄)ရပ္ကြက္၊ ျမ၀တီၿမိဳ႕၊ ကိုလတ္၊ အမွတ္(၄) ရပ္ကြက္၊ေတာင္တန္းဘုန္းႀကီးေက်ာင္းအေနာက္ဘက္ ျမ၀တီၿမိဳ႕ (ေျပး)ႏွင္႔ မမီးမီး(ခ)နီနီလြင္၊ ၃၅ႏွစ္၊(ဘ)ဦးေဌးျမင္႔၊အထက(၃)ေက်ာင္း၀န္း၊ပုသိမ္းၿမိဳ႕ေနသူတို႔(၃)ဦးအား ဥပေဒအရ အေရးယူေပးရန္ မ----မွ ျမ၀တီၿမိဳ႕မရဲစခန္းတြင္ တရားလိုျပဳလုပ္တိုင္တန္းခဲ႔သည္။

ျမ၀တီၿမိဳ႕မရဲစခန္းမွ (ပ)၅၉၄/၂၀၁၇၊ လူကုန္ကူးမႈတားဆီးႏွိမ္နင္းေရး ဥပေဒပုဒ္မ- ၂၄ အရ အမွဳေရးဖြင္႔ထားျပီး အမႈအား ဒုရဲအုပ္ ျပည္႔ၿဖိဳးေတဇမွ စစ္ေဆးေဆာင္ရြက္၍ အမႈစစ္မွ အမႈျဖင္႔စြပ္စြဲခံရသူ မသီတာ(ခ)မသီတာထြန္းအား ၈-၆-၂၀၁၇ ရက္ေန႔ ေန႔လည္ ၂း၀၅ အခ်ိန္တြင္ ဖမ္းဆီး
စစ္ေဆးလွ်က္ရွိေၾကာင္း သိရသည္။

Photo - Google
=============

၁၆နှစ်အရွယ်အမျိုးသမီးအား အလုပ်ရမည်ဟု ပြောဆိုကာ မဲဆောက်တွင် ပြည့်တန်ဆာအဖြစ်ခိုင်းစေသူအား အမှုဖွင့်အရေးယူ
******************************************

MUNA
ရန်ကုန် ဇွန် ၁၄

ထိုင်းနိုင်ငံ၊မဲဆောက်မြို့တွင် ၁၆နှစ်အရွယ်အမျိုးသမီးတစ်ဦးအား သန့်ရှင်းရေးအလုပ်ရမည်ဟု ပြောဆိုကာ ပြည့်တန်ဆာ အဖြစ်စေခိုင်း၍ ရရှိခဲ့သည့် ငွေများကို ခေါင်းပုံဖြတ် ရယူခဲ့သူများအား မြဝတီမြို့မရဲစခန်းတွင် အခုလ ၈ရက်နေ့က အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

ယခုလ ၈ရက်နေ့နံနက် ၁ဝနာရီအချိန်တွင် မြဝတီ အမှတ်(၁)လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စိတ်ရုံးရှိ ဒုတိယရဲမှူး မိုးဇော်သိန်းထံသို့ အသက် ၁၆နှစ်အရွယ် မ-----နှစ် ရန်မျိုးအောင်လမ်း၊ အမှတ်(၄)ရပ်ကွက်နေထိုင်သူမှ လူကုန်ကူးခံရကြောင်း လာရောက်တိုင်တန်းခဲ့ခြင်းဖြစ်သည်။

ဖြစ်စဉ်မှာ ကရင်ပြည်နယ်၊ မြဝတီမြို့တွင် အသက် ၁၆နှစ်အရွယ် အမျိုးသမီးအား ထိုင်းနိုင်ငံ၊မဲဆောက်မြို့ရှိ စပိုင်ဒီ(ထိုင်းအခေါ်)တည်းခိုခန်းတွင် သန့်ရှင်းရေးအလုပ်လုပ်ရမည်ဟု အဆိုပါအမျိုးသမီး၏ အကိုဝမ်းကွဲတော်စပ်သူ၏ ဇနီးဖြစ်သူမှ ထိုင်းနိုင်ငံ မဲဆောက်မြို့စက်ရုံတစ်ရုံတွင် အလုပ်လုပ်ကိုင်နေသော သမီးဖြစ်သူနှင့် ဆက်သွယ်ပို့ဆောင်ပေးခဲ့ပြီး တည်းခိုခန်း၌ သန့်ရှင်းရေးလုပ်ကိုင်ရခြင်းမဟုတ်ဘဲ ပြည့်တန်ဆာအဖြစ် တည်းခိုခန်းမန်နေဂျာမှ စေခိုင်းကာ ရရှိသည့်ငွေများအား အစ်ကိုဝမ်းကွဲတော်စပ်သူ၏ ဇနီးနှင့်သမီးဖြစ်သူတို့မှ ခေါင်းပုံဖြတ်ရယူခဲ့သူတို့အား အရေးယူပေးရန် မြဝတီရဲစခန်းတွင် တိုင်တန်းခဲ့မှု ဖြစ်ပွားခဲ့သည်။

လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စိတ်ရုံးရှိ ဒုတိယရဲမှူး မိုးဇော်သိန်းသည် မြဝတီမြို့၊ အမှတ်(၄)ရပ်ကွက်၊ ရာအိမ်မှူး ဦးဌေးဝင်း၊ ဦးဇော်ဝင်း၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့မှ ဒေါ်စန်းစန်းအေးဦင်္းဆောင်သောအဖွဲ့၊ လူမှုဝန်ထမ်းဌာနမှ ဒေါ်သဲသဲစုတို့ပါဝင်သော အဖွဲ့များနှင့် အတူဖြစ်စဉ်အား မေးမြန်းခဲ့ရာ မ----၏ ပြောပြချက်အရ ၎င်းမှာလွန်ခဲ့သော ၂၀၁၅ခုနှစ်က အစ်ကိုဝမ်းကွဲတော်စပ်သူ၏ ဇနီးဖြစ်သူ မသီတာမှ ယခင် ခင်ပွန်းဟောင်းဖြင့် ရရှိခဲ့သော သမီးဖြစ်သူ မမီးမီးအလုပ်လုပ် ကိုင်နေသော ထိုင်းနိုင်ငံ မဲဆောက်မြို့ရှိ စက်ရုံတစ်ရုံသို့ မ----အား မြဝတီမြို့၊ ဘောဂိတ်မှတစ်ဆင့် သောင်ရင်းမြစ်အား စက်လှေဖြင့် ဖြတ်သန်းကာ ခေါ်ဆောင်သွားခဲ့ကြောင်း၊ မမီးမီးမှ တစ်ဆင့် ၎င်းအား မဲဆောက်မြို့ရှိစပိုင်ဒီ(ထိုင်းအခေါ်) တည်းခိုခန်းတွင် သန့်ရှင်းရေးအလုပ်လုပ်ရမည်ဖြစ်ကြောင်း ပြောရာ ၎င်းမှာလည်း ပိုက်ဆံမရှိသဖြင့်
သန်ရှင်းရေးအလုပ်လုပ်ကိုင်ရန် သဘောတူခဲ့ကြောင်း၊ မမီးမီးမှ စပိုင်ဒီတည်းခိုခန်းအား ဖုန်းဖြင့်ဆက်သွယ်ခေါ်ယူရာ ခဏ အကြာတွင် ကိုလတ်၊အမှတ်(၄)ရပ်ကွက်၊ တောင်တန်းဘုန်းကြီးကျောင်းအနောက်ဘက် မြဝတီမြို့နေသည့် စပိုင်ဒီတည်းခိုခန်းမန်နေဂျာဆိုသူ ရောက်ရှိလာခဲ့ကြောင်း၊ အဆိုပါအမျိုးသားနှင့် မ----မှာ လိုက်ပါသွားခဲ့ကြောင်း၊ အဆိုပါတည်းခိုခန်းသို့ ရောက်ရှိအလုပ်လုပ်ကိုင်သည့်အခါ သန့်ရှင်းလုပ်ကိုင်ရခြင်းမဟုတ်ဘဲ ပြည့်တန်ဆာအလုပ်ကို လုပ်ကိုင်ခဲ့ရကြောင်း၊ မန်နေဂျာဖြစ်သူ ကိုလတ်ဆိုသူမှ အမျိုးသားတစ်ဦးနှင့် တစ်ကြိမ်ပျော်ပါးလျှင် ထိုင်းဘတ်ငွေ (၂၀၀၀) ပေးကြောင်း၊ ညစဉ်ညတိုင်းလိုလို ကိုလတ်မှ မမီးမီးထံဖုန်းဖြင့် အကြောင်းကြားပြီး ဆိုင်ကယ်နှင့် လာမခေါ်ပါက စက်ဘီးနှင့် သွား၍ ပြည့်တန်ဆာလုပ်ငန်းအား လုပ်ကိုင်ရကြောင်း၊ ညစဉ် ရရှိသော ငွေများအား မမီးမီးကိုသာ အကုန်ပေးရကြောင်း၊ မပေးလျှင် ကြိမ်းမောင်းနေသဖြင့် မပေး၍ မရကြောင်း၊ မမီးမီး၏ ပြောပြချက်အရ အဆိုပါငွေများအား မမီးမီးမှတစ်ဆင့် မ----၏အစ်ကိုဝမ်းကွဲတော်စပ်သူ၏ ဇနီးဖြစ်သူ မသီတာအား ပြန်လည်ပေးအပ်ရကြောင်း မသီတာမှာ (၂)ပါတ်တစ်ခါခန့် မြဝတီမှ မဲဆောက်မြို့သို့ လာရောက်ယူကြောင်း မမီးမီး၏ ပြောပြချက်အရ သိရှိခဲ့ရသည်ဆိုသည်။

ထို့နောက် (၄)လန့်အကြာ မ----မှ မသီတာနှင့်တွေ့စဉ် ပြည့်တန်ဆာအလုပ်အား မလုပ်ကိုင်ချင်တော့ကြောင်း ပြောရာ မသီတာမှ အဆိုပါလုပ်ငန်းမှာ ငွေများများရရှိသည့် လုပ်ငန်းဖြစ်ပြီး လုံခြုံမှုရှိကြောင်း သည်းခံပြီး ဆက်လုပ်ရန် ချော့မော့စေခိုင်းသဖြင့် မဲဆောက်မြို့၊နေရာအတိအကျမသိ မမီးမီးနေအိမ်တွင် နေထိုင်ခဲ့ရာမှ ပြည့်တန်ဆာ အလုပ်အား လုပ်ကိုင်လိုခြင်းမရှိတော့၍ ၎င်းတည်းခိုခန်းတွင် သိကျွမ်းခဲ့သူ ထိုင်းသူဌေးတစ်ဦး၏ အကူအညီဖြင့် ဘန်ကောက်မြို့သို့ ထွက်ပြေးခဲ့ပြီး ၎င်းသူဌေးမှ ဆံပင်လျော်ဆိုင်တွင် တစ်လလျှင်(စားရိတ်ငြိမ်း)ထိုင်းဘတ်ငွေ (၄၀၀၀)ဖြင့် အလုပ်သွင်းပေးခဲ့ရာ ၂၆-၅-၂၀၁၇ ရက်နေ့တွင် ထိုင်းနိုင်ငံသားမှတ်ပုံတင်ပြုလုပ်ရန်နှင့် ပတ်စ်ပို့ပြုလုပ်ရန် ထိုင်းနိုင်ငံဘန်ကောက်မြို့မှ မြဝတီမြို့သို့ ပြန်လည်ရောက်ရှိလာပြီး ပြည့်တန်ဆာအဖြစ် စေခိုင်းပြီး ခေါင်းပုံဖြတ်သူ မသီတာ(ခ)မသီတာထွန်း၊ ၄၉နှစ်၊(ဘ)ဦးထွန်းအောင်၊ တောင်တန်းဘုန်းကြီးကျောင်းအနောက်ဘက်၊ အမှတ်(၄)ရပ်ကွက်၊ မြဝတီမြို့၊ ကိုလတ်၊ အမှတ်(၄) ရပ်ကွက်၊တောင်တန်းဘုန်းကြီးကျောင်းအနောက်ဘက် မြဝတီမြို့ (ပြေး)နှင့် မမီးမီး(ခ)နီနီလွင်၊ ၃၅နှစ်၊(ဘ)ဦးဌေးမြင့်၊အထက(၃)ကျောင်းဝန်း၊ပုသိမ်းမြို့နေသူတို့(၃)ဦးအား ဥပဒေအရ အရေးယူပေးရန် မ----မှ မြဝတီမြို့မရဲစခန်းတွင် တရားလိုပြုလုပ်တိုင်တန်းခဲ့သည်။

မြဝတီမြို့မရဲစခန်းမှ (ပ)၅၉၄/၂၀၁၇၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ- ၂၄ အရ အမှုရေးဖွင့်ထားပြီး အမှုအား ဒုရဲအုပ် ပြည့်ဖြိုးတေဇမှ စစ်ဆေးဆောင်ရွက်၍ အမှုစစ်မှ အမှုဖြင့်စွပ်စွဲခံရသူ မသီတာ(ခ)မသီတာထွန်းအား ၈-၆-၂၀၁၇ ရက်နေ့ နေ့လည် ၂းဝ၅ အချိန်တွင် ဖမ်းဆီး
စစ်ဆေးလျှက်ရှိကြောင်း သိရသည်။

Photo - Google

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...