မႏၱေလးရဲ႕ လမ္းေတြမွာ ညသန္းေခါင္ေရာက္တိုင္း ေခြးေတြအူရတဲ့ အေၾကာင္းအရင္း

၁၂၂၁ မင္းတုန္းမင္းနဲ႔ ကေနာင္မင္းသားတို႔က ေနာင္ေတာ္ ပုဂံမင္းကို ပုန္ကန္နန္းခ်တယ္ 
မင္းတုန္းမင္း နန္းတက္ၿပီးသိပ္မၾကာဘူး အင္းဝေနျပည္ေတာ္ႀကီးကို ဖ်က္သိမ္းၿပီး မႏၱေလး ရတနာပံု ေနျပည္ေတာ္မွာ ၿမိဳ႕သစ္တည္ၿပီး နန္းေတာ္သစ္ တည္ေဆာက္ခဲ့တယ္။ 

( အင္းဝနန္းေတာ္ႀကီး ဖ်က္သိမ္းၿပီးေတာ့ နန္းေတာ္က ကြၽန္းတိုင္လံုးႀကီးေတြ ပ်ဥ္ျပားေတြကို ၿမိဳ႕စာေရး ဦးပိန္က ယူေဆာင္ၿပီး ေတာင္သမန္အင္းကိုျဖတ္ သူ႔နာမည္ ဦးပိန္တံတားဆိုၿပီး တည္ေဆာက္ခဲ့ပါတယ္ )

ခုနစကား ျပန္ဆက္ရရင္ 
ေရွးေခတ္ ျမန္မာမင္းအဆက္ဆက္တိုင္းက 
ၿမိဳ႕သစ္တည္တာပဲျဖစ္ျဖစ္ အေဆာက္အဦးတည္ေဆာက္တာပဲ ျဖစ္ျဖစ္ ေဗဒင္ယၾတာ အစီအမံေတြနဲ႔ တြက္ခ်က္ၿပီး ကိုက္ညီတဲ့သူေတြကို အရွင္လတ္လတ္စေတးေလ့ရွိပါတယ္။
( ဥပမာ - ပုဂံေခတ္သူရဲေကာင္း ဗ်တ္ဝိ ၊ မေအာင္ျဖဴနတ္ အစရွိသူတို႔ပါ )

မင္းတုန္းမင္းကလဲ မႏၱေလးၿမိဳ႕ကို ၿမိဳ႕သစ္တည္ရာမွာ ဒီၿမိဳ႕ေတာ္ႀကီး မပ်က္စီးေစဖို႔ ေစာင့္ေရွာက္ဖို႔ လူတစ္ေယာက္ကို ၿမိဳ႕ပႏၷက္ရိုက္ရာမွာ စေတးခဲ့တယ္။ ၿပီးေတာ့ ထိပ္တင္ႀကီးဆိုတဲ့ဘြဲ႕ေပးၿပီး သူ႔ဝိညာဥ္ကို ၿမိဳ႕ကို ေစာင့္ေရွာက္ေစခဲ့တယ္။အခုထိ ရွိေသးသလားဆိုေတာ့ ရွိပါေသးတယ္။ ဒါေပမဲ့ သူ႔ဝိညာဥ္ မဟုတ္ေတာ့ပါဘူး။ သူ႔တာဝန္အရ ထမ္းေဆာင္ၿပီး အခ်ိန္ျပည့္ေတာ့ ေစာင့္ေရွာက္ဖို႔ကံပါတဲ့ လူတစ္ေယာက္ကို သူ႔တာဝန္လႊဲေျပာင္းေပးခဲ့တယ္။ လူစားလဲတဲ့သေဘာေပါ့။ ( တစ္နွစ္တစ္ခါ လဲတယ္ လို႔လဲ ဆိုၾကပါတယ္ ) 
တစ္နွစ္တစ္ခါ ျဖစ္ျဖစ္ မန္းေလးမွာ ထူးဆန္းတဲမေတာ္တဆေသဆံုးမႈေတြ ရွိပါတယ္။ ၾကားလဲၾကားဖူးၾကမွာပါ။ အစိမ္းေသသလို ေသတာေတြေပါ့။ ဟုတ္သည္ မဟုတ္သည္ အပထား၊ေနွာင္း လူႀကီးေတြကေတာ့ အဲ့ဒါက လူစားလဲတာပါတဲ့။ 
ထိပ္တင္ႀကီးရဲ႕တာဝန္က ညသန္းေခါင္အခ်ိန္ ၿမိဳ႕ပတ္ၿပီး ကင္းလွည့္ရတယ္၊ ေစာင့္ေရွာက္ရတယ္ ။ ( ေရွးတရုတ္ကားအခ်ိဳ႕မွာ ညဘက္ႀကီး ၿမိဳ႕ထဲပတ္ေအာ္တဲ့ လူလိုေပါ့ ) သူ႔တပည့္ေတြကေတာ့ ၿမိဳ႕ထဲက ရွိရွိသမွ် ေခြးေတြပါပဲ။ သူလာၿပီ ဆိုတာနဲ႔ ဆြဲဆြဲငင္ငင္အူၿပီး အခ်က္ျပသတင္းပို႔ရပါတယ္ တဲ့။
မန္းေလးသူမန္းေလးသားမ်ား တစ္ခါတစ္ေလ ညည အိပ္မေပ်ာ္လို႔ သန္းေခါင္ ညနက္ရင္ ဟိုဖက္လမ္းထိပ္ကေန ဒီဘက္လမ္းထိပ္ထိ ေခြးေတြ အူၿပီးသြားသလို တစ္ေယာက္ေယာက္ျဖတ္သြားသလို ေခြးအူသံေတြ ၾကားဖူးၾကလား။ အဲ့ဒါ ထိပ္တင္ႀကီးက လမ္းတကာ ရပ္ကြက္တကာ ပတ္ၿပီး လိုက္လံၾကည့္ရႈေနတာပါတဲ့ ။
( ကြၽန္ေတာ္က ညဘက္ဆို ၂နာရီေလာက္မွ အိပ္တတ္တာေၾကာင့္ အဲ့အသံကို အၿမဲၾကားရပါတယ္။ ၾကားရဖန္မ်ားလာေတာ့ သိခ်င္လာတယ္။ အဲ့ဒါေၾကာင့္ အဘိုးအဘြားေတြကို ေသခ်ာ ေမးထားၾကည့္ရတာေပါ့ ။ )

ထိပ္တင္ႀကီးကို ေတြ႕ခ်င္တယ္ ျမင္ဖူးခ်င္တယ္ဆိုရင္ ညသန္းေခါင္ ေခြးအူသံေတြ ၾကားရင္ လမ္းဘက္ကိုျမင္ရတဲ့ ျပတင္းေပါက္နားသြားပါ။အခန္းတစ္ခုလံုး အေမွာင္ခ်ထားပါ။ အနားမွာ ဘယ္သူမွမရွိပဲ တစ္ေယာက္တည္း ျဖစ္ေနပါေစ။ ျပတင္းေပါက္ကို ေက်ာခိုင္းရပ္ပါ။ လက္ေနာက္ျပန္ လက္ယပ္ေခၚၿပီး " ထိပ္တင္ႀကီးေရ လမ္းေပၚမွာရွိရင္ ကြၽန္ေတာ့္ဆီ ခဏလာပါဦး" လို႔ ေျပာၿပီး ေခၚၾကည့္လိုက္ပါတဲ့ ။ သတၱိရွိဖို႔၊ မေၾကာက္ဖို႔ ၿပီးေတာ့ နွလံုးေရာဂါမရွိဖို႔ လိုပါတယ္။ ၿပီးရင္ေတာ့ မႏၱေလးနဲ႔ ပတ္သတ္ၿပီး သိခ်င္တာ မွန္သမ်ွ ေမးၾကည့္ၾကေပါ့။

က်ေနာ္ေတာ့ Tomino's hell ကဗ်ာနဲ႔တင္ ခုထိ အိပ္မက္ဆိုးမက္တုန္းမို႔ ဒီလိုမ်ိဳးေတာ့ မစမ္းၾကည့္ရဲေသးဘူး ။
brace urself , ထိပ္တင္ႀကီး is coming :)

Credit - မွတ္စုၾကမ္း| Facebook


Unicode
၁၂၂၁ မင်းတုန်းမင်းနဲ့ ကနောင်မင်းသားတို့က နောင်တော် ပုဂံမင်းကို ပုန်ကန်နန်းချတယ် 
မင်းတုန်းမင်း နန်းတက်ပြီးသိပ်မကြာဘူး အင်းဝနေပြည်တော်ကြီးကို ဖျက်သိမ်းပြီး မန္တလေး ရတနာပုံ နေပြည်တော်မှာ မြို့သစ်တည်ပြီး နန်းတော်သစ် တည်ဆောက်ခဲ့တယ်။ 

( အင်းဝနန်းတော်ကြီး ဖျက်သိမ်းပြီးတော့ နန်းတော်က ကျွန်းတိုင်လုံးကြီးတွေ ပျဉ်ပြားတွေကို မြို့စာရေး ဦးပိန်က ယူဆောင်ပြီး တောင်သမန်အင်းကိုဖြတ် သူ့နာမည် ဦးပိန်တံတားဆိုပြီး တည်ဆောက်ခဲ့ပါတယ် )

ခုနစကား ပြန်ဆက်ရရင် 
ရှေးခေတ် မြန်မာမင်းအဆက်ဆက်တိုင်းက 
မြို့သစ်တည်တာပဲဖြစ်ဖြစ် အဆောက်အဦးတည်ဆောက်တာပဲ ဖြစ်ဖြစ် ဗေဒင်ယတြာ အစီအမံတွေနဲ့ တွက်ချက်ပြီး ကိုက်ညီတဲ့သူတွေကို အရှင်လတ်လတ်စတေးလေ့ရှိပါတယ်။
( ဥပမာ - ပုဂံခေတ်သူရဲကောင်း ဗျတ်ဝိ ၊ မအောင်ဖြူနတ် အစရှိသူတို့ပါ )

မင်းတုန်းမင်းကလဲ မန္တလေးမြို့ကို မြို့သစ်တည်ရာမှာ ဒီမြို့တော်ကြီး မပျက်စီးစေဖို့ စောင့်ရှောက်ဖို့ လူတစ်ယောက်ကို မြို့ပန္နက်ရိုက်ရာမှာ စတေးခဲ့တယ်။ ပြီးတော့ ထိပ်တင်ကြီးဆိုတဲ့ဘွဲ့ပေးပြီး သူ့ဝိညာဉ်ကို မြို့ကို စောင့်ရှောက်စေခဲ့တယ်။အခုထိ ရှိသေးသလားဆိုတော့ ရှိပါသေးတယ်။ ဒါပေမဲ့ သူ့ဝိညာဉ် မဟုတ်တော့ပါဘူး။ သူ့တာဝန်အရ ထမ်းဆောင်ပြီး အချိန်ပြည့်တော့ စောင့်ရှောက်ဖို့ကံပါတဲ့ လူတစ်ယောက်ကို သူ့တာဝန်လွှဲပြောင်းပေးခဲ့တယ်။ လူစားလဲတဲ့သဘောပေါ့။ ( တစ်နှစ်တစ်ခါ လဲတယ် လို့လဲ ဆိုကြပါတယ် ) 
တစ်နှစ်တစ်ခါ ဖြစ်ဖြစ် မန်းလေးမှာ ထူးဆန်းတဲမတော်တဆသေဆုံးမှုတွေ ရှိပါတယ်။ ကြားလဲကြားဖူးကြမှာပါ။ အစိမ်းသေသလို သေတာတွေပေါ့။ ဟုတ်သည် မဟုတ်သည် အပထား၊နှောင်း လူကြီးတွေကတော့ အဲ့ဒါက လူစားလဲတာပါတဲ့။ 
ထိပ်တင်ကြီးရဲ့တာဝန်က ညသန်းခေါင်အချိန် မြို့ပတ်ပြီး ကင်းလှည့်ရတယ်၊ စောင့်ရှောက်ရတယ် ။ ( ရှေးတရုတ်ကားအချို့မှာ ညဘက်ကြီး မြို့ထဲပတ်အော်တဲ့ လူလိုပေါ့ ) သူ့တပည့်တွေကတော့ မြို့ထဲက ရှိရှိသမျှ ခွေးတွေပါပဲ။ သူလာပြီ ဆိုတာနဲ့ ဆွဲဆွဲငင်ငင်အူပြီး အချက်ပြသတင်းပို့ရပါတယ် တဲ့။
မန်းလေးသူမန်းလေးသားများ တစ်ခါတစ်လေ ညည အိပ်မပျော်လို့ သန်းခေါင် ညနက်ရင် ဟိုဖက်လမ်းထိပ်ကနေ ဒီဘက်လမ်းထိပ်ထိ ခွေးတွေ အူပြီးသွားသလို တစ်ယောက်ယောက်ဖြတ်သွားသလို ခွေးအူသံတွေ ကြားဖူးကြလား။ အဲ့ဒါ ထိပ်တင်ကြီးက လမ်းတကာ ရပ်ကွက်တကာ ပတ်ပြီး လိုက်လံကြည့်ရှုနေတာပါတဲ့ ။
( ကျွန်တော်က ညဘက်ဆို ၂နာရီလောက်မှ အိပ်တတ်တာကြောင့် အဲ့အသံကို အမြဲကြားရပါတယ်။ ကြားရဖန်များလာတော့ သိချင်လာတယ်။ အဲ့ဒါကြောင့် အဘိုးအဘွားတွေကို သေချာ မေးထားကြည့်ရတာပေါ့ ။ )

ထိပ်တင်ကြီးကို တွေ့ချင်တယ် မြင်ဖူးချင်တယ်ဆိုရင် ညသန်းခေါင် ခွေးအူသံတွေ ကြားရင် လမ်းဘက်ကိုမြင်ရတဲ့ ပြတင်းပေါက်နားသွားပါ။အခန်းတစ်ခုလုံး အမှောင်ချထားပါ။ အနားမှာ ဘယ်သူမှမရှိပဲ တစ်ယောက်တည်း ဖြစ်နေပါစေ။ ပြတင်းပေါက်ကို ကျောခိုင်းရပ်ပါ။ လက်နောက်ပြန် လက်ယပ်ခေါ်ပြီး " ထိပ်တင်ကြီးရေ လမ်းပေါ်မှာရှိရင် ကျွန်တော့်ဆီ ခဏလာပါဦး" လို့ ပြောပြီး ခေါ်ကြည့်လိုက်ပါတဲ့ ။ သတ္တိရှိဖို့၊ မကြောက်ဖို့ ပြီးတော့ နှလုံးရောဂါမရှိဖို့ လိုပါတယ်။ ပြီးရင်တော့ မန္တလေးနဲ့ ပတ်သတ်ပြီး သိချင်တာ မှန်သမျှ မေးကြည့်ကြပေါ့။

ကျနော်တော့ Tomino's hell ကဗျာနဲ့တင် ခုထိ အိပ်မက်ဆိုးမက်တုန်းမို့ ဒီလိုမျိုးတော့ မစမ်းကြည့်ရဲသေးဘူး ။
brace urself , ထိပ်တင်ကြီး is coming :)


Credit - မှတ်စုကြမ်း| Facebook

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...