အဲဒါေတြ ဘယ္လုိလုပ္မွာလဲ?????
ဒီေန႕ န၀ရတ္ နံနက္ဆယ့္တစ္နာရီခြဲကား ရန္ကုန္ ပုသိမ္ကားဂိတ္မွာေတြ႕ခဲ့တဲ့ ကုိယ္ေတာ္တစ္ပါး။
ဒီပံုထဲကေက်ာင္း တစ္ကယ္ရွိလား မရွိလားေတာ့မသိ။
ဘယ္စာသင္တုိက္မွ အဲလုိအလွဴခံတာေတာ့ မရွိ။
ေရးထားတဲ့ စာအုပ္တန္ဖုိးေတြကလဲ မမွန္ကန္။
ဒါနဲ႕ အဲကုိယ္ေတာ္ကုိေခၚၿပီး အဲေက်ာင္းဆရာေတာ္ရဲ႕ဖုန္းနံပါတ္ေပးပါဆုိေတာ့ မသိဘူး တဲ့။ ကုိယ္ေတာ္ရဲ႕ ဥပစၨ်ာယ္ဆရာက ဘယ္သူလဲ
ဆုိေတာ့လဲ မသိ။ ဘြဲ႕ေမးေတာ့လဲမရ။ ဒါနဲ႕ ဓာတ္ပံုရုိက္ၿပီးေတာ့
ကုိ္ယ္ေတာ္က ငယ္လတ္ႀကီး စာခ်တန္း ဘယ္အတန္းလုိက္ေနတာလဲ တပည့္ေတာ္လုိအပ္တာအကုန္လွဴမယ္ ေက်ာင္းမွာလာခဲ့
စားေန၀တ္ အျပည့္အစံုေထာက္ပံ့မယ္ ခုလုိက္ခဲ့ စားရိတ္ခံေခၚမယ္ ဆုိေတာ့ သူက ဘုန္းႀကီးစာမသင္ပါဘူး အတန္းေက်ာင္းတက္ေနတာပါ တဲ့။
ေနာက္တစ္ခါ ဒါမ်ိဳးေတြ႕ရင္ ရဲစခန္းအပ္မယ္လုိ႕ ေျပာထားခဲ့တယ္။ ကားကလဲ ထြက္ခါနီးျဖစ္ေနေတာ့ အဲေလာက္ပဲ လုပ္ထားခဲ့ႏုိင္တယ္။
ဒါမ်ိဳးေတြက ေနရာေတာ္ေတာ္မ်ားမ်ားမွာေတြ႕ျမင္ေနရတယ္။
ဒီေတာ့ အျမတ္ဆံုးဘုရားရွင္ရဲ႕သာသနာက သူေတာင္းစားသာသနာျဖစ္ေနတယ္။
ဒါေတြကုိ တာ၀န္ရွိတဲ့ပုဂၢိဳလ္ေတြက မျမင္တာလား။ ??????
မျမင္ခ်င္ေယာင္ေဆာင္ေနတာလား။ ??????
ဘာလုိ႕ လ်စ္လွ်ဴရွဳေနၾကတာလဲ။ ??????
ဒီလုိ လမ္းတကာ ဆုိင္တကာ လုပ္စားေနၾကတဲ့သူေတြအတြက္ ေကာင္းေကာင္းေနတဲ့ သံဃာေတြပါ ေရာၿပီးအထင္ေသးခံရတယ္။
အထင္ေသးတဲ့ဒဏ္ကုိမခံႏုိင္လုိ႕ သာသနာ့ေဘာင္ကစုေတသြားၾကတဲ့ သံဃာေတြလဲ မနည္းေတာ့။
ခုလုိ ေပါက္ပန္းေလးဆယ္ေတြက်ေတာ့ မသိခ်င္ေယာင္ေဆာင္ေနၾကတယ္။
တစ္ကယ္အလုပ္လုပ္ေနသူေတြက်ေတာ့ ................ ။
အရွင္မဟိႏၵ= ပုသိမ္။
https://www.facebook.com/permalink.php?story_fbid=1850079105248223&id=100007384543809
------------
အဲဒါတွေ ဘယ်လိုလုပ်မှာလဲ?????
ဒီနေ့ နဝရတ် နံနက်ဆယ့်တစ်နာရီခွဲကား ရန်ကုန် ပုသိမ်ကားဂိတ်မှာတွေ့ခဲ့တဲ့ ကိုယ်တော်တစ်ပါး။
ဒီပုံထဲကကျောင်း တစ်ကယ်ရှိလား မရှိလားတော့မသိ။
ဘယ်စာသင်တိုက်မှ အဲလိုအလှူခံတာတော့ မရှိ။
ရေးထားတဲ့ စာအုပ်တန်ဖိုးတွေကလဲ မမှန်ကန်။
ဒါနဲ့ အဲကိုယ်တော်ကိုခေါ်ပြီး အဲကျောင်းဆရာတော်ရဲ့ဖုန်းနံပါတ်ပေးပါဆိုတော့ မသိဘူး တဲ့။ ကိုယ်တော်ရဲ့ ဥပစ္ဇျာယ်ဆရာက ဘယ်သူလဲ
ဆိုတော့လဲ မသိ။ ဘွဲ့မေးတော့လဲမရ။ ဒါနဲ့ ဓာတ်ပုံရိုက်ပြီးတော့
ကို်ယ်တော်က ငယ်လတ်ကြီး စာချတန်း ဘယ်အတန်းလိုက်နေတာလဲ တပည့်တော်လိုအပ်တာအကုန်လှူမယ် ကျောင်းမှာလာခဲ့
စားနေဝတ် အပြည့်အစုံထောက်ပံ့မယ် ခုလိုက်ခဲ့ စားရိတ်ခံခေါ်မယ် ဆိုတော့ သူက ဘုန်းကြီးစာမသင်ပါဘူး အတန်းကျောင်းတက်နေတာပါ တဲ့။
နောက်တစ်ခါ ဒါမျိုးတွေ့ရင် ရဲစခန်းအပ်မယ်လို့ ပြောထားခဲ့တယ်။ ကားကလဲ ထွက်ခါနီးဖြစ်နေတော့ အဲလောက်ပဲ လုပ်ထားခဲ့နိုင်တယ်။
ဒါမျိုးတွေက နေရာတော်တော်များများမှာတွေ့မြင်နေရတယ်။
ဒီတော့ အမြတ်ဆုံးဘုရားရှင်ရဲ့သာသနာက သူတောင်းစားသာသနာဖြစ်နေတယ်။
ဒါတွေကို တာဝန်ရှိတဲ့ပုဂ္ဂိုလ်တွေက မမြင်တာလား။ ??????
မမြင်ချင်ယောင်ဆောင်နေတာလား။ ??????
ဘာလို့ လျစ်လျှူရှုနေကြတာလဲ။ ??????
ဒီလို လမ်းတကာ ဆိုင်တကာ လုပ်စားနေကြတဲ့သူတွေအတွက် ကောင်းကောင်းနေတဲ့ သံဃာတွေပါ ရောပြီးအထင်သေးခံရတယ်။
အထင်သေးတဲ့ဒဏ်ကိုမခံနိုင်လို့ သာသနာ့ဘောင်ကစုတေသွားကြတဲ့ သံဃာတွေလဲ မနည်းတော့။
ခုလို ပေါက်ပန်းလေးဆယ်တွေကျတော့ မသိချင်ယောင်ဆောင်နေကြတယ်။
တစ်ကယ်အလုပ်လုပ်နေသူတွေကျတော့ ................ ။
အရှင်မဟိန္ဒ= ပုသိမ်။
https://www.facebook.com/permalink.php?story_fbid=1850079105248223&id=100007384543809
Subscribe to:
Post Comments
(
Atom
)
Loading...


0 comments :
Post a Comment