အသက်သွင်းခံရတော့မယ့် မြန်မာပြည် တောင်ဘက် က အပျိုစင်ကျွန်း ပေါင်း ၈၀ဝ ကျော်


မြိတ်ကျွန်းစု ဟာ ကမ္ဘာကြီးမှာ နောက်ဆုံးကျန်တဲ့ နိဗ္ဗာန် ဘုံထဲက တစ်ခုပါပဲ”လို့ ဩစတြေးလျားနိုင်ငံသား အင်ဂျင်နီယာ သော မတ်ဘန်းနင်းက စီအင်န်အင်န်သတင်းဌာနကို ဖွင့်ဟခဲ့ပါတယ်။ံရေဂို အရငဟိပလောဂု လို့ခေါ်ကြတဲ့ မြိတ် ကျွန်းစုတွေဟာ ကမ္ဘာမှာ မတို့မထိရ သေးတဲ့ သဘာဝအတိုင်းရှိနေတဲ့ လောကနိဗ္ဗာန်ဘုံလို့ ရောက်ဖူးတဲ့ နိုင် ငံခြားသားတိုင်းက မှတ်ချက်ချကြပါတယ်။
မြန်မာနိုင်ငံရဲ့ တောင်ဘက်ရှိ တနင်္သာရီတိုင်းဒေသကြီး မြိတ်သဘာဝကျွန်းစုတွေ တည်ရှိရာဒေသဟာ နိုင်ငံခြားသားတွေရဲ့ မျက်စိကျခံလာရပါတယ်။
ကျွန်းဆွယ်ပေါင်း၈၀ဝကျော်ရှိပြီး ကျွန်းအသေးအကြီးအရွယ်အစားအမျိုးအစားအမျိုးမျိုးနဲ့ စတုရန်းကီလိုမီတာ ၁၀,ဝ၀ဝ ကျော်အကျယ်အဝန်းရှိတဲ့ နေရာဟာမကြာခင်မှာအစိုးရအဖွဲ့ရဲ့မဟာဗျူဟာစီမံကိန်းနဲ့အတူ ပြည်ပခရီးသွားတွေကိုစနစ်တကျဆွဲဆောင်မယ့်နေရာတစ်ခုအဖြစ်ဖန်တီးတော့မှာ ဖြစ်ပါတယ်။
မြိတ်ကျွန်းစု ကို ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်လာဖို့ တနင်္သာရီ တိုင်းဒေသကြီးအစိုးရအဖွဲ့ ၊ ဟိုတယ်နှင့် ခရီးသွားဝန်ကြီးဌာနနဲ့ အိုင်အင်န်ဂျီအိုအဖွဲ့တွေ ၊ အက်ဖ်အမ်အိုင်ကုမဏီတို့နဲ့ ပူးပေါင်းပြီး တနင်္သာရီဒေသ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီက မဟာ စီမံကိန်း ရေးဆွဲနေပါတယ်။
တနင်္သာရီဒေသဖွံ့ဖြိုးတိုးတက် ရေးကော်မတီဟာ ဟိုတယ်နှင့် ခရီးသွားဝန်ကြီးဌာနရဲ့ အောက်မှာ လုပ်ဆောင်နေပါတယ်။ အက်ဖ်အမ်အိုင်ရဲ့ တည်ထောင်သူ မစ္စတာ ဆာ့ခ်ျပန်းက ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားပါတယ်။
ဒါ့အပြင် လုံခြုံရေးနဲ့ သက်ဆိုင်တဲ့ ဌာနတွေနဲ့လည်း ပူးပေါင်းဆောင်ရွက်မှာ ဖြစ်တယ်။ တနင်္သာရီတိုင်းအတွင်းမှာရှိတဲ့ မြိတ်ကျွန်းစုတွေကို သဘာဝကို  အခြေခံတဲ့ ခရီးသွားလုပ်ငန်းကို ဖော်ဆောင်နိုင်ဖို့ ၂၀၁၃ခုနှစ်ကနေ ၂၀၂၀ အထိ လုပ်ငန်းဆောင်ရွက်ဖို့ ဖိတ်ခေါ်ထားတာ ဖြစ်ပါတယ်။
ထူးခြားချက်တွေ
မြိတ်ကျွန်းစု ကို  နိုင်ငံခြားခရီးသွားများ  စိတ်ဝင်စားတဲ့ အချက်တွေကတော့ နှစ်ပေါင်းရာနဲ့ချီပြီး ပင်လယ်အတွင်းမှာ ကျင်လည်ကျက်စားကြတဲ့ ဆလုံလူမျိုးတွေ၊ ကျွန်းဆွယ်တွေမှာရှိတဲ့ အပူပိုင်းချိုင့်ဝှမ်းကြီးတွေ၊ သဘာဝသန္တာကျောက်တန်းကြီးတွေကြောင့် ဖြစ်ပါတယ်။
ဒါ့အပြင် သဲအဖြူရောင်လွှမ်းတဲ့ ကမ်းခြေပေါင်း ၁၀ဝကျော်ရှိပြီး ကနူး လှေမောင်းနိုင်တဲ့အပြင် ကျွန်းပေါ်မှာ နေတဲ့ ထူးဆန်းတဲ့ သတ္တဝါတွေ ဖြစ်တဲ့ စပါးကြီးမြွေ၊ ကြောင်ကတိုး၊ မျောက်လွှဲကျော်၊ ပိန်ညင်းငှက်၊ မြစိမ်းရောင် ဂျိုးငှက်နဲ့ တခြားရှားပါးတဲ့ ငှက်မျိုးစေ့ တွေလည်းရှိတဲ့အတွက် နိုင်ငံခြား ခရီးသွားဧည့်သည်တွေ ဆွဲဆောင်တဲ့ သ ဘာဝတရားတွေပဲ ဖြစ်ပါတယ်။
၁၉၉၅ခုနှစ်ကတည်းက မြိတ်ကျွန်းစုထဲက တစ်ခုဖြစ်တဲ့ လန်ပိကျွန်းမှာ အမျိုးသားဥယျာဉ်ဖွင့်လှစ်ခဲ့ ပါတယ်။ အဲသည် ကျွန်းကလည်း နိုင်ငံ ခြားသားတွေရဲ့ စိတ်ဝင်စားမှု  အများဆုံးကျွန်းတစ်ကျွန်း ဖြစ်ပါတယ်။
နိုင်ငံခြားသားတွေ စိတ်ဝင်စားတဲ့ နောက်တစ်ကျွန်းကတော့ ၁၁၅ကျွန်းစု ဖြစ်ပြီး ကြည်လင်နေတဲ့ ရေအောက် မျက်နှာပြင်တွေရှိတယ်။ အရောင်စုံလှ တဲ့ ငါးတွေနဲ့ လှပတဲ့ သန္တာကျောက်တန်းတွေ ရှိပါတယ်။ ရေငုတ်ဝါသနာပါ သူတွေအနေနဲ့ ရေငုတ်နိုင်ပါတယ်။
ဒါ့အပြင် ညောင်ဝှီးကျွန်း၊ ဖီလာကျွန်း၊ မျောက်နီကျွန်း၊ အသည်းပုံ ကျွန်း၊ ညောင်ဦးဖီးကျွန်း၊ ခရင်းခွကျွန်း၊ နားခိုကျွန်း၊ ငခင်ညိုကြီး ကျွန်းတို့မှာ ခရီးသွားဝင်ထွက်မှု  အများဆုံး ဖြစ်တယ်လို့ သိရပါတယ်။
မြိတ်ကျွန်းစုကို ယူနက်စကိုကလည်း ယူနက်စကိုရဲ့ ထိန်းသိမ်းရေး ဇုန်အဖြစ်သတ်မှတ်ဖို့ အလားအလာ ကောင်းတွေ ရှိတယ်လို့ မှတ်ချက်ပေးထားပါတယ်။
၂၀၁၆ခုနှစ်မှာ ခရီးသွားသင့်ဆုံးမှာ မြိတ်ကျွန်းစု ပါဝင်တယ်ဆိုပြီး စီအင်န်အင်န် ခရီးသွားကဏ္ဍမှာ ဖော်ပြထားပါတယ်။ မြိတ်ကျွန်းစုဟာ မဖော်ထုတ်ရသေးတဲ့ နေရာတစ်ခုဖြစ်လို့ ဂူ ဂဲလ်မှာလည်း တည်နေရာရှာလို့မရ တဲ့ နေရာတစ်နေရာဖြစ်တယ်လို့ သိရပါတယ်။
အခွင့်အလမ်း
မြိတ်ကျွန်းစု ဒေသခံတွေမှာ အလုပ်အကိုင် အခွင့်အလမ်းတွေ ရလာနိုင်မယ်လို့ လွှတ်တော်အမတ်တွေက မျှော်လင့်ထားကြပါတယ်။
မြိတ်ခရိုင် ခရီးသွားလုပ်ငန်း ဖွံ့ ဖြိုးတိုးတက်ရေး ဖြစ်တဲ့အတွက် ပုဂ္ဂလိက တစ်ခုတည်းကို လုပ်ကိုင်ခွင့်ပေးမှာ မဟုတ်ဘဲ ခရိုင်အတွင်းမှာ ရှိတဲ့ ဒေသခံပြည်သူတွေ ခရီးသွားလုပ်ငန်းအပေါ်မှာ မှီခိုပြီးတော့ အကျိုးစီးပွား ဖြစ်ထွန်းဖို့ စီစဉ်မှာ ဖြစ်တယ်လို့ ကျွန်း စုမြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်ဦးတိုးလွင်က   ပြောပါ တယ်။
သူက ‘အဓိကကတော့ အများ ပြည်သူ အကျိုးအတွက်ပါပဲ၊ တစ်ဦးတစ်ယောက်ပိုင်ဆိုပြီး လုပ်ထားတဲ့ အ စီအစဉ်တွေ မတွေ့ရပါဘူး”လို့ ဆိုတယ်။
ဒေသခံပြည်သူတွေအလုပ်အကိုင်အခွင့်အလမ်းတွေရရှိနိုင်ဖို့ ဆွေးနွေးထားတဲ့အစည်းအဝေးရလဒ်ကိုလည်းဝန်ကြီးချုပ်ကိုတင်ပြထားတယ်လို့ သိရပါတယ်။
မြိတ်မြို့နယ်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(၂) ဒေါ်ရီ ရီချိုက’ခရီးသွားလုပ်ငန်း တိုးတက်လာရင် ဒေသခံလူတွေ guide တွေ လုပ်လို့ရလာမယ်၊ ဒေသအတွင်းက ဒေသထွက်ကုန်တွေ ရောင်းချလာနိုင်မယ်၊ သွားရေးလာရေးအတွက်လဲ အလုပ်အကိုင် ရလာနိုင်မယ်˘လို့ ပြောပါတယ်။
မြိတ်ကျွန်းစု ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာရင် ကျွန်းတချို့မှာ နေ ထိုင်တဲ့ဆလုံလူမျိုး တချို့တစ်ဝက်ပါ အလုပ်အကိုင် ရလာနိုင်တယ်လို့ ကော့ သောင်းဟိုတယ်နှင့် ခရီးသွားဝန်ကြီး ဌာနက လက်ထောက်ညွှန်ကြားရေး မှူး ဦးလွှမ်းမိုးက ခန့်မှန်းထားပါတယ်။
သူက’တချို့က Guide လုပ်ကြ မယ်၊ တချို့ကတော့ ရေလုပ်ငန်းလုပ် ကြမယ်၊  တချို့က ထမင်းရောင်းကြ မယ်စတဲ့ လုပ်ငန်းတွေ လုပ်ကိုင်ကြ နိုင်မယ်”လို့ ပြောတယ်။
မြိတ်ကျွန်းစု အချို့ကျွန်းတွေမှာ ဆလုံလူမျိုးတွေ နေထိုင်ကြသလို အ ချို့ကျွန်းတွေမှာတော့ ပုလဲမွေးမြူတဲ့ ကုမဏီတွေ နေရာယူထားတယ်လို့ သိရပါတယ်။
ကျွန်း၈၀ဝကျော်မှာဆလုံလူမျိုးပေါင်း၃၀ဝ၀ကျော် နေထိုင်ကြတယ်လို့ လူ့အခွင့်အရေးစောင့်ကြည့်သူများ အဖွဲ့ရဲ့၂၀၁၅ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
မြိတ်ကျွန်းစုကို မပျက်စီးစေမယ့်နည်းလမ်းတွေနဲ့ သဘာဝအတိုင်း ခရီး သွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ဖို့ ထိန်း သိမ်းမှာဖြစ်ပြီး ပြည်သူလူထုအတွက်အလုပ်အကိုင်အခွင့်အလမ်းကောင်းတွေကို ဖန်တီးပေးနိုင်ဖို့ ရည်ရွယ်ထားတယ်လို့ တနင်္သာရီတိုင်းဒေသကြီး သယံဇာတဝန်ကြီး  ဦးမြင့်မောင်က ပြောပါတယ်။
သူက’ဘယ်ဟာကတော့ တပ်နဲ့ငြိ တယ်၊ ဘယ်ဟာကတော့ ကျွန်းနဲ့ငြိ တယ်၊ အသေးစိတ်ပြန်ပြီး ဆွေးနွေးရဦးမယ်၊ အဲဒါတွေပြီးမှ ဒေသခံတွေရဲ့ အလုပ်အကိုင်တွေကို  ဖော်ဆောင်ပေးနိုင်မှာ”လို့ ပြောတယ်။
မြိတ်ကျွန်းစု ဟာ ရန်ကုန်ကနေ အလွယ်တကူသွားလာနိုင်ပြီး ဒေသတွင်းမှာလူမှုရေး၊ နိုင်ငံရေးလက်နက်ကိုင်ပဋိပက္ခတွေမရှိတာကြောင့် နိုင်ငံခြားခရီးသွားတွေအတွက်သင့်တော်တယ်လို့ယူဆထားကြပါတယ်။
မြိတ်ကျွန်းစုနဲ့ဆက်စပ်နေတဲ့ မြို့တွေမှာစားသောက်ဆိုင်နဲ့ဟိုတယ်လုပ်ငန်းတွေလည်း ဖွံ့ဖြိုးတိုးတက်လာနိုင်ပါတယ်။အဲသည်ဒေသကို ပြေးဆွဲနေတဲ့ ကားလိုင်းတွေ၊  လေကြောင်း လိုင်းတွေလည်း ဖွံ့ဖြိုးတိုးတက်လာနိုင်တယ်လို့ မြိတ်မြို့အခြေစိုက် ခရီးသွားလုပ်ငန်းတစ်ခုဖြစ်တဲ့ Blue Anda-man Group က အထွေထွေမန်နေ ဂျာ ဦးကောင်းထက်က ပြောပါတယ်။
သူက ‘ဒေသခံအများစုက ငါးဖမ်းလုပ်ငန်းလုပ်ကိုင်ကြတာ၊ဖွံ့ဖြိုးလာပြီဆိုရင် ဒေသခံတွေက မြို့ပေါ်က စားသောက်ဆိုင်တွေကို ပုစွန်၊  ငါးတွေ တက်ရောင်းလို့ ရလာနိုင်မယ်”လို့ ဆိုတယ်။
မြိတ်ကျွန်းစုမှာ လုံခြုံရေးအရ ကန့်သတ်ထားတဲ့ ကျွန်း ၁၃ကျွန်း ရှိပါတယ်။
မြိတ်ကျွန်းစု မှာ ပြည်တွင်း ရင်းနှီး မြှုပ်နှံသူတွေကို အစိုးရက ကျွန်း ၁၂ ကျွန်းကိုသာ ခရီးသွားလုပ်ငန်းလုပ်ကိုင်ခွင့်ပြုပေးထားပါတယ်။ လက်ရှိမှာ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ဖို့ လုပ် ဆောင်နေကြပြီလို့ သိရပါတယ်။
ပြည်တွင်းရင်းနှီးမြှုပ်နှံမှုထဲက အ ချို့ကျွန်းတွေမှာ ခရီးသွားလုပ်ငန်းဖွံ့ ဖြိုးတိုးတက်မှုကို မလုပ်ဆောင်ဘဲ ရပ်ထားတဲ့အတွက် နိုင်ငံခြားခရီးသွား ဧည့်သည်တွေ ဝင်ရောက်လာတဲ့အခါ ဟိုတယ်မလုံလောက် လို့ လုပ်ငန်းတွေ ပြန်လည်ညှိနှိုင်းထားတယ်လို့ သိရပါတယ်။
ဒါ့အပြင် မြိတ်ကျွန်းစု မှာ ထိုင်းခရိုင်သုံးခုနဲ့ ဆက်စပ်နေတဲ့အတွက် ရန်ကုန်က တစ်ဆင့် မလာကြတော့ဘဲ ထိုင်းနိုင်ငံဘက် ရနောင်း၊ ဖူးခက်က တိုက်ရိုက် ဝင်ရောက်လာတဲ့  နိုင်ငံခြားခရီးသွားတွေလည်း ရှိပါတယ်။
အဲသည်လို လာရောက်တာတွေကြောင့် ကော့သောင်းလေဆိပ်ကို အဆင့်မြှင့်တင်ဆောင်ရွက်ဖို့လည်း စီစဉ်နေကြပါတယ်။
ပတ်ဝန်းကျင်ထိန်းသိမ်းဖို့
မြိတ်ကျွန်းစု ခရီးသွားလုပ်ငန်းဖွံ့ ဖြိုးတိုးတက်လာတဲ့အခါ ကျွန်းတွေရဲ့ သဘာဝသယံဇာတတွေ ပျက်စီးလာနိုင်တဲ့အတွက် ကြိုတင်ကာကွယ်မှု တွေ ပြုလုပ်မှာ ဖြစ်တယ်လို့ လွှတ် တော်ကိုယ်စားလှယ်တွေနဲ့ ခရီးသွားလုပ်ငန်းလုပ်ကိုင်သူတွေက ပြောပါတယ်။
စနစ်တကျ ဖွံ့ဖြိုးတိုးတက်လာဖို့ မဟာစီမံကိန်းမှာ ထည့်သွင်းရေးဆွဲမှာ ဖြစ်တယ်။ လူမှုရေး၊ ပတ်ဝန်းကျင်တွေကို မထိခိုက်အောင် ဆောင်ရွက်မှာ ဖြစ်ပြီး ခရီးသွားတွေ ဝင်ရောက်လာတဲ့အခါ ယဉ်ကျေးမှုနဲ့  ဆိုင်တာတွေကို ဘယ်လို လုပ်ဆောင်မလဲဆိုတာကိုလည်း ထည့်သွင်းမယ်လို့ ဝန်ကြီး  ဦး မြင့်မောင်က ပြောပါတယ်။
တနင်္သာရီဒေသဖြစ်တဲ့ ကျွန်းစုမြို့နယ်ထဲမှာ ရွာပေါင်း ၁၆၄ ရွာရှိတယ်။ ကျွန်းပေါင်း၂၀၂ ကျွန်းရှိတယ် လို့ လာရောက်လေ့လာသူတွေက သတ်မှတ်ထားတဲ့အတွက် အဲသည် ကျွန်းတွေကိုလည်း ဆက်လက်ထိန်း သိမ်းမယ်လို့ ဦးတိုးလွင်က ပြောတယ်။
သူက’အခက်အခဲတွေဘယ်လိုတွေရှိတယ်ဆိုတာကိုတင်ပြဖို့ ရှိတယ်၊သွားခွင့်မရှိဘူးဆိုပြီးပိတ်ထားတဲ့ကျွန်းတွေကိုလဲ သေချာလေ့လာမယ်”လို့ဆိုပါတယ်။
ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်လာရင် ကမ်းခြေမှာရှိတဲ့ ငါးဖမ်းလုပ်ငန်းတွေကို သဘာဝပတ်ဝန်းကျင်နဲ့ ပတ်သက်တဲ့ ပညာပေးတာတွေ ပြုလုပ်သင့်တယ်လို့ ဦးကောင်းထက်က ပြောပါတယ်။
သူက ‘နိုင်ငံခြားခရီးသွားတွေလာတဲ့အခါ ကမ်းခြေမှာ ငါးခြောက်လှန်းတာတွေ၊ ငါးဖမ်းလှေတွေကမ်းမှာ ကပ်ထားတာတွေက သန္တာကျောက်တန်းတွေကို ထိခိုက်တယ်၊ သဘာဝအလှတွေကို ပျက်စေတယ်၊ အဲဒါကြောင့် ပညာပေးသင့်တယ်”လို့ ဆိုပါတယ်။
မြိတ်ကျွန်းစု ဘက်က ဒေသခံတွေကငါးဖမ်းလုပ်ငန်းကိုအများဆုံးလုပ်ကိုင်ကြတယ်။ ငါးဖမ်းလှေတချို့မှာပင်လယ်အတွင်း ငါးမိုင်းခွဲတာတွေ ပြုလုပ်တဲ့အတွက်သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေပါတယ်။
မြိတ်ကျွန်းစု ဆိုတာဟာ ကော့သောင်းကနေ အောက်ဘက်အနောက်တောင် မိုင် ၃၀ကနေစပြီး ထားဝယ်အနား ဒေါင်းတောင်ဘို့အထိဖြစ်တယ်လို့သိရပါတယ်။
မြိတ်ကျွန်းစု ကို လူအဝင်အထွက်များနေတဲ့အတွက် ပရိုမိုးရှင်းလုပ်နေပါတယ်။ မြန်မာ နဲ့ ထိုင်းနိုင်ငံတို့ ပူးပေါင်းပြီးတော့လည်း မြန်မာ-ထိုင်း ခရီးသွားအဖွဲ့ဆိုပြီးတော့ ၂၀၁၇ ခုနှစ် မှာ ဖွဲ့စည်းခဲ့ပါတယ်။
မြိတ်ကျွန်းစုအတွင်း ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာရင် ကဏ္ဍအစုံ ဖွံ့ဖြိုးတိုးတက်လာနိုင်တဲ့အတွက် စနစ်တကျ လုပ်ဆောင်ဖို့လိုအပ် တယ်လို့ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းရှင်များအသင်း တွဲဖက်အတွင်းရေး မှူး ဦးနေဇော်အောင်က ပြောပါတယ်။
သူက’ပုဂံ၊ အင်းလေးတို့မှာ သင် ခန်းစာတွေ အများကြီးယူလို့ရတယ်၊ သယံဇာတ မပျက်စီးဖို့ ဘယ်လိုလုပ်မလဲ၊ နည်းတွေယူလို့ရတယ်”လို့ ဆိုတယ်။
မြိတ်ကျွန်းစုမှာ ၁၉၉၆ခုနှစ် လောက်ကတည်းက အပျော်စီးရွက် လှေလုပ်ငန်းတွေ စတင်ပြီး ၂၀၁၅ နောက်ပိုင်းမှသာ လူသိများလာတာပါ။
မြိတ်ကျွန်းစုကို လည်ပတ်ဖို့ ရန် ကုန်ကနေ အပြီးအစီး ရှစ်ည ကိုးရက်ခရီးကို အမေရိကန် ဒေါ်လာ ၃၄၈၅ခန့် ကျသင့်တယ်လို့ မြိတ်ကျွန်းစု ခရီးသွားဝန်ဆောင်မှု ကုမဏီတွေက ကြေ ညာထားပါတယ်။
မြိတ်ကျွန်းစုကို ၂၀၁၆ခုနှစ်က စတင်ပြီး ခရီးသွားလုပ်ငန်းတွေ ပိုမိုလုပ် ကိုင်လာကြတယ်။ လာမယ့်နှစ်မှာ ကုမဏီကြီးတွေ ဝင်ရောက်လာမယ်လို့ ခန့် မှန်းထားကြောင်း မြိတ်မြို့ ခရီးသွား လုပ်ငန်းလုပ်ကိုင်သူအချို့က ပြောပါ တယ်။
၂၀၁၆ဇန်နဝါရီလက နေ နိုဝင် ဘာလအထိ မြိတ်ကျွန်းစုတွေကို လာရောက်လည်ပတ်တဲ့ နိုင်ငံခြားသားခရီးသွား ဧည့်သည် ၃၂၀၁ ယောက်ရှိတယ် လို့ ဟိုတယ်နဲ့ ခရီးသွားဝန်ကြီးဌာနက သိရပါတယ်။
တနင်္သာရီတိုင်းဒေသကြီး ဖွံ့ဖြိုး တိုးတက်မှုကော်မတီကို တာဝန်ယူထားတဲ့ ပုဂ္ဂိုလ်တွေကလည်း သဘာဝပတ်ဝန်းကျင်ကို မထိခိုက်စေဘဲ မြိတ် ကျွန်းစုကို ဖူးခက်ကမ်းခြေလိုမျိုး ဖွံ့ဖြိုး တိုးတက်အောင် လုပ်ဆောင်မယ်လို့ ဆိုတယ်။
ပြုလုပ်ဆဲစီမံကိန်းများ
Oxford Business Group ရဲ့  အစီရင်ခံစာအရ မြိတ်ကျွန်းစု တွေပေါ်မှာ အပန်းဖြေ resort ပေါင်း ၃၀ ကျော် ဆောက်လုပ်ဖို့ ပရိုပိုဆယ်တင်ထား တာရှိတယ်လို့ ဖော်ပြထားပါတယ်။
အဲသည်လို ရင်းနှီးမြှုပ်နှံသူတွေရဲ့ တင်ပြချက်ကို ဒေသဆိုင်ရာ အစိုးရအ ဖွဲ့က လက်ခံခဲ့မယ်ဆိုရင် မြန်မာခရီး သွားလုပ်ငန်းအတွက် သိသာထင်ရှားတဲ့ အကျိုးရလာဒ်တွေ ရလာမယ်လို့ ခန့်မှန်းထားပါတယ်။
မြိတ်ပုဂ္ဂလိက ကော်ပိုရေးရှင်းက အပန်းဖြေ resort တစ်ခု ဆောက်ဖို့ စီစဉ်ထားပါတယ်။ အဲသည်မှာ စီမံ ကိန်းလေးခုပါတယ်။
ကတာကျွန်းမှာ ပြလုပ်မှာဖြစ်ပြီး ဒေါ်လာလေးသန်း ကုန်ကျမယ်လို့ ခန့်မှန်းထားပါတယ်။ မြိတ်မြို့နယ်ဆို ရင် ၄၅မိနစ်သင်္ဘောစီးတာနဲ့ ရောက်ရှိ မှာပါ။ ၂၀၁၈ခုနှစ်မှာတော့ ဧည့်သည်တွေကို လက်ခံနိုင်မယ်လို့ ခန့်မှန်း ထားပါတယ်။
ဗစ်တိုးရီးယားကျွန်းဆွယ်ပေါ် မှာလည်း အိမ်ခြံမြေ ဖွံ့ဖြိုးမှုဆိုင်ရာ ကုမဏီတစ်ခုဖြစ်တဲ့ Zochwell Group က အမေရိကန် ဒေါ်လာ ၁့  ၂ ဘီလျံ တန်ရွက်လှေဆိပ် ဇိမ်ခံဟိုတယ် ကာစီနိုရုံကို တည်ဆောက်ဖို့ ပြင်ဆင် ထားတယ်လို့ Oxford Business Group က ဖော်ပြထားပါတယ်။
အဲသည်နေရာဟာ မြိတ်မြို့နဲ့ နှစ် မိုင်ခန့်သာ ကွာဝေးပါတယ်။ Zoch- well Group ရဲ့ နောက်ထပ် ရည်မှန်း ချက်တစ်ခုကတော့ ဗစ်တိုးရီးယား ကျွန်းဆွယ်ကနေ ကော့သောင်းကို တံတားထိုးဖို့ ရည်ရွယ်ထားပါတယ်။ ဒါ့အ ပြင် လေဆိပ်ကိုလည်း အဆင့်မြှင့် တင်မယ့် စီမံကိန်းတွေ ပါဝင်ပါတယ်။
‘ဖူးခက်လို နောက်တစ်နေရာမျိုး ကျွန်တော်တို့ ဖန်တီးချင်တာပါ၊ ရေ ကြောင်းခရီးသွားလုပ်ငန်းရဲ့ ဆိပ်ကမ်း တစ်ခုဖြစ်လာဖို့ ရည်ရွယ်ပါတယ်”လို့ Zochwell Group က အမှုဆောင်အရာရှိချုပ်က Oxford Business Gro- up ကို ပြောပါတယ်။
သူက ‘ကျွန်တော်တို့ မျှော်မှန်း ထားတာက လာရောက်ကြမယ့် ခရီးသွား ၆၀ရာခိုင်နှုန်းက ပြည်တွင်းက ဖြစ်ပြီး ၄၀ရာခိုင်နှုန်းက ပြည်ပက ဖြစ်တယ်၊ မြန်မာနိုင်ငံဟာ အလယ်အလတ်တန်းစား များပြားမယ်လို့ ခန့် မှန်းထားတာကြောင့် မြိတ်ကျွန်းစု တွေကို လာရောက်လိမ့်မယ်”လို့ ဆိုပါ တယ်။
အဲသည်စီမံကိန်းကြီးကို တနင်္သာရီတိုင်းအစိုးရအဖွဲ့နဲ့ ပူးပေါင်းပြီး ဘှုထ စနစ်နဲ့ လုပ်ဆောင်မယ်လို့ ရည်မှန်းထားပါတယ်။
မြိတ်ကျွန်းစု မှာ လက်ရှိအကောင် အထည်ဖော်နေတဲ့ စီမံကိန်းတွေက အရင်အစိုးရလက်ထက်က ခွင့်ပြုခဲ့တာဖြစ်ပြီး လက်ရှိ အစိုးရလက်ထက် မှာ စီမံကိန်းအသစ်အတွက် ခွင့်ပြုထားတာ မရှိသေးဘူးလို့ သိရပါတယ်။
စိုးရိမ်ပူပန်
မြိတ်ကျွန်းစု မှာ ဟိုတယ်သစ်တွေ ဆောက်လုပ်မယ်၊ စီမံကိန်းအသစ်တွေ ပြုလုပ်မယ်လို့ ပြောဆိုလာချိန် မှာတော့ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင်တွေက စိုးရိမ်ပူပန်လာပါတယ်။
မြိတ်ကျွန်းစုကခရီးသွားလုပ်ငန်းတွေလုပ်ဆောင်တော့မယ်ဆိုရင်ကျွန်းတွေကို ထိန်းသိမ်းနိုင်ဖို့ လေ့လာတွေ့ရှိချက်တွေအရ ကျွန်းပေါင်း ၈၀ဝ ကျော်ရှိတဲ့အထဲကလူမနေသေးတဲ့ အပျိုစင်ကျွန်း ၁၀ဝကျော်အစုလိုက်ကို မဖြစ်မနေထိန်းသိမ်းထားရမယ်လို့သဘာဝပတ်ဝန်းကျင်ပညာရှင်ဦးညိုမောင်က ပြောပါတယ်။
သူက’တခြားနိုင်ငံတွေမှာ မရှိတော့တဲ့ အပျိုစင်ကျွန်းတွေကို ထိန်းသိမ်းထားနိုင်ရင် နောင်အချိန်မှာ အာရှအမွေအနှစ်အပြင်ကမ္ဘာ့အမွေအနှစ်ပါ ဖြစ်လာမှာ၊ တခြားနိုင်ငံတွေမှာလူတွေဖျက်လို့ပဲ ကျွန်းတွေပျက်စီးတာ”လို့ ဆိုပါတယ်။
မြိတ်ကျွန်းစု မှာ အပန်းဖြေစခန်းလုပ်ဖို့ ဗီလာတွေ၊ ဟိုတယ်တွေ၊ ဆောက်လုပ်တဲ့အခါ ကျွန်းတွေရဲ့ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုအနည်းဆုံးဖြစ်အောင် ပြုလုပ်ရမှာဖြစ်ပါတယ်။
အဲသည်အတွက်ကြောင့် သန္တာ ကျောက်တန်းများတဲ့ဘက်မှာ ဗီလာတွေ၊ ဆိပ်ခံတံတားတွေ မဆောက် လုပ်ဖို့၊ အချို့ကျွန်းတွေပေါ်မှာ မော် တော်ကားလမ်းတွေ မလုပ်ဖို့ အချို့ ကျွန်းတွေမှာ resort တွေ မဆောက် ဖို့ကိုလည်း တနင်္သာရီတိုင်းဒေသကြီး ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီကို အ ကြံပေးထားတာတွေ ရှိတယ်လို့ ဦးညိုမောင်က ဆက်ပြောတယ်။
ဧပြီလကုန်ပိုင်းမှာမဟာစီမံကိန်းအတွက်လွှတ်တော်ကိုယ်စားလှယ်အဖွဲ့အစည်းအသီးသီးဆွေးနွေးချက်တွေကို ပြန်လည်တင်ပြဖို့ ရှိနေတယ်လို့သိရပါတယ်။
တနင်္သာရီတိုင်းဒေသကြီး သယံ ဇာတဝန်ကြီး ဦးမြင့်မောင် က ‘သဘာဝပတ်ဝန်းကျင်ကို မဖြစ်မနေထိန်းသိမ်းမယ်၊ ခရီးသွားတွေကို ပတ်ဝန်းကျင်က ယဉ်ကျေးမှုတွေသိအောင် ပတ်ဝန်းကျင် မထိခိုက်အောင် နည်း လမ်းတွေရှာပြီး လုပ်ဆောင်မှာ”လို့ ပြောပါတယ်။
Credit : kumudra

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...