အြန္လုိင္းေပၚမွာ ေဟာ့ျဖစ္ခ်င္တဲ့ကေလးမ ျပင္လို႔မရေအာင္ အေဟာ့လြန္လြန္းသြားပါၿပီ..။


ညစ္ညမ္းဗြီဒီယုိမ်ား တုိက္႐ုိက္လႊင့္တင္ခဲ့သည့္ ေကာင္မေလးကို ေထာင္ဒဏ္(၄)ႏွစ္ခ်မွတ္
တရုတ္ႏုိင္ငံ လူမႈကြန္ယက္ေလာကမွာ Hot ျဖစ္ခဲ့ၿပီး၊ ကာလသားအမ်ားရဲ႕ အားေပးမႈေတြ ရရွိခဲ့တဲ့ Lin ဆုိတဲ့ အင္တာနက္အသုံးျပဳသူ ေကာင္မေလးကုိ တ႐ုတ္ရဲတပ္ဖြဲ႕က ဖမ္းဆီးခဲ့ၿပီး ညစ္ညမ္းဗြီဒီယုိမ်ား အင္တာနက္မွာ တုိက္႐ုိက္ထုတ္လႊင့္မႈ၊ မဖြယ္မရာပုံမ်ား ျဖန္႔ေ၀မႈ စတဲ့ အင္တာနက္ဥပေဒနဲ႔ စြဲခ်က္တင္ခဲ့ပါတယ္။
အင္တာနက္ေလာကမွာ Lin ကဲ့သုိ႔ပင္ 18+ သီးသန္႔လႈပ္ရွားမႈေတြ ျပဳလုပ္ၿပီး၊ ရံပုံေငြနဲ႔ စပြန္ဆာရွာေဖြေနတဲ့ အမ်ိဳးသမီးေတြဟာ ယေနေခတ္မွာ အေျမာက္အမ်ားေတြ႔ရွိလာခဲ့ရၿပီး၊ တစ္ခ်ိဳ႕က အမ်ိဳးသားေတြနဲ႔ ခ်စ္တင္းေႏွာေနတာကိုပင္ ေပၚေပၚထင္ထင္ တင္လာခဲ့ၾကတာကုိ ေတြ႔ရပါတယ္။
ဒါဟာ အင္တာနက္ပလတ္ေဖာင္းကုိ အရြယ္မေရာက္ေသးတဲ့ ကေလးသူငယ္ေတြပါ အကန္႕အသတ္မဲ့သုံးေနၾကတဲ့ ဒီေန႔လုိအခ်ိန္အခါမ်ိဳးမွာ အေတာ္ေလးကို အႏၱရာယ္ရွိတဲ့ လုပ္ေဆာင္မႈေတြ ျဖစ္ေနပါတယ္။ ဒါ့အျပင္ Lin ကေတာ့ Chengdu Foursome လုိ႔ အမည္ေပးထားတဲ့ ညစ္ညမ္းဗြီဒီယုိဖုိင္ကုိပါ လႊင့္တင္ခဲ့လုိ႔ ရဲတပ္ဖြဲ႕ရဲ႕ စုံစမ္းျခင္း ခံခဲ့ရၿပီး မၾကာမီမွာ ဖမ္းဆီးခံခဲ့ရပါတယ္။
ရဲတပ္ဖြဲ႕၀င္ေတြဟာ ဒူဘုိင္းကေနျပန္ေရာက္လာတဲ့ Lin နဲ႔အတူ ညစ္ညမ္းဗြီဒီယုိဖန္တီးရာမွာ ပါ၀င္ခဲ့တဲ့ အေပါင္းအပါေတြကုိပါ ၿပီးခဲ့တဲ့ႏွစ္ ေမလ 4 ရက္ေန႔က ဖမ္းဆီးခဲ့ပါတယ္။ Lin ဟာ အင္တာနက္ေပၚမွာ ညစ္ညမ္းဗြီဒီယုိမ်ားတင္ခဲ့ျခင္း၊ ညစ္ညမ္းဓာတ္ပုံမ်ား ျဖန္႔ေ၀ခဲျခင္းမွာ အျပစ္ရွိေၾကာင္း စစ္ေဆးေတြ႕ရွိခဲ့တဲ့အတြက္ တရား႐ုံးက ေထာင္ဒဏ္ 4 ႏွစ္အျပင္၊ ေငြဒဏ္အျဖစ္ ေဒၚလာ 14500 (တန္ဖုိးရွိ တ႐ုတ္ေငြ) ေပးေဆာင္ေစဖုိ႔ အမိန္႔ခ်မွတ္ခဲ့ပါတယ္။
source : viral4real.com
via လင္းေဇာ္ကို (Shwemom)
 ညစ်ညမ်းဗွီဒီယိုများ တိုက်ရိုက်လွှင့်တင်ခဲ့သည့် ကောင်မလေးကို ထောင်ဒဏ်(၄)နှစ်ချမှတ်
တရုတ်နိုင်ငံ လူမှုကွန်ယက်လောကမှာ Hot ဖြစ်ခဲ့ပြီး၊ ကာလသားအများရဲ့ အားပေးမှုတွေ ရရှိခဲ့တဲ့ Lin ဆိုတဲ့ အင်တာနက်အသုံးပြုသူ ကောင်မလေးကို တရုတ်ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး ညစ်ညမ်းဗွီဒီယိုများ အင်တာနက်မှာ တိုက်ရိုက်ထုတ်လွှင့်မှု၊ မဖွယ်မရာပုံများ ဖြန့်ဝေမှု စတဲ့ အင်တာနက်ဥပဒေနဲ့ စွဲချက်တင်ခဲ့ပါတယ်။
အင်တာနက်လောကမှာ Lin ကဲ့သို့ပင် 18+ သီးသန့်လှုပ်ရှားမှုတွေ ပြုလုပ်ပြီး၊ ရံပုံငွေနဲ့ စပွန်ဆာရှာဖွေနေတဲ့ အမျိုးသမီးတွေဟာ ယနေခေတ်မှာ အမြောက်အများတွေ့ရှိလာခဲ့ရပြီး၊ တစ်ချို့က အမျိုးသားတွေနဲ့ ချစ်တင်းနှောနေတာကိုပင် ပေါ်ပေါ်ထင်ထင် တင်လာခဲ့ကြတာကို တွေ့ရပါတယ်။
ဒါဟာ အင်တာနက်ပလတ်ဖောင်းကို အရွယ်မရောက်သေးတဲ့ ကလေးသူငယ်တွေပါ အကန့်အသတ်မဲ့သုံးနေကြတဲ့ ဒီနေ့လိုအချိန်အခါမျိုးမှာ အတော်လေးကို အန္တရာယ်ရှိတဲ့ လုပ်ဆောင်မှုတွေ ဖြစ်နေပါတယ်။ ဒါ့အပြင် Lin ကတော့ Chengdu Foursome လို့ အမည်ပေးထားတဲ့ ညစ်ညမ်းဗွီဒီယိုဖိုင်ကိုပါ လွှင့်တင်ခဲ့လို့ ရဲတပ်ဖွဲ့ရဲ့ စုံစမ်းခြင်း ခံခဲ့ရပြီး မကြာမီမှာ ဖမ်းဆီးခံခဲ့ရပါတယ်။
ရဲတပ်ဖွဲ့ဝင်တွေဟာ ဒူဘိုင်းကနေပြန်ရောက်လာတဲ့ Lin နဲ့အတူ ညစ်ညမ်းဗွီဒီယိုဖန်တီးရာမှာ ပါဝင်ခဲ့တဲ့ အပေါင်းအပါတွေကိုပါ ပြီးခဲ့တဲ့နှစ် မေလ 4 ရက်နေ့က ဖမ်းဆီးခဲ့ပါတယ်။ Lin ဟာ အင်တာနက်ပေါ်မှာ ညစ်ညမ်းဗွီဒီယိုများတင်ခဲ့ခြင်း၊ ညစ်ညမ်းဓာတ်ပုံများ ဖြန့်ဝေခဲခြင်းမှာ အပြစ်ရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့တဲ့အတွက် တရားရုံးက ထောင်ဒဏ် 4 နှစ်အပြင်၊ ငွေဒဏ်အဖြစ် ဒေါ်လာ 14500 (တန်ဖိုးရှိ တရုတ်ငွေ) ပေးဆောင်စေဖို့ အမိန့်ချမှတ်ခဲ့ပါတယ်။
source : viral4real.com
via လင်းဇော်ကို (Shwemom)


Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...