သင်လက်သီးဆုပ်တဲ့အခါ ဘယ်လိုပုံစံ ဆုပ်သလဲ...? သင်လက်သီးဆုပ်တဲ့ပုံစံကပြောပြမယ့် သင့်ရဲ့စိတ်နေစိတ်ထား


၁။ စိတ်ကောင်းရှိသူ
စိတ်ကောင်းရှိသူတစ်ယောက်ဖြစ်တယ်။ ထိလွယ်ရှလွယ်နှလုံးသားရှိတယ်။ လူတွေကို ကူညီတတ်တယ်။ ဒါပေမဲ့တစ်ခါတစ်ခါ စိတ်မရှည်တတ်ဘူး။ 
တစ်စုံတစ်ယောက်ကို မှီခိုချင်စိတ်ရှိတယ်။ ပြီးတော့ ကိုယ့်ကိုအလေးထားဆက်ဆံတာ လိုချင်တယ်။ လူအများအပေါ် အနစ်နာခံတတ်လွန်းလို့ အခွင့်အရေးယူခြင်းကိုလည်း ခံရတတ်တယ်။
ကိုယ့်ရဲ့ခံစားချက်ကို ထုတ်ဖော်မပြောတတ်တာကြောင့် သင့်ရဲ့စိတ်ရင်းအမှန်ကို အပြည့်အဝမသိနိုင်ကြဘူး။ အသစ်အဆန်းတွေကို လေ့လာဖို့ အမြဲစိတ်အားထက်သန်နေသူတစ်ယောက်ဖြစ်တယ်။
၂။ ပျော်ပျော်နေတတ်သူ
တီထွင်ကြံဆအားကောင်းပြီး Talent တစ်ခုခုကို ပိုင်ဆိုင်သူတစ်ယောက်ဖြစ်တယ်။လူချစ်လူခင်ပေါပြီး ဘယ်နေရာရောက်ရောက် လိုက်လျောညီထွေ မိတ်ဖွဲ့ပေါင်းသင်းတတ်သူတစ်ယောက်ဖြစ်တယ်။ 
ထိလွယ်ရှလွယ်စိတ်ရှိတယ်။ မျှော်လင့်ချင်တာတွေရှိပေမဲ့ ဖြစ်မလာတဲ့အခါ နာကျင်ရမှာလည်းကြောက်တတ်တယ်။
အချစ်ရေးမှာတော့ လိုတာထပ်ပိုပြီး တွေးလေ့၊ ခံစားလေ့ရှိတာကြောင့် ပိုပြီးခံစားရတတ်ပါတယ်။
ဆုံးရှုံးရမှာ ကြောက်ပေမယ့် ဘာမှမဖြစ်သလို ဟန်ဆောင်ပြတတ်သူတစ်ယောက်ဖြစ်တယ်။

၃။ ခွင့်လွှတ်လွယ်သူ
ဟာသဉာဏ်ရှိသူတစ်ယောက်ဖြစ်တယ်။ တီထွင်ကြံဆစိတ်ရှိတယ်။ စကားပြောကောင်းတယ်။ လက်တွေ့ကျကျတွေးခေါ်တတ်သူဖြစ်ပြီး အလှအပ(သို့)အနုပညာရပ်တွေကို စိတ်ပါဝင်စားသူတစ်ယောက်ဖြစ်တယ်။ များသောအားဖြင့် ခပ်အေးအေးနေတတ်သူဖြစ်ပြီး သင့်စိတ်က နားလည်ရ ခက်ပါတယ်။ အချစ်နဲ့ပတ်သက်ရင်တော့ စိတ်မနာတတ်သေးတာ သင့်ရဲ့အားနည်းချက်တစ်ခုလိုဖြစ်နေပါတယ်။
Credit - shwemom

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...