အိပ္မက္ဆိုးမ်ားမက္ဖူးၾကပါသလား..? ဘယ္လို အိပ္မက္ဆိုးမက္ရင္ ဘယ္လိုအဓိပၸါယ္ ဆိုတာေလးေတြ သိထားရေအာင္

အိပ္မက္ဆိုးမ်ား၏ ျမင္မက္ရသည့္ အေၾကာင္းရင္းႏွင့္ အဓိပၸါယ္မ်ား

ကိုယ့္ကိုယ္ကိုယ္ ေသသြားၿပီလို႔ အိပ္မက္မက္ဖူးပါသလား။ ဒါမွမဟုတ္ ေျမြတစ္ေကာင္ပဲျဖစ္ျဖစ္ အျခားအႏၱရာယ္ရွိတဲ့ သတၱ၀ါတစ္ေကာင္ပဲျဖစ္ျဖစ္ အလုိက္ခံရတာမ်ိဳး အိပ္မက္မက္ဖူးပါသလား။ မက္ဖူးတယ္ဆိုရင္ေတာ့ ဒီလိုအိပ္မက္မ်ိဳးေတြ မက္တာ သင္တစ္ေယာက္တည္းမဟုတ္ပါဘူး။ ကၽြန္ေတာ္တို႔ အားလံုး မေကာင္းတဲ့အိပ္မက္ေတြေၾကာက္စရာအိပ္မက္ေတြကို ေမ့ေလ့ရွိပါတယ္။ ဒီလိုအိပ္မက္ေတြကို အိပ္မက္ဆိုးလို႔ ေခၚပါတယ္။

တစ္ခါတစ္ေလမွာ အိပ္မက္ဆိုးမက္ၿပီး ညနက္သန္းေခါင္လန္႔ႏိုးလာတတ္ပါတယ္။ အိပ္မက္ဆိုးေတြေၾကာင့္ ထိတ္လန္႔တုန္လုပ္ရၿပီး အျမန္ဆံုးေမ့ပစ္လိုက္ခ်င္ၾကပါတယ္။ ဒါေပမယ့္ အိပ္မက္ဆိုးေတြက အဆိုးခ်ည္းပဲေတာ့ မဟုတ္ပါဘူး။

ေလ့လာမႈေတြအရ မၾကာခဏအိပ္မက္ဆိုးမက္တတ္သူေတြက တီထြင္ဖန္တီးမႈအားေကာင္းသူေတြ ျဖစ္တယ္လို႔ ဆိုပါတယ္။ အဆိုးထဲက အေကာင္းတစ္ခုပါပဲ။ ၿပီးေတာ့ အိပ္မက္ဆိုးေတြက ကၽြန္ေတာ္တို႔ရဲ႕ အတြင္းစိတ္နဲ႔ စိုးရိမ္ေသာကေတြကို ကိုယ္စားျပဳတယ္ဆိုတာေရာ သင္သိပါသလား။ တကယ္ေတာ့ အိပ္မက္ဆိုးေတြမွာ တိက်ေသခ်ာတဲ့ အဓိပၸါယ္တစ္ခုရွိေနၿပီး ကၽြန္ေတာ္တို႔ရဲ႕ ကိုယ္ရည္ကိုယ္ေသြးနဲ႔ မသိစိတ္၊ အေတြးနဲ႔ ခံစားခ်က္ေတြကို ျပန္ဆိုေပးႏိုင္ပါတယ္။

အခုလိုအိပ္မက္ဆိုးအေၾကာင္းေတြ ဖတ္ေနရတဲ့အခ်ိန္မွာ အိပ္မက္ဆိုးေတြက ဘာအဓိပၸါယ္လဲဆိုတာနဲ႔ ဘာျဖစ္လို႔ မက္ရတာလဲဆိုတာကို သိခ်င္လာမယ္ထင္ပါတယ္။ ဒါ့ေၾကာင့္ ကၽြန္ေတာ္တို႔အမ်ားစုမွာ မက္ေလ့ရွိတဲ့ အိပ္မက္ဆိုးေတြအေၾကာင္းနဲ႔ ဘယ္လိုအဓိပၸါယ္လဲဆိုတာကို ေ၀မွ်လိုက္ပါတယ္။

အျမင့္ကေန ျပဳတ္က်တာ
အိပ္မက္ထဲမွာ အျမင့္တစ္ေနရာကေန ျပဳတ္က်ၿပီး တစ္ေယာက္ေယာက္က ေျခေထာက္ကို ဆြဲလိုက္သလို လႈပ္သြားတာကို ၾကံဳဖူးပါသလား။ ဒီလို အျမင့္ကေနျပဳတ္က်တဲ့ အိပ္မက္ဆိုးရဲ႕ အဓိပၸါယ္က လြတ္လပ္မႈနဲ႔ အခြင့္အာဏာ မရွိတာကို ကိုယ္စားျပဳပါတယ္။ ေနာက္တစ္မ်ိဳးေျပာရရင္ ကၽြန္ေတာ္တို႔ဘ၀မွာ ထိန္းမႏိုင္သိမ္းမရ အေျခအေနတစ္ခုခုရွိေနတဲ့ သေဘာျဖစ္ပါတယ္။

မေတာ္တစ္ဆမႈတစ္ခုခုျဖစ္တာ
အိပ္မက္ထဲမွာ မေတာ္တဆမႈတစ္ခုခုျဖစ္တာ ဒါမွမဟုတ္ ထိခိုက္ဒဏ္ရာရရွိတာက ကၽြန္ေတာ္တို႔ဘ၀ရဲ႕ အားနည္းခ်က္ေတြကို ေဖာ္ညႊန္းပါတယ္။ ဒီလိုအိပ္မက္ဆိုးေတြ ျမင္မက္ရင္ ကၽြန္ေတာ္တို႔အေနနဲ႔ ကိုယ့္ကိုယ္ကိုယ္ တန္ဖိုးထားမႈ တိုးျမင့္လာေအာင္ လုပ္ေဆာင္ဖို႔ လိုေနတဲ့သေဘာျဖစ္ပါတယ္။

သဘာ၀ေဘးအႏၱရာယ္ ဒါမွမဟုတ္ ကပ္ဆိုးတစ္ခုခုၾကံဳေတြ႕ရတာ
ေလမုန္တုိင္းတိုက္တာ၊ ငလ်င္လႈပ္တာ၊ ဆူနာမီလႈိင္းႀကီးေတြလိုမ်ိဳး သဘာ၀ေဘးအႏၱရာယ္ေတြကို ျမင္မက္ၿပီး လြတ္ေအာင္ ထြက္ေျပးရတာမ်ိဳးကို ၾကံဳဖူးပါသလား။ ဒီအိပ္မက္ေတြကေတာ့ မၾကာခင္ ရင္ဆိုင္ၾကံဳေတြ႕ရေတာ့မယ့္ ျဖစ္ရပ္တစ္ခုခု ဒါမွမဟုတ္ အေျခအေနတစ္ခုခုကို ကၽြန္ေတာ္တို႔ စိုးရိမ္ေၾကာက္ရြံ႕ေနတယ္ဆိုတာကို ညႊန္ျပေနတာျဖစ္ပါတယ္။ တစ္ေန႔တာၾကံဳေတြ႕ရတဲ့ စိတ္ဖိစီးမႈေတြနဲ႔လည္း သက္ဆိုင္ပါတယ္။

အေရးႀကီးတဲ့ကိစၥေတြ လြတ္သြားတာ ဒါမွမဟုတ္ လြဲေခ်ာ္မွားယြင္းသြားတာ
ကၽြန္ေတာ္တို႔ ေက်ာင္းတက္ေနတုန္းကဆိုရင္ စာေမးပြဲမေျဖလိုက္ရတာတို႔၊ စာေမးပြဲ၀င္ေျဖေနေပမယ့္ ဘာစာမွမရတာတို႔၊ စာေမးပြဲက်တာတို႔ စတာေတြကို မက္ေလ့ရွိပါတယ္။ ဒီလိုအိပ္မက္ေတြကေတာ့ ကၽြန္ေတာ္တို႔မွာ ရွိေနတဲ့ ျပင္ပဖိအားေတြနဲ႔ ေမွ်ာ္လင့္ခ်က္ေတြေၾကာင့္ ျဖစ္ေပၚလာတဲ့ စိုးရိမ္ေၾကာင့္က်မႈေတြပဲ ျဖစ္ပါတယ္။ အျပင္ေလာကမွ ကၽြန္ေတာ္တို႔အေကာင္းဆံုးလုပ္ႏိုင္ရင္ လုပ္ႏိုင္ပါလိမ့္မယ္ ဒါေပမယ့္ အိပ္မက္ထဲမွာေတာ့ ဘယ္ေတာ့မွ အဆင္ေျပမွာမဟုတ္ပါဘူး။

လူေသေတြ ေတြ႔ျမင္တာ ဒါမွမဟုတ္ ကိုယ္တိုင္ေသသြားတာကို ျမင္ရတာ
လူေသေတြ ျမင္တဲ့အေၾကာင္းကို လူအမ်ားစု အိပ္မက္မက္ဖူးၾကပါတယ္။ တစ္ခ်ိဳ႕ဆိုရင္ သူတို႔ကိုယ္တိုင္ ေသဆံုးတာကို ျမင္မက္ၿပီး ေၾကာက္လန္႔တုန္လႈပ္ၾကရပါတယ္။ ကြယ္လြန္သြားတာ သိပ္မၾကာေသးတဲ့ ကၽြန္ေတာ္တို႔ ခ်စ္ခင္ရသူေတြကိုလည္း မၾကာခဏအိပ္မက္မက္တတ္ၾကပါတယ္။ ဒီလိုျမင္မက္ရတာဟာ ကၽြန္ေတာ္တို႔အေနနဲ႔ သူတို႔အေပၚမွာ ခံစားမႈပိုင္းဆိုင္ရာအရ တြယ္ျငိေနဆဲျဖစ္တာေၾကာင့္ပါ။ ကိုယ္တိုင္ေသတာကို ျမင္ေတြ႕ရတာကေတာ့ အတြင္းစိတ္ေျပာင္းလဲမႈေတြေၾကာင့္ျဖစ္ၿပီး အေကာင္းဖက္က တိုးတက္မႈေတြ ျဖစ္လာႏိုင္ပါတယ္။

တိုက္ခိုက္ခံရတာ
တစ္ခါတစ္ေလမွာ ကၽြန္ေတာ္တို႔ကို လိုက္လံတိုက္ခိုက္ေနတာမ်ိဳး အိပ္မက္မက္တတ္ၾကပါတယ္။ ဘယ္ကမွန္းမသိတဲ့လူေတြက လိုက္ၿပီး ေသနတ္ေတြ အျခားလက္နက္ေတြနဲ႔ တိုက္ခိုက္တာ၊ ဒါမွမဟုတ္ တိရိစာၦန္တစ္ေကာင္က တိုက္ခိုက္တာ စတဲ့ အိပ္မက္ေတြက ကၽြန္ေတာ္တို႔ဘ၀မွာ ရင္ဆိုင္ေတြ႕ၾကံဳေနရတဲ့ အခက္အခဲတစ္ခုခုေၾကာင့္ ျဖစ္ပါတယ္။ ဒီအခက္အခဲကို ရင္ဆိုင္ေျဖရွင္းဖို႔ထက္ ထြက္ေျပးသြားခ်င္စိတ္မ်ားေနတာေၾကာင့္ ျဖစ္ႏိုင္ပါတယ္။

လမ္းခြဲသြားတဲ့ ခ်စ္သူ၊ လက္တြဲေဖာ္ကို ျမင္မက္တာ
တစ္ခါတစ္ေလမွာ ကၽြန္ေတာ္တို႔ရဲ႕ ခ်စ္သူ၊ ဇနီးမယားကို ဆံုး႐ႈံးလိုက္ရတာ၊ အေ၀းကိုထြက္သြားတာ၊ ျပန္ေပးဆြဲခံလိုက္တာ စသျဖင့္ ျမင္မက္တတ္ပါတယ္။ ဒီအိပ္မက္ေတြက ကၽြန္ေတာ္တို႔မွာ စြန္႔ပစ္ခံခဲ့ရတဲ့ ခံစားခ်က္ေတြ မ်ားေနတဲ့သေဘာပဲျဖစ္ပါတယ္။ ဒီအိပ္မက္ေတြေနာက္ကြယ္က အေၾကာင္းရင္းကေတာ့ ကၽြန္ေတာ္တို႔ဟာ သူတို႔အတြက္ မေကာင္းဘူးဆိုတဲ့ ခံစားခ်က္၊ စိတ္မလံုျခံဳမႈေတြေၾကာင့္ ျဖစ္ပါတယ္။

တစ္ေနရာရာမွာ ပိတ္မိေနတာ
အေျခအေနဆိုးတစ္ခုမွာ ပိတ္မိေနတာ ဒါမွမဟုတ္ ေရွာင္လႊဲလို႔မရႏိုင္တဲ့ အလုပ္ကိစၥတစ္ခုကို စိတ္မပါပဲ လုပ္ေဆာင္ေနရတဲ့အခါမ်ိဳးမွာ ဒီလိုအိပ္မက္ေတြ ျမင္မက္တတ္ပါတယ္။ ခ်စ္သူစံုတြဲျပႆနာတစ္ခုခု၊ အလုပ္မွာ အဆင္မေျပမႈတစ္ခုခုေၾကာင့္ ဒီလိုအိပ္မက္ေတြ မက္တယ္ဆိုရင္ ကၽြန္ေတာ္တို႔မွာရွိတဲ့ အစြမ္းအစကို အျပည့္အ၀ထုတ္သံုးခြင့္ မရဘူးဆိုတဲ့ အဓိပၸါယ္ပါပဲ။

အိပ္မက္ထဲမွာ ကိုယ္တံုးလံုး ျဖစ္ေနတာ
တစ္ခါတစ္ေလမွာ ကၽြန္ေတာ္တို႔ဟာ အိပ္မက္ထဲမွာ အ၀တ္အစားမပါပဲ ကိုယ္တံုးလံုးျဖစ္ေနတယ္လို႔ ျမင္မက္ရပါတယ္။ ဒီလိုအိပ္မက္ကို ကၽြန္ေတာ္တို႔ ဂုဏ္သိကၡာပိုင္းဆိုင္ရာ ထိပါးတဲ့ကိစၥေတြ၊ မ်က္ႏွာပ်က္စရာကိစၥေတြနဲ႔ ရင္ဆိုင္ရတဲ့အခါ ျမင္မက္တတ္ပါတယ္။ ေျပာရရင္ ကၽြန္ေတာ္တို႔ရဲ႕ ႐ုပ္ပိုင္းဆိုင္ရာ သြင္ျပင္လကၡဏာနဲ႔ပတ္သက္ၿပီး လူေတြ ဘယ္လိုထင္ျမင္ယူဆၾကမလဲဆိုတာကို စိုးရိမ္စိတ္ေတြက ေပါက္ဖြားလာတဲ့ အိပ္မက္ေတြ ျဖစ္ပါတယ္။

သတၱ၀ါေတြကို ျမင္မက္တာ
လူအမ်ားစုကေတာ့ အိပ္မက္ထဲမွာ ပင့္ကူတို႔ ေျမြတို႔ကို ျမင္ရရင္ ေၾကာက္တတ္ပါတယ္။ ဒီသတၱ၀ါေတြက အျပင္မွာတကယ္ေတြ႕ရရင္ေတာင္မွ ေၾကာက္စရာေကာင္းပါတယ္။ ဒါေပမယ့္ အိပ္မက္ေတြမွာေတာ့ သူတို႔ကို အျခားအဓိပၸါယ္ရွိပါေသးတယ္။ အိပ္မက္ထဲမွာ ပင့္ကူျမင္ရတာက သင့္ရဲ႕မေကာင္းတဲ့အေတြးေတြကို ကာကြယ္ေပးေနတဲ့ စြမ္းအားတစ္ခုရွိေနတဲ့ သေဘာျဖစ္ပါတယ္။ ေျမြကေတာ့ အသြင္ေျပာင္းလဲျခင္းရဲ႕ သေကၤတျဖစ္ၿပီး အေရးကိစၥေတြကို ေျဖရွင္းႏိုင္ျခင္းဆိုတဲ့ သေဘာကို ေဆာင္ပါတယ္။

မိန္းကေလးတိုင္း ေတာင့္တၿပီး ေယာကၤ်ားေလးတိုင္း အားက်ေစမည့္

Credit: Gentleman Magazine
============
#Unicode Version#
ကိုယ့်ကိုယ်ကိုယ် သေသွားပြီလို့ အိပ်မက်မက်ဖူးပါသလား။ ဒါမှမဟုတ် မြွေတစ်ကောင်ပဲဖြစ်ဖြစ် အခြားအန္တရာယ်ရှိတဲ့ သတ္တဝါတစ်ကောင်ပဲဖြစ်ဖြစ် အလိုက်ခံရတာမျိုး အိပ်မက်မက်ဖူးပါသလား။ မက်ဖူးတယ်ဆိုရင်တော့ ဒီလိုအိပ်မက်မျိုးတွေ မက်တာ သင်တစ်ယောက်တည်းမဟုတ်ပါဘူး။ ကျွန်တော်တို့ အားလုံး မကောင်းတဲ့အိပ်မက်တွေကြောက်စရာအိပ်မက်တွေကို မေ့လေ့ရှိပါတယ်။ ဒီလိုအိပ်မက်တွေကို အိပ်မက်ဆိုးလို့ ခေါ်ပါတယ်။

တစ်ခါတစ်လေမှာ အိပ်မက်ဆိုးမက်ပြီး ညနက်သန်းခေါင်လန့်နိုးလာတတ်ပါတယ်။ အိပ်မက်ဆိုးတွေကြောင့် ထိတ်လန့်တုန်လုပ်ရပြီး အမြန်ဆုံးမေ့ပစ်လိုက်ချင်ကြပါတယ်။ ဒါပေမယ့် အိပ်မက်ဆိုးတွေက အဆိုးချည်းပဲတော့ မဟုတ်ပါဘူး။

လေ့လာမှုတွေအရ မကြာခဏအိပ်မက်ဆိုးမက်တတ်သူတွေက တီထွင်ဖန်တီးမှုအားကောင်းသူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ အဆိုးထဲက အကောင်းတစ်ခုပါပဲ။ ပြီးတော့ အိပ်မက်ဆိုးတွေက ကျွန်တော်တို့ရဲ့ အတွင်းစိတ်နဲ့ စိုးရိမ်သောကတွေကို ကိုယ်စားပြုတယ်ဆိုတာရော သင်သိပါသလား။ တကယ်တော့ အိပ်မက်ဆိုးတွေမှာ တိကျသေချာတဲ့ အဓိပ္ပါယ်တစ်ခုရှိနေပြီး ကျွန်တော်တို့ရဲ့ ကိုယ်ရည်ကိုယ်သွေးနဲ့ မသိစိတ်၊ အတွေးနဲ့ ခံစားချက်တွေကို ပြန်ဆိုပေးနိုင်ပါတယ်။

အခုလိုအိပ်မက်ဆိုးအကြောင်းတွေ ဖတ်နေရတဲ့အချိန်မှာ အိပ်မက်ဆိုးတွေက ဘာအဓိပ္ပါယ်လဲဆိုတာနဲ့ ဘာဖြစ်လို့ မက်ရတာလဲဆိုတာကို သိချင်လာမယ်ထင်ပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့အများစုမှာ မက်လေ့ရှိတဲ့ အိပ်မက်ဆိုးတွေအကြောင်းနဲ့ ဘယ်လိုအဓိပ္ပါယ်လဲဆိုတာကို ဝေမျှလိုက်ပါတယ်။

အမြင့်ကနေ ပြုတ်ကျတာ
အိပ်မက်ထဲမှာ အမြင့်တစ်နေရာကနေ ပြုတ်ကျပြီး တစ်ယောက်ယောက်က ခြေထောက်ကို ဆွဲလိုက်သလို လှုပ်သွားတာကို ကြုံဖူးပါသလား။ ဒီလို အမြင့်ကနေပြုတ်ကျတဲ့ အိပ်မက်ဆိုးရဲ့ အဓိပ္ပါယ်က လွတ်လပ်မှုနဲ့ အခွင့်အာဏာ မရှိတာကို ကိုယ်စားပြုပါတယ်။ နောက်တစ်မျိုးပြောရရင် ကျွန်တော်တို့ဘဝမှာ ထိန်းမနိုင်သိမ်းမရ အခြေအနေတစ်ခုခုရှိနေတဲ့ သဘောဖြစ်ပါတယ်။

မတော်တစ်ဆမှုတစ်ခုခုဖြစ်တာ
အိပ်မက်ထဲမှာ မတော်တဆမှုတစ်ခုခုဖြစ်တာ ဒါမှမဟုတ် ထိခိုက်ဒဏ်ရာရရှိတာက ကျွန်တော်တို့ဘဝရဲ့ အားနည်းချက်တွေကို ဖော်ညွှန်းပါတယ်။ ဒီလိုအိပ်မက်ဆိုးတွေ မြင်မက်ရင် ကျွန်တော်တို့အနေနဲ့ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားမှု တိုးမြင့်လာအောင် လုပ်ဆောင်ဖို့ လိုနေတဲ့သဘောဖြစ်ပါတယ်။

သဘာဝဘေးအန္တရာယ် ဒါမှမဟုတ် ကပ်ဆိုးတစ်ခုခုကြုံတွေ့ရတာ
လေမုန်တိုင်းတိုက်တာ၊ ငလျင်လှုပ်တာ၊ ဆူနာမီလှိုင်းကြီးတွေလိုမျိုး သဘာဝဘေးအန္တရာယ်တွေကို မြင်မက်ပြီး လွတ်အောင် ထွက်ပြေးရတာမျိုးကို ကြုံဖူးပါသလား။ ဒီအိပ်မက်တွေကတော့ မကြာခင် ရင်ဆိုင်ကြုံတွေ့ရတော့မယ့် ဖြစ်ရပ်တစ်ခုခု ဒါမှမဟုတ် အခြေအနေတစ်ခုခုကို ကျွန်တော်တို့ စိုးရိမ်ကြောက်ရွံ့နေတယ်ဆိုတာကို ညွှန်ပြနေတာဖြစ်ပါတယ်။ တစ်နေ့တာကြုံတွေ့ရတဲ့ စိတ်ဖိစီးမှုတွေနဲ့လည်း သက်ဆိုင်ပါတယ်။

အရေးကြီးတဲ့ကိစ္စတွေ လွတ်သွားတာ ဒါမှမဟုတ် လွဲချော်မှားယွင်းသွားတာ
ကျွန်တော်တို့ ကျောင်းတက်နေတုန်းကဆိုရင် စာမေးပွဲမဖြေလိုက်ရတာတို့၊ စာမေးပွဲဝင်ဖြေနေပေမယ့် ဘာစာမှမရတာတို့၊ စာမေးပွဲကျတာတို့ စတာတွေကို မက်လေ့ရှိပါတယ်။ ဒီလိုအိပ်မက်တွေကတော့ ကျွန်တော်တို့မှာ ရှိနေတဲ့ ပြင်ပဖိအားတွေနဲ့ မျှော်လင့်ချက်တွေကြောင့် ဖြစ်ပေါ်လာတဲ့ စိုးရိမ်ကြောင့်ကျမှုတွေပဲ ဖြစ်ပါတယ်။ အပြင်လောကမှ ကျွန်တော်တို့အကောင်းဆုံးလုပ်နိုင်ရင် လုပ်နိုင်ပါလိမ့်မယ် ဒါပေမယ့် အိပ်မက်ထဲမှာတော့ ဘယ်တော့မှ အဆင်ပြေမှာမဟုတ်ပါဘူး။

လူသေတွေ တွေ့မြင်တာ ဒါမှမဟုတ် ကိုယ်တိုင်သေသွားတာကို မြင်ရတာ
လူသေတွေ မြင်တဲ့အကြောင်းကို လူအများစု အိပ်မက်မက်ဖူးကြပါတယ်။ တစ်ချို့ဆိုရင် သူတို့ကိုယ်တိုင် သေဆုံးတာကို မြင်မက်ပြီး ကြောက်လန့်တုန်လှုပ်ကြရပါတယ်။ ကွယ်လွန်သွားတာ သိပ်မကြာသေးတဲ့ ကျွန်တော်တို့ ချစ်ခင်ရသူတွေကိုလည်း မကြာခဏအိပ်မက်မက်တတ်ကြပါတယ်။ ဒီလိုမြင်မက်ရတာဟာ ကျွန်တော်တို့အနေနဲ့ သူတို့အပေါ်မှာ ခံစားမှုပိုင်းဆိုင်ရာအရ တွယ်ငြိနေဆဲဖြစ်တာကြောင့်ပါ။ ကိုယ်တိုင်သေတာကို မြင်တွေ့ရတာကတော့ အတွင်းစိတ်ပြောင်းလဲမှုတွေကြောင့်ဖြစ်ပြီး အကောင်းဖက်က တိုးတက်မှုတွေ ဖြစ်လာနိုင်ပါတယ်။

တိုက်ခိုက်ခံရတာ
တစ်ခါတစ်လေမှာ ကျွန်တော်တို့ကို လိုက်လံတိုက်ခိုက်နေတာမျိုး အိပ်မက်မက်တတ်ကြပါတယ်။ ဘယ်ကမှန်းမသိတဲ့လူတွေက လိုက်ပြီး သေနတ်တွေ အခြားလက်နက်တွေနဲ့ တိုက်ခိုက်တာ၊ ဒါမှမဟုတ် တိရိစ္ဆာန်တစ်ကောင်က တိုက်ခိုက်တာ စတဲ့ အိပ်မက်တွေက ကျွန်တော်တို့ဘဝမှာ ရင်ဆိုင်တွေ့ကြုံနေရတဲ့ အခက်အခဲတစ်ခုခုကြောင့် ဖြစ်ပါတယ်။ ဒီအခက်အခဲကို ရင်ဆိုင်ဖြေရှင်းဖို့ထက် ထွက်ပြေးသွားချင်စိတ်များနေတာကြောင့် ဖြစ်နိုင်ပါတယ်။

လမ်းခွဲသွားတဲ့ ချစ်သူ၊ လက်တွဲဖော်ကို မြင်မက်တာ
တစ်ခါတစ်လေမှာ ကျွန်တော်တို့ရဲ့ ချစ်သူ၊ ဇနီးမယားကို ဆုံးရှုံးလိုက်ရတာ၊ အဝေးကိုထွက်သွားတာ၊ ပြန်ပေးဆွဲခံလိုက်တာ စသဖြင့် မြင်မက်တတ်ပါတယ်။ ဒီအိပ်မက်တွေက ကျွန်တော်တို့မှာ စွန့်ပစ်ခံခဲ့ရတဲ့ ခံစားချက်တွေ များနေတဲ့သဘောပဲဖြစ်ပါတယ်။ ဒီအိပ်မက်တွေနောက်ကွယ်က အကြောင်းရင်းကတော့ ကျွန်တော်တို့ဟာ သူတို့အတွက် မကောင်းဘူးဆိုတဲ့ ခံစားချက်၊ စိတ်မလုံခြုံမှုတွေကြောင့် ဖြစ်ပါတယ်။

တစ်နေရာရာမှာ ပိတ်မိနေတာ
အခြေအနေဆိုးတစ်ခုမှာ ပိတ်မိနေတာ ဒါမှမဟုတ် ရှောင်လွှဲလို့မရနိုင်တဲ့ အလုပ်ကိစ္စတစ်ခုကို စိတ်မပါပဲ လုပ်ဆောင်နေရတဲ့အခါမျိုးမှာ ဒီလိုအိပ်မက်တွေ မြင်မက်တတ်ပါတယ်။ ချစ်သူစုံတွဲပြဿနာတစ်ခုခု၊ အလုပ်မှာ အဆင်မပြေမှုတစ်ခုခုကြောင့် ဒီလိုအိပ်မက်တွေ မက်တယ်ဆိုရင် ကျွန်တော်တို့မှာရှိတဲ့ အစွမ်းအစကို အပြည့်အဝထုတ်သုံးခွင့် မရဘူးဆိုတဲ့ အဓိပ္ပါယ်ပါပဲ။

အိပ်မက်ထဲမှာ ကိုယ်တုံးလုံး ဖြစ်နေတာ
တစ်ခါတစ်လေမှာ ကျွန်တော်တို့ဟာ အိပ်မက်ထဲမှာ အဝတ်အစားမပါပဲ ကိုယ်တုံးလုံးဖြစ်နေတယ်လို့ မြင်မက်ရပါတယ်။ ဒီလိုအိပ်မက်ကို ကျွန်တော်တို့ ဂုဏ်သိက္ခာပိုင်းဆိုင်ရာ ထိပါးတဲ့ကိစ္စတွေ၊ မျက်နှာပျက်စရာကိစ္စတွေနဲ့ ရင်ဆိုင်ရတဲ့အခါ မြင်မက်တတ်ပါတယ်။ ပြောရရင် ကျွန်တော်တို့ရဲ့ ရုပ်ပိုင်းဆိုင်ရာ သွင်ပြင်လက္ခဏာနဲ့ပတ်သက်ပြီး လူတွေ ဘယ်လိုထင်မြင်ယူဆကြမလဲဆိုတာကို စိုးရိမ်စိတ်တွေက ပေါက်ဖွားလာတဲ့ အိပ်မက်တွေ ဖြစ်ပါတယ်။

သတ္တဝါတွေကို မြင်မက်တာ
လူအများစုကတော့ အိပ်မက်ထဲမှာ ပင့်ကူတို့ မြွေတို့ကို မြင်ရရင် ကြောက်တတ်ပါတယ်။ ဒီသတ္တဝါတွေက အပြင်မှာတကယ်တွေ့ရရင်တောင်မှ ကြောက်စရာကောင်းပါတယ်။ ဒါပေမယ့် အိပ်မက်တွေမှာတော့ သူတို့ကို အခြားအဓိပ္ပါယ်ရှိပါသေးတယ်။ အိပ်မက်ထဲမှာ ပင့်ကူမြင်ရတာက သင့်ရဲ့မကောင်းတဲ့အတွေးတွေကို ကာကွယ်ပေးနေတဲ့ စွမ်းအားတစ်ခုရှိနေတဲ့ သဘောဖြစ်ပါတယ်။ မြွေကတော့ အသွင်ပြောင်းလဲခြင်းရဲ့ သင်္ကေတဖြစ်ပြီး အရေးကိစ္စတွေကို ဖြေရှင်းနိုင်ခြင်းဆိုတဲ့ သဘောကို ဆောင်ပါတယ်။

မိန်းကလေးတိုင်း တောင့်တပြီး ယောင်္ကျားလေးတိုင်း အားကျစေမည့်

Credit: Gentleman Magazine

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...