ျပည္ၿမိဳ႕ မွာ ေယာက်္ားေတြ ရွားေနျပီတဲ႔

ျပည္ၿမိဳ႕နယ္တြင္ အပ်ိဳအရြယ္မိန္းကေလးဦးေရသည္ လူပ်ိဳအရြယ္ေယာက်ၤားေလးဦးေရထက္ပိုမ်ားေနၿပီး လူငယ္မ်ားအၾကား လက္ထပ္သူဦးေရေလ်ာ့နည္း

ျပည္၊ ဇြန္လ ၁၃။
ျပည္ၿမိဳ႕နယ္တြင္ အပ်ိဳအရြယ္ အမ်ိဳး သမီး ဦးေရသည္ လူပ်ိဳအရြယ္ အမ်ိဳးသားဦးေရထက္ပိုမ်ားေနၿပီး လူငယ္မ်ားအၾကား လက္ထပ္သူဦးေရ ေလ်ာ့နည္းလာေၾကာင္း ျပည္ၿမိဳ႕နယ္ လဝက ဦးစီးဌာနမွ တာဝန္႐ွိသူတစ္ဦးကေျပာၾကားသည္။
ျပည္ၿမိဳ႕နယ္အတြင္း လြန္ခဲ့ေသာဆယ္ႏွစ္ခန္႔မွ ကေလးေမြးဖြားမႈႏႈန္း က်ဆင္းလာၿပီး အသက္ ၂၅ႏွစ္မွ၂၉ႏွစ္အုပ္စု၊ အသက္၃၀မွ ၃၄ အုပ္စုတို႔တြင္ သိသိသာသာေတြျမင္ရႏိုင္ေၾကာင္း ၂၀၁၄ ခုႏွစ္ လူဦးေရႏွင့္ အိမ္အေၾကာင္းအရာ သန္းေခါင္စာရင္းမ်ားအရ သိရသည္။
" လူပ်ိဳအပ်ိဳအရြယ္ ေတြ ၂၅-၂၉ ဝန္းက်င္ေတြမွာ ေလ်ာ့နည္းလာတာကိုေတြ႔ရတယ္ အိမ္ေထာင္ျပဳသူေတြ နည္းလာတာကိုလည္းေတြ႔ရတယ္"ဟု တာဝန္႐ွိသူတစ္ဦးကေျပာသည္။
ထိုသို႔ နည္းလာမႈေၾကာင့္ ေရ႐ွည္တြင္ လူဦးေရ၊ လုပ္သား႐ွားပါးမႈမ်ားၾကံဳေတြႏိုင္လာရေၾကာင္း ၎ကဆက္ေျပာသည္။
"ေမြးဖြားမႈႏႈန္း နည္းလာတဲ့ အက်ိဳးသက္ေရာက္မႈ၊ ေနာက္ စီးပြားေရး လူမႈေရးေတြလည္း ပါတာေပါ့"ဟု၎ကထပ္မံေျပာဆိုသည္။
ျပည္ၿမိဳ႕နယ္အတြင္း အသက္ ၁၅ႏွစ္မွ ၃၄ႏွစ္အတြင္း က်ားဦးေရ ၄၂၄၉၆႐ွိၿပီး၊ မဦးေရ ၄၄၃၇၆႐ွိကာ၊က်ားဦးေရ၏၃၂ရာခိုင္​ႏႈန္​း မွာ လယ္ယာ၊သစ္ေတာႏွင့္ ငါးလုပ္ငန္းကြၽမ္းက်င္လုပ္သားမ်ားျဖစ္ၿပီး၊ မဦးေရ၏၃၅ဒသမ၄ ရာခိုင္​ႏႈန္​း မွာ ဝန္ေဆာင္မႈႏွင့္ အေရာင္းလုပ္ငန္းမ်ားလုပ္ေဆာင္ၾကေၾကာင္း ၂၀၁၄ခုႏွစ္တြင္ ေကာက္ယူခဲ့ေသာ လူဦးေရ ႏွင့္အိမ္အေၾကာင္းအရာ သန္းေခါင္စာရင္း ျပည္ၿမိဳ႕နယ္ အစီရင္ခံစာမွ စံုစမ္းသိ႐ွိရသည္။
ေျမလတ္ဂ်ာနယ္လစ္ကြန္ရက္

Unicode
ပြည်မြို့နယ်တွင် အပျိုအရွယ်မိန်းကလေးဦးရေသည် လူပျိုအရွယ်ယောင်္ကျားလေးဦးရေထက်ပိုများနေပြီး လူငယ်များအကြား လက်ထပ်သူဦးရေလျော့နည်း
ပြည်၊ ဇွန်လ ၁၃။
ပြည်မြို့နယ်တွင် အပျိုအရွယ် အမျိုး သမီး ဦးရေသည် လူပျိုအရွယ် အမျိုးသားဦးရေထက်ပိုများနေပြီး လူငယ်များအကြား လက်ထပ်သူဦးရေ လျော့နည်းလာကြောင်း ပြည်မြို့နယ် လဝက ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောကြားသည်။
ပြည်မြို့နယ်အတွင်း လွန်ခဲ့သောဆယ်နှစ်ခန့်မှ ကလေးမွေးဖွားမှုနှုန်း ကျဆင်းလာပြီး အသက် ၂၅နှစ်မှ၂၉နှစ်အုပ်စု၊ အသက်၃၀မှ ၃၄ အုပ်စုတို့တွင် သိသိသာသာတွေမြင်ရနိုင်ကြောင်း ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းများအရ သိရသည်။
" လူပျိုအပျိုအရွယ် တွေ ၂၅-၂၉ ဝန်းကျင်တွေမှာ လျော့နည်းလာတာကိုတွေ့ရတယ် အိမ်ထောင်ပြုသူတွေ နည်းလာတာကိုလည်းတွေ့ရတယ်"ဟု တာဝန်ရှိသူတစ်ဦးကပြောသည်။
ထိုသို့ နည်းလာမှုကြောင့် ရေရှည်တွင် လူဦးရေ၊ လုပ်သားရှားပါးမှုများကြုံတွေနိုင်လာရကြောင်း ၎င်းကဆက်ပြောသည်။
"မွေးဖွားမှုနှုန်း နည်းလာတဲ့ အကျိုးသက်ရောက်မှု၊ နောက် စီးပွားရေး လူမှုရေးတွေလည်း ပါတာပေါ့"ဟု၎င်းကထပ်မံပြောဆိုသည်။
ပြည်မြို့နယ်အတွင်း အသက် ၁၅နှစ်မှ ၃၄နှစ်အတွင်း ကျားဦးရေ ၄၂၄၉၆ရှိပြီး၊ မဦးရေ ၄၄၃၇၆ရှိကာ၊ကျားဦးရေ၏၃၂ရာခိုင်​နှုန်​း မှာ လယ်ယာ၊သစ်တောနှင့် ငါးလုပ်ငန်းကျွမ်းကျင်လုပ်သားများဖြစ်ပြီး၊ မဦးရေ၏၃၅ဒသမ၄ ရာခိုင်​နှုန်​း မှာ ဝန်ဆောင်မှုနှင့် အရောင်းလုပ်ငန်းများလုပ်ဆောင်ကြကြောင်း ၂၀၁၄ခုနှစ်တွင် ကောက်ယူခဲ့သော လူဦးရေ နှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ပြည်မြို့နယ် အစီရင်ခံစာမှ စုံစမ်းသိရှိရသည်။
မြေလတ်ဂျာနယ်လစ်ကွန်ရက်

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...