ရြာက ဘုန္းဘုန္းမွ မေအးေသာင္း သို႔ ေပးစာ...။ နာမည္ႀကီးေနလို႔ မဖတ္ရေသးတဲ့သူေတြအတြက္ေနာ္...။

သို႕……
မိေပါက္စီ(ခ)မယ္ေအးေသာင္း
ဘုန္းဘုန္း စာေရးလိုက္တယ္။
အေႀကာင္းထူးေတာ့ မရွိဘူး
တေပါင္း-တန္ခူးမွာ ရြာဘုရားပြဲရွိတယ္။
ကားစီးလို႔ ေခါင္းမမူးတတ္ရင္
ညည္း……အစ္ကို ေသာင္းဦးနဲ႔ လာခဲ႔ပါဦး။
အဲ---ညည္းႀကိဳက္တဲ႔ ေျပာင္းဖူးေတာ့ ရွိဘူးေပါ့လကြယ္။
အဲ---အေႀကာင္းမထူးဘူး ဆိုေပမယ့္…
ဟိုတစ္ေန႔ကေတာ့ ညည္းေမာင္ အငယ္ေကာင္ ေသာင္းထူး
ေခ်ာင္းနဖူးမွာ ေျမာင္းတူးရင္း သူမ်ား ပ်ိဳးခင္းထဲ ေခ်ာ္က်လို႔
မေတာ္တဆ……ေလ်ာ္လိုက္ရေသးတယ္ေဟ့။
ဒါက စကားစပ္လို႔ ႀကားျဖတ္ေျပာတာပါ။
ဒါနဲ႔ ညည္းနာမည္က ေပါက္စီကေန……
"ေအးေသာင္း"လို႔ ေျပာင္းထားတယ္ဆို။
ငါ့ ရြာက ပ်ိဳပ်ိဳအိုအို နုနုရြရြနဲ႔ ပုပုကြကြ ႀကီးႀကီးငယ္ငယ္မက်န္
ေက်ာင္းက ကပၸိယနဲ႔ သာမေဏရ သမဏံ ရဟန္းရွင္လူ
ငျဖဴငမဲနဲ႔ အနူအရြဲ နွဳတ္ထဲမွာ "ေအးေသာင္း ေအးေသာင္း"ရယ္လို႔
ေဘးေက်ာင္းက ပ႒ာန္းရြတ္သလို
အဟုတ္စြဲေနလို႔"ေအးေသာင္း"နာမည္ကို သရုပ္ခြဲ
ဘယ္သူဘယ္ဝါမွန္းသိေအာင္ တုတ္ဆြဲ ဓားဆြဲ
စဥ္းစားလိုက္ရတာ……
အမယ္---လက္စသတ္ေတာ့ ရြာက
မိေပါက္စီ ျဖစ္ေနပါေရာလား…ေဟ။
အိမ္း---!
ရြာက ညည္းအမ်ိဳး ညည္းအေဆြI
ငါ့ဒကာ ဒကာမေတြလည္း ညည္းအေႀကာင္း သတင္းေကာင္း
ႀကားလို႔ ေနေကာင္းက်န္းမာနဲ႔ စိတ္ခ်မ္းသာေတာ့
ရွိေနႀကပါရဲ႕။သို႔ေပတဲ႔ ေအးေသာင္းေရ---
ညည္းဦးေလး……ဖိုးေထာင္ကေတာ့
မိုးေခါင္လို႔ ပ်ိဳးမေထာင္နိုင္သာ နွစ္နွစ္ရွိျပီဆိုျပီး
ကက်ိဳးကေႀကာင္နဲ႔ ဟိုအေကာင္ အုပ္ခ်ဳပ္ေရးမွဴး စိုးေမာင္ကို
ရန္သြားရွာတယ္ေလ။
ေတာ္ေသးတာေပါ့ကြယ္။စိုးေမာင္က ဖိုးေထာင္ကို
ကက်ိဳးကေႀကာင္ လုပ္တဲ႔အမႈနဲ႔
ပ်ိဳးေထာင္ခြင့္ မေပးဘူးလုပ္ေနတာ။အဲ႔တာနဲ႔ ေနလံုးအထြက္
ေျခသလံုးဖက္ျပီး တစ္အိမ္လံုး ေတာင္းပန္လိုက္လို႔
ေက်ေအးသြားသကြယ့္။
ေအး----အခုလို ေက်ေအးျပီး
ဘာမႀကာIဟိုမေအေပး အာပလာIေရႊေဌးဆိုတဲ႔ ငႀကာက
ေငြေလးရြင္ေတာ့ ညည္းအေဒၚ ေမေအးတင္ကို
ေထြးခင္ကတစ္ဆင့္ ရည္းစားစာ ေပးခိုင္းသတဲ႔ေလ။
တကယ္ဆို ေရႊေဌးနဲ႔ေအးတင္က ေထြးခင္နဲ႔
သိတယ္ဆိုေပမယ့္ ငါးပိ ဝယ္တုန္းက ေျမာက္ပိုင္းမယ္ တစ္ခါI
ေကာက္လႈိင္း သယ္တုန္းက လွည္းေပၚမွာ တစ္ႀကိမ္I
ပြဲေတာ္တုန္းက ပြဲခင္းထဲမွာ တစ္ခ်က္I
ဥပုသ္ ေက်ာင္းတက္တုန္းက ဥပုသ္ ဇရပ္မွာ
တစ္ေႀကာင္းစ နွစ္ေႀကာင္းစI ဒီေလာက္ပဲ
စကားေျပာဖူးႀကတာကို ငေပါ အရူးထျပီး ရည္းစားစာ
ေပးရေလာက္ေအာင္ ေဇာင္းမထသင့္ဘူး မဟုတ္လားကြယ့္။
ကဲကဲ!ညည္းလည္း ရြာကသတင္း အဆိုးအေကာင္း
အက်ိဳးအေႀကာင္းေတြ ႀကားရလို႕ ဘုရားတ;မေနနဲ႔ဦး။အဲ--
ဘုရားမတ;နဲ႔ဆိုသာ စကားလွေအာင္ ေျပာရတာပါ့။
ညည္းလည္း ဘုရား တရား မေမ့နဲ႔ဦးကြယ့္။အိပ္ရာဝင္
အိပ္ရာထ ေန႕စဥ္ ဘုရားရွိခိုးIငါသင္ေပးထားတဲ႔ မဂၤလသုတ္နဲ႔
ႀသကာသ ကန္ေတာ့ခ်ိဳးေတြ ညည္းမေမ႔ေသးဘူး မဟုတ္လား
မယ္ေပါက္စီ။
အိမ္း"တစ္ရြာမေျပာင္း သူေကာင္းမျဖစ္"ဆိုသလို
ရြာကေန ေျပာင္းသြားတဲ႔ ညည္းကေတာ့ လူပါေျပာင္းရံုမကI
နာမည္ကိုပါ အေတြးေကာင္းေကာင္းနဲ႔"ေအးေသာင္း"လို႔
ေျပာင္းလိုက္ေတာ့ အေရးေကာင္းဖို႔
အေႀကာင္း ဆိုက္တာေပါ႔ေလ။အဲ---အေရးကေတာ့
ဘာေကာင္းသလဲ မေမးနဲ႔Iအခုဆို ကဗ်ာ အေရးေကာင္း
အေတြးေကာင္းတဲ႔ ကေလးတစ္ေသာင္းေလာက္ ညည္းအိမ္မွာ
အေျပးေအာင္းေနႀကတယ္ဆို။
ေဆးေကာင္း ဝါးေကာင္း ရွိရင္လဲ ႏြားေက်ာင္းေနတဲ႔ ရြာက
ညည္း သူငယ္ခ်င္း ဂ်မ္းစိန္တို႔ ေအးလွတို႕ဆီ
ပို႔ေပးလိုက္ပါဦးဟဲ႔။ဂ်မ္းစိန္က သူ႕ကိုယ္သူ အရမ္း ပိန္လို႕ဆိုျပီး
သန္းရွိန္တို႔အိမ္ တီဗြီထဲက ညည္းပံုအတိုင္းIသူ႕တင္ပဆံုကို
လိမ္ကာတြန္႔ကာနဲ႔ မနက္မနက္ဆို လယ္ကြင္းထဲမွာ
ေအရိုးဗစ္ ဒြန္႔တာတဲ႔ေလ။သူဒြန္႔လို႔ ဝလာ မလာေတာ့ မသိဘူး။
သူ႕အစ္ကို ငျမသာကေတာ့ သူ႕ႏွမခမ်ာ လူ႕ဘဝမွာ
သက္တမ္း မေစ့ခင္ ညည္းပံုကိုေတြ႕လို႔ ရူးရေလျခင္းလို႔
စြပ္စြဲေနေလရဲ႕။
ေဟာ---ေနာက္တစ္ေယာက္က ေအးလွ။
လူႀကည့္ေတာ့ ေအးကေအးသာနဲ႔Iအံမယ္---ကေလးမရဲ႕
အေတြးကေတာ့ ေဖ့စ္ဘုတ္မွာ အရုပ္တင္ရံုနဲ႔
ညည္းလို ရုပ္ရွင္ဆယ္လီ ျဖစ္ခ်င္တာတဲ႔ မယ္ေပါက္စီေရ။
အဲသည္ေတာ့ ဘာလုပ္တယ္ မွတ္တုန္း။
ႏြားေက်ာင္းသြားလည္း ေယာဂီ ဝတ္စံုနဲ႔ ခ်လပ္ ခ်လပ္။
ကြ်ဲေမာင္းသြားလည္း မဂၤလာေဆာင္ ဝတ္စံုနဲ႔ ခ်လပ္ ခ်လပ္။
ေဟာ--ငါ့ေက်ာင္း လာေတာ့လည္း ေဘာင္းဘီတိုနဲ႔ ခ်လပ္ ခ်လပ္။
အိမ္း---ဟိုနား ခ်လပ္ ခ်လပ္Iသည္နား ခ်လပ္ ခ်လပ္နဲ႔
တစ္ခ်လပ္ထဲ ခ်လပ္ ေနႀကတာ ညည္း သူငယ္ခ်င္းေတြနဲ႔
ငါနဲ႔ေတာ့ ဒိုးခပါပဲ မိေပါက္စီရယ္။
ကဲ!မိေပါက္စီ!ဘုန္းဘုန္း ေျပာတာေတြလည္း မ်ားသြားျပီ။
ညည္းလည္း စာဖတ္ရတာ ေမာေရာ့မယ္။ ကိုယ့္ရြာက
ရြာသူတစ္ေယာက္ ရန္ကုန္ေရာက္ျပီး
နာမည္ႀကီး ထြန္းေပါက္ေနတယ္ႀကားလို႔ ဝမ္းသာတကြနဲ႔
လြမ္းစာသ--အဲ--ဟုတ္ေပါင္--က်န္းမာရေစေႀကာင္း
ဆုေတာင္း ေမတၱာစာ ပို႕လိုက္တာပါ။
ဘႀကီး ဘုန္းႀကီး အေနနဲ႔ ေနာက္ဆံုး မွာခ်င္တာကေတာ့
ညည္း ဘယ္ေလာက္ ေအာင္ျမင္ ေအာင္ျမင္ ရြာက
ေဂါပက ေမာင္ရြင္လို ဘုရား တရား မေမ့နဲ႔ကြယ့္။
ညည္း ဘယ္ေလာက္ ႀကီးပြား ႀကီးပြား ရြာက
သူႀကီး သားလိုလည္း မာနႀကီး မသြားေလနဲ႔။
ညည္း ဘယ္ေလာက္ တိုးတက္ တိုးတက္
ရြာက ထန္းတက္သမား ဖိုးခ်က္လိုလည္း
အမ်ိဳးအတြက္ ႀကည့္တတ္ရတယ္ကြယ့္ မယ္ေပါက္စီရဲ႕။
အိမ္း အိမ္း----ဒါပါပဲကြယ္။
ဘႀကီးရဲ႕ တူမ မိေပါက္စီ(ခ)မေအးေသာင္း
က်န္းမာခ်မ္းသာပါေစ။
သေဗၺ ေပါက္စီ အေဝရာ ေဟာႏၲဳ။သုခီ အတၱာနံ ပရိဟရႏၲဳ။
မွတ္ခ်က္။ ။ညည္းအေမက ညည္းႀကိဳက္တဲ႔ ဘာလေခ်ာင္နဲ႔
ေျပာင္းဖူးေတြ ထည့္ေပးလိုက္တယ္။သည္လ မိုးနည္းလို႕
ခ်ဥ္ေပါင္ရြက္ေႀကာ္နဲ႔ ပုဇြန္ေႀကာ္ မထည့္ေပးလိုက္နိုင္ဘူး။
ေငြလိုရင္ မွာလိုက္ပါတဲ႔။
ပံု
အညာက ဘႀကီးဘုန္းႀကီး
ဘႀကီးေကာ
============

သို့……
မိပေါက်စီ(ခ)မယ်အေးသောင်း
ဘုန်းဘုန်း စာရေးလိုက်တယ်။
အကြောင်းထူးတော့ မရှိဘူး
တပေါင်း-တန်ခူးမှာ ရွာဘုရားပွဲရှိတယ်။
ကားစီးလို့ ခေါင်းမမူးတတ်ရင်
ညည်း……အစ်ကို သောင်းဦးနဲ့ လာခဲ့ပါဦး။
အဲ---ညည်းကြိုက်တဲ့ ပြောင်းဖူးတော့ ရှိဘူးပေါ့လကွယ်။
အဲ---အကြောင်းမထူးဘူး ဆိုပေမယ့်…
ဟိုတစ်နေ့ကတော့ ညည်းမောင် အငယ်ကောင် သောင်းထူး
ချောင်းနဖူးမှာ မြောင်းတူးရင်း သူများ ပျိုးခင်းထဲ ချော်ကျလို့
မတော်တဆ……လျော်လိုက်ရသေးတယ်ဟေ့။
ဒါက စကားစပ်လို့ ကြားဖြတ်ပြောတာပါ။
ဒါနဲ့ ညည်းနာမည်က ပေါက်စီကနေ……
"အေးသောင်း"လို့ ပြောင်းထားတယ်ဆို။
ငါ့ ရွာက ပျိုပျိုအိုအို နုနုရွရွနဲ့ ပုပုကွကွ ကြီးကြီးငယ်ငယ်မကျန်
ကျောင်းက ကပ္ပိယနဲ့ သာမဏေရ သမဏံ ရဟန်းရှင်လူ
ငဖြူငမဲနဲ့ အနူအရွဲ နှုတ်ထဲမှာ "အေးသောင်း အေးသောင်း"ရယ်လို့
ဘေးကျောင်းက ပဋ္ဌာန်းရွတ်သလို
အဟုတ်စွဲနေလို့"အေးသောင်း"နာမည်ကို သရုပ်ခွဲ
ဘယ်သူဘယ်ဝါမှန်းသိအောင် တုတ်ဆွဲ ဓားဆွဲ
စဉ်းစားလိုက်ရတာ……
အမယ်---လက်စသတ်တော့ ရွာက
မိပေါက်စီ ဖြစ်နေပါရောလား…ဟေ။
အိမ်း---!
ရွာက ညည်းအမျိုး ညည်းအဆွေI
ငါ့ဒကာ ဒကာမတွေလည်း ညည်းအကြောင်း သတင်းကောင်း
ကြားလို့ နေကောင်းကျန်းမာနဲ့ စိတ်ချမ်းသာတော့
ရှိနေကြပါရဲ့။သို့ပေတဲ့ အေးသောင်းရေ---
ညည်းဦးလေး……ဖိုးထောင်ကတော့
မိုးခေါင်လို့ ပျိုးမထောင်နိုင်သာ နှစ်နှစ်ရှိပြီဆိုပြီး
ကကျိုးကကြောင်နဲ့ ဟိုအကောင် အုပ်ချုပ်ရေးမှူး စိုးမောင်ကို
ရန်သွားရှာတယ်လေ။
တော်သေးတာပေါ့ကွယ်။စိုးမောင်က ဖိုးထောင်ကို
ကကျိုးကကြောင် လုပ်တဲ့အမှုနဲ့
ပျိုးထောင်ခွင့် မပေးဘူးလုပ်နေတာ။အဲ့တာနဲ့ နေလုံးအထွက်
ခြေသလုံးဖက်ပြီး တစ်အိမ်လုံး တောင်းပန်လိုက်လို့
ကျေအေးသွားသကွယ့်။
အေး----အခုလို ကျေအေးပြီး
ဘာမကြာIဟိုမအေပေး အာပလာIရွှေဌေးဆိုတဲ့ ငကြာက
ငွေလေးရွင်တော့ ညည်းအဒေါ် မေအေးတင်ကို
ထွေးခင်ကတစ်ဆင့် ရည်းစားစာ ပေးခိုင်းသတဲ့လေ။
တကယ်ဆို ရွှေဌေးနဲ့အေးတင်က ထွေးခင်နဲ့
သိတယ်ဆိုပေမယ့် ငါးပိ ဝယ်တုန်းက မြောက်ပိုင်းမယ် တစ်ခါI
ကောက်လှိုင်း သယ်တုန်းက လှည်းပေါ်မှာ တစ်ကြိမ်I
ပွဲတော်တုန်းက ပွဲခင်းထဲမှာ တစ်ချက်I
ဥပုသ် ကျောင်းတက်တုန်းက ဥပုသ် ဇရပ်မှာ
တစ်ကြောင်းစ နှစ်ကြောင်းစI ဒီလောက်ပဲ
စကားပြောဖူးကြတာကို ငပေါ အရူးထပြီး ရည်းစားစာ
ပေးရလောက်အောင် ဇောင်းမထသင့်ဘူး မဟုတ်လားကွယ့်။
ကဲကဲ!ညည်းလည်း ရွာကသတင်း အဆိုးအကောင်း
အကျိုးအကြောင်းတွေ ကြားရလို့ ဘုရားတ;မနေနဲ့ဦး။အဲ--
ဘုရားမတ;နဲ့ဆိုသာ စကားလှအောင် ပြောရတာပါ့။
ညည်းလည်း ဘုရား တရား မမေ့နဲ့ဦးကွယ့်။အိပ်ရာဝင်
အိပ်ရာထ နေ့စဉ် ဘုရားရှိခိုးIငါသင်ပေးထားတဲ့ မင်္ဂလသုတ်နဲ့
သြကာသ ကန်တော့ချိုးတွေ ညည်းမမေ့သေးဘူး မဟုတ်လား
မယ်ပေါက်စီ။
အိမ်း"တစ်ရွာမပြောင်း သူကောင်းမဖြစ်"ဆိုသလို
ရွာကနေ ပြောင်းသွားတဲ့ ညည်းကတော့ လူပါပြောင်းရုံမကI
နာမည်ကိုပါ အတွေးကောင်းကောင်းနဲ့"အေးသောင်း"လို့
ပြောင်းလိုက်တော့ အရေးကောင်းဖို့
အကြောင်း ဆိုက်တာပေါ့လေ။အဲ---အရေးကတော့
ဘာကောင်းသလဲ မမေးနဲ့Iအခုဆို ကဗျာ အရေးကောင်း
အတွေးကောင်းတဲ့ ကလေးတစ်သောင်းလောက် ညည်းအိမ်မှာ
အပြေးအောင်းနေကြတယ်ဆို။
ဆေးကောင်း ဝါးကောင်း ရှိရင်လဲ နွားကျောင်းနေတဲ့ ရွာက
ညည်း သူငယ်ချင်း ဂျမ်းစိန်တို့ အေးလှတို့ဆီ
ပို့ပေးလိုက်ပါဦးဟဲ့။ဂျမ်းစိန်က သူ့ကိုယ်သူ အရမ်း ပိန်လို့ဆိုပြီး
သန်းရှိန်တို့အိမ် တီဗွီထဲက ညည်းပုံအတိုင်းIသူ့တင်ပဆုံကို
လိမ်ကာတွန့်ကာနဲ့ မနက်မနက်ဆို လယ်ကွင်းထဲမှာ
အေရိုးဗစ် ဒွန့်တာတဲ့လေ။သူဒွန့်လို့ ဝလာ မလာတော့ မသိဘူး။
သူ့အစ်ကို ငမြသာကတော့ သူ့နှမခမျာ လူ့ဘဝမှာ
သက်တမ်း မစေ့ခင် ညည်းပုံကိုတွေ့လို့ ရူးရလေခြင်းလို့
စွပ်စွဲနေလေရဲ့။
ဟော---နောက်တစ်ယောက်က အေးလှ။
လူကြည့်တော့ အေးကအေးသာနဲ့Iအံမယ်---ကလေးမရဲ့
အတွေးကတော့ ဖေ့စ်ဘုတ်မှာ အရုပ်တင်ရုံနဲ့
ညည်းလို ရုပ်ရှင်ဆယ်လီ ဖြစ်ချင်တာတဲ့ မယ်ပေါက်စီရေ။
အဲသည်တော့ ဘာလုပ်တယ် မှတ်တုန်း။
နွားကျောင်းသွားလည်း ယောဂီ ဝတ်စုံနဲ့ ချလပ် ချလပ်။
ကျွဲမောင်းသွားလည်း မင်္ဂလာဆောင် ဝတ်စုံနဲ့ ချလပ် ချလပ်။
ဟော--ငါ့ကျောင်း လာတော့လည်း ဘောင်းဘီတိုနဲ့ ချလပ် ချလပ်။
အိမ်း---ဟိုနား ချလပ် ချလပ်Iသည်နား ချလပ် ချလပ်နဲ့
တစ်ချလပ်ထဲ ချလပ် နေကြတာ ညည်း သူငယ်ချင်းတွေနဲ့
ငါနဲ့တော့ ဒိုးခပါပဲ မိပေါက်စီရယ်။
ကဲ!မိပေါက်စီ!ဘုန်းဘုန်း ပြောတာတွေလည်း များသွားပြီ။
ညည်းလည်း စာဖတ်ရတာ မောရော့မယ်။ ကိုယ့်ရွာက
ရွာသူတစ်ယောက် ရန်ကုန်ရောက်ပြီး
နာမည်ကြီး ထွန်းပေါက်နေတယ်ကြားလို့ ဝမ်းသာတကွနဲ့
လွမ်းစာသ--အဲ--ဟုတ်ပေါင်--ကျန်းမာရစေကြောင်း
ဆုတောင်း မေတ္တာစာ ပို့လိုက်တာပါ။
ဘကြီး ဘုန်းကြီး အနေနဲ့ နောက်ဆုံး မှာချင်တာကတော့
ညည်း ဘယ်လောက် အောင်မြင် အောင်မြင် ရွာက
ဂေါပက မောင်ရွင်လို ဘုရား တရား မမေ့နဲ့ကွယ့်။
ညည်း ဘယ်လောက် ကြီးပွား ကြီးပွား ရွာက
သူကြီး သားလိုလည်း မာနကြီး မသွားလေနဲ့။
ညည်း ဘယ်လောက် တိုးတက် တိုးတက်
ရွာက ထန်းတက်သမား ဖိုးချက်လိုလည်း
အမျိုးအတွက် ကြည့်တတ်ရတယ်ကွယ့် မယ်ပေါက်စီရဲ့။
အိမ်း အိမ်း----ဒါပါပဲကွယ်။
ဘကြီးရဲ့ တူမ မိပေါက်စီ(ခ)မအေးသောင်း
ကျန်းမာချမ်းသာပါစေ။
သဗ္ဗေ ပေါက်စီ အဝေရာ ဟောန္တု။သုခီ အတ္တာနံ ပရိဟရန္တု။
မှတ်ချက်။ ။ညည်းအမေက ညည်းကြိုက်တဲ့ ဘာလချောင်နဲ့
ပြောင်းဖူးတွေ ထည့်ပေးလိုက်တယ်။သည်လ မိုးနည်းလို့
ချဉ်ပေါင်ရွက်ကြော်နဲ့ ပုဇွန်ကြော် မထည့်ပေးလိုက်နိုင်ဘူး။
ငွေလိုရင် မှာလိုက်ပါတဲ့။
ပုံ
အညာက ဘကြီးဘုန်းကြီး
ဘကြီးကော

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...