တိုက္ေပၚက ခုန္ခ်ေသဆံုးတဲ့ အိမ္အကူေကာင္မေလးရဲ႕ မိသားစုနဲ႔ အဆက္အသြယ္ရျပီ


စကၤာပူနိုင္ငံ၊ Interlace Condo ၁၉ ထပ္ကေန ခုန္ခ်ေသဆံုးခဲ့တဲ့ ျမန္မာအိမ္အကူ မိန္းကေလး မဇင္မာဦးရဲ့ မိသားစုနဲ႔ အဆက္အသြယ္ရရွိထားျပီလို႔ ျမန္မာသံရုံးက ေျပာထားေၾကာင္း RFA ရဲ႕ သတင္းတစ္ရပ္မွာ ေရးသားထားပါတယ္။
ေသဆံုးသူရဲ့ မိသားစုေတြဟာ ရခိုင္ျပည္နယ္၊ ေျမာက္ဦးဘက္မွာ ေနထိုင္ၾကသူေတြျဖစ္ျပီး သျဂိဳလ္ဖို႔အတြက္ မိသားစုကုိ  ေစာင့္ဆုိင္းေနတာ ျဖစ္တယ္လို႔ သိရပါတယ္။
စကၤာပူကို လာဖို႔နဲ႔ သျဂိဳၤလ္တဲ့ အခမ္းအနားေတြ လုပ္ဖို႔အတြက္ သက္ဆိုင္ရာေတြနဲ႔ ညွိနွိဳင္းျပီး ကူညီေပးေနတယ္လို႕ စကၤာပူနိုင္ငံဆိုင္ရာ ျမန္မာသံရံုးက ပထမအတြင္း၀န္ ေဒၚစန္းစႏၵာ၀င္းက ေျပာထားေၾကာင္း သတင္းမွာ ေဖာ္ျပထားပါတယ္။
မဇင္မာဦး ခုန္ခ်ေသဆံုးခဲ့ရတဲ့ အေၾကာင္းရင္းကိုေတာ့ မသိရေသးေပမဲ့ ရဲတပ္ဖြဲ႔ရဲ႔ စစ္ေဆးခ်က္ေတြအရ ေသဆံုးသူဟာ မိခင္ကို သတိရေနေၾကာင္း၊ စိတ္က်ေရာဂါပံုစံမ်ိဳး ေတြ႔ရေၾကာင္းနဲ႔ သူ႕အေဖရဲ့ ေျပာၾကားခ်က္အရ မိခင္ဟာ ေသဆံုးသြားတာၾကာျပီျဖစ္ေၾကာင္းလည္း သိရပါတယ္။
မဇင္မာဦးဟာ အသက္ ၂၅ နွစ္ရွိၿပီျဖစ္ၿပီး စကၤာပူနိုင္ငံမွာ အိမ္အကူအလုပ္လုပ္ကိုင္ေနတာ ၈ လေက်ာ္ရွိၿပီျဖစ္တယ္လို႔ သိရပါတယ္။သူမဟာ ဇြန္လ ၁၂ ရက္ေန႔ ညေန ၅ နာရီခြဲခန္႔မွာ အိမ္ရွင္က အ၀တ္ထြက္လွန္းခိုင္းရာကေန ၀ရန္တာအျပင္ဘက္ အစြန္းေပၚထြက္ျပီး ခုန္ခ်ဖို႔ ႀကိဳးစားခဲ့ရာ ရဲတပ္ဖြဲ႔ေတြ၊ ကယ္ဆယ္ေရးအဖြဲ႔ေတြနဲ႔ သက္ဆိုင္ရာတာ၀န္ရွိသူေတြအျပင္ မဇင္မာဦးရဲ့ သူငယ္ခ်င္းျဖစ္သူတို႕က မခုန္ခ်ဖို႕ ႀကိဳးစားၿပီး တားျမစ္ခဲ့ေပမယ့္ ည ၇ နာရီခန္႔မွာ ခုန္ခ်သြားခဲ့တာ ျဖစ္တယ္လို႔လည္း ေဒၚစန္းစႏၵာ၀င္းက ေျပာထားေၾကာင္း သတင္းမွာ ေဖာ္ျပပါတယ္။
Source: RFA
Unicode
 စင်္ကာပူနိုင်ငံ၊ Interlace Condo ၁၉ ထပ်ကနေ ခုန်ချသေဆုံးခဲ့တဲ့ မြန်မာအိမ်အကူ မိန်းကလေး မဇင်မာဦးရဲ့ မိသားစုနဲ့ အဆက်အသွယ်ရရှိထားပြီလို့ မြန်မာသံရုံးက ပြောထားကြောင်း RFA ရဲ့ သတင်းတစ်ရပ်မှာ ရေးသားထားပါတယ်။
သေဆုံးသူရဲ့ မိသားစုတွေဟာ ရခိုင်ပြည်နယ်၊ မြောက်ဦးဘက်မှာ နေထိုင်ကြသူတွေဖြစ်ပြီး သဂြိုလ်ဖို့အတွက် မိသားစုကို  စောင့်ဆိုင်းနေတာ ဖြစ်တယ်လို့ သိရပါတယ်။
စင်္ကာပူကို လာဖို့နဲ့ သင်္ဂြိုလ်တဲ့ အခမ်းအနားတွေ လုပ်ဖို့အတွက် သက်ဆိုင်ရာတွေနဲ့ ညှိနှိုင်းပြီး ကူညီပေးနေတယ်လို့ စင်္ကာပူနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ပထမအတွင်းဝန် ဒေါ်စန်းစန္ဒာဝင်းက ပြောထားကြောင်း သတင်းမှာ ဖော်ပြထားပါတယ်။
မဇင်မာဦး ခုန်ချသေဆုံးခဲ့ရတဲ့ အကြောင်းရင်းကိုတော့ မသိရသေးပေမဲ့ ရဲတပ်ဖွဲ့ရဲ့ စစ်ဆေးချက်တွေအရ သေဆုံးသူဟာ မိခင်ကို သတိရနေကြောင်း၊ စိတ်ကျရောဂါပုံစံမျိုး တွေ့ရကြောင်းနဲ့ သူ့အဖေရဲ့ ပြောကြားချက်အရ မိခင်ဟာ သေဆုံးသွားတာကြာပြီဖြစ်ကြောင်းလည်း သိရပါတယ်။
မဇင်မာဦးဟာ အသက် ၂၅ နှစ်ရှိပြီဖြစ်ပြီး စင်္ကာပူနိုင်ငံမှာ အိမ်အကူအလုပ်လုပ်ကိုင်နေတာ ၈ လကျော်ရှိပြီဖြစ်တယ်လို့ သိရပါတယ်။သူမဟာ ဇွန်လ ၁၂ ရက်နေ့ ညနေ ၅ နာရီခွဲခန့်မှာ အိမ်ရှင်က အဝတ်ထွက်လှန်းခိုင်းရာကနေ ဝရန်တာအပြင်ဘက် အစွန်းပေါ်ထွက်ပြီး ခုန်ချဖို့ ကြိုးစားခဲ့ရာ ရဲတပ်ဖွဲ့တွေ၊ ကယ်ဆယ်ရေးအဖွဲ့တွေနဲ့ သက်ဆိုင်ရာတာဝန်ရှိသူတွေအပြင် မဇင်မာဦးရဲ့ သူငယ်ချင်းဖြစ်သူတို့က မခုန်ချဖို့ ကြိုးစားပြီး တားမြစ်ခဲ့ပေမယ့် ည ၇ နာရီခန့်မှာ ခုန်ချသွားခဲ့တာ ဖြစ်တယ်လို့လည်း ဒေါ်စန်းစန္ဒာဝင်းက ပြောထားကြောင်း သတင်းမှာ ဖော်ပြပါတယ်။
Source: RFA

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...