မိတ္ကပ္မလိမ္းပဲ လွေနေစမည့္ နည္းလမ္းမ်ား


မိန္းကေလးတစ္ေယာက္ ပိုလွသြားေအာင္္ မိတ္ကပ္ရဲ႕ အကူအညီလို တယ္ ဆိုတာ မွန္္ပါတယ္။ဒါေပမယ့္ မိတ္ကပ္ အၿမဲလိမ္းတဲ့ မိန္းကေလးဟာ မိတ္ကပ္ မလိမ္းလိုက္ၿပီဆိုတာနဲ႔ လံုး၀ ၾကည့္ရဆိုးသြားတယ္ဆိုတဲ့ အျဖစ္ မ်ိဳးကေတာ့ လံုး၀မျဖစ္သင့္ပါဘူး။ဒါေၾကာင့္ မိတ္ကပ္ အကူကို လိုအပ္တဲ့ အခ်ိန္မွာ ယူပါ။ ဒါေပမယ့္ မိတ္ကပ္မပါလည္း၊မိတ္ကပ္မလိမ္းလည္း လွေနႏိုင္ဖို႔ ႀကိဳးစားပါ။ မိတ္ကပ္ မပါပဲ သဘာ၀အတိုင္း မ်က္ႏွာေျပာင္ေလးနဲ႔လည္း လွေနခ်င္ရင္ေတာ့ ဒီအခ်က္ေတြကို လုိက္နာပါ။

#မ်က္ခံုးကို ဂရုစိုက္ပါ

မ်က္ႏွာေပၚမွာ အေရးမႀကီးတဲ့ ေနရာဆိုတာမရွိပါဘူး။မ်က္ခံုး၊မ်က္ေတာင္ အားလံုးက သူ႔ေနရာနဲ႔သူအေရးႀကီးပါတယ္။ၿပီးျပည့္စံုတဲ့ မိန္းမေလးျဖစ္ခ်င္ရင္ မ်က္ခံုးကိိုလည္း ေမ့ထားလို႔ မရပါဘူး။မိတ္ကပ္မပါ မ်က္ႏွာေျပာင္ ေလးနဲ႔ ေနတဲ့ အခ်ိန္မ်ိဳးမွာ သင့္မ်က္ႏွာေပၚမွာ မ်က္ခံုးေမႊးက အထင္းသား ျဖစ္ေနမွာပါ။ မ်က္ ခံုးေမႊးကို ဒီအတိုင္းမထားပါနဲ႔။ရိတ္ပါ။ပံုေဖာ္ပါ။ပင္ကိုယ္မ်က္ ခံုးေမႊး ပါးသူဆိုရင္ မ်က္ခံုးထူလာေအာင္ ၾကက္ဆူဆီနဲ႔ဗီတာမင္ေအ လိမ္းေပးပါ။သီတင္းပတ္ အနည္းငယ္ၾကာရင္ သိသိသာသာေျပာင္းလဲ လာပါလိမ့္မယ္။

#မ်က္လုံးကို ထင္ရွားေပၚလြင္ေနပါေစ

မ်က္လံုးကို ထင္ရွားေပၚ လြင္ေအာင္ေနပါ။ပင္ကိုယ္က မ်က္လံုး ေမွးတယ္၊မ်က္ လံုးေပါက္က်ဥ္းတယ္ မေပၚလြင္ဘူးဆိုရင္ေရာ..?လို႔ ေမးစရာရွိပါတယ္။ မ်က္ ခံုးေမႊး၊မ်က္ေတာင္ေမႊးကို ဂရုစိုက္မယ္၊တိုေနရင္ ရွည္လာေအာင္ နက္ေမွာင္ လာေအာင္ သဘာ၀နည္းလမ္းေတြနဲ႔ ႀကိဳးစားၾကည့္ပါ။မ်က္ကြင္းညိဳေန တာ မ်ိဳးဟာ မ်က္လံုးကို အလွပ်က္ေစပါတယ္။အဲ့ဒီလိုေတြ မျဖစ္ေအာင္ ေနပါ။သံဓါ တ္ နဲ႔ ဗီတာမင္ဘီခ်ိဳ႕တဲ့ ရင္ မ်က္ကြင္းညိဳတာေတြျဖစ္ႏုိင္တာေၾကာင့္ လံုေလာ က္တဲ့ အာဟာရကို မွ်တေအာင္ စားသံုးပါ။eye creams  သံုးေပးပါ။

#သြားျဖဴပါေစ

လွပတဲ့ အၿပံဳးေလးကို ရဖို႔ အတြက္ ျဖဴ၀င္းတဲ့ သြားလွလွေလးေတြ ရွိဖို႔ လိုပါတယ္။သြားေတြ၀ါက်ဥ္ေနရင္ ရုပ္ပ်က္ပါတယ္။ဒါေၾကာင့္ သြားေတြကို ျဖဴ၀င္းေနေအာင္ထားပါ။

#ႏႈတ္ခမ္းကို ဂရုစိုက္ပါ

လွပတဲ့ ႏႈတ္ခမ္းတစ္စံုကို ပိုင္ဆိုင္ဖို႔ကိုလည္း ဘယ္ေတာ့မွ မေမ့ပါနဲ႔။ႏႈတ္ခမ္း အတြက္ ထုတ္ထားတဲ့ အဆီ၊သံလြင္ဆီနဲ႔တျခား သဘာ၀အဆီေတြကို လိမ္းေပးပါ။ဒါ့အျပင္ ႏႈတ္ခမ္းကို တစ္ပတ္မွာ တစ္ႀကိမ္ေလာက္ ႏူးညံ့တဲဲ့ သြားတိုက္တံ(သို႔)လက္ေခ်ာင္းထိပ္ေလးေတြနဲ႔ ညင္သာ စြာ ႏွိပ္နယ္္ေပးပါ။အဲဲ့ လိုႏွိပ္မယ္ဆိုရင္ လက္ေခ်ာင္းထိပ္ေလးကို သၾကားမႈန္႔ေတြထဲ ထည့္ၿပီး၊သၾကား မႈန္ကပ္ေနတဲ့ လက္ေခာ်င္း ထိပ္နဲ႔ ႏွိပ္ေပးပါ။

#ဆံေကသာကို ဂရုိစုိက္ပါ

ဆံေကသာေတြ ေျခာက္ေသြ႔ၾကမ္းတမ္းပ်က္စီးေနရင္လည္း အလွအပကို သြားၿပီး ထိခိုက္ေစတတ္ပါတယ္။ဒါေၾကာင့္ က်န္းမာသန္စြမး္တဲ့ ဆံေကသာကို ရဖို႔အတြက္ ဆံပင္ကို ဂရုစိုက္ပါ။Hair Care ပံုမွန္လုပ္ပါ။ႏွစ္ခြကြဲေနတဲ့ ဆံပင္အဖ်ားေလးေတြကို ပံုမွန္ညွပ္ေပးပါ။

#အသားအေရကို ဂရုစိုက္ပါ

ပင္ကိုယ္အသားအေရက ေကာင္းေနမွ မိတ္ကပ္လိမ္းရင္လည္း စိတ္ေက် နပ္ေလာက္တဲ့ ရလဒ္ကို ရမွာပါ။ဒါေၾကာင့္ အသားအေရကို ဂရုစိုက္ဖုိ႔ မေမ့ပါနဲ႔။ မ်က္ႏွာကို တစ္ေန႔မွာ ႏွစ္ႀကိမ္ထက္ပိုၿပီး မသစ္ပါနဲ႔။တစ္ပတ္မွာ တစ္ႀကိမ္ေ လာက္ေတာ့  face masks သံုးၿပီး မ်က္ႏွာအသားအေရကို ဂရုစိုက္ေပးပါ။ေနာ က္တစ္ခ်က္ကေတာ့sunscreen သံုးေပးဖို႔ မေမ့ပါနဲ႔။

#လံုေလာက္စြာအိပ္စက္ပါ

ဒါကလည္း အလွအပအတြက္ အေရးႀကီးပါတယ္။အိပ္ေရး မ၀ရင္ မ်က္ႏွာ ေလးက ဘယ္လိုမွ လန္းမွာ မဟုတ္သလို၊မ်က္ကြင္းညိဳတာ၊၀က္ၿခံ ထြက္တာေ တြ ျဖစ္လာႏိုင္ပါတယ္။ဒါေၾကာင့္ (၁၁)နာရီေလာက္ ေနာက္ဆံုးထားၿပီး အိပ္ ယာ၀င္ေပးပါ။သန္းေခါင္ယံေရာက္ၿပီ ဆိုတာနဲ႔ အလွအပေဟာ္မုန္း melatonin ကို ခႏၶာကိုယ္ကေန စထုတ္ေပးတတ္ပါတယ္။ဒါေၾကာင့္ ညဖက္ေစာ ေစာအိပ္ ယာ၀င္ျခင္းဟာ မ်က္ႏွာမွာ ပါးေရတြန္႔တာေတြကို သက္သာေစပါတယ္။ အ သားအေရအတြက္ဆိုရင္ တေန႔ကို (၇)နာရီေလာက္ အိပ္ေပး ဖို႔ လိုပါတယ္ ။တျခားျဖည့္စြက္ခ်က္ေတြအေနနဲ႔ကေတာ့ က်န္းမာေရးနဲ႔အညီစားေသာက္ပါ။ ကိုယ့္ရဲ႕ အသားအေရာင္နဲ႔ လိုက္ဖက္တဲ့ အေရာင္မ်ိဳးကို ေရြးခ်ယ္၀တ္ဆင္ပါ။

Ref;brightside
Credit - AM

================

မိန်းကလေးတစ်ယောက် ပိုလှသွားအောင်် မိတ်ကပ်ရဲ့ အကူအညီလို တယ် ဆိုတာ မှန််ပါတယ်။ဒါပေမယ့် မိတ်ကပ် အမြဲလိမ်းတဲ့ မိန်းကလေးဟာ မိတ်ကပ် မလိမ်းလိုက်ပြီဆိုတာနဲ့ လုံးဝ ကြည့်ရဆိုးသွားတယ်ဆိုတဲ့ အဖြစ် မျိုးကတော့ လုံးဝမဖြစ်သင့်ပါဘူး။ဒါကြောင့် မိတ်ကပ် အကူကို လိုအပ်တဲ့ အချိန်မှာ ယူပါ။ ဒါပေမယ့် မိတ်ကပ်မပါလည်း၊မိတ်ကပ်မလိမ်းလည်း လှနေနိုင်ဖို့ ကြိုးစားပါ။ မိတ်ကပ် မပါပဲ သဘာဝအတိုင်း မျက်နှာပြောင်လေးနဲ့လည်း လှနေချင်ရင်တော့ ဒီအချက်တွေကို လိုက်နာပါ။

#မျက်ခုံးကို ဂရုစိုက်ပါ

မျက်နှာပေါ်မှာ အရေးမကြီးတဲ့ နေရာဆိုတာမရှိပါဘူး။မျက်ခုံး၊မျက်တောင် အားလုံးက သူ့နေရာနဲ့သူအရေးကြီးပါတယ်။ပြီးပြည့်စုံတဲ့ မိန်းမလေးဖြစ်ချင်ရင် မျက်ခုံးကိိုလည်း မေ့ထားလို့ မရပါဘူး။မိတ်ကပ်မပါ မျက်နှာပြောင် လေးနဲ့ နေတဲ့ အချိန်မျိုးမှာ သင့်မျက်နှာပေါ်မှာ မျက်ခုံးမွှေးက အထင်းသား ဖြစ်နေမှာပါ။ မျက် ခုံးမွှေးကို ဒီအတိုင်းမထားပါနဲ့။ရိတ်ပါ။ပုံဖော်ပါ။ပင်ကိုယ်မျက် ခုံးမွှေး ပါးသူဆိုရင် မျက်ခုံးထူလာအောင် ကြက်ဆူဆီနဲ့ဗီတာမင်အေ လိမ်းပေးပါ။သီတင်းပတ် အနည်းငယ်ကြာရင် သိသိသာသာပြောင်းလဲ လာပါလိမ့်မယ်။

#မျက်လုံးကို ထင်ရှားပေါ်လွင်နေပါစေ

မျက်လုံးကို ထင်ရှားပေါ် လွင်အောင်နေပါ။ပင်ကိုယ်က မျက်လုံး မှေးတယ်၊မျက် လုံးပေါက်ကျဉ်းတယ် မပေါ်လွင်ဘူးဆိုရင်ရော..?လို့ မေးစရာရှိပါတယ်။ မျက် ခုံးမွှေး၊မျက်တောင်မွှေးကို ဂရုစိုက်မယ်၊တိုနေရင် ရှည်လာအောင် နက်မှောင် လာအောင် သဘာဝနည်းလမ်းတွေနဲ့ ကြိုးစားကြည့်ပါ။မျက်ကွင်းညိုနေ တာ မျိုးဟာ မျက်လုံးကို အလှပျက်စေပါတယ်။အဲ့ဒီလိုတွေ မဖြစ်အောင် နေပါ။သံဓါ တ် နဲ့ ဗီတာမင်ဘီချို့တဲ့ ရင် မျက်ကွင်းညိုတာတွေဖြစ်နိုင်တာကြောင့် လုံလော က်တဲ့ အာဟာရကို မျှတအောင် စားသုံးပါ။eye creams  သုံးပေးပါ။

#သွားဖြူပါစေ

လှပတဲ့ အပြုံးလေးကို ရဖို့ အတွက် ဖြူဝင်းတဲ့ သွားလှလှလေးတွေ ရှိဖို့ လိုပါတယ်။သွားတွေဝါကျဉ်နေရင် ရုပ်ပျက်ပါတယ်။ဒါကြောင့် သွားတွေကို ဖြူဝင်းနေအောင်ထားပါ။

#နှုတ်ခမ်းကို ဂရုစိုက်ပါ

လှပတဲ့ နှုတ်ခမ်းတစ်စုံကို ပိုင်ဆိုင်ဖို့ကိုလည်း ဘယ်တော့မှ မမေ့ပါနဲ့။နှုတ်ခမ်း အတွက် ထုတ်ထားတဲ့ အဆီ၊သံလွင်ဆီနဲ့တခြား သဘာဝအဆီတွေကို လိမ်းပေးပါ။ဒါ့အပြင် နှုတ်ခမ်းကို တစ်ပတ်မှာ တစ်ကြိမ်လောက် နူးညံ့တဲဲ့ သွားတိုက်တံ(သို့)လက်ချောင်းထိပ်လေးတွေနဲ့ ညင်သာ စွာ နှိပ်နယ််ပေးပါ။အဲဲ့ လိုနှိပ်မယ်ဆိုရင် လက်ချောင်းထိပ်လေးကို သကြားမှုန့်တွေထဲ ထည့်ပြီး၊သကြား မှုန်ကပ်နေတဲ့ လက်ခောျင်း ထိပ်နဲ့ နှိပ်ပေးပါ။

#ဆံကေသာကို ဂရိုစိုက်ပါ

ဆံကေသာတွေ ခြောက်သွေ့ကြမ်းတမ်းပျက်စီးနေရင်လည်း အလှအပကို သွားပြီး ထိခိုက်စေတတ်ပါတယ်။ဒါကြောင့် ကျန်းမာသန်စွမး်တဲ့ ဆံကေသာကို ရဖို့အတွက် ဆံပင်ကို ဂရုစိုက်ပါ။Hair Care ပုံမှန်လုပ်ပါ။နှစ်ခွကွဲနေတဲ့ ဆံပင်အဖျားလေးတွေကို ပုံမှန်ညှပ်ပေးပါ။

#အသားအရေကို ဂရုစိုက်ပါ

ပင်ကိုယ်အသားအရေက ကောင်းနေမှ မိတ်ကပ်လိမ်းရင်လည်း စိတ်ကျေ နပ်လောက်တဲ့ ရလဒ်ကို ရမှာပါ။ဒါကြောင့် အသားအရေကို ဂရုစိုက်ဖို့ မမေ့ပါနဲ့။ မျက်နှာကို တစ်နေ့မှာ နှစ်ကြိမ်ထက်ပိုပြီး မသစ်ပါနဲ့။တစ်ပတ်မှာ တစ်ကြိမ်ေ လာက်တော့  face masks သုံးပြီး မျက်နှာအသားအရေကို ဂရုစိုက်ပေးပါ။နော က်တစ်ချက်ကတော့sunscreen သုံးပေးဖို့ မမေ့ပါနဲ့။

#လုံလောက်စွာအိပ်စက်ပါ

ဒါကလည်း အလှအပအတွက် အရေးကြီးပါတယ်။အိပ်ရေး မဝရင် မျက်နှာ လေးက ဘယ်လိုမှ လန်းမှာ မဟုတ်သလို၊မျက်ကွင်းညိုတာ၊ဝက်ခြံ ထွက်တာေ တွ ဖြစ်လာနိုင်ပါတယ်။ဒါကြောင့် (၁၁)နာရီလောက် နောက်ဆုံးထားပြီး အိပ် ယာဝင်ပေးပါ။သန်းခေါင်ယံရောက်ပြီ ဆိုတာနဲ့ အလှအပဟော်မုန်း melatonin ကို ခန္ဓာကိုယ်ကနေ စထုတ်ပေးတတ်ပါတယ်။ဒါကြောင့် ညဖက်စော စောအိပ် ယာဝင်ခြင်းဟာ မျက်နှာမှာ ပါးရေတွန့်တာတွေကို သက်သာစေပါတယ်။ အ သားအရေအတွက်ဆိုရင် တနေ့ကို (၇)နာရီလောက် အိပ်ပေး ဖို့ လိုပါတယ် ။တခြားဖြည့်စွက်ချက်တွေအနေနဲ့ကတော့ ကျန်းမာရေးနဲ့အညီစားသောက်ပါ။ ကိုယ့်ရဲ့ အသားအရောင်နဲ့ လိုက်ဖက်တဲ့ အရောင်မျိုးကို ရွေးချယ်ဝတ်ဆင်ပါ။

Ref;brightside
Credit - AM

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...