လူမႈကြန္ရက္ေပၚ ဂယက္ထသြားတဲ့ ကဗ်ာစာအုပ္နဲ႔ပတ္သက္လို႔ ပိုပို ေျပာသမွ်


လတ္တေလာ ေတးသံရွင္ပိုပို ထုတ္ေ၀သည့္ စာအုပ္နွင့္ပတ္သက္၍ ထုတ္ေ၀သူပိုပို၊ အမွာစာေရး သားသူ ေဗလု၀၊ စာအုပ္စီစဥ္သူ လင္းအိမ္ထင္နွင့္ စာအုပ္တြင္ ပါ၀င္ေရးသားသူ ကဗ်ာဆရာအခ်ဳိ႕တို႔ အႀကီးအက်ယ္ သေဘာထားကဲြလဲြမႈ ျဖစ္ေပၚေနခဲ့သည္။ ကဲြလဲြခဲ့သည့္အေၾကာင္းအရာမ်ားတြင္ ေတးသံရွင္ပိုပိုက ၎၏ ေမြးေန့ အထိမ္းအမွတ္အျဖစ္ စာအုပ္ တအုပ္ထုတ္ေ၀လိုၿပီး ၎စာအုပ္တြင္ ကဗ်ာ၊ ဂီတ၊ ႐ုပ္ရွင္ ဖန္တီးသူတို႔၏ ခံစားမႈမ်ား ပါ၀င္ေစလိုသျဖင့္ လူငယ္ကဗ်ာဆရာလင္းအိမ္ထင္အား အကူအညီေတာင္းခဲ့သည္။ လင္းအိမ္ထင္ကလည္း ကဗ်ာအသိုင္းအ၀ိုင္းမွ ကဗ်ာစာမူမ်ားရရိွေအာင္ ေဆာင္ရြက္ကာ ေကာင္းကင္မ်ား အမည္ရိွ ကဗ်ာစာအုပ္အျဖစ္ အုပ္ေရ ၁၀၀၀ ႐ိုက္နိွပ္ႏိုင္ခဲ့သည္။ ယင္းရိုက္နိွပ္ထားသည့္ အုပ္ေရ ၁၀၀၀ ကို ပိုပိုမွ အဖံုးဒီဇိုင္းနွင့္ အတြင္းစာမ်က္နွာတိုင္း၏ ေအာက္ပိုင္းတြင္ (ေတးေရး/ေတး ဆိုပိုပို ထုတ္ေ၀ၿပီး လင္းအိမ္ထင္ စီစဥ္သည္) ဆိုသည့္ စာသားအား မႀကိဳက္နွစ္သက္ဟု သိရသည္။ ယင္းအျပင္ စာရြက္သား ေနာ္ေ၀သားျဖစ္ေန၍လည္း မႀကိဳက္ဟု သိရသည္။ ယင္းေၾကာင့္ ထို႐ိုက္နိွပ္ၿပီး သားစာအုပ္ အုပ္ေရ ၁၀၀၀ ကို ၾကိုးစည္း၍ အခန္း တြင္းတြင္သာ သိမ္းထားျပီး ဒုတိယအႀကိမ္အျဖစ္ ထပ္မံထုတ္ေ၀ရန္ ႀကိဳးစားခဲ့သည္။ ပထမ ကဗ်ာစာအုပ္ ေကာင္းကင္မ်ားအမည္အား ''ကိုယ္တိုင္လုပ္ႏိုင္ငံေတာ္'' ဟု အမည္ေျပာင္းလဲခဲ့ျပီး ပထမစာအုပ္၏ မ်က္နွာတိုင္းတြင္ပါ၀င္သည့္ ''ေတးေရး/ေတးဆိုပိုပို ထုတ္ေ၀ၿပီး လင္းအိမ္ထင္ စီစဥ္သည္''စာတန္းကို အတြင္းစာမ်က္နွာမ်ားမွ ျဖဳတ္လိုက္သည္။ ဒုတိယစာအုပ္အတြက္ ပိုပိုမွ ေဗလု၀ထံ သြားေရာက္အကူအညီ ေတာင္းခံခဲ့၍ အမွာစာေရးသားေပးရန္လည္း ေတာင္းခံခဲ့သည္။
ဒုတိယစာအုပ္နွင့္ပတ္သက္၍ ေဗလု၀က ''ပထမစာအုပ္ကို ကၽြန္ေတာ့္ကို လာျပတယ္။ သမီးရယ္၊ အဖံုးေလးေရာ ဘာေရာ ေကာင္းသားပဲ သပ္သပ္ ရပ္ရပ္ေလးလို႔ေျပာတာကို ထုတ္ေ၀သူက Feel မလာတာ ဘယ္လိုတတ္နိုင္မလဲ။ သူက ထုတ္မယ့္သူ အုပ္ေရ ၁၀၀၀ ႀကီး႐ိုက္ၿပီးမွ မထုတ္တာ၊ ေနာက္ တခါ ကိုစန္းဦးဆီမွာ ထပ္ထုတ္တာ အမွာစာလည္း ေရးေပးပါဦးဆိုေတာ့ ကၽြန္ေတာ္က အကူအညီ ေတာင္းေတာ့လည္း ေပးလိုက္တာေပါ့။ ကိုယ့္တူမလို ျဖစ္ေနတာကိုး။ အခု အမွာစာလည္း ျဖဳတ္ေပးရမယ္ ေျပာတယ္။ ေျပာရရင္ ပထမကိစၥ ကြ်န္ေတာ္ ဘာမွ မသိဘူး။ ေနာက္စာအုပ္အတြက္ ကေလးမေလးကို ကိုစန္းဦးဆီ ေခၚသြားေပးလိုက္တယ္။ ကြ်န္ေတာ္လည္း မအားဘူးေလ။ အဲဒီမွာ ႀကိဳက္တဲ့ ကဗ်ာစာအုပ္အဖံုး ေတြၾကည့္၊ ဘယ္ဟာ Feel လာလဲေပါ့။ အဲဒီမွာ ကိုစန္းဦးက အဖံုးေတြ အကုန္ျပတယ္။ ႐ိုက္ၿပီးေတာ့ မွ ခု ကေလးမေလးကို၀ိုင္းၿပီးေတာ့ ေျပာသလို ျဖစ္ေနတယ္။ ကေလးမေလးက ကဗ်ာကို ခ်စ္လို႔လုပ္တာ။ သူ႔ဟာသူ အဆိုေတာ္ပဲ ပိုက္ဆံရေနတာပဲ။ ဒါေပမဲ့ ကဗ်ာကိုခ်စ္လို႔လုပ္တာေလ သိပါတယ္ဗ်ာ''ဟု ေျပာသည္။
အုပ္ေရ ၂၀၀၀ ႐ိုက္ႏွိပ္ၿပီးခ်ိန္မွစ၍ ျပႆနာ တက္ေတာ့သည္။ အခ်ဳိ႕ကဗ်ာဆရာမ်ားက ေဗလု၀ အမွာစာေရးျခင္းကို လက္မခံလိုျခင္း၊ အခ်ဳိ႕က ေကာင္းကင္မ်ားအတြက္သာ စာမူေပးျခင္း၊ အခ်ဳိ႕က လင္းအိမ္ထင္စီစဥ္၍သာ စာမူေပးျခင္းစသျဖင့္ သေဘာထားမ်ား ကဲြလဲြၾကေတာ့သည္။
ပိုပို၏ စာအုပ္ႏွင့္ပတ္သက္၍လည္း လူငယ္ကဗ်ာဆရာမ်ားသမဂၢမွ သေဘာထားေၾကညာခ်က္ ထုတ္ျပန္ကန္႔ကြက္သည္။ ယင္းစာအုပ္အား သူမ၏ ေမြးေန႔ ၇ လပိုင္း ၇ ရက္တြင္ ျဖန္႔ခိ်၍ ေရာင္းရမည့္ေငြေၾကးမ်ားကို လွဴဒါန္းမည္ဟု ရည္ရြယ္ထားခဲ့ေသာ္လည္း ျဖစ္ေပၚလာသည့္ အ႐ႈပ္အရွင္းမ်ားေၾကာင့္ အစီအစဥ္ ကို ဖ်က္သိမ္းလိုက္သည္ဟု ပိုပိုက ဆိုသည္။
၎ျဖစ္ရပ္မ်ားနွင့္ပတ္သက္၍ ပိုပိုက သူမ၏ ရည္ရြယ္ခ်က္နွင့္ ေစတနာကို ယခုကဲ့သို့ ရွင္းလင္း ေျပာၾကားသည္။
“ျဖစ္တာက Cover ကိစၥျဖစ္တာ ညီမက 'ေကာင္းကင္မ်ား' ဆိုၿပီး ေခါင္းစဥ္ေလးေပးခဲ့တာ၊ ေကာင္းကင္ဆိုတဲ့ နာမည္က အင္အားနည္းတယ္။ ဒါက ကိုယ့္ရဲ႕ စိတ္ကူးေလးနဲ႔ ေပးလိုက္တာကိုး။ အဲဒါနဲ႔ အင္အားနည္းေတာ့ ေခါင္းစဥ္ေလးကို မႀကိဳက္ဘူး။ မႀကိဳက္ေတာ့ ဦးေဗနဲ႔ တိုင္ပင္တယ္။ ကဗ်ာစာအုပ္ ၁၀၀၀ က သမီးအိမ္ေရာက္ၿပီးတဲ့အခိ်န္မွာ ညီမ Po Po ဆိုတဲ့ Page မွာ ပထမစာအုပ္မွာ မႀကိဳက္တာရိွတယ္၊ ရိွေတာ့ ကဗ်ာစာအုပ္ဆိုျပီး ျဖစ္ကတတ္ဆန္း သူမ်ားကို မေပးခ်င္ဘူး။ ကိုယ္က အေကာင္းဆံုးလုပ္ထားတာေလး ျဖစ္ေစခ်င္တာေပါ့ေနာ္။ အဲဒါနဲ႔ မႀကိဳက္ေတာ့ ျပန္ျပင္လိုက္တယ္။ ေခါင္းစဥ္ပါ ျပန္ျပင္လိုက္တယ္။ ေခါင္းစဥ္က အားနည္းတဲ့အတြက္ ဦးေဗေရ အင္အားေကာင္းတဲ့ ေခါင္းစဥ္ေရြးရေအာင္ဆိုေတာ့ ကိုယ္တိုင္လုပ္ႏိုင္ငံေတာ္ Cover ေလးပါ ေျပာင္းတယ္။ အထဲမွာ ကိုယ္မႀကိဳက္တာေလးေတြ ဖယ္လိုက္တယ္။ တခ်ဳိ႕ေခါင္းစဥ္ေလးေတြ မည္းမည္းေလးေတြျဖစ္ ေအာင္ ျပန္ရိႊင္းလိုက္တာေပါ့။ အုပ္တေထာင္လုပ္ လာ တယ္။ ဦးေဗရဲ႕ အမွာစာပါ ထပ္ထည့္လိုက္တယ္။ ဒီဟာကို လင္းအိမ္ထင္ဆိုတဲ့ ေကာင္ေလးက စီစဥ္ေပးတာ၊ ကဗ်ာေလာကနဲ႔ မရင္းနီွးေတာ့ ဘယ္သူ႔ကို သြားၿပီး ဆရာေခၚရမယ္ မသိဘူး။ ဦးေဗကလည္း အရမ္းခင္ေတာ့ လုပ္ေပးတယ္။ ဦးေဗကို အမွာစာေလး ေရးေပးပါဆိုေတာ့ ဦးေဗက ေရးေပးတယ္။
အဲဒါကို ကဗ်ာဆရာတခ်ဳိ႕က ဦးေဗေရးတဲ့ အမွာစာရဲ႕ေအာက္မွာ သူတို႔ကဗ်ာကို မထည့္ခိုင္းဘူး။ အထည့္မခံနိုင္ဘူးလို႔ေျပာတယ္ဆိုေတာ့ ဘာေျပာလို႔ ေျပာရမယ္ မသိေတာ့ဘူး။ ဒါက်ေတာ့ အျခားအနုပ ညာရွင္ကိုလည္း သူ႔ရဲ႕ဂုဏ္သိကၡာကို ထိခိုက္မယ့္ ပံုစံျဖစ္ေနတယ္ဆိုေတာ့ ညီမအေနနဲ႔ ျဖဳတ္ေပးဖို႔ သူတို႔က ျဖဳတ္ခိုင္းတယ္ ျဖဳတ္ေပးဆိုေတာ့ ျဖဳတ္ေပးဖို႔ အဆင္မေျပဘူး။ ဘာေၾကာင့္လဲဆိုေတာ့ ဘယ္သူ႔ကိုမွ ထိခိုက္ၿပီး ေရးထားတာ မဟုတ္ဘူး။ အမွာစာကို ဖ်က္ေပးဖို႔က အဆင္မေျပဘူး။ ဟိုဘက္ကလည္း ဦးေဗရဲ႕ အမွာစာပါရင္ မလုပ္ဘူးဆိုေတာ့ ညီမက ေရြးခ်ယ္စရာမရိွဘူး ျဖစ္သြားတာေပါ့။ အဲဒီေတာ့ မထုတ္႐ံုပဲရိွတာေပါ့။ စိတ္ညစ္လည္း မခံနိုင္ဘူး။ ကိုယ္က ကဗ်ာကို ခ်စ္တဲ့စိတ္နဲ႔လုပ္တာပါ။ နာမည္ႀကီးခ်င္လို႔ရိွရင္ ႐ုပ္ရွင္႐ိုက္မွာေပါ့ေနာ္။ ဗီဒီယို႐ိုက္မွာေပါ့။ သိန္း ၄၀ အ ကုန္ခံၿပီးေတာ့ ကဗ်ာစာအုပ္ေလးတအုပ္ ျဖစ္ဖို႔အတြက္ အရမ္းႀကိဳးစားၿပီးေတာ့ အနုပညာရွင္ေတြဆီကလည္း အကူအညီေတြလိုက္ေတာင္းျပီးေတာ့မွ ဖန္တီးထား တာပါ။ ကဗ်ာကိုခ်စ္တဲ့ စိတ္နဲ႔ကဗ်ာဆရာေတြကိုလည္း ေလးစားတဲ့စိတ္နဲ႔ လုပ္ထားတဲ့အတြက္ေၾကာင့္ သူတို႔ေျပာေနတာေတြ နားမလည္နိုင္ဘူး။
ကိုယ္လုပ္ထားတဲ့စာအုပ္ေလး စိတ္တိုင္းက်မျဖစ္တဲ့အတြက္ေၾကာင့္ စိတ္တိုင္းက်ျဖစ္ေအာင္ ထပ္ႀကိဳးစားတဲ့အေပၚမွာ ဘယ္သူ႔ကိုမွ အမွားလုပ္တာ မရိွပါဘူး။ ၿပီးေတာ့ ညီမက ကဗ်ာဆရာေတြကို ဘယ္ေလာက္ခ်စ္လဲ မခ်စ္လဲဆိုေတာ့ ဆရာေမာင္စိမ္းနီဆိုရင္ တခါမွလည္း မျမင္ဖူးဘူး။ သိလည္းမသိ ဆရာေမာင္စိမ္းနီကို ဆံုးသြားတဲ့အခိ်န္မွာ ကိုယ္နဲ႔မသိတာေတာင္ နာေရးကူညီတဲ့အတြက္ သံုးေသာင္းေတာင္ လွဴလိုက္ပါေသးတယ္။ ညီမေစတနာပါ။ ဒါအခုမွေျပာတာ။ ဘယ္သူမွလည္း ျြကားစရာမလိုပါဘူး။ ဒီထက္ မကူညီနိုင္လို႔ေတာင္ စိတ္မေကာင္းျဖစ္ရတယ္။ ဆရာေအာင္ခိ်မ့္ကိုဆိုရင္ လင္းအိမ္ထင္ကတဆင့္ စာမူခ နွစ္ေသာင္းကန္ေတာ့ၿပီးေတာ့ ျပင္ဆင္ထားတာေပါ့။ ကန္ေတာ့ၿပီးမွ ဒီကကဗ်ာကိုထည့္ခြင့္ေတာင္းတာ ကဗ်ာဆ ရာေတြ အကုန္လံုးေတြကိုလည္း ႐ို႐ိုေသေသနဲ႔ပဲ စာမူ ေတာင္းခဲ့တာပါ။ ဒီအေပၚမွာ ညီမအမွားမလုပ္ခဲ့ဘူးလို႔ ထင္ပါတယ္။
သူတို႔က အမွာစာကို မႀကိဳက္လို႔ျဖဳတ္ေပး ပါတို႔က်ေတာ့ တျခားအနုပညာရွင္ကို ထိခိုက္တဲ့အတြက္ေၾကာင့္ ညီမအတြက္ ျဖဳတ္ေပးဖို႔ အဆင္မေျပလို႔ ဒီစာအုပ္ကို မထုတ္ေတာ့ပါဘူး။ ၿပီးေတာ့ ေငြေရးေၾကးေရးနဲ႔ပတ္သက္လို႔လည္း ဘာမွမေျပာဘူး။ ပိုက္ဆံက အေရးမႀကီးပါဘူး။ ညီမအတြက္က ဒီကဗ်ာစာအုပ္ေလး ပရိသတ္လက္ထဲ ေရာက္သြားရင္ ကိုယ္ခ်စ္တဲ့ ဒီကဗ်ာစာအုပ္ေလး ေရာက္သြားရင္ ၀မ္းသာမွာပါ။ အခုေတာ့ မေရာက္ဖူးဆိုေတာ့လည္း စိတ္မေကာင္း ျဖစ္ရံုပဲျဖစ္မယ္။ စိတ္ညစ္တဲ့ဒဏ္ လံုး၀မခံနိုင္ဘူး။ ကိုယ္က တေယာက္တည္း ႀကိဳးစားရတာျဖစ္ျပီး ကိုယ့္ကိုယ္ကိုယ္ေနရတာ အဆင္မေျပဘူး။ မထုတ္ေတာ့ဘူး။ စိတ္ေတာ့ေတာ္ေတာ္မေကာင္းျဖစ္ရပါတယ္။ တကယ္ကို ဒီစာအုပ္ေလး ႀကိဳးစားထားရတာပါ။ ညီမ Page မွာလည္း ပထမကာဗာနဲ႔ ဒုတိယကာဗာနိႈင္း ယွဥ္ထားတယ္။ ကဗ်ာဆရာေတြၾကည့္ရင္လည္း ခန္႔မွန္းမိမယ္လို႔ ထင္ပါတယ္။ ဘယ္ေလာက္ႀကိဳးစား ထားလည္းဆိုတာ။ အဓိက ကဗ်ာကိုခ်စ္လို႔ လုပ္တာ။ ညီမက ကဗ်ာဆရာဆိုၿပီး အရမ္းၾကြားလံုးထုတ္ခ်င္တဲ့ ဆႏၵမရိွပါဘူး။ ညီမ သိသေလာက္ တတ္သေလာက္ေရးထားတာပါ။ ကဗ်ာဆရာပါဆိုျပီးလည္း တခါမွ မေျပာခဲ့ပါဘူး။ ကဗ်ာေတြကို ခ်စ္တဲ့စိတ္နဲ႔ လုပ္တာပါ။ အမွားလည္း မရိွပါဘူး။ သူတို႔ေတြ မႀကိဳက္ဘူးဆိုလည္း မထုတ္႐ံုဘဲရိွတာေပါ့။ ဒါပဲ ရိွပါတယ္။
ကဗ်ာဆရာတေယာက္က ေရးထားတဲ့အမွာစာကို ဖတ္မွာလား၊ ကဗ်ာကို ဖတ္မွာလား၊ အမွာစာကလည္း ဘယ္သူ႔ကိုမွ ထိခိုက္တာ မဟုတ္ဘူး။ ရတဲ့အက်ဳိးအျမတ္ကို လွဴမယ္။ အမွန္တိုင္းေျပာရင္ ညီမကဗ်ာဆရာေတြကို ခ်စ္တယ္။ ေလးစားတယ္။ သူတို႔အေၾကာင္းေတြ ညီမအၿမဲေျပာေလ့ရိွတယ္။ သူတို႔က အျမဲတမ္း ပိုက္ဆံရရ၊ မရရ အနုပညာခ်စ္တဲ့စိတ္နဲ႔ သူတို႔ အသက္ရွင္ေနၾကတာ။ အဲဒီအတြက္ Respect ပိုၿပီး ထားတယ္။ သူမ်ားေတြလို ေငြေၾကးေနာက္ကို လိုက္တဲ့လူသားေတြ မဟုတ္ဘူး။
သမီးကို ခုလို၀ိုင္းေျပာေတာ့ ဘာေျပာလို႔ ေျပာရမယ္မသိဘူး။ ကဗ်ာကို ေစာ္ကားတာ တခြန္းမွလည္း မေျပာပါဘူး။ အခုလာၾကည့္လို႔ရတယ္။ ပထမ စီစဥ္ထားတဲ့စာအုပ္နဲ႔ ဒုတိယစီစဥ္ထားတဲ့စာအုပ္ ညီမဘယ္ေလာက္ထိ ႀကိဳးစားထားလဲ နိႈင္းယွဥ္လို႔ရတယ္။”
ကိုခက္


လတ်တလော တေးသံရှင်ပိုပို ထုတ်ဝေသည့် စာအုပ်နှင့်ပတ်သက်၍ ထုတ်ဝေသူပိုပို၊ အမှာစာရေး သားသူ ဗေလုဝ၊ စာအုပ်စီစဉ်သူ လင်းအိမ်ထင်နှင့် စာအုပ်တွင် ပါဝင်ရေးသားသူ ကဗျာဆရာအချို့တို့ အကြီးအကျယ် သဘောထားကွဲလွဲမှု ဖြစ်ပေါ်နေခဲ့သည်။ ကွဲလွဲခဲ့သည့်အကြောင်းအရာများတွင် တေးသံရှင်ပိုပိုက ၎င်း၏ မွေးနေ့ အထိမ်းအမှတ်အဖြစ် စာအုပ် တအုပ်ထုတ်ဝေလိုပြီး ၎င်းစာအုပ်တွင် ကဗျာ၊ ဂီတ၊ ရုပ်ရှင် ဖန်တီးသူတို့၏ ခံစားမှုများ ပါဝင်စေလိုသဖြင့် လူငယ်ကဗျာဆရာလင်းအိမ်ထင်အား အကူအညီတောင်းခဲ့သည်။ လင်းအိမ်ထင်ကလည်း ကဗျာအသိုင်းအဝိုင်းမှ ကဗျာစာမူများရရှိအောင် ဆောင်ရွက်ကာ ကောင်းကင်များ အမည်ရှိ ကဗျာစာအုပ်အဖြစ် အုပ်ရေ ၁၀ဝ၀ ရိုက်နှိပ်နိုင်ခဲ့သည်။ ယင်းရိုက်နှိပ်ထားသည့် အုပ်ရေ ၁၀ဝ၀ ကို ပိုပိုမှ အဖုံးဒီဇိုင်းနှင့် အတွင်းစာမျက်နှာတိုင်း၏ အောက်ပိုင်းတွင် (တေးရေး/တေး ဆိုပိုပို ထုတ်ဝေပြီး လင်းအိမ်ထင် စီစဉ်သည်) ဆိုသည့် စာသားအား မကြိုက်နှစ်သက်ဟု သိရသည်။ ယင်းအပြင် စာရွက်သား နော်ဝေသားဖြစ်နေ၍လည်း မကြိုက်ဟု သိရသည်။ ယင်းကြောင့် ထိုရိုက်နှိပ်ပြီး သားစာအုပ် အုပ်ရေ ၁၀ဝ၀ ကို ကြိုးစည်း၍ အခန်း တွင်းတွင်သာ သိမ်းထားပြီး ဒုတိယအကြိမ်အဖြစ် ထပ်မံထုတ်ဝေရန် ကြိုးစားခဲ့သည်။ ပထမ ကဗျာစာအုပ် ကောင်းကင်များအမည်အား ''ကိုယ်တိုင်လုပ်နိုင်ငံတော်'' ဟု အမည်ပြောင်းလဲခဲ့ပြီး ပထမစာအုပ်၏ မျက်နှာတိုင်းတွင်ပါဝင်သည့် ''တေးရေး/တေးဆိုပိုပို ထုတ်ဝေပြီး လင်းအိမ်ထင် စီစဉ်သည်''စာတန်းကို အတွင်းစာမျက်နှာများမှ ဖြုတ်လိုက်သည်။ ဒုတိယစာအုပ်အတွက် ပိုပိုမှ ဗေလုဝထံ သွားရောက်အကူအညီ တောင်းခံခဲ့၍ အမှာစာရေးသားပေးရန်လည်း တောင်းခံခဲ့သည်။
ဒုတိယစာအုပ်နှင့်ပတ်သက်၍ ဗေလုဝက ''ပထမစာအုပ်ကို ကျွန်တော့်ကို လာပြတယ်။ သမီးရယ်၊ အဖုံးလေးရော ဘာရော ကောင်းသားပဲ သပ်သပ် ရပ်ရပ်လေးလို့ပြောတာကို ထုတ်ဝေသူက Feel မလာတာ ဘယ်လိုတတ်နိုင်မလဲ။ သူက ထုတ်မယ့်သူ အုပ်ရေ ၁၀ဝ၀ ကြီးရိုက်ပြီးမှ မထုတ်တာ၊ နောက် တခါ ကိုစန်းဦးဆီမှာ ထပ်ထုတ်တာ အမှာစာလည်း ရေးပေးပါဦးဆိုတော့ ကျွန်တော်က အကူအညီ တောင်းတော့လည်း ပေးလိုက်တာပေါ့။ ကိုယ့်တူမလို ဖြစ်နေတာကိုး။ အခု အမှာစာလည်း ဖြုတ်ပေးရမယ် ပြောတယ်။ ပြောရရင် ပထမကိစ္စ ကျွန်တော် ဘာမှ မသိဘူး။ နောက်စာအုပ်အတွက် ကလေးမလေးကို ကိုစန်းဦးဆီ ခေါ်သွားပေးလိုက်တယ်။ ကျွန်တော်လည်း မအားဘူးလေ။ အဲဒီမှာ ကြိုက်တဲ့ ကဗျာစာအုပ်အဖုံး တွေကြည့်၊ ဘယ်ဟာ Feel လာလဲပေါ့။ အဲဒီမှာ ကိုစန်းဦးက အဖုံးတွေ အကုန်ပြတယ်။ ရိုက်ပြီးတော့ မှ ခု ကလေးမလေးကိုဝိုင်းပြီးတော့ ပြောသလို ဖြစ်နေတယ်။ ကလေးမလေးက ကဗျာကို ချစ်လို့လုပ်တာ။ သူ့ဟာသူ အဆိုတော်ပဲ ပိုက်ဆံရနေတာပဲ။ ဒါပေမဲ့ ကဗျာကိုချစ်လို့လုပ်တာလေ သိပါတယ်ဗျာ''ဟု ပြောသည်။
အုပ်ရေ ၂၀ဝ၀ ရိုက်နှိပ်ပြီးချိန်မှစ၍ ပြဿနာ တက်တော့သည်။ အချို့ကဗျာဆရာများက ဗေလုဝ အမှာစာရေးခြင်းကို လက်မခံလိုခြင်း၊ အချို့က ကောင်းကင်များအတွက်သာ စာမူပေးခြင်း၊ အချို့က လင်းအိမ်ထင်စီစဉ်၍သာ စာမူပေးခြင်းစသဖြင့် သဘောထားများ ကွဲလွဲကြတော့သည်။
ပိုပို၏ စာအုပ်နှင့်ပတ်သက်၍လည်း လူငယ်ကဗျာဆရာများသမဂ္ဂမှ သဘောထားကြေညာချက် ထုတ်ပြန်ကန့်ကွက်သည်။ ယင်းစာအုပ်အား သူမ၏ မွေးနေ့ ၇ လပိုင်း ၇ ရက်တွင် ဖြန့်ချိ၍ ရောင်းရမည့်ငွေကြေးများကို လှူဒါန်းမည်ဟု ရည်ရွယ်ထားခဲ့သော်လည်း ဖြစ်ပေါ်လာသည့် အရှုပ်အရှင်းများကြောင့် အစီအစဉ် ကို ဖျက်သိမ်းလိုက်သည်ဟု ပိုပိုက ဆိုသည်။
၎င်းဖြစ်ရပ်များနှင့်ပတ်သက်၍ ပိုပိုက သူမ၏ ရည်ရွယ်ချက်နှင့် စေတနာကို ယခုကဲ့သို့ ရှင်းလင်း ပြောကြားသည်။
“ဖြစ်တာက Cover ကိစ္စဖြစ်တာ ညီမက 'ကောင်းကင်များ' ဆိုပြီး ခေါင်းစဉ်လေးပေးခဲ့တာ၊ ကောင်းကင်ဆိုတဲ့ နာမည်က အင်အားနည်းတယ်။ ဒါက ကိုယ့်ရဲ့ စိတ်ကူးလေးနဲ့ ပေးလိုက်တာကိုး။ အဲဒါနဲ့ အင်အားနည်းတော့ ခေါင်းစဉ်လေးကို မကြိုက်ဘူး။ မကြိုက်တော့ ဦးဗေနဲ့ တိုင်ပင်တယ်။ ကဗျာစာအုပ် ၁၀ဝ၀ က သမီးအိမ်ရောက်ပြီးတဲ့အချိန်မှာ ညီမ Po Po ဆိုတဲ့ Page မှာ ပထမစာအုပ်မှာ မကြိုက်တာရှိတယ်၊ ရှိတော့ ကဗျာစာအုပ်ဆိုပြီး ဖြစ်ကတတ်ဆန်း သူများကို မပေးချင်ဘူး။ ကိုယ်က အကောင်းဆုံးလုပ်ထားတာလေး ဖြစ်စေချင်တာပေါ့နော်။ အဲဒါနဲ့ မကြိုက်တော့ ပြန်ပြင်လိုက်တယ်။ ခေါင်းစဉ်ပါ ပြန်ပြင်လိုက်တယ်။ ခေါင်းစဉ်က အားနည်းတဲ့အတွက် ဦးဗေရေ အင်အားကောင်းတဲ့ ခေါင်းစဉ်ရွေးရအောင်ဆိုတော့ ကိုယ်တိုင်လုပ်နိုင်ငံတော် Cover လေးပါ ပြောင်းတယ်။ အထဲမှာ ကိုယ်မကြိုက်တာလေးတွေ ဖယ်လိုက်တယ်။ တချို့ခေါင်းစဉ်လေးတွေ မည်းမည်းလေးတွေဖြစ် အောင် ပြန်ရွှိင်းလိုက်တာပေါ့။ အုပ်တထောင်လုပ် လာ တယ်။ ဦးဗေရဲ့ အမှာစာပါ ထပ်ထည့်လိုက်တယ်။ ဒီဟာကို လင်းအိမ်ထင်ဆိုတဲ့ ကောင်လေးက စီစဉ်ပေးတာ၊ ကဗျာလောကနဲ့ မရင်းနှီးတော့ ဘယ်သူ့ကို သွားပြီး ဆရာခေါ်ရမယ် မသိဘူး။ ဦးဗေကလည်း အရမ်းခင်တော့ လုပ်ပေးတယ်။ ဦးဗေကို အမှာစာလေး ရေးပေးပါဆိုတော့ ဦးဗေက ရေးပေးတယ်။
အဲဒါကို ကဗျာဆရာတချို့က ဦးဗေရေးတဲ့ အမှာစာရဲ့အောက်မှာ သူတို့ကဗျာကို မထည့်ခိုင်းဘူး။ အထည့်မခံနိုင်ဘူးလို့ပြောတယ်ဆိုတော့ ဘာပြောလို့ ပြောရမယ် မသိတော့ဘူး။ ဒါကျတော့ အခြားအနုပ ညာရှင်ကိုလည်း သူ့ရဲ့ဂုဏ်သိက္ခာကို ထိခိုက်မယ့် ပုံစံဖြစ်နေတယ်ဆိုတော့ ညီမအနေနဲ့ ဖြုတ်ပေးဖို့ သူတို့က ဖြုတ်ခိုင်းတယ် ဖြုတ်ပေးဆိုတော့ ဖြုတ်ပေးဖို့ အဆင်မပြေဘူး။ ဘာကြောင့်လဲဆိုတော့ ဘယ်သူ့ကိုမှ ထိခိုက်ပြီး ရေးထားတာ မဟုတ်ဘူး။ အမှာစာကို ဖျက်ပေးဖို့က အဆင်မပြေဘူး။ ဟိုဘက်ကလည်း ဦးဗေရဲ့ အမှာစာပါရင် မလုပ်ဘူးဆိုတော့ ညီမက ရွေးချယ်စရာမရှိဘူး ဖြစ်သွားတာပေါ့။ အဲဒီတော့ မထုတ်ရုံပဲရှိတာပေါ့။ စိတ်ညစ်လည်း မခံနိုင်ဘူး။ ကိုယ်က ကဗျာကို ချစ်တဲ့စိတ်နဲ့လုပ်တာပါ။ နာမည်ကြီးချင်လို့ရှိရင် ရုပ်ရှင်ရိုက်မှာပေါ့နော်။ ဗီဒီယိုရိုက်မှာပေါ့။ သိန်း ၄၀ အ ကုန်ခံပြီးတော့ ကဗျာစာအုပ်လေးတအုပ် ဖြစ်ဖို့အတွက် အရမ်းကြိုးစားပြီးတော့ အနုပညာရှင်တွေဆီကလည်း အကူအညီတွေလိုက်တောင်းပြီးတော့မှ ဖန်တီးထား တာပါ။ ကဗျာကိုချစ်တဲ့ စိတ်နဲ့ကဗျာဆရာတွေကိုလည်း လေးစားတဲ့စိတ်နဲ့ လုပ်ထားတဲ့အတွက်ကြောင့် သူတို့ပြောနေတာတွေ နားမလည်နိုင်ဘူး။
ကိုယ်လုပ်ထားတဲ့စာအုပ်လေး စိတ်တိုင်းကျမဖြစ်တဲ့အတွက်ကြောင့် စိတ်တိုင်းကျဖြစ်အောင် ထပ်ကြိုးစားတဲ့အပေါ်မှာ ဘယ်သူ့ကိုမှ အမှားလုပ်တာ မရှိပါဘူး။ ပြီးတော့ ညီမက ကဗျာဆရာတွေကို ဘယ်လောက်ချစ်လဲ မချစ်လဲဆိုတော့ ဆရာမောင်စိမ်းနီဆိုရင် တခါမှလည်း မမြင်ဖူးဘူး။ သိလည်းမသိ ဆရာမောင်စိမ်းနီကို ဆုံးသွားတဲ့အချိန်မှာ ကိုယ်နဲ့မသိတာတောင် နာရေးကူညီတဲ့အတွက် သုံးသောင်းတောင် လှူလိုက်ပါသေးတယ်။ ညီမစေတနာပါ။ ဒါအခုမှပြောတာ။ ဘယ်သူမှလည်း ြွကားစရာမလိုပါဘူး။ ဒီထက် မကူညီနိုင်လို့တောင် စိတ်မကောင်းဖြစ်ရတယ်။ ဆရာအောင်ချိမ့်ကိုဆိုရင် လင်းအိမ်ထင်ကတဆင့် စာမူခ နှစ်သောင်းကန်တော့ပြီးတော့ ပြင်ဆင်ထားတာပေါ့။ ကန်တော့ပြီးမှ ဒီကကဗျာကိုထည့်ခွင့်တောင်းတာ ကဗျာဆ ရာတွေ အကုန်လုံးတွေကိုလည်း ရိုရိုသေသေနဲ့ပဲ စာမူ တောင်းခဲ့တာပါ။ ဒီအပေါ်မှာ ညီမအမှားမလုပ်ခဲ့ဘူးလို့ ထင်ပါတယ်။
သူတို့က အမှာစာကို မကြိုက်လို့ဖြုတ်ပေး ပါတို့ကျတော့ တခြားအနုပညာရှင်ကို ထိခိုက်တဲ့အတွက်ကြောင့် ညီမအတွက် ဖြုတ်ပေးဖို့ အဆင်မပြေလို့ ဒီစာအုပ်ကို မထုတ်တော့ပါဘူး။ ပြီးတော့ ငွေရေးကြေးရေးနဲ့ပတ်သက်လို့လည်း ဘာမှမပြောဘူး။ ပိုက်ဆံက အရေးမကြီးပါဘူး။ ညီမအတွက်က ဒီကဗျာစာအုပ်လေး ပရိသတ်လက်ထဲ ရောက်သွားရင် ကိုယ်ချစ်တဲ့ ဒီကဗျာစာအုပ်လေး ရောက်သွားရင် ဝမ်းသာမှာပါ။ အခုတော့ မရောက်ဖူးဆိုတော့လည်း စိတ်မကောင်း ဖြစ်ရုံပဲဖြစ်မယ်။ စိတ်ညစ်တဲ့ဒဏ် လုံးဝမခံနိုင်ဘူး။ ကိုယ်က တယောက်တည်း ကြိုးစားရတာဖြစ်ပြီး ကိုယ့်ကိုယ်ကိုယ်နေရတာ အဆင်မပြေဘူး။ မထုတ်တော့ဘူး။ စိတ်တော့တော်တော်မကောင်းဖြစ်ရပါတယ်။ တကယ်ကို ဒီစာအုပ်လေး ကြိုးစားထားရတာပါ။ ညီမ Page မှာလည်း ပထမကာဗာနဲ့ ဒုတိယကာဗာနှိုင်း ယှဉ်ထားတယ်။ ကဗျာဆရာတွေကြည့်ရင်လည်း ခန့်မှန်းမိမယ်လို့ ထင်ပါတယ်။ ဘယ်လောက်ကြိုးစား ထားလည်းဆိုတာ။ အဓိက ကဗျာကိုချစ်လို့ လုပ်တာ။ ညီမက ကဗျာဆရာဆိုပြီး အရမ်းကြွားလုံးထုတ်ချင်တဲ့ ဆန္ဒမရှိပါဘူး။ ညီမ သိသလောက် တတ်သလောက်ရေးထားတာပါ။ ကဗျာဆရာပါဆိုပြီးလည်း တခါမှ မပြောခဲ့ပါဘူး။ ကဗျာတွေကို ချစ်တဲ့စိတ်နဲ့ လုပ်တာပါ။ အမှားလည်း မရှိပါဘူး။ သူတို့တွေ မကြိုက်ဘူးဆိုလည်း မထုတ်ရုံဘဲရှိတာပေါ့။ ဒါပဲ ရှိပါတယ်။
ကဗျာဆရာတယောက်က ရေးထားတဲ့အမှာစာကို ဖတ်မှာလား၊ ကဗျာကို ဖတ်မှာလား၊ အမှာစာကလည်း ဘယ်သူ့ကိုမှ ထိခိုက်တာ မဟုတ်ဘူး။ ရတဲ့အကျိုးအမြတ်ကို လှူမယ်။ အမှန်တိုင်းပြောရင် ညီမကဗျာဆရာတွေကို ချစ်တယ်။ လေးစားတယ်။ သူတို့အကြောင်းတွေ ညီမအမြဲပြောလေ့ရှိတယ်။ သူတို့က အမြဲတမ်း ပိုက်ဆံရရ၊ မရရ အနုပညာချစ်တဲ့စိတ်နဲ့ သူတို့ အသက်ရှင်နေကြတာ။ အဲဒီအတွက် Respect ပိုပြီး ထားတယ်။ သူများတွေလို ငွေကြေးနောက်ကို လိုက်တဲ့လူသားတွေ မဟုတ်ဘူး။
သမီးကို ခုလိုဝိုင်းပြောတော့ ဘာပြောလို့ ပြောရမယ်မသိဘူး။ ကဗျာကို စော်ကားတာ တခွန်းမှလည်း မပြောပါဘူး။ အခုလာကြည့်လို့ရတယ်။ ပထမ စီစဉ်ထားတဲ့စာအုပ်နဲ့ ဒုတိယစီစဉ်ထားတဲ့စာအုပ် ညီမဘယ်လောက်ထိ ကြိုးစားထားလဲ နှိုင်းယှဉ်လို့ရတယ်။”
ကိုခက်

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...