တပည့်နှစ်ဦးပဲရှိတဲ့ကျောင်းမှာ စာသင့်မယ့်ဆရာကို တစ်နှစ် $63,400 ပေး
Credit –momolay
============
စကော့တလန်နိုင်ငံရဲ့ ကျွန်ငယ်လေး Foula တည်ရှိရာဒေသက တပည့်နှစ်ဦးသာရှိတဲ့ကျောင်းမှာ စာသင်မယ့်ဆရာအသစ်ကို တစ်နှစ် အမေရိကန်ဒေါ်လာ ၆၃,၄ဝဝ ပေးဖို့ ကမ်းလှမ်းထားတယ်လို့ သိရပါတယ်။ အဲဒီဒေသဟာ Shetland ရဲ့ အနောက်ဘက် မိုင် နှစ်ဆယ်လောက်မှာ တည်ရှိတာဖြစ်ပြီး အစွန်အဖျားကျသလို ခေါင်ပါခေါင်တဲ့အတွက်ကြောင့် တစ်နှစ်လစာအတွက် အခုလို အဆမတန်ပေး ကမ်းလှမ်းတာလည်း ဖြစ်ပါတယ်။
ဒါပေမဲ့ ဆရာအသစ်အတွက် အိပ်ခန်း သုံခန်းပါတဲ့ နေစရာကိုပါ စီစဉ်ပေးဦးမှာ ဖြစ်လို့ မိသားစုကိုပါ ခေါ်ဆောင်သွားနိုင်မှာလည်း ဖြစ်ပါတယ်။ ဆရာမ အဟောင်းဖြစ်တဲ့ Ms. Jayne Smith ဟာ မကြာခင် ထွက်ခွာတော့မှာ ဖြစ်တဲ့အကြောင်းကို “ဒီမှာ ရှိနေတဲ့အချိန်တွေက အံ့သြစရာကောင်းပါတယ်၊ ဒါပေမဲ့ ကျွန်မ အောက်တိုဘာလမှာတော့ ထွက်ခွာတော့မှာပါ၊ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မ ပြည်မကြီးကို လွမ်းတယ်၊ ဒီမှာ အချိန်တော်တော်များများက တပည့်တစ်ယောက်ပဲ ရှိတတ်တာပါ” လို့ Radio Scotland ကို ပြောပါတယ်။..
Credit –momolay
Admin Unknown
ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။
0 comments :
Post a Comment
Loading...