ကြည့်ရှုသူ တစ်သိန်းကျော်သွားတဲ့ G FATT ရဲ့ တစ်ယောက်တည်းပဲ သတ်ချင်တယ်



တင်ပေးထားတဲ့ နှစ်နာရီလောက်ပဲ ရှိပါတယ်။
လူငယ်အဆိုတော် G Fatt ရဲ့ တစ်ယောက်တည်းပဲသတ်ချင်တယ်ဆိုတဲ့ သီချင်း ကို ဒီနေ့(မေလ၁ရက်)နေ့က ပရသိတ်တွေအတွက် အွန်လိုင်းမှာ တင်ပေးလိုက်ပါတယ်။
G Fatt က ဒီနေ့တင်ပေးမယ်လို့ ပေးထားတယ်လို့ ဖြစ်ပါတယ်။ အဲ့ဒီ သီချင်း ကို လွန်ခဲ့တဲ့ နှစ်နာရီလောက်က V7 Entertainment Page ကနေ တင်ပေးထားတာပါ။
သီချင်းတင်ပြီး နှစ်နာရီလောက်မှာတင် ကြည့်ရှုသူ တစ်သိန်းကျော်သွားပါပြီ။ အဲ့ဒီ သီချင်း ကို သရုပ်ဆောင်များဖြစ်ကြတဲ့ အလင်းရောင်၊ ဝတ်မှုံရွှေရည်နဲ့ G Fatt တို့ ကိုယ်တိုင် ပါဝင်သရုပ်ဆောင်ထားပြီး ဒါရိုက်တာ ဝင်းလွင်ထက် က ရိုက်ကူးပေးထားပါတယ်။


ယင်းသီချင်းက ဆိုက်ကိုဖောက်ပြီး ရည်းစား ရှိတဲ့ ကောင်မလေး ကို ကြိုက်မိပြီး အဲ့ဒီ ကောင်မလေး ရဲ့ ရည်းစားကို သတ်ချင်နေတဲ့ ပုံစံမျိုးလေး ဖန်တီးထားတာပါ။
“ချစ်ခြင်းတရား မှာ တစ်ဖက်သက်ချစ်နေရတာ အခက်ဆုံးပါပဲ ပိုင်ဆိုင်ဖို့ကြိုးစားရင် ရရင်တော့ကောင်းပါရဲ့။မရရင်တော့ အဲ့ဒီ ခံစားချက် က လက်ခံဖို့တော်တော်ခက်ပါတယ်။ ချစ်ရတဲ့သူဆီမှာ ဆိုင်သူရှိနေရင်တော့ပိုဆိုးပြီပေါ့။ ဒါပေမဲ့လဲ လက်လွတ် မခံပဲကြိုးစားရင်လည်း လူ့ပတ်ဝန်းကျင်က ကြာကူလီဆိုတဲ့ ခပ်ဆိုးဆိုးဝေါဟာရတစ်ခု၏အမည်နာမနဲ့ လက်ညှိုးဝိုင်းထိုးတာခံရပြန်ရော ဘာဆက်လုပ်ရမလဲ…”ဆိုတဲ့ သီချင်း စာသားတွေနဲ့ အတူ အမိုက်စားရိုက်ကူးမှုနဲ့ ပုံဖောက်ထားတာလည်း တွေ့ရပါတယ်။
G Fatt က လက်ရှိမှာ အဲ့ဒီ သီချင်း အတွက် ပြင်ဆင်နေသလို ရှိုးပွဲ တွေလည်း ဆိုနေရတယ်လို့ သိရပါတယ်။ Audio အနေနဲ့ ထွက်ရှိထားတဲ့ “ဂျင်” စီးရီးကို ဒီဗီဒီထွက်ဖို့ထက် ဒုတိယအခွေ အတွက် ပြင်ဆင်နေတယ်လို့လည်း သိရပါတယ်။
ဒုတိယအခွေအတွက် သီချင်းပြင် ဆင်မှုပိုင်းမှာ တစ်ဝက်ကျော်ကျော်လောက် ရှိသွားပြီတယ်လို့ ယခင်အင်တာဗျူးတွေမှာ ဖြေဆိုဖူးပါတယ်။ ဒုတိယအခွေထွက်ပြီးတော့မှပဲ ပထမအခွေနဲ့ ဒုတိယအခွေပေါင်းကာ MTV ထွက်တော့မယ်လို့ သိရပါတယ်။
Credit : Duwun

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...