မိမိအိမ္မွာပဲ မိမိကိုယ္တိုင္ က်န္းမာေရး စစ္ေဆးႏိုင္ၿပီ ..!


မိမိရဲ႕ က်န္းမာေရး အေျခအေနကို မၾကာခဏ ဆရာဝန္နဲ႔ စစ္ေဆးခ်က္ေတြ ျပဳလုပ္သင့္တယ္ ဆိုတာ သိၾကမွာပါ။ ဒါေပမယ့္ ဒီလို မၾကာခဏ ေရာဂါရွာေဖြ၊ စစ္ေဆးဖို႔ အတြက္ အခ်ိန္မေပးႏို္င္ရင္ပဲ ျဖစ္ျဖစ္၊ သြာေရာက္စစ္ေဆးဖုိ႔ အခက္အခဲ ရွိသူမ်ား အေနနဲ႔ ယခုေဖာ္ျပေပးမယ့္ နည္းလမ္းအတိုင္း အိမ္မွာ အလြယ္တကူ စမ္းသပ္ၾကည့္နုိင္ပါတယ္။

သန္႔ရွင္းစင္ၾကယ္တဲ့ လက္ဖက္ရည္ဇြန္းတစ္ေခ်ာင္း ဒါမွမဟုတ္ စတီးဇြန္း အေသးေလးကို ယူၿပီး လွ်ာေပၚမွာ ညင္သာစြာ ပြတ္ေပးပါ။ လွ်ာရည္၊ သြားရည္္မ်ား ထြက္လာတဲ့ အထိ လွ်ာေပၚပြတ္တိုက္ ေပးပါ။ လွ်ာရည္မ်ားနဲ႔ စိုစြတ္သြားတဲ့ ဇြန္းကို ပလက္စတစ္အိတ္ထဲ အျမန္ထည့္လိုက္ပါ။ ထို႔ေနာက္ ေနေရာင္ျခည္ေအာက္ ဒါမွမဟုတ္ လင္းထိန္ေနတဲ့ မီးအိမ္ေအာက္မွာ ၁ မိနစ္ခန္႔ အလင္းေရာင္ ျပေပးပါ။ ၿပီးရင္ေတာ့ ဇြန္းရဲ႕ အေျခအေနကို ၾကည့္ၿပီး သင့္က်န္းမာေရး အေျခအေနကို ခန္႕မွန္းႏုိင္ပါၿပီ။


အရင္ဦးဆံုး ဇြန္းအနံ႔နဲ႔ စစ္ေဆးၾကည့္ပါ။ အကယ္၍ ဇြန္းက ပုပ္သိုးသိုးအနံ႔ျဖစ္ေနရင္ အဆုတ္ႏွင့္ အစာအိမ္ က်န္းမာေရး ဂရုစိုက္ပါ။ ဒီလိုမဟုတ္ဘဲ ဇြန္းက ခ်ိဳေနၿပီး အနံ႔ကလည္း ခ်ိဳေမႊးေမႊးျဖစ္ေနရင္ ဆီးခ်ိဳေရာဂါ လကၡဏာပါ။ ဇဝက္သာအနံ႔ ရေနရင္ေတာ့ ေက်ာက္ကပ္ဆိုင္ရာ က်န္းမာေရး ခ်ိဳ႕ယြင္းခ်င္ေနတာပါ။

ေနာက္ထပ္အေနနဲ႔ ဇြန္းအေရာင္ကို စစ္ေဆးၾကည့္ပါ။ သင့္လွ်ာရည္နဲ႔ ထိထားတဲ့ ဇြန္းေနရာက မရမ္းေစ့ေရာင္ ျဖစ္ေနရင္ ေလျပြန္နဲ႔ ပတ္သတ္ၿပီး ဂရုစိုက္ပါ။ ဒါ့အျပင္ ကိုလက္စထေရာမ်ားလြန္းျခင္းႏွင့္ ေသြးလည္ပတ္မႈ ကေမာက္ကမ ျဖစ္ေနျခင္းကို ေဖာ္ျပတဲ့ လကၡဏာလည္း ျဖစ္ပါတယ္။ ဇြန္းက သိသိသာသာ အျဖဴေရာင္ ျဖစ္ေနရင္ အသက္ရွဴလမ္ေၾကာင္းဆို္င္ရာ ျပႆနာပါ။ ဒီလိုမဟုတ္ဘဲ ဇြန္းက လိေမၼာ္ေရာင္ ျဖစ္ေနရင္ေတာ့ ေက်ာက္ကပ္ဆိုင္ရာ က်န္းမာေရး ခ်ိဳ႕ယြင္းေနတာပါ။

အထက္မွာ ေဖာ္ျပတဲ့နည္းလမ္းက ဆရာဝန္ထံ သြားေရာက္စစ္ေဆးတာေလာက္ မျပည့္စံုႏုိင္ေပမယ့္ သင့္ရဲ႕ က်န္းမာေရး အေျခအေနကို မၾကာခဏ စစ္ေဆးႏိုင္ၿပီး သတိျပဳဆင္ျခင္ ႏုိ္င္ဖြယ္ေလာက္သာ ျဖစ္ပါတယ္။ ဒါ့ေၾကာင့္ ဒီလို ျဖစ္လာၿပီဆိုရင္ ဆရာဝန္ထံ ျပန္လည္သြားေရာက္ စစ္ေဆးသင့္ ပါတယ္လို႔ အႀကံျပဳလုိက္ ရပါတယ္။

စံပယ္(ေရႊအင္းေလး)
Credit: www.shweinnlay.com

#Unicode Version
မိမိရဲ့ ကျန်းမာရေး အခြေအနေကို မကြာခဏ ဆရာဝန်နဲ့ စစ်ဆေးချက်တွေ ပြုလုပ်သင့်တယ် ဆိုတာ သိကြမှာပါ။ ဒါပေမယ့် ဒီလို မကြာခဏ ရောဂါရှာဖွေ၊ စစ်ဆေးဖို့ အတွက် အချိန်မပေးနိုင်ရင်ပဲ ဖြစ်ဖြစ်၊ သွာရောက်စစ်ဆေးဖို့ အခက်အခဲ ရှိသူများ အနေနဲ့ ယခုဖော်ပြပေးမယ့် နည်းလမ်းအတိုင်း အိမ်မှာ အလွယ်တကူ စမ်းသပ်ကြည့်နိုင်ပါတယ်။


သန့်ရှင်းစင်ကြယ်တဲ့ လက်ဖက်ရည်ဇွန်းတစ်ချောင်း ဒါမှမဟုတ် စတီးဇွန်း အသေးလေးကို ယူပြီး လျှာပေါ်မှာ ညင်သာစွာ ပွတ်ပေးပါ။ လျှာရည်၊ သွားရည်များ ထွက်လာတဲ့ အထိ လျှာပေါ်ပွတ်တိုက် ပေးပါ။ လျှာရည်များနဲ့ စိုစွတ်သွားတဲ့ ဇွန်းကို ပလက်စတစ်အိတ်ထဲ အမြန်ထည့်လိုက်ပါ။ ထို့နောက် နေရောင်ခြည်အောက် ဒါမှမဟုတ် လင်းထိန်နေတဲ့ မီးအိမ်အောက်မှာ ၁ မိနစ်ခန့် အလင်းရောင် ပြပေးပါ။ ပြီးရင်တော့ ဇွန်းရဲ့ အခြေအနေကို ကြည့်ပြီး သင့်ကျန်းမာရေး အခြေအနေကို ခန့်မှန်းနိုင်ပါပြီ။


အရင်ဦးဆုံး ဇွန်းအနံ့နဲ့ စစ်ဆေးကြည့်ပါ။ အကယ်၍ ဇွန်းက ပုပ်သိုးသိုးအနံ့ဖြစ်နေရင် အဆုတ်နှင့် အစာအိမ် ကျန်းမာရေး ဂရုစိုက်ပါ။ ဒီလိုမဟုတ်ဘဲ ဇွန်းက ချိုနေပြီး အနံ့ကလည်း ချိုမွှေးမွှေးဖြစ်နေရင် ဆီးချိုရောဂါ လက္ခဏာပါ။ ဇဝက်သာအနံ့ ရနေရင်တော့ ကျောက်ကပ်ဆိုင်ရာ ကျန်းမာရေး ချို့ယွင်းချင်နေတာပါ။

နောက်ထပ်အနေနဲ့ ဇွန်းအရောင်ကို စစ်ဆေးကြည့်ပါ။ သင့်လျှာရည်နဲ့ ထိထားတဲ့ ဇွန်းနေရာက မရမ်းစေ့ရောင် ဖြစ်နေရင် လေပြွန်နဲ့ ပတ်သတ်ပြီး ဂရုစိုက်ပါ။ ဒါ့အပြင် ကိုလက်စထရောများလွန်းခြင်းနှင့် သွေးလည်ပတ်မှု ကမောက်ကမ ဖြစ်နေခြင်းကို ဖော်ပြတဲ့ လက္ခဏာလည်း ဖြစ်ပါတယ်။ ဇွန်းက သိသိသာသာ အဖြူရောင် ဖြစ်နေရင် အသက်ရှူလမ်ကြောင်းဆိုင်ရာ ပြဿနာပါ။ ဒီလိုမဟုတ်ဘဲ ဇွန်းက လိမ္မော်ရောင် ဖြစ်နေရင်တော့ ကျောက်ကပ်ဆိုင်ရာ ကျန်းမာရေး ချို့ယွင်းနေတာပါ။

အထက်မှာ ဖော်ပြတဲ့နည်းလမ်းက ဆရာဝန်ထံ သွားရောက်စစ်ဆေးတာလောက် မပြည့်စုံနိုင်ပေမယ့် သင့်ရဲ့ ကျန်းမာရေး အခြေအနေကို မကြာခဏ စစ်ဆေးနိုင်ပြီး သတိပြုဆင်ခြင် နိုင်ဖွယ်လောက်သာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီလို ဖြစ်လာပြီဆိုရင် ဆရာဝန်ထံ ပြန်လည်သွားရောက် စစ်ဆေးသင့် ပါတယ်လို့ အကြံပြုလိုက် ရပါတယ်။

စံပယ်(ရွှေအင်းလေး)
Credit: www.shweinnlay.com

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...