ချောမောလှပသည့် လိင်စက်ရုပ်များနှင့် ပြည့်တန်ဆာအိမ် ဖွင့်ရန်ပြင်ဆင် (ရုပ်သံ)


အင်္ဂလန်နိုင်ငံမှာ ချောမောလှပတဲ့ လိင်စက်ရုပ်တွေနဲ့ ပြည့်တန်ဆာအိမ် ဖွင့်ဖို့အတွက် ပြင်ဆင်နေ ပါတယ်။
လူမိဒေါ(LumiDolls)ကုမ္ပဏီပိုင်ရှင်က အင်္ဂလန်မှာ လိင်စက်ရုပ်ပြည့်တန်ဆာအိမ် ဖွင့်ချင်နေတာဖြစ်ပြီး အင်္ဂလန်က ရင်းနှီးမြုပ်နှံသူတွေနဲ့ လက်တွဲလုပ်မယ့် သူတွေကို ဖိတ်ခေါ်ထား တာပါ။
“ကျနော်တို့ လုပ်ငန်းတိုးချဲ့ဖို့ ပြင်ဆင်နေပါတယ်။ ကျနော်တို့ရဲ့ ကုန်အမှတ်တံဆိပ် Brand ကိုကြိုက်လို့ တခြားတိုင်းပြည်တွေမှာ ဖွင့်ချင်တယ် ဆိုရင်လည်း အကျိုးတူပူးပေါင်းလုပ်ကိုင်လိုသူ တွေကိုလည်း ဖိတ်ခေါ်ပါတယ်” လို့ ကုမ္ပဏီပိုင်ရှင်က ပြောပါတယ်။
အရင်က စပိန်နိုင်ငံ ဘာစီလိုနာမြို့မှာ လူမိဒေါ(LumiDolls) လိင်အရုပ်တွေနဲ့ ဖျော်ဖြေရေး ကုမ္ပဏီက အရုပ်တွေနဲ့ လိင်စက်ရုပ်ပြည့်တန်ဆာခန်းဖွင့်ခဲ့ဖူးပြီး လူသား ပြည့်တန်ဆာတွေက အပြင်းအထန် ကန့်ကွက်တဲ့အတွက်  ပိတ်ခဲ့ရတာပါ။
ဒါ့အပြင် လိင်စက်ရုပ် ပြည့်တန်ဆာ ခန်းငှားထားတဲ့ အိမ်ရှင်နဲ့ ပြဿနာတက်ပြီး အခန်းဆက်မငှားတော့တဲ့အတွက် ပိတ်လိုက်ရတာလို့ ဆိုပါတယ်။
လိင်စက်ရုပ်တရုပ် ထုတ်လုပ်ခကို စတာလင်ပေါင် ၄၃၇၃ ကျသင့်ပြီး နာရီဝက်ငှားခကို ၆၇ ပေါင်နဲ့ ၁ နာရီငှားခကို ၈၃ ပေါင် ကျသင့်မယ်လို့ ကုမ္ပဏီက ပြောပါတယ်။


Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...