အဓမ္မပြုကျင့်ခံရတဲ့ ၁၀ နှစ်အရွယ် မိန်းကလေးငယ်ရဲ့ကိုယ်ဝန်ကို ဖျက်ချခွင့်ပြုရန် ဆရာဝန်များ ဆုံးဖြတ်


အိန္ဒိယနိုင်ငံမြောက်ပိုင်း ဟာယန်နာပြည်နယ်မှာ အဓမ္မပြုကျင့်ခံရပြီးရခဲ့တဲ့ အသက် ၁၀ နှစ်အရွယ် မိန်းကလေးငယ်ရဲ့ကိုယ်ဝန်ကို ဖျက်ချခွင့်ပြုသင့်ကြောင်း ဆရာဝန်များအဖွဲ့တစ်ဖွဲ့က ဆုံးဖြတ်ခဲ့ပါတယ်။ ဟာယန်နာပြည်နယ် ရိုတက်ခ်မြို့မှာ နေထိုင်တဲ့ အဆိုပါ မိန်းကလေးငယ်ဟာ ပထွေးဖြစ်သူရဲ့ အကြိမ်ကြိမ် အဓမ္မပြုကျင့်မှုခံခဲ့ရပြီး သူမရဲ့ကိုယ်ဝန်ဟာ ၅ လ ရှိနေပြီလို့ ဆိုပါတယ်။ ပထွေးဖြစ်သူကို ရဲတပ်ဖွဲ့က ဖမ်းဆီးထားကြောင်း သိရပါတယ်။
play

အိန္ဒိယဥပဒေအရ ကိုယ်ဝန်ဆောင်အမျိုးသမီးရဲ့ အသက်အန္တရာယ်ရှိနိုင်ပါက ကိုယ်ဝန်ဆောင်ကာလ ၅ လကျော်လျှင် ကိုယ်ဝန်ဖျက်ချခွင့်မပြုထားပါဘူး။ အသက် ၁၀ နှစ်အရွယ် မိန်းကလေးရဲ့ကိုယ်ဝန်ကို ဖျက်ချရန်အတွက် တရားရုံးသို့ ဦးတိုက်လျှောက်ထားခဲ့ရာ တရားရုံးက Post-Graduate Institute of Medical Sciences (PGIMS) မှ ဆရာဝန်တွေထံ ခွင့်ပြုသင့် မသင့် သဘောထားမှတ်ချက် တောင်းခံခဲ့တာ ဖြစ်ပါတယ်။
အိန္ဒိယဟာ ကလေးငယ်တွေကို လိင်ပိုင်းဆိုင်ရာ အဓမ္မပြုကျင့်မှုတွေ အများဆုံးဖြစ်ပွားနေတဲ့ နိုင်ငံလည်းဖြစ်ပါတယ်။ လတ်တလော နှစ်များအတွင်း ကလေးငယ်များ လိင်ပိုင်းဆိုင်ရာ အဓမ္မပြုကျင့်မှု ကာကွယ်တိုက်ဖျက်ရေး လှုပ်ရှားမှုတွေ လုပ်ဆောင်လာခဲ့ပါတယ်။ ကလေးသူငယ် အခွင့်အရေးနဲ့ရန်ပုံငွေအဖွဲ့ World Vision India က ကလေးငယ်များ လိင်ပိုင်းဆိုင်ရာ အဓမ္မပြုကျင့်ခံရမှုတွေကို ၂၀၂၁ ခုနှစ်မှာ ပပျောက်သွားစေရေး လှုပ်ရှားဆောင်ရွက်မှုအသစ်ကို မေလ ၁၆ ရက်မှာ စတင်လိုက်ကြောင်းလည်း သိရပါတယ်။

အိန္ဒိယနိုင်ငံမှာ ဖြစ်ပွားနေတဲ့ အဓမ္မပြုကျင့်မှု အခြေအနေ

  • ၁၅၅ မိနစ်တိုင်းမှာ အသက် ၁၆ နှစ်အရွယ် ကလေးတစ်ဦးနဲ့ ၁၃ နာရီတိုင်းမှာ အသက် ၁၀ နှစ်အောက် ကလေးတစ်ဦး အဓမ္မပြုကျင့်ခံနေရပါတယ်။
  • ၂၀၁၅ ခုနှစ်အတွင်း ကလေးငယ် ၁၀,၀၀၀ ကျော် အဓမ္မပြုကျင့်ခံခဲ့ရပါတယ်။
  • အိန္ဒိယမှ အမျိုးသမီး သန်း ၂၄၀ ဟာ အသက် ၁၈ နှစ်မပြည့်မီ လက်ထပ်ခဲ့ကြပါတယ်။
  • အစိုးရရဲ့ စစ်တမ်းမှာ ပါဝင်ခဲ့တဲ့ ကလေးငယ် ၅၃.၂၂ ရာခိုင်နှုန်းဟာ လိင်ပိုင်းဆိုင်ရာ စော်ကားမှုပုံစံတစ်မျိုးမျိုး ကြုံခဲ့ရတယ်လို့ ဆိုပါတယ်။
  • ကလေးငယ်တွေကို လိင်ပိုင်းဆိုင်ရာ အဓမ္မပြုကျင့်သူ ၅၀ ရာခိုင်နှုန်းဟာ ကလေးငယ်တွေနဲ့ ရင်းနှီးကျွမ်းဝင်ပြီး မိသားစုက ယုံကြည်ထားသူတွေ ဖြစ်ကြပါတယ်။
    Source & Photo: BBC
  • duwun

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...