အိမ်ထောင်ရှိ အမျိုးသမီးများနဲ့ ဖေ့စ်ဘုတ် အန္တရာယ်


facebook ဟာ တိုးတက်နေတဲ့ ယခုခေတ်အတွက် မရှိမဖြစ် လူမှုကွန်ယက်တခုပါ။Fb မသုံးရင်ပဲလူရာမဝင်သလိုလို ခေတ်မမှီ သလိုလိုပြောနေကြတဲ့ခေတ်ကြီးမှာ Fb ကြောင့် မြေဇာပင်ဖြစ်ခဲ့ရတဲ့ ကျွန်တော်တို့ မိသားစုလေးရဲ့ အဖြစ်မှန်ဇာတ်လမ်းလေးကိုပြောပြချင်ပါတယ်..။ကျွန်တော်တို့ မိသားစုက ဝန်ထမ်းတွေပါ..သားလေးတယောက်ရှိပါတယ် အရင်ကအကောင့်တခု ဖုန်းတလုံးကို နှစ်ယောက်သုံးခဲ့ပေမဲ့ဖုန်းတွေ ၂ သိန်းကျပ်နဲ့ ချပေးလိုကိတော့ တယောက် တလုံးဖြစ်သွားပါတယ်..အဲ့မှာပဲကျွန်တော်တို့မိသားစု ဘဝလေးထဲကို မုန်တိုင်းစတင် ဝင်ရောက်ခဲ့ပါတယ်။ကျွန်တော့် မိန်းမက တဖြေးဖြေး ဖုန်းနဲ့မျကိနှာ မခွာတော့ပါဘူး။ အစ ကတော့ ကျွန်တော်နားလည်ပေးခဲ့ပါတယ်။ အပျင်းပြေ သဘောဆိုပြီးနောက်တော့ သူက အိမ်ထောင်တာဝန်တွေ ပါ လစ်ဟင်း လာပါတယ်။ ကလေးကိုလည်း ကြင်ကြင်နာနာမရှိတော့ပါ ဘူးတရက်တော့ သူ မရှိချိန် သူ့ဖုန်းကိုယူကြည့်မိတော့ Cb မှာ တစိမ်းယောင်္ကျားလေးတွေနဲ့ မရိုးမသား စကားတွေ ပြောထားတာတွေ့ပါတယ်Viber မှာလဲ ဖုန်းနံပါတ်တွေပေးပြီးchat ထားပါတယ် ။ ကျွန်တော် တော်တော်အံ့သြသွားမိတယ်။ ဒေါသ လည့်းဖြစ်မိတယ်,။

စကားများ ရန်ဖြစ်ကြတယ်။ သူ က နင့်ထက်အများကြီးသာတယ်တဲ့ရင်ထဲကို နင့်သွားတာပဲ။ လိုင်းပေါ်မှာက အကျင့်ကောင်းတဲ့ယောင်္ကျားတွေရှိသလိုအချောင်သမားတွေ ကြာကူလီတွေ က အများသား လေ။လေလှိုင်းထဲကပြောစကားတွေကိုသူယုံနေတာလေ။ကျွန်တော် သု့ အကောင်ကို တခွန်းပဲပြောလိုက်တယ် ။ မင်း ဒု သ န သော ကို သိလားလို့အဲ့အချိန်ကစပြီး ကျွန်တော့်မိန်းမ ဖုန်း PW ခံသွားတာ ဒီနေ့အထိပါပဲ…။တနေ့ ကျွန်တော်ရုံးကပြန်ရောကိတော့သားက အပြငိဘက်မှာ ကျောင်းဝတ်စုံ တောင်မလဲရသေးဘူး ဆော့နေတယ်။ သူက အခန်းထဲမှာ Fb သုံးနေခဲ့တယ် ကျွန်တော် ပြန်လာတာ သူမသိလိုက်ဘူး။ ကွန်တော်သီးမခံနိုင်တော့ဘူးလေ ကျွန်တော်နဲ့စကားများတယ် ကျွန်တော်သူ့ကို ရိုက်တယ် ဒါကို သူက ပိုရွဲ့ပြီး ကျွန်တော့်ရှေ့မှာတင် သှူု့အကောင်နဲ့ ပေါ်တင်စကားပြောခဲ့တယ်။တခါတလေ သူ့ကောင်နဲ့ပြောနေချိန် ရှူး တိုး တိုးဆိုပြီး ပြောလို့ ကျွန်တေိာတို့သားအဖ နှစ်ယောက်အသံတိတ်နေခဲ့ရပါတယ် ..။၁၀ နှစ်ကျော် သာယာနေတဲ့ အိမ်ထောင်ရေးဟာ Fb ကြောင့်ပြိုကွဲရတော့မယ်လေဒီတခါ ကျွန်တော် အနု နီးသုံးကြည့်ပြန်တယ်မိန်းမ မင်းနဲ့ငါ fb မသုံးပဲ နေကြရအောင် လို့ပြောလိုက်တယ်.. သူလက်မခံ ခဲ့ဘူး ။သူ့အတွက် ကျွန်တော်မရှိရင် ရပေမဲ့ Fb မရှိလို့မဖြစ်ဘူးလေ..။ဒီလိုနဲ့ ကျွန်တော် ဒေါသတွေဖြစ်သူ့ကိုရိုက် သူက နားမထောင်ပဲ ပို ပိုဆိုးလာ ပေါ့။ကျွန်တော် အရက်ကို ညတိုင်းသောက်တယ်မူးပြီးမှောက်ရင် ပြီးရော။ ကျွန်တော် မူးတော့သူပိုလွတ်လပ်သွားတယ် ။

ယောင်္ကျားကောင်းတယောက်ဆို လင်ရှိမိန်းမ ကို ဒီလိုတွယ်ကပ်နေစရာအကြောင်း မရှိဘူးလေ..ကြာကူလီ အချောင်သမားဆိုတော့ ဒု သ န သော လည်း မကြောက်တော့ဘူး ပေါ့..။ကျွန်တော် လက်မလျော့ပါဘူးနွေးထွေးတဲ့မိသားစု ဘဝ လေး ရ ဖို့ အမျိုးမျိုးကြိုးစားခဲ့တယ် ။ သဝန်တိုအောင်လဲ ရွဲ့ ခဲ့တယ်။ဒါပေမဲ့ အလကားပါပဲ သူက ကြာကူလီကောင်ကိုသာယာနေတာကိုး။ လေလှိုင်းထဲက လျာအရိုးမရှိပြောတဲ့စကားတွေက သာသာယာယာ ပေါ့၁၀ နှစ်ပေါင်းခဲ့တဲ့ လင်ယောင်္ကျား အသံကတော့ဌက်ဆိုးထိုးသံပေါ့…။ကျွန်တော် လက်မလျော့သေးဘူးသူ့မိဘတွေ ဆီ ဖုန်းဆက်တိုင်တယ်..။အမေ့သမီးကို လာပြောကြပါဦး ဖုန်းနဲ့ မျက်နှာနဲ့မခွာတော့ဘူး အချိန်ရှိသ၍ online သုံးနေတဲ့အကြောင်း ယောင်္ကျားနဲ့သားကို ပစ်ထားတဲ့အကြောင်းပေါ့ ။ သူ့မိဘတွေက နယ် က လေပညာ က လည်းမတတ် ဗဟုသုတ ကလည်းမရှိတော့ ဘာမှ ထိထိရောက်ရောက်ဖြေရှင်းမပေးနိုင်
ခဲ့ဘူး ။ သူ့ကောင်က ယူမယ်ပြောလို့ထင်တယ်သူက ကွာရှင်းခွင့်တောင်းတယ်ကျွန်တော် ကွာမပေးပါဘူး ။ ဘာကြောင့်လဲဆိုတော့သား ကို ပထွေး လက်ထဲမကြီးပြင်းစေချင်ဘူးကျွန်တော့်အတွက်က မိသားစုက ပထမ ပါသူ့ကိုပြောပါတယ် အားလုံးမေ့လိုက်ပါ ဘဝသစ်ပြန် စ ရအောင် လို့။

သူ လက်မခံပါဘူးနှစ်ဖက်မိဘ တွေရဲ့ ဆန္ဒ ကျွန်တော့်ရဲ့ ဆန္ဒ ကြောင့်တရားဝင်မကွာရှင်းပဲ သားအတွက် အရင်အတိုင်းမူမပျက်ပြန်နေခဲ့ကြပါတယ်ကျွန်တော် coc ကစားနေချိန်သူကတော့ တဖက်အခန်းမှာ online သုံးရင်းပေါ့သားအတွက် တအိမ်ထဲအတူနေခဲ့ပေမဲ့သူစိမ်းတွေ ဖြစ်ခဲ့ရတယ်လေFb ကိုလွဲမှားစွာ အသုံးချခဲ့မိလို့ အရင်းနှီးဆုံးလင်မယာ ဘဝ ကနေ အဝေးဆုံးသူစိမ်းဘဝ ရောက်ရှိခဲ့ပါတယ်..။line ပေါ် က ညီငယ်များကိုလည်း အထူးမှာချင်ပါတယ။်အိမ်ထောင်သည် အမျိုးသမီးတယောက်လာ ကပ်ရင် သတိထားပါ ။ ဒု သ န သော ပါ လို့ငရဲ ရောက်နိုင်ပါတယ်..သူများအသိုက်အမြုံကိုမဖျကိဆီးမိပါစေနဲ့လို့..အိမ်ထောင်ရှိ အမျိုးသမီး တွေလည်းကိုယ့် လင်ယောင်္ကျားအပေါ် သစ္စာရှိပေးပါစိတ်ကူးယဉ်ဘဝ နဲ့ လက်တွေ့ ဘဝ ဟာ ကွာခြားပါတယ်လို့ စိတ်ခံစားမှုကို ဦးစားမပေးပါနဲ့လို့ပြောကြားရင်း ကျွန်တော့်လို အဖြစ်မျိုးနဲ့ ကင်းဝေးနိုငိစေရန် ဒီ post လေးကို တင်လိုက်ပါတယ်
တတ်အားသ၍ မျှဝေ ပေးကြပါ ဦး ခင်ဗျား…

Credit ..mmstar.net

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...