မိတ်ဖု အတွက် ခရေပွင့်ခြောက်


ဒီ ဆေးနည်း ကတော့ အားလုံးသိပြီးသား ဖြစ်မှာပါ။ လူကြီးများလည်း မကြာခဏ ပြောဖူးကြသလို အလွန်လွယ်ကူရိုးရှင်းပြီး တကယ်လက်တွေ့ ပျောက်ကင်းတာကြောင့် လူအများကလည်း လက်ဆင့်ကမ်း မျှဝေပေးနေကြတာ ဖြစ်ပါတယ်။
နွေရာသီမှာ ကလေး၊ လူကြီးမရွေး အပူကြောင့် မိတ်ပေါက်ကြပါတယ်။ နွေရာသီမှာပေါ်တဲ့ ရောဂါကို သူ့ရာသီမှာပဲ ပေါ်တတ်တဲ့ ခရေပွင့်ခြောက်နဲ့ပဲ ပြန်ကုသပေးလိုက်တာနဲ့ သက်သာပျောက်ကင်းစေပါတယ်။
(၁) ခရေပွင့်ခြောက်ကို သဘာဝသနပ်ခါးတုံးနဲ့ ကျောက်ပြင်မှာသွေးပြီး မိတ်ပေါက်တဲ့နေရာမှာ ခပ်ထူထူ လိမ်းပေးပါ။
(၂) သနပ်ခါးတုံးမရှိပါက ခရေပွင့်ခြောက်ကို သွေးပြီး ဆားအနည်းငယ်ထည့်၍ လိမ်းပေးပါ။ တစ်နေ့ကို ၃ကြိမ်ခန့် လိမ်းနိုင်ပါတယ်။
ကလေးများကိုလည်း လိမ်းပေးနိုင်ပါတယ်။ သဘာဝဆေးစစ်စစ်ဖြစ်တာကြောင့် ဘာအန္တရာယ်မှ မဖြစ်စေပါဘူး။ ခရေပင်ဟာ အသီး၊ အရွက်၊ အပွင့်၊ အခေါက်၊ အမြစ် အကုန်လုံး ဆေးဖက်ဝင်ပါတယ်။
လူသားအားလုံး ကျန်းမာချမ်းသာကြပါစေ။
Credit : စောနွဲ့ နေဆိုင် – ပူတာအို

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...