ငယ္ရြယ္စဥ္မွာ ဒါေတြ မလုပ္ခဲ့ပါက အသက္ႀကီးလာတဲ့အခါ ေနာင္တေတြ အမ်ားႀကီးရမယ္ေနာ္..။

ငယ္ရြယ္စဥ္မွာ မလုပ္ခဲ့ပါက အသက္ႀကီးလာတဲ့အခါ သင္ေတြ႔ရမယ့္ ေနာင္တမ်ား...
````````````````````````````````````````````````````````````````

ခရီးမသြားၿခင္း
```````````
ခရီးသြားၿခင္းဟာ ငယ္ရြယ္စဥ္အခ်ိန္မွာပဲ သြားလုိ႔ေကာင္းပါတယ္။ေပ်ာ္ရြင္မႈ႕အၿပည့္အ၀ခံစားႏုိင္တဲ့ အၿပင္
လြတ္လပ္ေပါ့ပါးတဲ့ ခႏၶာကုိယ္ကုိ ပုိင္ဆုိင္ထားလုိ႔ ၿဖစ္ပါတယ္။အသက္ႀကီးလာတဲ့ အခါ က်န္းမာေရး စတဲ့အေႀကာင္းအမ်ဳိးမ်ဳိးေႀကာင့္ ခရီးသြားဖုိ႔ ခက္ခဲတဲ့ အၿပင္ သြားၿဖစ္ခဲ့ရင္ေတာင္မွ ငယ္စဥ္ကေလာက္ လြတ္လြတ္လပ္လပ္ မေပ်ာ္ႏုိင္ေတာ့လုိ႔ ၿဖစ္ပါတယ္။

သင့္ေတာ္တဲ့ ေလ့က်င့္ခန္းမလုပ္ၿခင္း
````````````````````````````````````````````

ငယ္ရြယ္စဥ္မွာ က်န္းမာေရးေလ့က်င့္ခန္း တစ္ခုမွ မလုပ္ခဲ့ဖူးဆုိရင္ အသက္ႀကီးလာတဲ့ အခါ သင္ဒုကၡေရာက္ပါလိမ့္မယ္။ဒါေႀကာင့္ က်န္းမာေရးေကာင္းခ်င္ရင္ အခုငယ္တုန္းမွာ ေလ့က်င့္ခန္း တစ္ခုခုကုိ လုပ္သင့္ပါတယ္။

ထြက္သင့္တဲ့အလုပ္က မထြက္ၿခင္း
``````````````````````````````````````````
တစ္ခါတစ္ရံမွာ တစ္ခ်ဳိ႔လူေတြဟာ ကုိယ့္အတြက္ တက္လမ္းမရွိေသာ အလုပ္ကုိ ထြက္သင့္မွန္းသိပါလွ်က္
မထြက္ပဲ စြဲစြဲၿမဲၿမဲလုပ္ေနတတ္ႀကပါတယ္။
ငယ္ငယ္ကတည္းက အသက္ ႀကီးလာတဲ့အထိ အလုပ္တစ္ခုတည္းမွာ လုပ္ၿပီးဘာမွ
သိသိသာသာ မတုိးတက္လာတဲ့ လူတစ္ခ်ဳိ႕ကုိသင္ၿမင္ဖူးပါလိမ့္မယ္။
ဒါဟာ ထြက္သင့္တဲ့အခ်ိန္မွာ
ထြက္ၿပီး ကုိယ့္တုိးတက္မႈ႕ကုိေပးမယ့္ အလုပ္ကုိ မရွာခဲ့လုိ႔ၿဖစ္ပါတယ္။ဒါေႀကာင့္ ဒီအလုပ္က သင့္အတြက္ ဘာမွမေပးႏုိင္ေတာ့ဘူးဟု သိလုိက္တဲ့အခ်ိန္မွာ ထြက္လုိက္ၿပီး ေနာက္တစ္ခုကုိ ရွာပါ။

ခ်စ္လွ်က္ႏွင့္ ဖြင့္မေၿပာခဲ့ၿခင္း
``````````````````````````````````
ခ်စ္ၿပီးေတာ့ ဖြင့္မေၿပာရဲလုိ႔ ေ၀းသြားရတဲ့ ဇာတ္လမ္းေတြကုိ သီခ်င္းေတြ ရုပ္ရွင္ေတြထဲမွာ သင္ခဏခဏ ၿမင္ဖူးပါလိမ့္မယ္။အဲ့ဒီေတာ့ ကိုယ္ကလည္း ခ်စ္ေနတယ္၊ေၿပာဖုိ႔ အခြင့္အေရးလည္း ရွိေနတယ္ဆုိရင္ အခ်ိန္ဆြဲမေနပဲ
ေၿပာလုိက္တာ အေကာင္းဆုံးပါပဲ။:)

အခ်ိန္ဆြဲၿခင္း
```````````````
ကြ်န္ေတာ္တုိ႔ေတြ ေတာ္ေတာ္မ်ားမ်ားရဲ႕ မေကာင္းတဲ့အခ်က္ဟာ အခ်ိန္ဆြဲၿခင္းပါပဲ။အခ်ိန္ဆြဲၿခင္းဟာ လည္း ပ်င္းနည္းတစ္မ်ဳိးပဲၿဖစ္ပါတယ္။အခ်ိန္ဆြဲၿခင္းေႀကာင့္ ၿပီးသင့္အခ်ိန္မွာ ၿပီးသင့္တဲ့အလုပ္ေတြဟာ မၿပီးပဲ ရွိေနတတ္ပါတယ္။ဒါေႀကာင့္ အခ်ိန္ဆြဲၿခင္းကုိ တတ္ႏုိင္သမွ်ေရွာင္ႀကဥ္ႀကပါ။

မိသားစု၊သူငယ္ခ်င္းမ်ားကုိ အခ်ိန္မေပးၿခင္း
```````````````````````````````````````````````````
လူတစ္ခ်ဳိ႔ဟာ အလုပ္နဲ႔အၿခားကိစၥေတြမွာ နစ္ၿမဳပ္ရင္း မိသားစုနဲ႔အေပါင္းအသင္းေတြကို အခ်ိန္ေပးဖုိ႔ေမ့ေနတတ္ႀကပါတယ္။ဒါဟာ အလုပ္လုပ္ေနတုန္းမွာ မသိသာေပမယ့္ အသက္ႀကီးလာတဲ့အခါ အထီးက်န္ဆန္တတ္ပါတယ္။
ဒါေႀကာင့္ မိသားစုနဲ႔ကုိယ့္မိတ္ေဆြေတြကုိ အခ်ိန္နည္းနည္းစီေလာက္ေပးၿပီး ရင္းရင္းႏွီးႏွီးေနတတ္ဖုိ႔လုိပါတယ္။

သ၀န္တုိလြန္းၿခင္း
``````````````````````
ကုိယ္ခ်စ္တဲ့သူေတြအေပၚ သ၀န္တုိၿခင္းဟာ ေကာင္းပါတယ္။ဒါေပမယ့္ အလြန္အမင္း သ၀န္တုိၿခင္းကေတာ့ႀကာလာတာနဲ႔ အမွ် ဆက္ဆံေရးမွာ အထစ္အေငါ့ေတြ ၿဖစ္လာေစပါတယ္။ဒါေႀကာင့္သင့္ေတာ္သေလာက္ပဲ သ၀န္တုိပါ။

အတတ္ပညာအသစ္ တစ္ခုခုကုိ မသင္ႀကားၿခင္း
`````````````````````````````````````````````````````````
ပညာကုိ ေသတဲ့အထိ အဆက္မၿပတ္သင္ႀကားပါ ဆုိတဲ့စကားကုိ သင္ႀကားဖူးမွာပါ။တရိပ္ရိပ္တုိးတက္လာတဲ့
ေခတ္ႀကီးကုိ အမွီလုိက္ဖုိ႔ အသစ္အသစ္ေတြကုိ သင္ႀကားရမွာပါ။ဒါကုိ ငယ္ရြယ္စဥ္မွာ မသင္ခဲ့ရင္ေတာ့ အသက္
ႀကီးလာတာနဲ႔ အမွ် ဒုကၡလွလွ ေရာက္ရပါလိမ့္မယ္။

မိဘစကားကုိနားမေထာင္ၿခင္း
````````````````````````````````````
အခုေခတ္မွာေတာ့ လူငယ္ေတာ္ေတာ္မ်ားမ်ားဟာ မိဘစကားကုိနားမေထာင္ခ်င္ႀကေတာ့ပါဘူး။ဒီအဘုိးႀကီး အဘြားႀကီးေတြ ငါ့ေလာက္မသိပါဘူး ဆုိတဲ့တဇြတ္ထုိးအၿမင္ကုိ ၿမင္ေန
တတ္ႀကပါၿပီ။မိဘစကားတုိင္း မွန္တယ္လုိ႔ မဆုိႏုိင္ေပမယ့္ ကို္ယ့္ကုိေကာင္း
ေစခ်င္တဲ့ ေစတနာနဲ႔ ေၿပာတယ္လုိ႔သိထားသင့္ပါတယ္။ဒါေႀကာင့္ ေသေသခ်ာခ်ာစဥ္းစားၿပီး သင္လုံး၀မွန္တယ္ဆုိတဲ့ ကိစၥတစ္ခ်ဳိ႕ကလြဲရင္ မိဘစကားကုိ နားေထာင္သင့္ပါတယ္။

အၿခားသူေတြ ကုိယ့္ကုိဘယ္လုိထင္မလဲလုိ႔ စုိးရိမ္ၿခင္း
````````````````````````````````````````````````````````````````
ဒါဟာလူငယ္ေတာ္ေတာ္မ်ားမ်ား ၿဖစ္ေနတာပါ။"ငါဒါေလး၀တ္ရင္ ဘယ္လုိထင္မလဲ။ဒီလုိလုပ္ရင္ေရာ ဘယ္လိုထင္ႀကမလဲ"။တကယ္ေတာ့ လူတုိင္းကုိယ့္ကိစၥနဲ႔ ကုိယ္မုိ႔လုိ႔ ဘယ္သူမွသင့္ကုိ လုိက္ႀကည့္မေနပါဘူး။ဒါကုိေႀကာက္ၿပီးေတာ့ ဘာမွမလုပ္ခဲ့ရင္ေတာ့ သင္ဟာ တုိးတက္လာမွာကုိ မဟုတ္ေတာ့ပါဘူး။ဒါေႀကာင့္ရွက္စရာ မဟုတ္တဲ့ကိစၥေတြကုိ လုပ္ဖုိ႔ မရွက္ေႀကာက္ဖုိ႔လုိပါတယ္။

အလုပ္တစ္ခုကုိ စၿပီး အဆုံးမသတ္ၿခင္း
```````````````````````````````````````````````
အလုပ္တစ္ခုကုိလုပ္တယ္။လုပ္ေနရင္း ေနာက္တစ္ခုကုိေတြ႔ေတာ့ ပုိေကာင္းတယ္ဆုိၿပီးထပ္လုပ္တယ္။ေနာက္တစ္ခု ေနာက္တစ္ခုေတြ႔ေတာ့လည္း စရင္းစရင္း အဆုံးမသတ္ႏုိင္တဲ့ လူတစ္ခ်ဳိ႔ကုိ ပတ္၀န္းက်င္မွာ သင္ၿမင္ဖူးပါလိမ့္မယ္။ဒါေႀကာင့္ အလုပ္အမ်ားႀကီးလုပ္ၿပီး တစ္ခုမွ မၿပီးတာထက္ တစ္ခုလုပ္ၿပီးတစ္ခု ၿပီးတာကုိပဲ လုပ္ဖုိ႔ႀကဳိးစားပါ။

အထက္ပါအခ်က္ေတြအၿပင္ အၿခားအခ်က္ေတြလည္း ရွိႏုိင္ပါေသးတယ္။
အဲ့ဒီအခ်က္ေတြကုိလည္း စဥ္းစားၿပီး ဆင္ၿခင္ဖုိ႔ လုိပါေသးတယ္။
ဒါေႀကာင့္အသက္ႀကီးလာရင္​ ္ေနာင္တမရေစဖုိ႔ငယ္ရြယ္စဥ္မွာ လုပ္သင့္တာေတြကုိ လုပ္ဖုိ႔ တုိက္တြန္းလုိက္ပါရေစ.....သူငယ္​ခ်င္​း.....။

Cd.**​ေတာသား ရဟန္​း**
==========

ငယ်ရွယ်စဉ်မှာ မလုပ်ခဲ့ပါက အသက်ကြီးလာတဲ့အခါ သင်တွေ့ရမယ့် နောင်တများ...
````````````````````````````````````````````````````````````````

ခရီးမသွားခြင်း
``````````````````
ခရီးသွားခြင်းဟာ ငယ်ရွယ်စဉ်အချိန်မှာပဲ သွားလို့ကောင်းပါတယ်။ပျော်ရွင်မှု့အပြည့်အဝခံစားနိုင်တဲ့ အပြင်
လွတ်လပ်ပေါ့ပါးတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားလို့ ဖြစ်ပါတယ်။အသက်ကြီးလာတဲ့ အခါ ကျန်းမာရေး စတဲ့အကြောင်းအမျိုးမျိုးကြောင့် ခရီးသွားဖို့ ခက်ခဲတဲ့ အပြင် သွားဖြစ်ခဲ့ရင်တောင်မှ ငယ်စဉ်ကလောက် လွတ်လွတ်လပ်လပ် မပျော်နိုင်တော့လို့ ဖြစ်ပါတယ်။

သင့်တော်တဲ့ လေ့ကျင့်ခန်းမလုပ်ခြင်း
````````````````````````````````````````````

ငယ်ရွယ်စဉ်မှာ ကျန်းမာရေးလေ့ကျင့်ခန်း တစ်ခုမှ မလုပ်ခဲ့ဖူးဆိုရင် အသက်ကြီးလာတဲ့ အခါ သင်ဒုက္ခရောက်ပါလိမ့်မယ်။ဒါကြောင့် ကျန်းမာရေးကောင်းချင်ရင် အခုငယ်တုန်းမှာ လေ့ကျင့်ခန်း တစ်ခုခုကို လုပ်သင့်ပါတယ်။

ထွက်သင့်တဲ့အလုပ်က မထွက်ခြင်း
``````````````````````````````````````````
တစ်ခါတစ်ရံမှာ တစ်ချို့လူတွေဟာ ကိုယ့်အတွက် တက်လမ်းမရှိသော အလုပ်ကို ထွက်သင့်မှန်းသိပါလျှက်
မထွက်ပဲ စွဲစွဲမြဲမြဲလုပ်နေတတ်ကြပါတယ်။
ငယ်ငယ်ကတည်းက အသက် ကြီးလာတဲ့အထိ အလုပ်တစ်ခုတည်းမှာ လုပ်ပြီးဘာမှ
သိသိသာသာ မတိုးတက်လာတဲ့ လူတစ်ချို့ကိုသင်မြင်ဖူးပါလိမ့်မယ်။
ဒါဟာ ထွက်သင့်တဲ့အချိန်မှာ
ထွက်ပြီး ကိုယ့်တိုးတက်မှု့ကိုပေးမယ့် အလုပ်ကို မရှာခဲ့လို့ဖြစ်ပါတယ်။ဒါကြောင့် ဒီအလုပ်က သင့်အတွက် ဘာမှမပေးနိုင်တော့ဘူးဟု သိလိုက်တဲ့အချိန်မှာ ထွက်လိုက်ပြီး နောက်တစ်ခုကို ရှာပါ။

ချစ်လျှက်နှင့် ဖွင့်မပြောခဲ့ခြင်း
``````````````````````````````````
ချစ်ပြီးတော့ ဖွင့်မပြောရဲလို့ ဝေးသွားရတဲ့ ဇာတ်လမ်းတွေကို သီချင်းတွေ ရုပ်ရှင်တွေထဲမှာ သင်ခဏခဏ မြင်ဖူးပါလိမ့်မယ်။အဲ့ဒီတော့ ကိုယ်ကလည်း ချစ်နေတယ်၊ပြောဖို့ အခွင့်အရေးလည်း ရှိနေတယ်ဆိုရင် အချိန်ဆွဲမနေပဲ
ပြောလိုက်တာ အကောင်းဆုံးပါပဲ။:)

အချိန်ဆွဲခြင်း
```````````````
ကျွန်တော်တို့တွေ တော်တော်များများရဲ့ မကောင်းတဲ့အချက်ဟာ အချိန်ဆွဲခြင်းပါပဲ။အချိန်ဆွဲခြင်းဟာ လည်း ပျင်းနည်းတစ်မျိုးပဲဖြစ်ပါတယ်။အချိန်ဆွဲခြင်းကြောင့် ပြီးသင့်အချိန်မှာ ပြီးသင့်တဲ့အလုပ်တွေဟာ မပြီးပဲ ရှိနေတတ်ပါတယ်။ဒါကြောင့် အချိန်ဆွဲခြင်းကို တတ်နိုင်သမျှရှောင်ကြဉ်ကြပါ။

မိသားစု၊သူငယ်ချင်းများကို အချိန်မပေးခြင်း
```````````````````````````````````````````````````
လူတစ်ချို့ဟာ အလုပ်နဲ့အခြားကိစ္စတွေမှာ နစ်မြုပ်ရင်း မိသားစုနဲ့အပေါင်းအသင်းတွေကို အချိန်ပေးဖို့မေ့နေတတ်ကြပါတယ်။ဒါဟာ အလုပ်လုပ်နေတုန်းမှာ မသိသာပေမယ့် အသက်ကြီးလာတဲ့အခါ အထီးကျန်ဆန်တတ်ပါတယ်။
ဒါကြောင့် မိသားစုနဲ့ကိုယ့်မိတ်ဆွေတွေကို အချိန်နည်းနည်းစီလောက်ပေးပြီး ရင်းရင်းနှီးနှီးနေတတ်ဖို့လိုပါတယ်။

သဝန်တိုလွန်းခြင်း
``````````````````````
ကိုယ်ချစ်တဲ့သူတွေအပေါ် သဝန်တိုခြင်းဟာ ကောင်းပါတယ်။ဒါပေမယ့် အလွန်အမင်း သဝန်တိုခြင်းကတော့ကြာလာတာနဲ့ အမျှ ဆက်ဆံရေးမှာ အထစ်အငေါ့တွေ ဖြစ်လာစေပါတယ်။ဒါကြောင့်သင့်တော်သလောက်ပဲ သဝန်တိုပါ။

အတတ်ပညာအသစ် တစ်ခုခုကို မသင်ကြားခြင်း
`````````````````````````````````````````````````````````
ပညာကို သေတဲ့အထိ အဆက်မပြတ်သင်ကြားပါ ဆိုတဲ့စကားကို သင်ကြားဖူးမှာပါ။တရိပ်ရိပ်တိုးတက်လာတဲ့
ခေတ်ကြီးကို အမှီလိုက်ဖို့ အသစ်အသစ်တွေကို သင်ကြားရမှာပါ။ဒါကို ငယ်ရွယ်စဉ်မှာ မသင်ခဲ့ရင်တော့ အသက်
ကြီးလာတာနဲ့ အမျှ ဒုက္ခလှလှ ရောက်ရပါလိမ့်မယ်။

မိဘစကားကိုနားမထောင်ခြင်း
````````````````````````````````````
အခုခေတ်မှာတော့ လူငယ်တော်တော်များများဟာ မိဘစကားကိုနားမထောင်ချင်ကြတော့ပါဘူး။ဒီအဘိုးကြီး အဘွားကြီးတွေ ငါ့လောက်မသိပါဘူး ဆိုတဲ့တဇွတ်ထိုးအမြင်ကို မြင်နေ
တတ်ကြပါပြီ။မိဘစကားတိုင်း မှန်တယ်လို့ မဆိုနိုင်ပေမယ့် ကို်ယ့်ကိုကောင်း
စေချင်တဲ့ စေတနာနဲ့ ပြောတယ်လို့သိထားသင့်ပါတယ်။ဒါကြောင့် သေသေချာချာစဉ်းစားပြီး သင်လုံးဝမှန်တယ်ဆိုတဲ့ ကိစ္စတစ်ချို့ကလွဲရင် မိဘစကားကို နားထောင်သင့်ပါတယ်။

အခြားသူတွေ ကိုယ့်ကိုဘယ်လိုထင်မလဲလို့ စိုးရိမ်ခြင်း
````````````````````````````````````````````````````````````````
ဒါဟာလူငယ်တော်တော်များများ ဖြစ်နေတာပါ။"ငါဒါလေးဝတ်ရင် ဘယ်လိုထင်မလဲ။ဒီလိုလုပ်ရင်ရော ဘယ်လိုထင်ကြမလဲ"။တကယ်တော့ လူတိုင်းကိုယ့်ကိစ္စနဲ့ ကိုယ်မို့လို့ ဘယ်သူမှသင့်ကို လိုက်ကြည့်မနေပါဘူး။ဒါကိုကြောက်ပြီးတော့ ဘာမှမလုပ်ခဲ့ရင်တော့ သင်ဟာ တိုးတက်လာမှာကို မဟုတ်တော့ပါဘူး။ဒါကြောင့်ရှက်စရာ မဟုတ်တဲ့ကိစ္စတွေကို လုပ်ဖို့ မရှက်ကြောက်ဖို့လိုပါတယ်။

အလုပ်တစ်ခုကို စပြီး အဆုံးမသတ်ခြင်း
```````````````````````````````````````````````
အလုပ်တစ်ခုကိုလုပ်တယ်။လုပ်နေရင်း နောက်တစ်ခုကိုတွေ့တော့ ပိုကောင်းတယ်ဆိုပြီးထပ်လုပ်တယ်။နောက်တစ်ခု နောက်တစ်ခုတွေ့တော့လည်း စရင်းစရင်း အဆုံးမသတ်နိုင်တဲ့ လူတစ်ချို့ကို ပတ်ဝန်းကျင်မှာ သင်မြင်ဖူးပါလိမ့်မယ်။ဒါကြောင့် အလုပ်အများကြီးလုပ်ပြီး တစ်ခုမှ မပြီးတာထက် တစ်ခုလုပ်ပြီးတစ်ခု ပြီးတာကိုပဲ လုပ်ဖို့ကြိုးစားပါ။

အထက်ပါအချက်တွေအပြင် အခြားအချက်တွေလည်း ရှိနိုင်ပါသေးတယ်။
အဲ့ဒီအချက်တွေကိုလည်း စဉ်းစားပြီး ဆင်ခြင်ဖို့ လိုပါသေးတယ်။
ဒါကြောင့်အသက်ကြီးလာရင်​ ်နောင်တမရစေဖို့ငယ်ရွယ်စဉ်မှာ လုပ်သင့်တာတွေကို လုပ်ဖို့ တိုက်တွန်းလိုက်ပါရစေ.....သူငယ်​ချင်​း.....။

Cd.**​တောသား ရဟန်​း**

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...