နှစ်ပေါင်းများစွာမေ့မြောနေရာမှ ပိုက်ဆံအနံ့ရပြီး ထူးဆန်းစွာ နိုးလာသတဲ့




ပိုက်ဆံဆိုတဲ့အရာက တကယ့်ကို စွမ်းအားကြီးမားတယ်။ အရာရာ ကို ပြောင်းလဲနိုင်စွမ်းရှိတယ်။ နှစ်ပေါင်းများစွာ ဦးနှောက်သေရောဂါနဲ့ မေ့မြောနေတဲ့ တရုတ်အမျိုးသားတစ်ဦးက ရုတ်တရတ် ထူးဆန်းစွာပဲ နိုးထလာခဲ့ပါတယ်။
မတော်တဆမှုကြောင့် ဆေးရုံကုတင်ပေါ် အချိန်ကြာကြီးမေ့မြော နေတဲ့ အမျိုးသားစီအိုလီ ကို ပြန်လည်သတိရလာဖို့ အကောင်းဆုံး နည်းလမ်းကို ရှာဖွေတွေ့ရှိသွားခဲ့ပါတယ်။ ဆေးရုံ လူနာစောင့်နတ်စ် မလေးက လူနာစောင့်ပြုစုပေးနေရင်းနဲ့မှ ကြံဖန်စွာပဲ အတွေးတစ်ခု ဖြစ်ပေါ်လာခဲ့ပါတယ်။

လူနာအမျိုးသားရဲ့ မျက်နှာတစ်ဝိုက်နှာခေါင်းပေါ်ကနေ ယွမ်တစ်ရာ တန်တစ်ရွက်နဲ့ ယပ်ခတ်ပေးလိုက်ချိန်မှာမှ ရုတ်တရတ်လူနာနိုးထ လာခဲ့ပါတော့တယ်။ ဒီလိုမျိုး ထူးဆန်းဖြစ်စဉ်အတွက် ဆေးရုံတာ ဝန်ခံဆရာဝန်က သူ့ရဲ့လုပ်သက်သက်တမ်းနှစ် ၂၀ အတွင်းမှာ တစ်ခါမှမကြုံဖူးကြောင်းအံ့သြစွာဆိုပြီးရီစရာကောင်းလောက် အောင်ပိုက်ဆံအနံ့နဲ့
နိုးထလာတာဖြစ်တယ်လို့လည်း ပြောထားပါ တယ်။
www.myanmarlatestnews.com

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...