သိန္းတစ္ေသာင္းကံထူးရွင္ႀကီး၏ စိတ္ကူးမ်ား




ေပ ၂၀ ခန္႔ရွည္ၿပီး ေဆးအျပာေရာင္ သုတ္ထားသည့္ စက္ေလွတစ္စီးက ကုကၠိဳဝျမစ္အတြင္း ပံုမွန္အရွိန္ႏႈန္းျဖင့္ ခုတ္ေမာင္းေနသည္။ယင္းစက္ေလွေပၚတြင္ စက္ေလွေမာင္းလုပ္သားျဖစ္သည့္ အသက္(၄၂)ႏွစ္အရြယ္ ဦးေအးထြန္း သီခ်င္းတေအး ေအးျဖင့္ လိုက္ပါလာခဲ့၏။
အခ်ိန္က ေမလ ၁ ရက္ နံနက္ ၁၀ နာရီခန္႔ျဖစ္သည္။ ထိုအခ်ိန္တြင္ ဦးေအး ထြန္းထံသို႔ စက္ေလွပိုင္ရွင္၏ ညီမထံမွ ဖုန္းဝင္လာ၍ ေကာက္ကိုင္လိုက္သည္။‘‘ကြၽန္ေတာ္ က်ပ္သိန္းတစ္ ေသာင္းဆု ေပါက္တယ္လို႔ လွမ္း ၿပီး ဖုန္းဆက္ေျပာတာ သတင္း ၾကားၾကားခ်င္းေတာ့ ကြၽန္ေတာ္ မယံုရဲခဲ့ဘူး။ ထီထိုးတုန္းကေတာ့ ဆုတစ္ဆုဆုေတာ့ ေပါက္လိမ့္ မယ္လို႔ စိတ္ထဲထင္ေနခဲ့တယ္’’ ဟု ဦးေအးထြန္းက က်ပ္သိန္း တစ္ေသာင္းဆု ေပါက္ေၾကာင္း စတင္သိခဲ့ပံုကို စိတ္လႈပ္ရွားစြာ ျပန္လည္ေျပာျပသည္။
ဦးေအးထြန္းသည္ (၂)ႀကိမ္ေျမာက္ က်ပ္ ၅၀၀ တန္ ေအာင္ ဘာေလထီ၏ အျမင့္ဆံုးဆုေငြ က်ပ္သိန္းတစ္ေသာင္းကို ဆြတ္ခူးခဲ့သူျဖစ္သည္။
ပူပူေႏြးေႏြး က်ပ္သိန္းတစ္ ေသာင္းဆုရွင္က ထီေပါက္မႈခံစား ခ်က္ျဖစ္စဥ္ကို ယိုင္နဲ႔နဲ႔ ၎၏ အိမ္ဘုရားစင္ေရွ႕တြင္ထိုင္၍ ျပန္လည္ေျပာျပေနျခင္းျဖစ္သည္။
ဦးေအးထြန္းသည္ ရန္ကုန္ တုိင္းေဒသႀကီး ထန္းတပင္ၿမိဳ႕ နယ္ ႏွဲသမိန္စံျပေက်းရြာအုပ္စု ရွိ အထက္ၿခံတန္းေက်းရြာတြင္ မိသားစုႏွင့္အတူ ေနထိုင္သည္။
သူလက္ရွိေနသည့္ အိမ္က ကုကၠိဳဝျမစ္ကမ္းစြန္းတြင္ ေဆာက္ လုပ္ထားသည့္ ၁၅ ေပပတ္လည္ မွ်သာရွိေသာ ဝါးျခမ္းျပားႏွင့္ ဝါး ထရံကာရံထားကာ ခပ္က်ဲက်ဲပ်ဥ္ ခင္းထားေသာ တဲအိမ္သာသာမွ် သာျဖစ္သည္။
ဝါးေပါေသာ ေက်းရြာျဖစ္၍ အိမ္တစ္္လံုးလံုးကို ဝါးမ်ားျဖင့္ လံုၿခံဳေအာင္ ေဆာက္လုပ္ထားၿပီး ေခါင္မိုးကို လြန္္ခဲ့သည့္ႏွစ္ကမွ ဓနိမွ သြပ္ျပားေျပာင္းမိုးထားကာ အိမ္ခန္းဟူ၍လည္း သီးျခားရွိမေနေပ။
‘‘အိမ္ေတာင္ အသစ္မ ေဆာက္ႏုိင္လုိ႔ လြန္ခဲ့တဲ့သံုးႏွစ္ ေလာက္ကမွ ျပန္ျပင္ေဆာက္ ထားတာ။ ေျမက အလုပ္ရွင္ေျမ ေလ။ သူက အိမ္ေဆာက္ေနခုိင္း လို႔ ရွိတာေလးနဲ႔ ေဆာက္ေနတာ’’ ဟု ဦးေအးထြန္း၏ဇနီး မဝင္းစန္း က ၎တို႔ေနထိုင္ရသည့္ အေျခ အေနကို ေျပာျပသည္။
၎တို႔ ဇနီးေမာင္ႏွံတြင္ အသက္ (၁၃)ႏွစ္အရြယ္ သားတစ္ဦး၊ အိမ္ေထာင္သည္သမီးတစ္ဦးရွိသည္။ သမီးသည္ မၾကာေသး မီကမွ အိမ္ေထာင္က်၍ အိမ္ခြဲ သြားသည္။
ဦးေအးထြန္း ေနထိုင္သည့္ ရြာသည္ ထန္းတပင္ၿမိဳ႕ႏွင့္ မုိင္ ၂၀ ခန္႔ကြာေဝးၿပီး ကားလမ္းတိုက္ ႐ိုက္မေပါက္ေသးေသာ ေခါင္ သည့္ ေဒသတစ္ခုျဖစ္သည္။
ၿမိဳ႕ေပၚသို႔ သြားေရာက္လို ပါက ကုကၠိဳဝျမစ္မွ စက္ေလွျဖင့္ လိႈင္သာယာ၊ ၾကည့္ျမင္တုိင္ၿမိဳ႕ နယ္သို႔လည္းေကာင္း၊ ထန္းတပင္ၿမိဳ႕သို႔ သြားေရာက္လိုပါက ဆုိင္ ကယ္ျဖင့္ ခရီးဆက္ႏုိင္သည္။
 စက္ေလွေမာင္းအလုပ္ကို လက္ရွိအလုပ္ရွင္၏ အေဖလက္ ထက္ လြန္ခဲ့သည့္ အႏွစ္ ၂၀ ေက်ာ္ကတည္းက လုပ္ကိုင္ခဲ့ျခင္း ျဖစ္သည္။ လက္ရွိလစာသည္ တစ္လလွ်င္ က်ပ္တစ္သိန္းခြဲမွ ႏွစ္သိန္းခန္႔သာရွိသည္။
စက္ေလွကို နီးစပ္ရာ ေက်း ရြာမ်ားရွိ ငါးကန္မ်ားမွ ငါးမ်ားကို ၾကည့္ျမင္တိုင္ ငါးေဈးသို႔ပုိ႔ျခင္း၊ ငါးစာဝယ္ယူျခင္း၊ အလုပ္ရွင္က ဖြင့္လွစ္ထားေသာ အိမ္ေဆာက္ ပစၥည္း အေရာင္းဆုိင္အတြက္ လိုအပ္သည့္ ေရာင္းကုန္မ်ား ၿမိဳ႕ေပၚသို႔ သြားေရာက္ဝယ္ယူပို႔ ေဆာင္ျခင္းမ်ားအတြက္ ေမာင္း ႏွင္ေပးရျခင္းျဖစ္သည္။
ယခုလည္း ထီမထြက္မီ တစ္ရက္ ၾကည့္ျမင္တုိင္ ငါးေဈးသို႔ ငါးသြားပို႔ၿပီးေနာက္ ညအိပ္ကာ မနက္ရြာသို႔ျပန္လာစဥ္ လမ္းခရီး၌ ထီေပါက္ေၾကာင္း သိရ ျခင္းျဖစ္၏။
အလုပ္ရွင္၏ညီမက လိႈင္ သာယာၿမိဳ႕နယ္ မီးခြက္ေဈးရွိ ရန္ႏုိင္လင္း ထီဆုိင္မွတစ္ဆင့္ခံ ယူ၍ ရြာတြင္ ထီေရာင္းခ်သည္။ ထီေပါက္ခဲ့သည့္ ပင္ရင္းဆုိင္ သည္ မိုးယံေရႊလမင္းႏွင့္ ျမတ္ဆု ကုေဋ ျဖစ္သည္။
ဦးေအးထြန္းက အလုပ္ရွင္ ၏ ညီမထံမွ ေစာင္ေရ သံုးဆယ့္တစ္ေစာင္ပါ ထီအုပ္ကို က်ပ္တစ္ေသာင္းရွစ္ေထာင္ျဖင့္ ဝယ္ ယူကံစမ္းခဲ့ျခင္းျဖစ္သည္။
‘‘ထီဖိုးက ခ်က္ခ်င္းေပးရ တာ မဟုတ္ဘူး။ ထီမဖြင့္ခင္တစ္ ရက္မွ ေပးရတာေလ။ မိန္းမ မသိ ေအာင္ စုထားတဲ့ မုန္႔ဖိုးနဲ႔ ထိုး လိုက္တာ’’ဟု ၎က ေပါ့ပါးစြာ ရယ္ေမာရင္းေျပာသည္။
ဦးေအးထြန္းဘဝတြင္ ထီကို ငါးႀကိမ္သာ ထိုးခဲ့ဖူးသည္။ က်ပ္ ၂၀၀ တန္ ေအာင္ဘာေလထီ သံုးႀကိမ္ႏွင့္ က်ပ္ ၅၀၀ တန္ထီ ႏွစ္ႀကိမ္ဝယ္ယူ ကံစမ္းခဲ့ျခင္းျဖစ္ သည္။
၎သည္ အစိုးရထီႏွင့္ ကံ စပ္သည္ဟု ဆုိႏိုင္သည္။ က်ပ္ ၂၀၀ တန္ ထီသံုးႀကိမ္ထိုးရာတြင္ က်ပ္ငါးေသာင္းဆု ႏွစ္ႀကိမ္ေပါက္ခဲ့ဖူးၿပီး က်ပ္ ၅၀၀ တန္ ထီ၏ (၂)ႀကိမ္ေျမာက္တြင္ အျမင့္ဆံုးဆုေငြ ခံစားခြင့္ရရွိခဲ့ေသာ ေၾကာင့္ျဖစ္သည္။
ယခုထီဆုႀကီး မဖြင့္မီက ၎သည္ အတိတ္နိမိတ္မ်ား ႀကိဳတင္ခံစားရသည္ဟု ဆုိသည္။
၎ေနထုိင္သည့္ ေက်းရြာ အနီးရွိ ဘုန္းေတာ္ႀကီးတစ္ပါးက လြန္ခဲ့သည့္ ၂ ႏွစ္ခန္႔က အသက္(၄၀)ေက်ာ္လွ်င္ လက္ခေမာင္းခတ္ေတာ့၊ ထီေပါက္ကိန္းရွိသည္ ဟု ေဟာကိန္းထုတ္ခဲ့ဖူးသကဲ့သို႔ ထီမထိုးမီရက္ပိုင္းက အိမ္အနီးရွိ  (၂)ႏွစ္သား ကေလးက ထီေပါက္လိမ့္မယ္။ ထီေပါက္ရင္ သူ႔ကို ေရႊလုပ္ေပးဟူ၍ ေျပာခဲ့ ေၾကာင္း ျပန္လည္ေျပာျပသည္။
 ထုိ႔အျပင္ သူကိုယ္တုိင္ လည္း ထီထိုးၿပီးကတည္းက ဆု တစ္ဆုဆုေပါက္လိမ့္မည္ဟု စိတ္ ထဲထင္ျမင္ေနမိၿပီး အမွန္တကယ္ ထီေပါက္မည့္လတြင္ ထီေစာင္ေရကိုလည္း ယခင္ကထက္ ပို၍ထိုး ျဖစ္ခဲ့သည္ဟုဆိုသည္။
‘‘ထူးျခားတာက ထီမဖြင့္ခင္ ညကဆို ကြၽန္ေတာ့္စိတ္ထဲ လြတ္ လပ္ေပ်ာ္ေနၿပီး ၾကည့္ျမင္တိုင္ ဆိပ္ကမ္းက စက္ေလွညအိပ္ရပ္ ထားခ်ိန္ စက္ေလွေခါင္မိုးေပၚ ထုိင္ၿပီး သီခ်င္းေတြ အက်ယ္ႀကီး ေအာ္ဆိုေနမိတယ္’’ဟု ဦးေအး ထြန္းက ဆိုေလသည္။
ယခင္လမ်ားက ထီထုိးပါက ရြာမွ အိမ္နီးခ်င္း ဦးစိန္ေသာ္ႏွင့္ ထီလက္မွတ္ဖိုးႏွစ္ေယာက္စပ္၍ ထိုးခဲ့ေသာ္လည္း ဧၿပီတြင္ အဆိုပါပုဂၢိဳလ္က လက္ထဲ ေငြပိုရွိမေနခဲ့ျခင္းေၾကာင့္ ၎တစ္ဦးတည္းသာ ထီလက္မွတ္ဖိုး ေပး ေခ်ခဲ့သည္။  
ထုိ႔ေၾကာင့္ ဦးေအးထြန္း သည္  ေငြက်ပ္သိန္းတစ္ေသာင္းကို တစ္ဦးတည္းအျပည့္အဝရရွိခဲ့ သည္။
‘‘ငါက သူ႔ကို သိန္းတစ္ ေသာင္းအျပည့္ရေစခ်င္လို႔ ေပး လိုက္တာေလ’’ ဟု ဦးစိန္ေသာ္က ဟာသေႏွာ၍ေျပာကာ ရယ္ေန သည္။
ဦးေအးထြန္းသည္ လခစား စက္ေလွေမာင္းသမားဘဝမွ ေန႔ ခ်င္းညခ်င္း သန္းႂကြယ္သူေဌး တစ္ဦးအျဖစ္ ေျပာင္းလဲသြား ေသာ္လည္း သူ႔ဘဝေရွ႕ဆက္ရပ္ တည္ေရးအတြက္ အစီအမံကို ထူးထူးေထြေထြ ခ်မွတ္ထားျခင္း မရွိေသးေပ။
 က်ပ္သိန္းတစ္ေသာင္းကို လက္ဝယ္ပိုင္ဆုိင္ခြင့္ ရရွိၿပီး ေနာက္ ၎ျပဳလုပ္လိုသည့္ဆႏၵ သည္ ဓမၼာ႐ံုေဆာက္လုပ္ရာတြင္မတည္အလွဴေငြ ထည့္ဝင္ရန္၊ တစ္ရြာလံုးကို ပုဂံ၊ ေညာင္ဦးသို႔ ဘုရားဖူးပို႔ေပးရန္ႏွင့္ သူ႔မိသားစုေရရွည္ခိုင္ခိုင္ခံ့ခံ့ေနထုိင္ႏုိင္မည့္ ကိုယ္ပိုင္အိမ္တစ္လံုး ေဆာက္ လုပ္ေပးရန္သာ စိတ္ကူးရေသး သည္။
အိမ္ကို လက္ရွိေနထုိင္ရာ ရြာတြင္သာ ေဆာက္လုပ္ေနထုိင္ မည္ျဖစ္ၿပီး အျခားအရပ္ေဒသသို႔ ေရႊ႕ေျပာင္းရန္ ဦးေအးထြန္းတို႔ တစ္မိသားစုလံုး စဥ္းစားထားျခင္း မရွိေပ။
တစ္ရြာလံုးကို ပုဂံ၊ ေညာင္ ဦးသုိ႔ ဘုရားဖူးလိုက္ပို႔ရန္ကို ယခုမွ စိတ္ကူးမိျခင္းေတာ့ မဟုတ္ေပ။  လြန္ခဲ့သည့္ တစ္ႏွစ္ေက်ာ္က ၎၏အလုပ္ရွင္က သူအပါအဝင္ ရြာသား ၄၀ ဦးခန္႔ကို ပုဂံ၊ ေညာင္ဦးသို႔ ဘုရားဖူးလိုက္ပို႔စဥ္ကတည္းက ထုိအလွဴကို စိတ္ထဲက်ိတ္၍ သေဘာက်ေနခဲ့ျခင္း ျဖစ္သည္။
‘‘ကြၽန္ေတာ္ ထီထိုးကတည္း ကိုကလည္း ေပါက္ရင္ တစ္ရြာ လံုးကို လိုက္ပို႔မယ္ ရည္ရြယ္ၿပီး သားဗ်။ သူေဌးကိုလည္း အခု ကြၽန္ေတာ္ ေျပာလိုက္ၿပီ။ ဒီႏွစ္ ေတာ့ ကြၽန္ေတာ္ပို႔ေပးပါရေစလို႔’’ ဟု ဦးေအးထြန္းက တက္ႂကြစြာ ေျပာသည္။
က်ပ္သိန္းတစ္ေသာင္း အ ျမင့္ဆံုးဆုေငြအျဖစ္ ဖြင့္လွစ္သည့္ က်ပ္ ၅၀၀ တန္ ထီ၏ (၁)ႀကိမ္ေျမာက္ကို ရခိုင္ျပည္နယ္ ေက်ာက္ျဖဴၿမိဳ႕မွ အိမ္ေဆာက္ပစၥည္း အေရာင္းဆိုင္ပိုင္ရွင္ ဦးစံေရႊခိုင္က ဆြတ္ခူးခဲ့သည္။ ထီလက္မွတ္ သိန္း ၃၀၀ ေက်ာ္ ရွိသည့္အထဲမွ ထီတစ္ေစာင္သာ က်ပ္သိန္းတစ္ ေသာင္းဆုကို ကံထူးႏုိင္၍ ထီဆုႀကီး ကံထူးႏုိင္ရန္ ခက္ခဲလွ သည္။
က်ပ္သိန္းတစ္ေသာင္း ကံ ထူးရွင္ ဦးေအးထြန္းကေတာ့ ေမ လ ၁ ရက္ကစ၍ သူ႔ဘဝေရွ႕ေရး မည္သို႔ျဖတ္သန္းရမည္ကို မိသား စုႏွင့္ တိုင္ပင္၍ အိပ္မက္မ်ား ပံု ေဖာ္ခြင့္ရသြားေလၿပီ။
သန္းႂကြယ္သူေဌး ျဖစ္သြား ေသာေၾကာင့္ ႏွစ္ေပါင္း ၂၀ ေက်ာ္လုပ္ကိုင္လာသည့္ စက္ေလွ ေမာင္းသမားအလုပ္ကို သူ႔အေန ျဖင့္ စြန္႔လႊတ္ရေတာ့ေပမည္။
‘‘သူေဌးကလည္း ကြၽန္ေတာ့္ ကို ေပးမေမာင္းေတာ့ဘူး’’ဟု ဦး ေအးထြန္းက ေျပာသည္။
‘‘ဒီစက္ေလွက စဝယ္က တည္းက ကြၽန္ေတာ္ေမာင္းလာခဲ့ တာဆိုေတာ့ ခြဲရမွာ စိတ္မေကာင္း ဘူး။ ကြၽန္ေတာ့္လုပ္ေဖာ္ကိုင္ဖက္ ျဖစ္သလို ေက်းဇူးရွင္ဆုိလည္း ဟုတ္တယ္ေလ’’ဟု ျဖည္းျဖည္း ေလးေလးေျပာသည္။ အျပာေရာင္ေဆးျခယ္ထား သည့္ စက္ေလွႏွင့္ ေန႔စဥ္ထိေတြ႕ လုပ္ကိုင္ေနခဲ့ေသာ သူ႔အေနျဖင့္ ေနအိမ္၏မ်က္ႏွာစာဝါးျခမ္းျပား၊ ဘုရားစင္ေဘာင္ႏွင့္ ေသာက္ေရ အိုးစင္တန္းတို႔ကိုပါ ယင္းအ ေရာင္ကို သေဘၤာေဆးျဖင့္ သုတ္ လိမ္းထားျခင္းျဖင့္ မည္မွ်စြဲလမ္း သံေယာဇဥ္ႀကီးသည္ကို ျမင္သာ ေစသည္။
‘‘ဒီစက္ေလွကို ဓာတ္ပံု႐ိုက္၊ ပန္းခ်ီျပန္ဆြဲၿပီး ေဘာင္ခတ္သိမ္း ထားဖို႔ ကြၽန္ေတာ္ဆံုးျဖတ္ထား တယ္’’
http://www.7daydaily.com/story/95214
Unicode
ပေ ၂၀ ခန့်ရှည်ပြီး ဆေးအပြာရောင် သုတ်ထားသည့် စက်လှေတစ်စီးက ကုက္ကိုဝမြစ်အတွင်း ပုံမှန်အရှိန်နှုန်းဖြင့် ခုတ်မောင်းနေသည်။ယင်းစက်လှေပေါ်တွင် စက်လှေမောင်းလုပ်သားဖြစ်သည့် အသက်(၄၂)နှစ်အရွယ် ဦးအေးထွန်း သီချင်းတအေး အေးဖြင့် လိုက်ပါလာခဲ့၏။
အချိန်က မေလ ၁ ရက် နံနက် ၁၀ နာရီခန့်ဖြစ်သည်။ ထိုအချိန်တွင် ဦးအေး ထွန်းထံသို့ စက်လှေပိုင်ရှင်၏ ညီမထံမှ ဖုန်းဝင်လာ၍ ကောက်ကိုင်လိုက်သည်။‘‘ကျွန်တော် ကျပ်သိန်းတစ် သောင်းဆု ပေါက်တယ်လို့ လှမ်း ပြီး ဖုန်းဆက်ပြောတာ သတင်း ကြားကြားချင်းတော့ ကျွန်တော် မယုံရဲခဲ့ဘူး။ ထီထိုးတုန်းကတော့ ဆုတစ်ဆုဆုတော့ ပေါက်လိမ့် မယ်လို့ စိတ်ထဲထင်နေခဲ့တယ်’’ ဟု ဦးအေးထွန်းက ကျပ်သိန်း တစ်သောင်းဆု ပေါက်ကြောင်း စတင်သိခဲ့ပုံကို စိတ်လှုပ်ရှားစွာ ပြန်လည်ပြောပြသည်။
ဦးအေးထွန်းသည် (၂)ကြိမ်မြောက် ကျပ် ၅၀ဝ တန် အောင် ဘာလေထီ၏ အမြင့်ဆုံးဆုငွေ ကျပ်သိန်းတစ်သောင်းကို ဆွတ်ခူးခဲ့သူဖြစ်သည်။
ပူပူနွေးနွေး ကျပ်သိန်းတစ် သောင်းဆုရှင်က ထီပေါက်မှုခံစား ချက်ဖြစ်စဉ်ကို ယိုင်နဲ့နဲ့ ၎င်း၏ အိမ်ဘုရားစင်ရှေ့တွင်ထိုင်၍ ပြန်လည်ပြောပြနေခြင်းဖြစ်သည်။
ဦးအေးထွန်းသည် ရန်ကုန် တိုင်းဒေသကြီး ထန်းတပင်မြို့ နယ် နှဲသမိန်စံပြကျေးရွာအုပ်စု ရှိ အထက်ခြံတန်းကျေးရွာတွင် မိသားစုနှင့်အတူ နေထိုင်သည်။
သူလက်ရှိနေသည့် အိမ်က ကုက္ကိုဝမြစ်ကမ်းစွန်းတွင် ဆောက် လုပ်ထားသည့် ၁၅ ပေပတ်လည် မျှသာရှိသော ဝါးခြမ်းပြားနှင့် ဝါး ထရံကာရံထားကာ ခပ်ကျဲကျဲပျဉ် ခင်းထားသော တဲအိမ်သာသာမျှ သာဖြစ်သည်။
ဝါးပေါသော ကျေးရွာဖြစ်၍ အိမ်တစ်လုံးလုံးကို ဝါးများဖြင့် လုံခြုံအောင် ဆောက်လုပ်ထားပြီး ခေါင်မိုးကို လွန်ခဲ့သည့်နှစ်ကမှ ဓနိမှ သွပ်ပြားပြောင်းမိုးထားကာ အိမ်ခန်းဟူ၍လည်း သီးခြားရှိမနေပေ။
‘‘အိမ်တောင် အသစ်မ ဆောက်နိုင်လို့ လွန်ခဲ့တဲ့သုံးနှစ် လောက်ကမှ ပြန်ပြင်ဆောက် ထားတာ။ မြေက အလုပ်ရှင်မြေ လေ။ သူက အိမ်ဆောက်နေခိုင်း လို့ ရှိတာလေးနဲ့ ဆောက်နေတာ’’ ဟု ဦးအေးထွန်း၏ဇနီး မဝင်းစန်း က ၎င်းတို့နေထိုင်ရသည့် အခြေ အနေကို ပြောပြသည်။
၎င်းတို့ ဇနီးမောင်နှံတွင် အသက် (၁၃)နှစ်အရွယ် သားတစ်ဦး၊ အိမ်ထောင်သည်သမီးတစ်ဦးရှိသည်။ သမီးသည် မကြာသေး မီကမှ အိမ်ထောင်ကျ၍ အိမ်ခွဲ သွားသည်။
ဦးအေးထွန်း နေထိုင်သည့် ရွာသည် ထန်းတပင်မြို့နှင့် မိုင် ၂၀ ခန့်ကွာဝေးပြီး ကားလမ်းတိုက် ရိုက်မပေါက်သေးသော ခေါင် သည့် ဒေသတစ်ခုဖြစ်သည်။
မြို့ပေါ်သို့ သွားရောက်လို ပါက ကုက္ကိုဝမြစ်မှ စက်လှေဖြင့် လှိုင်သာယာ၊ ကြည့်မြင်တိုင်မြို့ နယ်သို့လည်းကောင်း၊ ထန်းတပင်မြို့သို့ သွားရောက်လိုပါက ဆိုင် ကယ်ဖြင့် ခရီးဆက်နိုင်သည်။
စက်လှေမောင်းအလုပ်ကို လက်ရှိအလုပ်ရှင်၏ အဖေလက် ထက် လွန်ခဲ့သည့် အနှစ် ၂၀ ကျော်ကတည်းက လုပ်ကိုင်ခဲ့ခြင်း ဖြစ်သည်။ လက်ရှိလစာသည် တစ်လလျှင် ကျပ်တစ်သိန်းခွဲမှ နှစ်သိန်းခန့်သာရှိသည်။
စက်လှေကို နီးစပ်ရာ ကျေး ရွာများရှိ ငါးကန်များမှ ငါးများကို ကြည့်မြင်တိုင် ငါးဈေးသို့ပို့ခြင်း၊ ငါးစာဝယ်ယူခြင်း၊ အလုပ်ရှင်က ဖွင့်လှစ်ထားသော အိမ်ဆောက် ပစ္စည်း အရောင်းဆိုင်အတွက် လိုအပ်သည့် ရောင်းကုန်များ မြို့ပေါ်သို့ သွားရောက်ဝယ်ယူပို့ ဆောင်ခြင်းများအတွက် မောင်း နှင်ပေးရခြင်းဖြစ်သည်။
ယခုလည်း ထီမထွက်မီ တစ်ရက် ကြည့်မြင်တိုင် ငါးဈေးသို့ ငါးသွားပို့ပြီးနောက် ညအိပ်ကာ မနက်ရွာသို့ပြန်လာစဉ် လမ်းခရီး၌ ထီပေါက်ကြောင်း သိရ ခြင်းဖြစ်၏။
အလုပ်ရှင်၏ညီမက လှိုင် သာယာမြို့နယ် မီးခွက်ဈေးရှိ ရန်နိုင်လင်း ထီဆိုင်မှတစ်ဆင့်ခံ ယူ၍ ရွာတွင် ထီရောင်းချသည်။ ထီပေါက်ခဲ့သည့် ပင်ရင်းဆိုင် သည် မိုးယံရွှေလမင်းနှင့် မြတ်ဆု ကုဋေ ဖြစ်သည်။
ဦးအေးထွန်းက အလုပ်ရှင် ၏ ညီမထံမှ စောင်ရေ သုံးဆယ့်တစ်စောင်ပါ ထီအုပ်ကို ကျပ်တစ်သောင်းရှစ်ထောင်ဖြင့် ဝယ် ယူကံစမ်းခဲ့ခြင်းဖြစ်သည်။
‘‘ထီဖိုးက ချက်ချင်းပေးရ တာ မဟုတ်ဘူး။ ထီမဖွင့်ခင်တစ် ရက်မှ ပေးရတာလေ။ မိန်းမ မသိ အောင် စုထားတဲ့ မုန့်ဖိုးနဲ့ ထိုး လိုက်တာ’’ဟု ၎င်းက ပေါ့ပါးစွာ ရယ်မောရင်းပြောသည်။
ဦးအေးထွန်းဘဝတွင် ထီကို ငါးကြိမ်သာ ထိုးခဲ့ဖူးသည်။ ကျပ် ၂၀ဝ တန် အောင်ဘာလေထီ သုံးကြိမ်နှင့် ကျပ် ၅၀ဝ တန်ထီ နှစ်ကြိမ်ဝယ်ယူ ကံစမ်းခဲ့ခြင်းဖြစ် သည်။
၎င်းသည် အစိုးရထီနှင့် ကံ စပ်သည်ဟု ဆိုနိုင်သည်။ ကျပ် ၂၀ဝ တန် ထီသုံးကြိမ်ထိုးရာတွင် ကျပ်ငါးသောင်းဆု နှစ်ကြိမ်ပေါက်ခဲ့ဖူးပြီး ကျပ် ၅၀ဝ တန် ထီ၏ (၂)ကြိမ်မြောက်တွင် အမြင့်ဆုံးဆုငွေ ခံစားခွင့်ရရှိခဲ့သော ကြောင့်ဖြစ်သည်။
ယခုထီဆုကြီး မဖွင့်မီက ၎င်းသည် အတိတ်နိမိတ်များ ကြိုတင်ခံစားရသည်ဟု ဆိုသည်။
၎င်းနေထိုင်သည့် ကျေးရွာ အနီးရှိ ဘုန်းတော်ကြီးတစ်ပါးက လွန်ခဲ့သည့် ၂ နှစ်ခန့်က အသက်(၄၀)ကျော်လျှင် လက်ခမောင်းခတ်တော့၊ ထီပေါက်ကိန်းရှိသည် ဟု ဟောကိန်းထုတ်ခဲ့ဖူးသကဲ့သို့ ထီမထိုးမီရက်ပိုင်းက အိမ်အနီးရှိ  (၂)နှစ်သား ကလေးက ထီပေါက်လိမ့်မယ်။ ထီပေါက်ရင် သူ့ကို ရွှေလုပ်ပေးဟူ၍ ပြောခဲ့ ကြောင်း ပြန်လည်ပြောပြသည်။
 ထို့အပြင် သူကိုယ်တိုင် လည်း ထီထိုးပြီးကတည်းက ဆု တစ်ဆုဆုပေါက်လိမ့်မည်ဟု စိတ် ထဲထင်မြင်နေမိပြီး အမှန်တကယ် ထီပေါက်မည့်လတွင် ထီစောင်ရေကိုလည်း ယခင်ကထက် ပို၍ထိုး ဖြစ်ခဲ့သည်ဟုဆိုသည်။
‘‘ထူးခြားတာက ထီမဖွင့်ခင် ညကဆို ကျွန်တော့်စိတ်ထဲ လွတ် လပ်ပျော်နေပြီး ကြည့်မြင်တိုင် ဆိပ်ကမ်းက စက်လှေညအိပ်ရပ် ထားချိန် စက်လှေခေါင်မိုးပေါ် ထိုင်ပြီး သီချင်းတွေ အကျယ်ကြီး အော်ဆိုနေမိတယ်’’ဟု ဦးအေး ထွန်းက ဆိုလေသည်။
ယခင်လများက ထီထိုးပါက ရွာမှ အိမ်နီးချင်း ဦးစိန်သော်နှင့် ထီလက်မှတ်ဖိုးနှစ်ယောက်စပ်၍ ထိုးခဲ့သော်လည်း ဧပြီတွင် အဆိုပါပုဂ္ဂိုလ်က လက်ထဲ ငွေပိုရှိမနေခဲ့ခြင်းကြောင့် ၎င်းတစ်ဦးတည်းသာ ထီလက်မှတ်ဖိုး ပေး ချေခဲ့သည်။  
ထို့ကြောင့် ဦးအေးထွန်း သည်  ငွေကျပ်သိန်းတစ်သောင်းကို တစ်ဦးတည်းအပြည့်အဝရရှိခဲ့ သည်။
‘‘ငါက သူ့ကို သိန်းတစ် သောင်းအပြည့်ရစေချင်လို့ ပေး လိုက်တာလေ’’ ဟု ဦးစိန်သော်က ဟာသနှော၍ပြောကာ ရယ်နေ သည်။
ဦးအေးထွန်းသည် လခစား စက်လှေမောင်းသမားဘဝမှ နေ့ ချင်းညချင်း သန်းကြွယ်သူဌေး တစ်ဦးအဖြစ် ပြောင်းလဲသွား သော်လည်း သူ့ဘဝရှေ့ဆက်ရပ် တည်ရေးအတွက် အစီအမံကို ထူးထူးထွေထွေ ချမှတ်ထားခြင်း မရှိသေးပေ။
 ကျပ်သိန်းတစ်သောင်းကို လက်ဝယ်ပိုင်ဆိုင်ခွင့် ရရှိပြီး နောက် ၎င်းပြုလုပ်လိုသည့်ဆန္ဒ သည် ဓမ္မာရုံဆောက်လုပ်ရာတွင်မတည်အလှူငွေ ထည့်ဝင်ရန်၊ တစ်ရွာလုံးကို ပုဂံ၊ ညောင်ဦးသို့ ဘုရားဖူးပို့ပေးရန်နှင့် သူ့မိသားစုရေရှည်ခိုင်ခိုင်ခံ့ခံ့နေထိုင်နိုင်မည့် ကိုယ်ပိုင်အိမ်တစ်လုံး ဆောက် လုပ်ပေးရန်သာ စိတ်ကူးရသေး သည်။
အိမ်ကို လက်ရှိနေထိုင်ရာ ရွာတွင်သာ ဆောက်လုပ်နေထိုင် မည်ဖြစ်ပြီး အခြားအရပ်ဒေသသို့ ရွှေ့ပြောင်းရန် ဦးအေးထွန်းတို့ တစ်မိသားစုလုံး စဉ်းစားထားခြင်း မရှိပေ။
တစ်ရွာလုံးကို ပုဂံ၊ ညောင် ဦးသို့ ဘုရားဖူးလိုက်ပို့ရန်ကို ယခုမှ စိတ်ကူးမိခြင်းတော့ မဟုတ်ပေ။  လွန်ခဲ့သည့် တစ်နှစ်ကျော်က ၎င်း၏အလုပ်ရှင်က သူအပါအဝင် ရွာသား ၄၀ ဦးခန့်ကို ပုဂံ၊ ညောင်ဦးသို့ ဘုရားဖူးလိုက်ပို့စဉ်ကတည်းက ထိုအလှူကို စိတ်ထဲကျိတ်၍ သဘောကျနေခဲ့ခြင်း ဖြစ်သည်။
‘‘ကျွန်တော် ထီထိုးကတည်း ကိုကလည်း ပေါက်ရင် တစ်ရွာ လုံးကို လိုက်ပို့မယ် ရည်ရွယ်ပြီး သားဗျ။ သူဌေးကိုလည်း အခု ကျွန်တော် ပြောလိုက်ပြီ။ ဒီနှစ် တော့ ကျွန်တော်ပို့ပေးပါရစေလို့’’ ဟု ဦးအေးထွန်းက တက်ကြွစွာ ပြောသည်။
ကျပ်သိန်းတစ်သောင်း အ မြင့်ဆုံးဆုငွေအဖြစ် ဖွင့်လှစ်သည့် ကျပ် ၅၀ဝ တန် ထီ၏ (၁)ကြိမ်မြောက်ကို ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှ အိမ်ဆောက်ပစ္စည်း အရောင်းဆိုင်ပိုင်ရှင် ဦးစံရွှေခိုင်က ဆွတ်ခူးခဲ့သည်။ ထီလက်မှတ် သိန်း ၃၀ဝ ကျော် ရှိသည့်အထဲမှ ထီတစ်စောင်သာ ကျပ်သိန်းတစ် သောင်းဆုကို ကံထူးနိုင်၍ ထီဆုကြီး ကံထူးနိုင်ရန် ခက်ခဲလှ သည်။
ကျပ်သိန်းတစ်သောင်း ကံ ထူးရှင် ဦးအေးထွန်းကတော့ မေ လ ၁ ရက်ကစ၍ သူ့ဘဝရှေ့ရေး မည်သို့ဖြတ်သန်းရမည်ကို မိသား စုနှင့် တိုင်ပင်၍ အိပ်မက်များ ပုံ ဖော်ခွင့်ရသွားလေပြီ။
သန်းကြွယ်သူဌေး ဖြစ်သွား သောကြောင့် နှစ်ပေါင်း ၂၀ ကျော်လုပ်ကိုင်လာသည့် စက်လှေ မောင်းသမားအလုပ်ကို သူ့အနေ ဖြင့် စွန့်လွှတ်ရတော့ပေမည်။
‘‘သူဌေးကလည်း ကျွန်တော့် ကို ပေးမမောင်းတော့ဘူး’’ဟု ဦး အေးထွန်းက ပြောသည်။
‘‘ဒီစက်လှေက စဝယ်က တည်းက ကျွန်တော်မောင်းလာခဲ့ တာဆိုတော့ ခွဲရမှာ စိတ်မကောင်း ဘူး။ ကျွန်တော့်လုပ်ဖော်ကိုင်ဖက် ဖြစ်သလို ကျေးဇူးရှင်ဆိုလည်း ဟုတ်တယ်လေ’’ဟု ဖြည်းဖြည်း လေးလေးပြောသည်။ အပြာရောင်ဆေးခြယ်ထား သည့် စက်လှေနှင့် နေ့စဉ်ထိတွေ့ လုပ်ကိုင်နေခဲ့သော သူ့အနေဖြင့် နေအိမ်၏မျက်နှာစာဝါးခြမ်းပြား၊ ဘုရားစင်ဘောင်နှင့် သောက်ရေ အိုးစင်တန်းတို့ကိုပါ ယင်းအ ရောင်ကို သင်္ဘောဆေးဖြင့် သုတ် လိမ်းထားခြင်းဖြင့် မည်မျှစွဲလမ်း သံယောဇဉ်ကြီးသည်ကို မြင်သာ စေသည်။
‘‘ဒီစက်လှေကို ဓာတ်ပုံရိုက်၊ ပန်းချီပြန်ဆွဲပြီး ဘောင်ခတ်သိမ်း ထားဖို့ ကျွန်တော်ဆုံးဖြတ်ထား တယ်’’

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...