သူနဲ႔လိင္ဆက္ဆံခုိင္းၿပီး အမွတ္မ်ားေအာင္ လုပ္ေပးမယ္လို႔ ကတိျပဳခဲ့တဲ့ ေက်ာင္းဆရာ

 ေက်ာင္းဆရာဟာ အသက္(၁၆)ႏွစ္သာ ရွိေသးတဲ့ ေက်ာင္းသူတစ္ဦးကို သူနဲ႔လိင္ဆက္ဆံေပးမယ္ဆုိရင္ အမွတ္ေကာင္းေအာင္ လုပ္ေပးမယ္ဆိုၿပီး အလဲအလွယ္ လုပ္ခဲ့ၾကတယ္လို႔ သိရပါတယ္

အသက္(၃၄)ႏွစ္အရြယ္ James Lester Quigley လို႔ေခၚတဲ့ Texas ေျမာက္ပိုင္း၊ Richardson အထက္တန္းေက်ာင္းက ေက်ာင္းဆရာဟာ အသက္(၁၆)ႏွစ္သာ ရွိေသးတဲ့ ေက်ာင္းသူတစ္ဦးကို သူနဲ႔လိင္ဆက္ဆံေပးမယ္ဆုိရင္ အမွတ္ေကာင္းေအာင္ လုပ္ေပးမယ္ဆိုၿပီး အလဲအလွယ္ လုပ္ခဲ့ၾကတယ္လို႔ သိရပါတယ္။ ဒီလို ေျပာဆုိခဲ့တာေတြကိုလည္း အဲ့ဒီေက်ာင္းမွာပဲ ေက်ာင္းဆရာမအျဖစ္ တာ၀န္ထမ္းေဆာင္ေနတဲ့ သူ႕အမ်ိဳးသမီး မသိေအာင္ လွ်ိဳ႕၀ွက္ေပးထားရမယ္ဆိုၿပီးေတာ့လည္း ေက်ာင္းသူကို ေျပာခဲ့ပါတယ္။

ေထာင္ဒဏ္မခ်မွတ္ရေသးခင္ စံုစမ္းစစ္ေဆးခ်က္ေတြအရ အသက္(၁၆)ႏွစ္အရြယ္ ေက်ာင္းသူဟာ သူ႔ရဲ႕အဂၤလိပ္ဆရာနဲ႔ ခုလို ျပဳလုပ္ဖုိ႔ စာခ်ဳပ္ခ်ဳပ္ခဲ့တယ္လို႔ သိရၿပီး စာခ်ဳပ္ခ်ဳပ္တဲ့ ကာလဟာ ေမလ (၁)ရက္ေန႔ကေန ဇြန္ (၃၀)ရက္ေန႔အတြင္း ျဖစ္တယ္လုိ႔ ဆုိပါတယ္။ သူမဆီက ဖုန္းနံပါတ္ရယူၿပီး ဖုန္းကတစ္ဆင့္ message ေတြ ပို႔ေနခဲ့ၿပီး မသင့္ေတာ္တဲ့ အျပဳအမူတစ္ခ်ိဳ႕ကိုလည္း တစ္ျခားသူေတြ မျမင္ေအာင္ သူမကို လုပ္ျပဖူးတာေတြ ရွိတယ္လို႔ ဆုိပါတယ္။

ထပ္မံစစ္ေဆးခ်က္ေတြအရေတာ့ Quigley နဲ႔ ေက်ာင္းသူဟာ ႏွစ္ႀကိမ္တိုင္တိုင္ လိင္ဆက္ဆံခဲ့ၾကတယ္လုိ႔ သိရၿပီး ခုအခါမွာေတာ့ Quigley ကို ေထာင္ဒဏ္ အႏွစ္ (၂၀)က်ခံဖုိ႔ ခ်မွတ္ခံလိုက္ရၿပီပဲ ျဖစ္ပါတယ္။

Ref:cosmopolitan.com
အသက်(၃၄)နှစ်အရွယ် James Lester Quigley လို့ခေါ်တဲ့ Texas မြောက်ပိုင်း၊ Richardson အထက်တန်းကျောင်းက ကျောင်းဆရာဟာ အသက်(၁၆)နှစ်သာ ရှိသေးတဲ့ ကျောင်းသူတစ်ဦးကို သူနဲ့လိင်ဆက်ဆံပေးမယ်ဆိုရင် အမှတ်ကောင်းအောင် လုပ်ပေးမယ်ဆိုပြီး အလဲအလှယ် လုပ်ခဲ့ကြတယ်လို့ သိရပါတယ်။ ဒီလို ပြောဆိုခဲ့တာတွေကိုလည်း အဲ့ဒီကျောင်းမှာပဲ ကျောင်းဆရာမအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ သူ့အမျိုးသမီး မသိအောင် လျှို့ဝှက်ပေးထားရမယ်ဆိုပြီးတော့လည်း ကျောင်းသူကို ပြောခဲ့ပါတယ်။

ထောင်ဒဏ်မချမှတ်ရသေးခင် စုံစမ်းစစ်ဆေးချက်တွေအရ အသက်(၁၆)နှစ်အရွယ် ကျောင်းသူဟာ သူ့ရဲ့အင်္ဂလိပ်ဆရာနဲ့ ခုလို ပြုလုပ်ဖို့ စာချုပ်ချုပ်ခဲ့တယ်လို့ သိရပြီး စာချုပ်ချုပ်တဲ့ ကာလဟာ မေလ (၁)ရက်နေ့ကနေ ဇွန် (၃၀)ရက်နေ့အတွင်း ဖြစ်တယ်လို့ ဆိုပါတယ်။ သူမဆီက ဖုန်းနံပါတ်ရယူပြီး ဖုန်းကတစ်ဆင့် message တွေ ပို့နေခဲ့ပြီး မသင့်တော်တဲ့ အပြုအမူတစ်ချို့ကိုလည်း တစ်ခြားသူတွေ မမြင်အောင် သူမကို လုပ်ပြဖူးတာတွေ ရှိတယ်လို့ ဆိုပါတယ်။

ထပ်မံစစ်ဆေးချက်တွေအရတော့ Quigley နဲ့ ကျောင်းသူဟာ နှစ်ကြိမ်တိုင်တိုင် လိင်ဆက်ဆံခဲ့ကြတယ်လို့ သိရပြီး ခုအခါမှာတော့ Quigley ကို ထောင်ဒဏ် အနှစ် (၂၀)ကျခံဖို့ ချမှတ်ခံလိုက်ရပြီပဲ ဖြစ်ပါတယ်။


Ref:cosmopolitan.com

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...