အသိေနာက္က်၍ အသက္ေပးလိုက္ရတဲ့ ကေလးတစ္ေယာက္ရဲ႕ေၾကကြဲဖြယ္ ျဖစ္ရပ္မွန္


အလုပ္မွျပန္လာေသာ အေဖဆီသို႔ အေျပးအလြားေျပးျပီး အိတ္ကိုဆြဲ၍ ၾကိဳလာေသာ သမီးကို ၾကည့္ကာ ျမ တစ္ေယာက္ ျပံဳးေနမိသည္…၅ ႏွစ္ေက်ာ္ ၆ ႏွစ္အရြယ္ ေရာက္ေနတဲ့ တီတီတာတာစကားေတြေျပာတတ္တဲ့ သမီးေလးေၾကာင့္ ျမတို႔ မိသားစုဘ၀ကေလးက ပိုျပီး သာယာစိုေျပေနရပါတယ္…။ခုလည္း အေဖျပန္လာတာကို ၾကိဳျပီး စကားေတြေပါက္ေပါက္ေဖာက္လာပါတယ္။“ေဖေဖ အလုပ္ကျပန္လာတာ ပိုက္ဆံေတြဘယ္ေလာက္ပါလာလဲ”အေဖျဖစ္သူက “ဒီေန႔ေတာ့ ေဖေဖ ပိုက္ဆံပါမလာဘူး သမီးရယ္.” ဟုဆိုလိုက္ေတာ့“ဟာေဖေဖကလည္း ဒါမရွိရင္ ဒါလုပ္လို႔မရဘူးေလ ဟုဆိုကာ လက္ကေလး၀ိုင္းျပျပီး ထမင္းစားဟန္ေလးလုပ္ျပေနေတာ့ အေဖျဖစ္သူကက သေဘာက်စြာ ရယ္ေမာေနေလရဲ႕ေလ…ထို႔ေနာက္ အေဖ့အိတ္ကို အစအဆံုးႏႈိက္ျပီး ရွာေဖြေရးဆင္းပါေတာ့တယ္… ဇစ္ဆြဲအိတ္ေလးထဲမွာ ထည့္ထားတ ဲ့ပိုက္ဆံေလးေတြေတြ႔ေတာ့ …“ဟား ဟား ေဖေဖညာတယ္” ဟုဆိုကာ ၂၀၀ တန္တစ္ရြက္ ဆြဲထုတ္ျပီး “ဒါ မီးမီးအတြက္”ဟုဆိုကာ အိမ္ေရွ႔ေစ်းဆိုင္ဆီသို႔ေျပးပါေတာ့တယ္..။ေစ်းဆိုင္ကျပန္လာတဲ့အခါ မုန္႔တစ္ထုတ္နဲ႔ ျခင္ေဆးေခြ တစ္ေခြ၀ယ္လာတာေတြ႔ေတာ့..အေမျဖစ္သူက ျမက “သမီးေလး ျခင္ေဆးေခြက ဘာလုပ္ဖို႔တုန္း”“အိမ္မွာျခင္ေဆးေခြကုန္ေနျပီေလေမေမ… ညက်ေဖေဖဘုရားရွိခိုးရင္ ျခင္ေဆးေခြမရွိေတာ့ ျခင္ေတြကိုက္မွာစိုးလို႔ ၀ယ္လာတာ” ဟုဆိုကာ သြားေလးျဖီးျပေနေတာ့.. “အမေလး ငါ့သမီးေလးက သိတတ္လိုက္တာ” ဟုဆိုကာ ျမ နဲ႔ ေမာင္ သမီးေလးကို ေပြ႔ဖက ္ကာ ပါးႏွစ္ဖက္ကို စံုျပိဳင္နမ္းလိုက္မိပါေတာ့တယ္..ေနာက္ေန႔ သမီးေလးကို ေက်ာင္းသြားၾကိဳျပီး ေရမိုးခ်ိဳး အ၀တ္အစားလဲေပးကာ ျမ မီးဖိုေခ်ာင္ဘက္သို႔ ၀င္လာခဲ့ပါတယ္..။
“သမီးေရ…ေမေမ ညစာခ်က္အံုးမယ္ေနာ္.. သမီးေဆာ့ခ်င္ သူငယ္ခ်င္းေတြနဲ႔သြားေဆာ့ေလ”“ေဆာ့ေသးပါဘူးေမေမ ေမေမ့ကို ၾကက္သြန္ကူခြာေပးမယ္ေနာ္” ဟုဆိုကာ အေမ့မီးဖိုေခ်ာင္ထဲ လိုက္ရႈပ္ပါေတာ့တယ္…“ေမေမ သမီးကို တိရိစၦာန္ရံုလိုက္ပို႔အံုးေနာ္.. ေဖေဖကလည္းလိုက္ပို႔မယ္ဆိုျပီး သမီးကိုလိုက္မပို႔ဘူး”ဟု ဆိုကာ ႏူတ္ခမ္းေလးဆူျပီးေျပာေနရွာေတာ့ “ေအာ္ သမီးရယ္… ေဖေဖက ဒီလကုန္ရင္လိုက္ပို႔မယ္လို႔ သမီးေလးကို ေျပာထားတယ္ေလ… အျပင္သြားရင္သံုးဖို႔ ေဖေဖက ပိုက္ဆံေတြရွာရေသးတယ္ေလ” ဟုဆိုေတာ့မွ သမီးမ်က္ႏွာမွာ အျပံဳးေလးကို လွစ္ကနဲ ေတြ႔လိုက္ရပါတယ္..။
ခဏေနေတာ့ အေမနားကပ္ျပီး “ေမေမ သမီးေခါင္းမူးေနတယ္” လို႔ဆိုေတာ့ ျမ သမီးေလးနဖူးကို စမ္းၾကည့္လိုက္ပါတယ္… “ဟင္… ကိုယ္ပူေနတာပဲ …ေဆးခန္းသြားမယ္ေနာ္ သမီး”..ဆိုျပီး အနားကေဆးခန္းကိုသြားျပခဲ့ပါတယ္..။ေဆးခန္းက ပိတ္ထားတာနဲ႔ ေဆးဆိုင္က ပါရာစီတေမာ့ တစ္လံုး၀ယ္တိုက္လိုက္ေတာ့ အေဖျပန္လာတာေတာင္မေစာင့္ႏိုင္ပဲ အိပ္ေပ်ာ္သြားရွာပါတယ္…။ေနာက္ေန႔လည္း ကိုယ္ေႏြးေႏြးေလးျဖစ္ေနတာေၾကာင့္ ေဆးခန္းသြားခဲ့ပါတယ္..။ ေဆးခန္းက ရိုးရိုးဖ်ားတာ ဆိုျပီး ကေလးအတြက္ ၃ ရက္စာ ေသာက္ေဆးေလး ေတြသာေပးလိုက္ပါတယ္… ၃ ရက္ေျမာက္ေတာ့လည္း ကေလး က ကိုယ္ပူမက်တာနဲ႔ ေဆးခန္းကိုေနာက္တစ္ၾကိမ္ျပန္သြားျပခ့ဲပါတယ္..ထိုတစ္ၾကိမ္မွ ေသြးလြန္တုတ္ေကြးလကၡဏာ ေတြ႔တယ္ဆိုျပီး ေဆးခန္းက ေဆးရံုကို ေျပးခိုင္းပါေတာ့တယ္…။ေဆးရံုေရာက္ေတာ့ သမီးက စကားေတာင္ သိပ္မေျပာႏိုင္ေတာ့ပဲ ႏံုးခ်ိခ်ိျဖစ္ေနပါျပီ…။ဆရာ၀န္ ဆရာမေတြလည္း ျပာယာခတ္လို႔ သမီးနားမွာေရာက္ရက္ခက္ေနပါခဲ့ပါတယ္။ျမတို႔ လင္မယားႏွစ္ေယာက္ကလည္း ဘာမွသိပ္နားမလည္ေတာ့ ဆရာ၀န္ေတြ ျပာယာခတ္ေနတာၾကည့္ျပီး သမီးအတြက္ စိုးရိမ္စိတ္ေတြသာမ်ားေနခဲ့ပါတယ္..။အနီးမွ နက္စ့္ ဆရာမေလးလက္ကိုလွမ္းကိုင္လိုက္ျပီး “ဆရာမ သမီးေလးေတာ္ေတာ္စိုးရိမ္ရလား” ေမးေတာ့ ဆရာမက “အရမ္းစိတ္မပူပါနဲ႔ ကြ်န္မတို႔ အတက္ႏိုင္ဆံုး အေကာင္းဆုံးကုမွာပါ ကေလးကေဆးရံုေရာက္တာ နည္းနည္းေနာက္က် တယ္”လို႔ ဆိုျပီး ျမ နားက ထြက္သြားခဲ့ပါတယ္..။
“ဘုရား ဘုရား သမီးေလးဘာမွ မျဖစ္ပါေစနဲ႔” ဟုဆိုကာ ျမ ဘုရားစာေတြသာ တတြတ္တြတ္ ရြတ္ေနခဲ့ပါတယ္..။ေနာက္တစ္ေန႔မွာေတာ့ သမီးေလးကို ပိုက္ေတြစခ်ိတ္ပါတယ္.. ႏွာေခါင္းထဲလဲ ပိုက္ေတြထည့္လို႔ သမီးက ပထမေတာ့ ရုန္းရွာပါတယ္..။ ေနာက္ေတာ့လည္း သိပ္အားမရွိေတာ့တာေၾကာင့္ ျငိမ္သြားပါတယ္…။ေနာက္ေန႔ေတြလည္း သမီးေလးမ်က္ႏွာက လန္းလို႔မလာဘဲ တျဖည္းျဖည္းႏြမ္း၍ ႏြမ္း၍သာ ေနပါေတာ့တယ္…။ ျမတို႔လင္မယားႏွစ္ေယာက္ေတာ့ သမီးနားကတစ္ဖ၀ါးမွမခြာႏိုင္ သမီးေလးအတြက္ စိုးရိမ္ပူပန္ျပီး ျမတစ္ေယာက္ မစားႏိုင္မအိပ္ႏိုင္ျဖစ္ခဲ့ရပါတယ္ ။ ေဆးရံုက ဆရာ၀န္ ဆရာမေတြက သမီးေလးကို စိုးရိမ္ရတာထက္ ျမ က်န္းမာေရးအတြက္လည္း ဂရုစိုက္ဖို႔ သတိေပးခဲ့ၾကပါတယ္။ဒီလိုနဲ႔ ၃ ရက္ ၄ ရက္ မွ ၉ ရက္ ၁၀ ရက္ေျမာက္ေန႔သို႔ ေရာက္လာခဲ့ပါတယ္… သမီးကေတာ့ မသက္သာတဲ့အျပင္ ဆီးေတာင္ မသြားႏိုင္ေတာ့ပါဘူး..။ဆီးမသြားႏိုင္ေတာ့တာေၾကာင့္ ဗိုက္ကို တစ္ခါေဖာက္ျပီး ဆီးပိုက္သြယ္ရျပန္ပါတယ္.. ျမ သမီးကို မၾကည့္ရက္ေတာ့ပါ..သမီးေလးတစ္ကိုယ္လံုး အပ္ရာေတြ ပိုက္တန္းလန္းေတြ နဲ႔ ေတြ႔ရတာ ျမ တစ္ေယာက္ ရင္နာလို႔မဆံုးႏိုင္ပါ.. သမီးေနရာမွာ အစား၀င္လုိ႔ရရင္ ျမ၀င္သာေပးလိုက္ခ်င္ပါေတာ့တယ္..။၁၀ ရက္ေျမာက္တဲ့ေန႔မွာပဲ အမ်ိဳးသားျဖစ္သူက “ျမေရ ဒီတစ္ညေတာ့ ျပန္နားလိုက္ပါကြာ.. ျမလည္း အရမ္းပင္ပန္းေနျပီ သမီးကို ဒီတစ္ညေတာ့ ျမ အစ္မကို ေစာင့္ခိုင္းလိုက္ေလေနာ္..ျမက်န္းမာေရးမေကာင္းရင္ သမီးကို ေရရွည္ ဘယ္လိုေစာင့္ၾကည့္မလဲ” ဟု ဆိုေတာ့ ျမအားတင္းျပီး အိမ္ကို တစ္ညျပန္နားလိုက္ပါတယ္..။ အိမ္ကို ျပန္မနားခင္ လင္မယားႏွစ္ေယာက္ သမီးအတြက္ ယၾတာေတြေျခေပးရင္း ဘုရားမွာ သြားဆုေတာင္းခဲ့ပါတယ္..။ ညဘက္လည္း အိပ္မေပ်ာ္ႏိုင္ဘဲ အစ္မျဖစ္သူကို ဖုန္းတစ္ခ်ိန္လံုးဆက္ေနခဲ့ ျပီး ျမစိတ္က သမီးနားမွာပဲ ေရာက္ေနခဲ့ပါတယ္..။ေမွးခနဲ တစ္ေရးအိပ္ေပ်ာ္သြားေတာ့ အိပ္မက္ထဲ သမီးေလးေရာက္လာခဲ့ျပီး “ေမေမ သမီးအတြက္ စိတ္မပူနဲ႔ေနာ္.. ေမေမေနေကာင္းေအာင္သာေန” ဆိုျပီးလာေျပာေတာ့ ျမ အိပ္ေနရာမွ လန္႔ႏိူးလာခဲ့ပါတယ္။ဒါနဲ႔ မိုးမလင္းခင္ ျမတို႔ လင္မယားႏွစ္ေယာက္ ေဆးရံုကို အေစာၾကီးထေျပးလာခဲ့တယ္… သမီးေလး က အဲ့ဒီေန႔မွ မ်က္လံုးေလး မဖြင့္ႏိုင္ဖြင့္ႏိုင္ဖြင့္ျပီး အေမကို စကားေျပာေနရွာပါတယ္..။“ေဖေဖေကာ ဟင္ေမေမ .. ဒီေန႔သမီးနားမွာပဲေနေပးပါေနာ္ဆိုျပီး ေလသံေလးနဲ႔ေျပာေနေတာ့ ျမတစ္ေယာက္ မ်က္ရည္ေတြမထိန္းႏိုင္ျဖစ္ခဲ့ရပါတယ္။“သမီးဘာမွ စိတ္မပူနဲ႔ေနာ္.. ေဖေဖနဲ႔ ေမေမ သမီးနားမွာပဲေနမယ္” လို႔ဆိုလိုက္မွ ေခါင္းေလးအသာညိတ္ကာ မ်က္လံုးေလး ျပန္မွိတ္သြားပါတယ္..။ေန႔လည္ ဆရာ၀န္ဆရာမေတြ သမီးေလးကိုလာစစ္ေဆးေတာ့ ဆရာ၀န္ေတာ့ မ်က္ႏွာမေကာင္းေတာ့ပါဘူး..။ သမီးေလး ႏွာေခါင္းထဲမွလည္း ေသြးမ်ားစို႔ထြက္ေနပါတယ္…။ ႏူတ္ခမ္းေလးေတြကလည္းေျခာက္လို႔.. ႏူတ္ခမ္းသားေတြကြဲအက္ျပီး ႏူတ္ခမ္းမွာလည္း ေသြးေလးေတြ စို႔ေနပါတယ္..။အဲ့ဒီ့ေန႔သမီးေလး ျမကို စကားေျပာခဲ့တာ ေနာက္ဆံုးပါပဲ… ေနာက္ရက္ေတြ သမီးေလးရဲ႕ လႈပ္ရွားမႈကို ျမတို႔မေတြ႔ရေတာ့ပါဘူး..။ ေနာက္တစ္ရက္ညေနမွာပဲ သမီးေလးက ျမတို႔ဘ၀ထဲက အျပီးတိုင္ႏူတ္ဆက္ ထြက္ခြာသြားခဲ့ပါတယ္..။ခုေတာ့ ဒီလကုန္ရင္လိုက္ပို႔ေပးပါမယ္ဆိုတဲ့ တိရိစၦာန္ရံုလည္း သမီးေလးကို လိုက္မပို႔ႏိုင္ေတာ့ဘူး…။ တကယ္ဆို ျမ ေပါ့ဆမႈေၾကာင့္ ပါ … သမီးေလး ေနမေကာင္းျဖစ္တယ္ဆိုကတည္း က ေဆးရံုကိုတန္းလာခဲ့သင့္တာ … ျမ ယူက်ဳံးမရျဖစ္ခဲ့ရပါသည္။ အသည္းကြဲမတက္ခ်စ္ခဲ့ရတဲ့ သမီးေလး ျမ တစ္ခ်က္ သတိေလ်ာ့မႈေၾကာင့္ အသက္ေပးလိုက္ရတယ္လို႔ပဲ ျမ ခုခ်ိန္ထိ သတ္မွတ္ေနဆဲပါ…။သားသမီးရွိတဲ့မိဘတိုင္း ျမ လို ခံစားရမႈမွ ကင္းေ၀းပါေစလို႔ ဆုေတာင္းေပးရင္း….မိသားစုနဲ႔ပတ္သတ္ျပီး ေၾကကြဲဖြယ္ျဖစ္ရပ္မ်ိဳးၾကံဳေတြ႔ဖူးပါသလား
Credit -momolay
အလုပ်မှပြန်လာသော အဖေဆီသို့ အပြေးအလွားပြေးပြီး အိတ်ကိုဆွဲ၍ ကြိုလာသော သမီးကို ကြည့်ကာ မြ တစ်ယောက် ပြုံးနေမိသည်…၅ နှစ်ကျော် ၆ နှစ်အရွယ် ရောက်နေတဲ့ တီတီတာတာစကားတွေပြောတတ်တဲ့ သမီးလေးကြောင့် မြတို့ မိသားစုဘဝကလေးက ပိုပြီး သာယာစိုပြေနေရပါတယ်…။ခုလည်း အဖေပြန်လာတာကို ကြိုပြီး စကားတွေပေါက်ပေါက်ဖောက်လာပါတယ်။“ဖေဖေ အလုပ်ကပြန်လာတာ ပိုက်ဆံတွေဘယ်လောက်ပါလာလဲ”အဖေဖြစ်သူက “ဒီနေ့တော့ ဖေဖေ ပိုက်ဆံပါမလာဘူး သမီးရယ်.” ဟုဆိုလိုက်တော့“ဟာဖေဖေကလည်း ဒါမရှိရင် ဒါလုပ်လို့မရဘူးလေ ဟုဆိုကာ လက်ကလေးဝိုင်းပြပြီး ထမင်းစားဟန်လေးလုပ်ပြနေတော့ အဖေဖြစ်သူကက သဘောကျစွာ ရယ်မောနေလေရဲ့လေ…ထို့နောက် အဖေ့အိတ်ကို အစအဆုံးနှိုက်ပြီး ရှာဖွေရေးဆင်းပါတော့တယ်… ဇစ်ဆွဲအိတ်လေးထဲမှာ ထည့်ထားတ ဲ့ပိုက်ဆံလေးတွေတွေ့တော့ …“ဟား ဟား ဖေဖေညာတယ်” ဟုဆိုကာ ၂၀ဝ တန်တစ်ရွက် ဆွဲထုတ်ပြီး “ဒါ မီးမီးအတွက်”ဟုဆိုကာ အိမ်ရှေ့ဈေးဆိုင်ဆီသို့ပြေးပါတော့တယ်..။ဈေးဆိုင်ကပြန်လာတဲ့အခါ မုန့်တစ်ထုတ်နဲ့ ခြင်ဆေးခွေ တစ်ခွေဝယ်လာတာတွေ့တော့..အမေဖြစ်သူက မြက “သမီးလေး ခြင်ဆေးခွေက ဘာလုပ်ဖို့တုန်း”“အိမ်မှာခြင်ဆေးခွေကုန်နေပြီလေမေမေ… ညကျဖေဖေဘုရားရှိခိုးရင် ခြင်ဆေးခွေမရှိတော့ ခြင်တွေကိုက်မှာစိုးလို့ ဝယ်လာတာ” ဟုဆိုကာ သွားလေးဖြီးပြနေတော့.. “အမလေး ငါ့သမီးလေးက သိတတ်လိုက်တာ” ဟုဆိုကာ မြ နဲ့ မောင် သမီးလေးကို ပွေ့ဖက ်ကာ ပါးနှစ်ဖက်ကို စုံပြိုင်နမ်းလိုက်မိပါတော့တယ်..နောက်နေ့ သမီးလေးကို ကျောင်းသွားကြိုပြီး ရေမိုးချိုး အဝတ်အစားလဲပေးကာ မြ မီးဖိုချောင်ဘက်သို့ ဝင်လာခဲ့ပါတယ်..။
“သမီးရေ…မေမေ ညစာချက်အုံးမယ်နော်.. သမီးဆော့ချင် သူငယ်ချင်းတွေနဲ့သွားဆော့လေ”“ဆော့သေးပါဘူးမေမေ မေမေ့ကို ကြက်သွန်ကူခွာပေးမယ်နော်” ဟုဆိုကာ အမေ့မီးဖိုချောင်ထဲ လိုက်ရှုပ်ပါတော့တယ်…“မေမေ သမီးကို တိရိစ္ဆာန်ရုံလိုက်ပို့အုံးနော်.. ဖေဖေကလည်းလိုက်ပို့မယ်ဆိုပြီး သမီးကိုလိုက်မပို့ဘူး”ဟု ဆိုကာ နူတ်ခမ်းလေးဆူပြီးပြောနေရှာတော့ “အော် သမီးရယ်… ဖေဖေက ဒီလကုန်ရင်လိုက်ပို့မယ်လို့ သမီးလေးကို ပြောထားတယ်လေ… အပြင်သွားရင်သုံးဖို့ ဖေဖေက ပိုက်ဆံတွေရှာရသေးတယ်လေ” ဟုဆိုတော့မှ သမီးမျက်နှာမှာ အပြုံးလေးကို လှစ်ကနဲ တွေ့လိုက်ရပါတယ်..။
ခဏနေတော့ အမေနားကပ်ပြီး “မေမေ သမီးခေါင်းမူးနေတယ်” လို့ဆိုတော့ မြ သမီးလေးနဖူးကို စမ်းကြည့်လိုက်ပါတယ်… “ဟင်… ကိုယ်ပူနေတာပဲ …ဆေးခန်းသွားမယ်နော် သမီး”..ဆိုပြီး အနားကဆေးခန်းကိုသွားပြခဲ့ပါတယ်..။ဆေးခန်းက ပိတ်ထားတာနဲ့ ဆေးဆိုင်က ပါရာစီတမော့ တစ်လုံးဝယ်တိုက်လိုက်တော့ အဖေပြန်လာတာတောင်မစောင့်နိုင်ပဲ အိပ်ပျော်သွားရှာပါတယ်…။နောက်နေ့လည်း ကိုယ်နွေးနွေးလေးဖြစ်နေတာကြောင့် ဆေးခန်းသွားခဲ့ပါတယ်..။ ဆေးခန်းက ရိုးရိုးဖျားတာ ဆိုပြီး ကလေးအတွက် ၃ ရက်စာ သောက်ဆေးလေး တွေသာပေးလိုက်ပါတယ်… ၃ ရက်မြောက်တော့လည်း ကလေး က ကိုယ်ပူမကျတာနဲ့ ဆေးခန်းကိုနောက်တစ်ကြိမ်ပြန်သွားပြခဲ့ပါတယ်..ထိုတစ်ကြိမ်မှ သွေးလွန်တုတ်ကွေးလက္ခဏာ တွေ့တယ်ဆိုပြီး ဆေးခန်းက ဆေးရုံကို ပြေးခိုင်းပါတော့တယ်…။ဆေးရုံရောက်တော့ သမီးက စကားတောင် သိပ်မပြောနိုင်တော့ပဲ နုံးချိချိဖြစ်နေပါပြီ…။ဆရာဝန် ဆရာမတွေလည်း ပြာယာခတ်လို့ သမီးနားမှာရောက်ရက်ခက်နေပါခဲ့ပါတယ်။မြတို့ လင်မယားနှစ်ယောက်ကလည်း ဘာမှသိပ်နားမလည်တော့ ဆရာဝန်တွေ ပြာယာခတ်နေတာကြည့်ပြီး သမီးအတွက် စိုးရိမ်စိတ်တွေသာများနေခဲ့ပါတယ်..။အနီးမှ နက်စ့် ဆရာမလေးလက်ကိုလှမ်းကိုင်လိုက်ပြီး “ဆရာမ သမီးလေးတော်တော်စိုးရိမ်ရလား” မေးတော့ ဆရာမက “အရမ်းစိတ်မပူပါနဲ့ ကျွန်မတို့ အတက်နိုင်ဆုံး အကောင်းဆုံးကုမှာပါ ကလေးကဆေးရုံရောက်တာ နည်းနည်းနောက်ကျ တယ်”လို့ ဆိုပြီး မြ နားက ထွက်သွားခဲ့ပါတယ်..။
“ဘုရား ဘုရား သမီးလေးဘာမှ မဖြစ်ပါစေနဲ့” ဟုဆိုကာ မြ ဘုရားစာတွေသာ တတွတ်တွတ် ရွတ်နေခဲ့ပါတယ်..။နောက်တစ်နေ့မှာတော့ သမီးလေးကို ပိုက်တွေစချိတ်ပါတယ်.. နှာခေါင်းထဲလဲ ပိုက်တွေထည့်လို့ သမီးက ပထမတော့ ရုန်းရှာပါတယ်..။ နောက်တော့လည်း သိပ်အားမရှိတော့တာကြောင့် ငြိမ်သွားပါတယ်…။နောက်နေ့တွေလည်း သမီးလေးမျက်နှာက လန်းလို့မလာဘဲ တဖြည်းဖြည်းနွမ်း၍ နွမ်း၍သာ နေပါတော့တယ်…။ မြတို့လင်မယားနှစ်ယောက်တော့ သမီးနားကတစ်ဖဝါးမှမခွာနိုင် သမီးလေးအတွက် စိုးရိမ်ပူပန်ပြီး မြတစ်ယောက် မစားနိုင်မအိပ်နိုင်ဖြစ်ခဲ့ရပါတယ် ။ ဆေးရုံက ဆရာဝန် ဆရာမတွေက သမီးလေးကို စိုးရိမ်ရတာထက် မြ ကျန်းမာရေးအတွက်လည်း ဂရုစိုက်ဖို့ သတိပေးခဲ့ကြပါတယ်။ဒီလိုနဲ့ ၃ ရက် ၄ ရက် မှ ၉ ရက် ၁၀ ရက်မြောက်နေ့သို့ ရောက်လာခဲ့ပါတယ်… သမီးကတော့ မသက်သာတဲ့အပြင် ဆီးတောင် မသွားနိုင်တော့ပါဘူး..။ဆီးမသွားနိုင်တော့တာကြောင့် ဗိုက်ကို တစ်ခါဖောက်ပြီး ဆီးပိုက်သွယ်ရပြန်ပါတယ်.. မြ သမီးကို မကြည့်ရက်တော့ပါ..သမီးလေးတစ်ကိုယ်လုံး အပ်ရာတွေ ပိုက်တန်းလန်းတွေ နဲ့ တွေ့ရတာ မြ တစ်ယောက် ရင်နာလို့မဆုံးနိုင်ပါ.. သမီးနေရာမှာ အစားဝင်လို့ရရင် မြဝင်သာပေးလိုက်ချင်ပါတော့တယ်..။၁၀ ရက်မြောက်တဲ့နေ့မှာပဲ အမျိုးသားဖြစ်သူက “မြရေ ဒီတစ်ညတော့ ပြန်နားလိုက်ပါကွာ.. မြလည်း အရမ်းပင်ပန်းနေပြီ သမီးကို ဒီတစ်ညတော့ မြ အစ်မကို စောင့်ခိုင်းလိုက်လေနော်..မြကျန်းမာရေးမကောင်းရင် သမီးကို ရေရှည် ဘယ်လိုစောင့်ကြည့်မလဲ” ဟု ဆိုတော့ မြအားတင်းပြီး အိမ်ကို တစ်ညပြန်နားလိုက်ပါတယ်..။ အိမ်ကို ပြန်မနားခင် လင်မယားနှစ်ယောက် သမီးအတွက် ယတြာတွေခြေပေးရင်း ဘုရားမှာ သွားဆုတောင်းခဲ့ပါတယ်..။ ညဘက်လည်း အိပ်မပျော်နိုင်ဘဲ အစ်မဖြစ်သူကို ဖုန်းတစ်ချိန်လုံးဆက်နေခဲ့ ပြီး မြစိတ်က သမီးနားမှာပဲ ရောက်နေခဲ့ပါတယ်..။မှေးခနဲ တစ်ရေးအိပ်ပျော်သွားတော့ အိပ်မက်ထဲ သမီးလေးရောက်လာခဲ့ပြီး “မေမေ သမီးအတွက် စိတ်မပူနဲ့နော်.. မေမေနေကောင်းအောင်သာနေ” ဆိုပြီးလာပြောတော့ မြ အိပ်နေရာမှ လန့်နိူးလာခဲ့ပါတယ်။ဒါနဲ့ မိုးမလင်းခင် မြတို့ လင်မယားနှစ်ယောက် ဆေးရုံကို အစောကြီးထပြေးလာခဲ့တယ်… သမီးလေး က အဲ့ဒီနေ့မှ မျက်လုံးလေး မဖွင့်နိုင်ဖွင့်နိုင်ဖွင့်ပြီး အမေကို စကားပြောနေရှာပါတယ်..။“ဖေဖေကော ဟင်မေမေ .. ဒီနေ့သမီးနားမှာပဲနေပေးပါနော်ဆိုပြီး လေသံလေးနဲ့ပြောနေတော့ မြတစ်ယောက် မျက်ရည်တွေမထိန်းနိုင်ဖြစ်ခဲ့ရပါတယ်။“သမီးဘာမှ စိတ်မပူနဲ့နော်.. ဖေဖေနဲ့ မေမေ သမီးနားမှာပဲနေမယ်” လို့ဆိုလိုက်မှ ခေါင်းလေးအသာညိတ်ကာ မျက်လုံးလေး ပြန်မှိတ်သွားပါတယ်..။နေ့လည် ဆရာဝန်ဆရာမတွေ သမီးလေးကိုလာစစ်ဆေးတော့ ဆရာဝန်တော့ မျက်နှာမကောင်းတော့ပါဘူး..။ သမီးလေး နှာခေါင်းထဲမှလည်း သွေးများစို့ထွက်နေပါတယ်…။ နူတ်ခမ်းလေးတွေကလည်းခြောက်လို့.. နူတ်ခမ်းသားတွေကွဲအက်ပြီး နူတ်ခမ်းမှာလည်း သွေးလေးတွေ စို့နေပါတယ်..။အဲ့ဒီ့နေ့သမီးလေး မြကို စကားပြောခဲ့တာ နောက်ဆုံးပါပဲ… နောက်ရက်တွေ သမီးလေးရဲ့ လှုပ်ရှားမှုကို မြတို့မတွေ့ရတော့ပါဘူး..။ နောက်တစ်ရက်ညနေမှာပဲ သမီးလေးက မြတို့ဘဝထဲက အပြီးတိုင်နူတ်ဆက် ထွက်ခွာသွားခဲ့ပါတယ်..။ခုတော့ ဒီလကုန်ရင်လိုက်ပို့ပေးပါမယ်ဆိုတဲ့ တိရိစ္ဆာန်ရုံလည်း သမီးလေးကို လိုက်မပို့နိုင်တော့ဘူး…။ တကယ်ဆို မြ ပေါ့ဆမှုကြောင့် ပါ … သမီးလေး နေမကောင်းဖြစ်တယ်ဆိုကတည်း က ဆေးရုံကိုတန်းလာခဲ့သင့်တာ … မြ ယူကျုံးမရဖြစ်ခဲ့ရပါသည်။ အသည်းကွဲမတက်ချစ်ခဲ့ရတဲ့ သမီးလေး မြ တစ်ချက် သတိလျော့မှုကြောင့် အသက်ပေးလိုက်ရတယ်လို့ပဲ မြ ခုချိန်ထိ သတ်မှတ်နေဆဲပါ…။သားသမီးရှိတဲ့မိဘတိုင်း မြ လို ခံစားရမှုမှ ကင်းဝေးပါစေလို့ ဆုတောင်းပေးရင်း….မိသားစုနဲ့ပတ်သတ်ပြီး ကြေကွဲဖွယ်ဖြစ်ရပ်မျိုးကြုံတွေ့ဖူးပါသလား

Credit -momolay

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...