သံမဏိနှင်းဆီဂျာနယ် အယ်ဒီတာ အသတ်ခံရမှု အရှေ့ပိုင်းခရိုင်တရားရုံးတွင် စတင်တရားစွဲဆို


သံမဏိနှင်းဆီဂျာနယ်၏ အယ်ဒီတာဖြစ်သည့် ကိုဝေယံဟိန်း အသတ်ခံရမှုမှ ကျူးလွန်သူ အမျိုးသားနှစ်ဦးကို လူသတ်မှု၊ အမျိုးသကိမူ ပြစ်မှုကျူးလွန်သူအား ကာကွယ်ရန် သက်သေခံကို ဖျောက်ဖျက်ခြင်း၊ သတင်းပေးရန် ပျက်ကွက်ခြင်းတို့ဖြင့် အရှေ့ပိုင်းခရိုင် တရားရုံးတွင် မေ ၁၈ ရက်က စတင်တရားစွဲဆိုလိုက်ပြီ ဖြစ်ကြောင်း သိရသည်။သံမဏိနှင်းဆီဂျာနယ် အယ်ဒီတာ ကိုဝေယံဟိန်း အသတ်ခံရမှုတွင် ဖမ်းဆီးခံထားရသူ သုံးဦးဖြစ်သည့် ကျူးလွန်သူ အောင်ကိုကိုနှင့် ပြည့်သူနိုင် (ခ) ဘုရားပွဲ (ခ) ဖြိုးအောင်တို့နှစ်ဦးကို ရာဇသတ်ကြီးပုဒ်မ ၃၀၂၊ ၃၄ တို့ဖြင့်လည်းကောင်း၊ အောင်ကိုကို၏ ဇနီးဖြစ်သူ မအယ်နီကို ရာဇသတ်ကြီးပုဒ်မ ၂၀၁၊ ၂၀၂ ဖြင့်လည်းကောင်း အရှေ့ပိုင်းခရိုင် တရားရုံး ဒုခရိုင်တရားသူကြီး (၉) ၏ တရားခွင်၌ တရားစွဲဆိုခြင်း ဖြစ်သည်ဟု သိရသည်။“အမျိုးသားနှစ်ဦးကို လူသတ်မှုနဲ့ လူသတ်မှုမှာ အတူတူကြံစည်တဲ့ ပုဒ်မတွေနဲ့ တရားစွဲဆိုထားပြီး အမျိုးသမီးကိုတော့ သက်သေခံတွေကို ပျောက်ပျက်စေမှု၊ သတင်းမပေးဘဲ တမင်ပျက်ကွက် စေမှုတွေနဲ့ တရားရုံးက တရားစွဲဆို ထားပါတယ်” ဟု အရှေ့ပိုင်းခရိုင် တရားရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။အဆိုပါ အမှုဖြစ်စဉ်မှာ ဧပြီ ၁၆ ရက် နံနက် ၈ နာရီခွဲခန့်တွင် ပုဇွန်တောင်မြို့နယ်ရှိ သံမဏိနှင်းဆီဂျာနယ်တိုက်ခန်းအတွင်းမှ အပုပ်နံ့ထွက်နေကြောင်း ပတ်ဝန်းကျင်နေသူ တစ်ဦးက အဆိုပါ ဂျာနယ်တိုက်၏ အခြားအယ်ဒီတာ တစ်ဦးကို အကြောင်းကြားခဲ့ပြီး ၀င်ရောက်ကြည့်ရှုရာ ကိုဝေယံဟိန်းမှာ ဓားဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရ ခြင်းဖြစ်သည်။ရဲတပ်ဖွဲ့က စုံစမ်းဆောင်ရွက်ရာ အသတ်ခံရသည့် ကိုဝေယံဟိန်းမှာ နိုင်ငံခြားသင်္ဘောသား ကိုအောင်ကိုကို၏ ဇနီးဖြစ်သည့် မအယ်နီ (ခ) ရိုစီကိုဆိုသူနှင့် လွန်ခဲ့သည့် ရှစ်လခန့်က Facebook မှတစ်ဆင့် ချစ်ကြိုက်ကာ မကြာခဏ ချိန်းတွေ့ခဲ့ပြီး ယင်းလူမှုရေး ကိစ္စများကြောင့်ပင် လူသတ်မှု ဖြစ်ပွားရခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်များအရ သိရသည်။ကိုဝေယံဟိန်း အသတ်ခံရမှုတွင် ကျူးလွန်သူ အောင်ကိုကိုအား ဧပြီ ၂၁ ရက်တွင် ဖမ်းဆီးရမိကြောင်းနှင့် ပူးပေါင်းပါဝင်သူ ပြည့်သူနိုင် (ခ) ဘုရားပွဲ (ခ) ဖြိုးအောင်ကို ဧပြီ ၂၂ ရက်တွင် ဖမ်းဆီးရမိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က ထုတ်ပြန်သည်။သို့သော် ကိုဝေယံဟိန်း မိသားစု၏ သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားချက်များအရ အခင်းဖြစ်နေရာတွင် အမျိုးသမီး ဆံပင်ရှည်ကို ရှာဖွေတွေ့ရှိခဲ့ကြောင်း ထုတ်ဖော်ပြောကြား ခဲ့ပြီးနောက်တွင် ကျူးလွန်သူ တစ်ဦးဖြစ်သည့် အောင်ကိုကိုက ပြစ်မှုကျူးလွန်ပြီးနောက် ၎င်း၏ဇနီး မအယ်နီကို ခေါ်ယူပြီး ဧပြီ ၁၅ ရက်တွင် ၎င်း၏မိဘများ နေထိုင်ရာ ပြင်ဦးလွင်မြို့သို့ ထွက်ပြေးတိမ်းရှောင် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
Eleven Media Group

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...